ပုဇွန်တောင်တွင် အကြမ်းဖက်လုယက်မှုဖြစ်ပွား

သတင်းထောက် ကျော်မြတ်ဇံ ရေးသားသော အဆိုပါ သတင်းတွင် ဧပြီ၂၆ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်(၇)ရပ်ကွက် အထက်ပုဇွန်တောင်လမ်းရှိ နေအိမ်တစ် အိမ်တွင် နေအိမ်ထဲသို့ မျက်နှာစိမ်းနှစ်ယောက်ပေးဝင်မိရာမှ အကြမ်းဖက် လုယက်ခံခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

ရွှေအပေါင်ဆိုင်အချို့တွင် ရွှေပွတ်ခိုးခြင်းများ မကြာခဏဖြစ်ပေါ်

ရန်ကုန်ရှိ အတိုးနှုန်းနှစ်ကျပ်ဖြင့်အပေါင်ခံသည့် ရွှေ အပေါင်ဆိုင်အချို့တွင် ရွှေပွတ်ခိုးခြင်းကိစ္စများ မကြာခဏဖြစ် ပေါ်နေကြောင်း သိရကြောင်း ကာယကံရှင်များ၏ ပြောစကားများကို ဖော်ပြထားသည့် သတင်းကို Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

ကျောင်းအပ်ရာတွင် အပိုကြေးတောင်းပါက တိုင်ကြားနိုင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံပါက မည်သည့်အပိုကြေးမှ ပေးရန်မလိုအပ်ကြောင်းနှင့် အပိုတောင်းခံမှုများရှိ ကြောင်း သိရှိရပါက အရေးယူသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးက ပြောကြောင်းသတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/news/518/news05.html

ငွေစက္ကူကဲ့သို့ တိုကင်၊ ကူပွန်သုံးစွဲခြင်း ပြုလုပ်သူများ ဆိုင်ပိတ်သိမ်း အရေးယူမည်

ငွေစက္ကူကဲ့သို့ တိုကင်၊ ကူပွန် သုံးစွဲခြင်းများ ပြုလုပ်သော အရောင်းဆိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ၁၀-၅-၂၀၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ လွှတ်တော် အဆောက်အအုံတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားကြောင်း၊ ငွေအကြွေများ လဲလှယ်လိုပါက နီးစပ်ရာ အစိုးရဘဏ်များနှင့် ဗဟိုဘဏ်တို့တွင် လွတ်လပ်စွာ လဲလှယ်နိုင်ကြောင်း အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားကြောင်း ရန်ကုန်တွင် ငွေအကြွေ လဲလှယ်ရေးမှာ ဈေးကွက်တစ်ခုကဲ့သို့ ဖြစ်လာကြောင်း၊ အမြတ်စားပြီး ငွေအကြွေ ရောင်းချနေကြောင်း အစိုးရအဖွဲ့က သိရှိ၍ စစ်ဆေးဖမ်းဆီးမှုများ ရှိကြောင်း၊ ဆက်စပ်ပတ်သက်နေသော ဘဏ်ဝန်ထမ်းများ ရှိပါကလည်း ယင်းသို့ မဆောင်ရွက်ရန် သတိပေး အကြောင်းကြားစာများ ပို့ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရကြောင်း ပြည်မြန်မာ သတင်းဂျာနယ်မှ သတင်းကို ရတနာပုံ သတင်းစာမျက်နှာတွင် တင်ဆက်ထားသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-18913

စင်ကာပူ၏ နေထိုင်စရိတ်ကြီးမြင့်လာမှုက လစာနည်း မြန်မာအလုပ်သမားများကို အခက်အခဲ တွေ့လာစေ

စင်ကာပူရောက် မြန်မာတွေ အများဆုံး ကြုံရတဲ့ နေထိုင်မှုစရိတ်တွေ ကြီးမြင့်လာမှုက ဒီနှစ်ပိုင်းတွေမှာ ပိုမိုဆိုးလာတယ်လို့ စင်ကာပူရောက် မြန်မာအချို့က မြန်မာတိုင်း(မ်)ကို ပြောပါကြောင်းအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ နိုင်မယ်မျှော်မှန်းချက်ဖြင့် စင်ကာပူ နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်လည်းကောင်း၊ ပညာသင်ကြားရန် လည်းကောင်း ရောက်ရှိနေကြသည့် မြန်မာအများစုသည် နေထိုင် စရိတ်ကြီးမြင့်လှတဲ့ အတွက် ရတဲ့လစာကို အိမ်လခအတွက် အများဆုံး အသုံးပြုကြရကြောင်း ဒီလို နေထိုင်ရေးစရိတ်ကြီးမြင့်လာမှုကြောင့် စင်ကာပူမှာ ရောက်နေတဲ့ မြန်မာ အများစုက လစာကို ကောင်းကောင်း မစုဆောင်းနိုင်ဘဲ အသုံးစရိတ်ထဲကိုသာ ပြန်လည်အသုံးချရတာကြောင့် ရေရှည် ရပ်တည်ဖို့ မလွယ်ကူလှဘူးလို့ မြန်မာတိုင်း(မ်)ကို ပြောကြောင်းသတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/property/518/buss08.html

၂၀၁၁ ခုနှစ် ၄ လအတွင်း ယာဉ်လိုင်း အသီးသီးမှ ထုတ်ပယ်ခဲ့သည့် ယာဉ်လုပ်သား ၄၂ ဦးအနက် အများဆုံး ထုတ်ပယ်ခံရသော ယာဉ်လိုင်းမှာ ဗန္ဓုလ(ပါရမီ) ယာဉ်လိုင်းမှဖြစ်

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို)ကော်မတီက ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ(၄) လတာ ကာလအတွင်း ယာဉ်လိုင်း အဖွဲ့အစည်း အသီးသီးမှ ယာဉ်လုပ်သား(၄၂) ဦးကို ထုတ်ပယ်ခဲ့ကြောင်း အများဆုံး ထုတ်ပယ်ခံရသော ယာဉ်လိုင်းမှာ ဗန္ဓုလ(ပါရမီ) ယာဉ်လိုင်းမှ ဖြစ်ကြောင်း MYANMAR NEWS WEEKS မှ သတင်းအား ရတနာပုံ သတင်းစာမျက်နှာတွင် တင်ဆက်ထားသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-18881

ယာဉ်ကြောပိတ်ဆို့မှုကြောင့် သတ်မှတ်နေရာတွင်သာ ယာဉ်ရပ်နားစေရန် တာဝန်မယူနိုင်သော ဈေးဝယ်စင်တာများအား ဆက်လက် ဖွင့်လှစ်ခွင့် ပေးသင့် မပေးသင့် စဉ်းစားမည်

ဈေးဝယ်စင်တာနှင့် ရှော့ပင်းမောလ်များ များပြားလာသော ရန်ကုန်မြို့၌ ဈေးဝယ်စင်တာများ အနေဖြင့် မိမိတို့ထံ ဈေးဝယ်လာသော ယာဉ်များအား သတ်မှတ်ထားသည့် နေရာတွင်သာ ယာဉ်ရပ်နားရန် တာဝန်မယူနိုင်၍ ယာဉ်ကြောပိတ်ဆို့မှု များပါက ဖွင့်လှစ်ခွင့် ပေးသင့် မပေးသင့်အား စဉ်းစားသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက မေလ ၁၀ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8475:2011-05-18-05-19-22&catid=43:2009-11-10-07-39-09&Itemid=111

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာ ဆင်းရဲနွမ်းပါးမှု လျော့ကျလာမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနား သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ စီးပွားရေးဆိုင်ရာ ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ စီးပွားရေးပညာရှင်များနှင့် စာတမ်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း အစိုးရသစ်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးတာဝန်ကြီးများကို ကြိုးပမ်းဆောင်ရွက် သွားနိုင်ရန် စီးပွားရေးပညာရှင်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ၀ိုင်းဝန်းဆွေးနွေး ဖော်ထုတ် သွားမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောစကားများကိုပါ ဖော်ပြထားသည့် သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8539:2011-05-22-07-16-52&catid=42:2009-11-10-07-36-59&Itemid=112

ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားမှုမှာ ခရီးသည်တင်ယာဉ်များဖြစ်၊ သက်တမ်းရင့် ခရီးသည်တင်ယာဉ်များကို အစားထိုး လဲလှယ်နိုင်ရန် လိုအပ်

ရန်ကုန်မြို့ပြ ဘတ်စကားအခြေ ပြုခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် သက်တမ်းနှစ် ၂၀ မှ နှစ် ၄၀ အထက် သက်တမ်းရင့် ယာဉ်ကြီးများကိုသာ အဓိကအား ထားအသုံးပြုနေဆဲဖြစ်၍ ကြံ့ခိုင်မှု အားနည်းချက်များရှိကာ ယာဉ်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနိုင်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူများက သတိပေးပြောကြားကြောင်း၊ ရန်ကုန်မြို့ပြ ခရီးသည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် ဘတ်စကားအခြေပြု ခရီးသည်တင်ယာဉ် လိုင်းများကိုသာ အဓိကအားထားနေရသဖြင့် လုံခြုံစိတ်ချရ၍ ကြံ့ခိုင်မှု ကောင်းမွန်သည့် အမှန်တကယ် အသုံးဝင်သော ခရီးသည်တင် ယာဉ်ကြီးများအား ပြည်ပတွင်ဖြစ်ပေါ်နေသော ပေါက်ဈေးနှုန်းများအတိုင်း ၀ယ်ယူ ရရှိခွင့်ရရန်လည်း လိုအပ်သည်ဟု မြို့ပြခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကြီးကြပ်ခဲ့သူ အငြိမ်းစား အရာရှိကြီးတစ်ဦးက ဆိုကြောင်းနှင့် ယခုလက်ရှိ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အခြေအနေအရပ်ရပ်ကို တင်ပြထားသည့် သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8544:2011-05-22-08-00-08&catid=43:2009-11-10-07-39-09&Itemid=111

CDMA ငါးသိန်းဖုန်းများတွင် ကြိုတင်ငွေဖြည့်ကတ် အရောင်တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်သော်လည်း ယခုအခါ အရောင်ခွဲခြား အသုံးပြုရမည်

ယခင်က CDMA ဖုန်းများ အားလုံးတွင် ကြိုတင်ငွေဖြည့်ကတ် အရောင်တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်သော်လည်း ယခုအခါ အရောင်ခွဲခြား အသုံးပြုရမည် ဖြစ်ကြောင်း Elite Tech IT Service Co., Ltd မှ Executive Director ဦးစိုင်းခင်မောင်အေးက ပြောကြားခဲ့ကြောင်း ယခုတွင် CDMA 450 က ပန်းရောင်၊ CDMA 800 က အပြာရောင် ကြိုတင်ငွေဖြည့်ကတ်တွေကို အသုံးပြုရမှာ ဖြစ်ကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8560:cdma——-&catid=42:2009-11-10-07-36-59&Itemid=112

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို အခွန်အခ ၁၉ မျိုး ကောက်ခံခွင့်ပြုထား၊ ယင်းအခွန်အခများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်ဟု သိရ

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို အခွန်အခ ၁၉ မျိုး ကောက်ခံခွင့်ပြုထားပြီး ယင်းအခွန် အခများအား တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည် နယ်များက ဇယား(၅)ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံ ငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိ ကြောင်းဖွဲ့စည်းပုံ အခြေခံဥပဒေ၂၀၀၈ အရ သိရှိရကြောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများထဲတွင် ၁။ မြေယာ ခွန်၊ ၂။ ယစ်မျိုးခွန်၊ ၃။ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များက စီမံခန့်ခွဲခွင့်ရှိသည့် ဆည်များ၊ တာတမံ များကို အရင်းခံသည့်ရေခွန်၊ တာတမံခွန် နှင့် ထိုဆည်များ၊ တာတမံများ၏ ရေအားဖြင့်ထုတ်လုပ်ရရှိသည့် လျှပ် စစ်ဓာတ်အားသုံးစွဲခ၊ ၄။ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များက စီမံ ခန့်ခွဲခွင့်ရှိသည့် လမ်းများ၊ တံတား များဖြတ်သန်းခ၊ ၅။ ရေချို ငါးလုပ် ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံ သည့်ဘဏ္ဍာတော်ကြေး သတ်မှတ် ထားသော အကွာအဝေးအတွင်း ပင်လယ်ငါးဖမ်း လုပ်ငန်းအပေါ်တွင် စည်းကြပ်ကောက်ခံသည့် ဘဏ္ဍာတော်ကြေး ၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်း ရေလမ်းသုံးယာဉ်များဆိုင်ရာ ဥပဒေ အရစည်းကြပ်သောအခွန်၊ ၇။ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင် ပစ္စည်းများရောင်းရငွေနှင့် ငှားရမ်းခ များ၊ ယင်းပစ္စည်းများမှ ရရှိသော အခြားအကျိုးအမြတ်များ၊ ၈။ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်များ က ၀န်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ်ကောက်ခံသည့် အခကြေး ငွေများ၊ အခွန်အခများနှင့် အခြားရ ငွေများ၊ ၉။ တိုင်းဒေသကြီး တရား လွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် အပါအ၀င် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိတရားရုံးများက ချမှတ် သည့်ဒဏ်ငွေများ၊ ၀န်ဆောင်မှု အတွက် ကောက်ခံသည့် အခွန်အခ များနှင့် အခြားရငွေများ။ ၁၀။ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ ထုတ်ချေးသဖြင့် ရရှိသောအတိုးများ စသည့် အခွန် အခများ ၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရရှိ သည့်အကျိုးအမြတ်များ၊ ၁၂။ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ သစ်တောများမှ ကျွန်းနှင့် သတ်မှတ်သော သစ်မာများမှအပ ကျန်သစ်များအပေါ်တွင် ကောက်ခံသည့်အခွန်၊ ထင်း၊ မီးသွေး၊ ကြိမ်၊ ၀ါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက် ပစ္စည်းများစသည်တို့အပေါ် ကောက်ခံသည့်အခွန်၊ ၁၃။ မှတ်ပုံတင်ကြေး၊ ၁၄။ ပွဲခွန်၊ ၁၅။ ဆားခွန်၊ ၁၆။ ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေမှရရှိသည့် ဘဏ္ဍာငွေများ၊ ၁၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ စည် ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်း များ၏ထည့်ဝင်ငွေများ၊ ၁၈။ ပိုင်ရှင် မပေါ်သော သွင်းထားငွေများနှင့် ပစ္စည်း၊ ၁၉။ ရတနာသိုက်တို့လည်း ပါဝင်ကြောင်း သိရသည်။

အခွန်အခများနှင့် ပတ်သက်၍ ကောက်ခံရာတွင် စားဝတ်နေရေး အတွက် နည်းပါးသော ၀င်ငွေဖြင့် ရုန်းကန်လှုပ်ရှားနေရသည့် ပြည်သူ အများစုအတွက် ဖြစ်နိုင်မည်ဆိုပါက အခွန်များသည် ၀န်ထုပ်ဝန်ပိုးတစ်ခု အနေဖြင့် မဖြစ်စေလိုကြောင်း၊ သက်သာခွင့်ပေးသင့်သော အခွန်အမျိုး အစားများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရများက ပြန်လည်စိစစ် သုံးသပ်ကာ သက်သာခွင့် ပေးစေလိုကြောင်း အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ကြောင်း၊ အခွန်များနှင့်သက်သာခွင့် ပေးမည်ဆိုပါကလည်း အမှန်တကယ် တရားဝင်သက်သာခွင့် ရရှိစေမည့် အမိန့်ကြေညာစာများ၊ ညွှန်ကြားချက်များဖြင့် ထုတ်ပြန်သည့် အခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်မျိုးကို လိုလားကြောင်းလည်း ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုကြောင်း၊ မဖြစ်မနေ ကောက်ခံရမည့် အခွန်များရှိပါကလည်း နိုင်ငံအတွက် ကောက်ခံသင့်ပြီး ယင်း ကောက်ခံထားသော အခွန်ငွေများ ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွင် အပြည့်အ၀ ထိထိရောက်ရောက် အသုံးပြုနိုင်မည်ဆိုပါက လူနေမှု အဆင့်အတန်း လျင်မြန်စွာမြင့်မား တိုးတက်လာရေးတွင် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း မြို့နေလူထုက သုံးသပ်ခဲ့ကြောင်း ထို့အပြင် လက်ရှိတိုင်းပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေ၊ နိုင်ငံသားများ၏ ၀င်ငွေအခြေအနေ နှင့်အလုပ်အကိုင် အခွင့်အလမ်း အခြေအနေတို့အပေါ်တွင် သင့်လျော်သော အခွန်နှုန်းထားများ ဖြစ်ရန် အခွန် ဥပဒေများကိုလည်း အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းသွားရန် ပြည်သူများက လိုလားလျက်ရှိကြောင်း နှင့် သဘောထားအမြင်သုံးသပ်ချက်များကို ဖော်ပြသော သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8532:2011-05-22-06-24-21&catid=42:2009-11-10-07-36-59&Itemid=112

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဆေးရုံများမှ အများပြည်သူ အန္တရာယ် ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်းများ အလွယ်တကူ စွန့်ပစ်မှုများရှိပါက အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဆေးရုံများမှ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ် ပစ္စည်းများကို အလွယ်တကူ စွန့်ပစ်မှုများရှိပါ၍ တိုင်ကြားပါက အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ ဌာနများ၏ ၀န်ကြီးဖြစ်သူ ဦးဥာဏ်ထွန်းဦးက မေလ ၁၇ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့် တွေ့ ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်မြို့နယ်များတွင် ပုဂ္ဂလိကဆေးရုံများ နှင့် အထူးကုဆေးခန်းများကို စစ်ဆေးသော အဖွဲ့များရှိကြောင်း၊ သက်ဆိုင်ရာပုဂ္ဂလိက ဆေးရုံအသီးသီးအား ယင်းအဖွဲ့များက လိုက်လံစစ်ဆေးကာ ဆေးရုံများမှ ထွက်ရှိသော အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ရန်အတွက် နည်းလမ်းများ ပေးထားကြောင်း“ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ် တကူ စွန့်ပစ်ခွင့်မရှိပါဘူး။ အဲဒီလို စွန့်ပစ်တာမျိုးတွေရှိရင် ဘယ်ဆေးရုံတွေက အဲဒီလို စွန့်ပစ်နေတယ်ဆို တာကို မှတ်တမ်းနဲ့တကွ တိုင်ကြားပါ။ ကျွန်တော်တို့ သက်ဆိုင်ရာ ဆေးရုံတွေကို အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8528:2011-05-22-04-44-55&catid=43:2009-11-10-07-39-09&Itemid=111

စားသောက်ကုန်နှင့် လူသုံးကုန်ဆိုင်ရာ စားသုံးသူဈေးနှုန်း ညွှန်းကိန်းမြင့်တက်နေပြီး ငွေကြေး၏ ၀ယ်နိုင်စွမ်းအား လျော့နည်းလျက် ရှိခြင်းကြောင့် ပြည်တွင်းဈေးကွက် ကျဆင်းနေဆဲဖြစ်

စားသုံးသူဈေးနှုန်းညွှန်းကိန်း (Consumer Price Index-CPI) မြင့်တက်နေပြီး ငွေကြေး၏ ၀ယ်နိုင်စွမ်း အားလျော့နည်းလျက် ရှိခြင်းကြောင့် ပြည်တွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်ဈေးကွက် ကျဆင်းနေကြာင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပညာရှင်များက သုံးသပ်လျက်ရှိကြောင်း နှင့် သက်ဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်ကို ဖော်ပြထားသော သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8526:2011-05-22-04-20-46&catid=42:2009-11-10-07-36-59&Itemid=112

ညောင်ပင်လေးဈေး အတွင်းရှိ လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော် တို့တွင် စားသုံးသူ ကျန်းမာရေးကို ထိခိုက်စေသော ဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၏ စားသောက်ကုန် လက်လီလက်ကား ရောင်းချသည့် ဈေးကြီးတစ်ခု ဖြစ် သော ညောင်ပင်လေးဈေးအတွင်းရှိ လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော်တို့တွင် စားသုံးသူ ကျန်းမာရေးကို ထိခိုက်စေသော ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေး ဌာနများ၏ ၀န်ကြီးဖြစ်သူ ဦးဥာဏ်ထွန်းဦးက မေလ ၁၇ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ညောင်ပင်လေးဈေးအတွင်း ရောင်းချလျက်ရှိသော လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော်တို့တွင် ဆိုးဆေးများ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စားသုံးသူများ၏ ကျန်းမာရေး ကိုထိခိုက်စေသော Auramine-O နှင့် Rhodamine-B အစရှိသည့် ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း ယင်းကဲ့သို့ စစ်ဆေးမှုများကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာနအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချနေကြောင်း ထပ်မံစစ်ဆေး တွေ့ရှိပါက ပစ္စည်းများသိမ်းဆည်း၍ ရောင်းချသူများအား အရေးယူသွားမည်ဖြစ်ကြောင်း “တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဆိုးဆေးပါဝင်ပြီး အန္တရာယ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ပြည်သူဆီကို မရောက်ရှိအောင် တားဆီးဖျက်ဆီးဖို့ စီစဉ်ဆောင်ရွက်သွား မှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ထပ်မံ ပြောကြားခဲ့ကြောင်း ဈေးကွက်အတွင်း ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချနေကြောင်း ထပ်မံစစ်ဆေး တွေ့ရှိပါက ပစ္စည်းများသိမ်းဆည်း၍ ရောင်းချသူများအား အရေးယူသွားမည်ဖြစ်ကြောင်း ဆိုးဆေးအရောင်ပါသော အစားအသောက်များသည် ဆိုးဆေးမပါသည့် အစားအသောက်များ ထက် အရောင်ပိုမိုလှပခြင်းကြောင့် လူကြိုက်များပြီး ဆိုးဆေး၊ အရောင်ပါသော အစားအသောက်များကို ၀ယ်ယူစား သုံးခြင်းမှ ရှောင်ကြဉ်ရန်၊ ဆိုးဆေး မပါဝင်သည့် အန္တရာယ်ကင်းသော အစားအသောက်များကိုသာ ရွေးချယ် စားသုံးရန်ကိုလည်း ၀န်ကြီးက အသိပေးပြောကြားခဲ့ပါကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8523:2011-05-22-03-31-53&catid=43:2009-11-10-07-39-09&Itemid=111

ငလျင်ဒဏ်သင့် ဒေသများတွင် အပေါ်ယံမြေလွှာ အက်ကြောင်းများ အပြင် မမြင်ရသော မြေအောက် ဂလိုင်ကြောများကြောင့် မိုးကာလ၌ မြေပြိုကျနိုင်မှု အန္တရာယ် ပိုမိုသတိပြုသင့်

တာလေ ငလျင်ဒဏ်သင့် ဒေသများတွင် ငလျင်ကြောင့် အပေါ်ယံမြေလွှာ အက်ကွဲကြောင်းများအပြင် မမြင်ရသော မြေအောက်ဂလိုင်ကြောများကြောင့် မိုးတွင်းကာလ၌ မြေပြိုကျနိုင် မှုအန္တရာယ် ပိုမိုသတိပြုသင့်ကြောင်း ဘူမိဗေဒပညာရှင်များ ထံမှသိရကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8579:2011-05-23-08-09-27&catid=45:2009-11-10-07-45-41&Itemid=113

ဇင်းမယ်-ဘန်ကောက်-ဇင်းမယ်သွား ရထားပေါ်ဝယ်

ဆောင်းပါးရှင် အတ္တကျော်ရေးသားထားသော ဇင်းမယ်-ဘန်ကောက်-ဇင်းမယ်သွား ရထားပေါ်ဝယ် ခရီးသွားဆောင်းပါးကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ အဆိုပါ ဆောင်းပါးတွင် ဇင်းမယ် မှ ဘန်ကောက်၊ ဘန်ကောက်မှ ဇင်းမယ် ရထားနှင့် ခရီးသွား အတွေ့အကြုံ များကို ရေးသားထားပြီး ထိုင်းနိုင်ငံ၏ မီးရထား သယ်ယူပို့ဆောင်ရေး နှင့် ပတ်သတ်ပြီး ကောင်းမွန်သော ၀န်ဆောင်မှု နှင့်တကွ အားနည်းချက်များကိုပါ ဖော်ပြထားသော ခရီးသွား ဆောင်းပါးကောင်းတပုဒ်ဖြစ်သည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8504:2011-05-18-18-10-24&catid=78:2009-11-13-06-25-17&Itemid=135

လူလား၊ ငွေလား၊ သရုပ်ဆောင်သစ်လား . . .

Eleven Media Group သတင်းအယ်ဒီတာအဖွဲ့ ရေးသားထားသော လူလား၊ ငွေလား၊ သရုပ်ဆောင်သစ်လား . . . ဆောင်းပါးကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ အဆိုပါ ဆောင်းပါးတွင်အနုပညာကို ၀ါသနာပါသော၊ အောင်မြင်သော သရုပ်ဆောင်တစ်ဦး ဖြစ်လာရန် စိတ်ကူးယဉ်ကြသော ၀ါသနာရှင် လူငယ်များသည် အနုပညာလောကသို့ ၀င်ရောက်နိုင်ရန် သရုပ်ဆောင်သင်တန်း၊ သရုပ်ဆောင်သစ် ပြိုင်ပွဲ စသည်ဖြင့် အနုပညာလောကသို့ ၀င်ရောက်ခွင့် ရနိုင်စေမည့် လမ်းကြောင်းများကို ရွေးချယ်လေ့ ရှိကြသော်လည်း လက်ရှိအချိန်ထိ ရုပ်ရှင် အစည်းအရုံးမှ ပြုလုပ်သော သင်တန်းများမှအပ ကျန်သရုပ်ဆောင်သင်တန်း၊ သရုပ်ဆောင်သစ် ပြိုင်ပွဲတို့မှ ပေါ်ထွက်လာသည့် အောင်မြင်သော အနုပညာရှင် မရှိသေးကြောင်း၊ ၀ါသနာတစ်ခု အတွက် များစွာ မရင်းနှီးသင့်ကြောင်း၊ အခန့်မသင့်လျှင် ဘ၀ပါဆုံးသည်အထိ နစ်နာနိုင်ကြောင်း အနုပညာနယ်ပယ်မှ ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် ကိုယ်တွေ့ကြုံခဲ့ရသူများက သတိပေး ပြောဆိုကြပါကြောင်း ရေးသားဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8566:2011-05-22-20-53-22&catid=78:2009-11-13-06-25-17&Itemid=135

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ

ဆောင်းပါးရှင် မောင်စံပေါ ရေးသားထားသော အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ ဆောင်းပါးကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ အဆိုပါဆောင်းပါးတွင် မိမိကိုယ်ကို အဖိုးတန်သူများ၊ အဆင့်အတန်းရှိသူများ ဟုထင်မြင်နေမှုများ၊ မြန်မာလူမျိုးများ၏ ပိုက်ဆံ၊ ဓန၊ ပစ္စည်းဥစ္စာ ချမ်းသာသောကြောင့် အခြားသူများအပေါ်တွင် မောက်မာရိုင်းစိုင်းပြီး ချိုးချိုးဖဲ့ဖဲ့ ပြောဆို ဆက်ဆံမှုများ မိမိပြောဆိုလုပ်ကိုင်မှုမှန်သမျှ ကျန်သူများက လက်ခံရမည်ဖြစ်ကြောင်း လုပ်ချင်ရာလုပ်ခွင့် လိုင်စင် စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင် မိုက်ရိုင်းခွင့်လိုင်စင် တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင် ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ရသူများဆန်ဆန် လုပ်ကိုင်ဆောင်ရွက်မှုများကို ထောက်ပြထားသည့် ဆောင်းပါးဖြစ်ပြီး ပြင်ဆင်ရန်လိုကြောင်းကို မီးမောင်းထိုးတားသည့်ဆောင်းပါးဖြစ်သည်။ ၄င်းဆောင်းပါးတွင် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းရဲ့အိမ် ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာလေးတစ်ပိုဒ်ဖြစ်သော”အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်ရွက်မှ တကယ့် လူ့အဖိုးတန်တဲ့ဗျား။”ကိုပါ ဖော်ပြထားပါသည်။

*မန်းလေးဂေဇတ်ထဲမှ စာဖတ်ပရိသတ်များ ထိုဆောင်းပါးကို သွားရောက် ဖတ်ရှုပါရန် အလေးအနက်တိုက်တွန်းပါသည်။*

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8501:2011-05-18-17-24-16&catid=78:2009-11-13-06-25-17&Itemid=135

ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ လက္ခဏာတစ်ခု (သို့မဟုတ်) တရားမျှတစွာ ဈေးကွက်ယှဉ်ပြိုင်ခြင်း စိတ်ဓာတ်

ဆောင်းပါးရှင် ဒေါက်တာထွန်းဝင်း ရေးသားသော ဖွံ့ဖြိုးသော နိုင်ငံသားတို့၏ လက္ခဏာတစ်ခု (သို့မဟုတ်) တရားမျှတစွာ ဈေးကွက်ယှဉ်ပြိုင်ခြင်း စိတ်ဓာတ် ဆောင်းပါးကို Eleven Media Group သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ အဆိုပါဆောင်းပါးတွင် နိုင်ငံတစ်ခု ဖွံ့ဖြိုးရန် အတွက် ယင်းနိုင်ငံ၌ ဈေးကွက်စီးပွားရေး ဈေးကွက်ဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်မှု ရှိကြောင်း တရားမျှတစွာ ပြိုင်ဆိုင် ယှဉ်ပြိုင်နိုင်ခွင့်ဆိုသည်မှာ လိုပါကြောင်း အဲဒီလို ဖြစ်လာဖို့ စီမံခန့်ခွဲပေးဖို့ တာဝန်ရှိသူမှာ သက်ဆိုင်ရာ နိုင်ငံတစ်ခုရဲ့ နိုင်ငံတော်အစိုးရပါလို့ ဆိုရင် မမှားပါကြောင်း သို့သော် ရာနှုန်းပြည့်တော့ မမှန်ပါကြောင်း ဘာကြောင့်လဲဆိုတော့ အဲဒီလို အခြေအနေ တစ်ခုကိုရောက်ဖို့ ဆိုတာ နိုင်ငံသားတွေနဲ့ သက်ဆိုင်ပါကြောင်း စသည့် တို့ကိုရေးသားဖော်ပြထားပါသည်။

*မန်းလေးဂေဇတ်ထဲမှ စာဖတ်ပရိသတ်များ ထိုဆောင်းပါးကို သွားရောက် ဖတ်ရှုပါရန် အလေးအနက်တိုက်တွန်းပါသည်။*

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8455:2011-05-15-18-13-08&catid=78:2009-11-13-06-25-17&Itemid=135

About eros

Eros Mario has written 45 post in this Website..

La bellezza è dipende dalla vista della persona. စန္ဒယားလှထွဋ် သီချင်းများကို ခုံမင်စွာ နားထောင်တတ်သူ တဦးရယ်ပါ။