ကလေးတွေကို သေချာနားလည်ပေးပါ

CuriousMay 25, 20111min832

တနေရာမှာတွေ့တာနဲ့ ကူးပြီးသိမ်းထားတာလေးပါ
ကျနော်တို့ဒီလိုပဲ ဟို FW လုပ် ဒီ FW လုပ်နဲ့ တခါတလေကျတော့ မေ့နေတာလေးတွေကို ပြန်သတိရစေပါတယ်
ဒီလိုနှလုံးသားအာဟာရ တွေ(ဖေမြင့် စကား) ကိုတော့ ခနခနတွေ့မြင်ပြီး ဖတ်မိပြီး ရင်ထဲရောက်စေချင်ပါတယ်။
ရုံးပိတ်ရက် တစ်ညနေမှာ ဇနီးနဲ့ ကလေးကိုခေါ်ပြီး မြစ်ဆိပ်နား ကျွန်တော်တို့ရောက်လာခဲ့တယ်။ နေမဝင်ခင် ဆိပ်ကမ်းတစ် လျှောက် အပျော်သဘောင်္စီးဖို့ ကျွန်တော်လက်မှတ် ဝယ်လိုက်တယ်။ စီးတဲ့လူတွေများလို့ လက်မှတ်ဝယ်ပြီး ကမ်းစပ်မှာ ကျွန်တော်တို့ သဘောင်္အလာကို ထိုင်စောင့်နေခဲ့ကြတယ်။
ညနေဆည်းဆာမှာ လမ်းမီးတွေ ဟိုတစ်ခု ဒီတစ်ခု လင်းလာကြတယ်။ သဘောင်္စောင့်နေတုန်း ကလေးငယ်တစ်ချို့က မီးအလင်းရောင်နဲ့ ဆွဲဆောင်ခံရတဲ့ ပိုးဖလံတွေလို ဓာတ်မီးတိုင်အောက် ဆော့ကစားဖို့ စုဝေးရောက်ကုန်ကြတယ်။ တစ်ချို့က မီးရောင်အောက်မှာ ဆော့ကစားနေကြတယ်။ တစ်ချို့က ခါးကုန်းပြီး တစ်ခုခုကို ရွေးကောက်နေကြတယ်။
အဝေးက သဘောင်္ဥဩဆွဲသံကို ကျွန်တော်တို့ ကြားလိုက်ရတယ်။ မိခင်တစ်ချို့က ကလေးငယ်ကို ပြန်လာခဲ့ဖို့ အော်ခေါ် နေကြတယ်။ ကလေးတွေရဲ့ ရယ်မောသံ အော်ဟစ်ပြေးလွှားသံတွေက ကမ်းစပ်တစ်ခုလုံး ပြည့်လျှံသွားခဲ့တယ်။
ကျွန်တော်တို့ တန်းစီပြီး သဘောင်္ပေါ် တက်နေတုန်းမှာ မိခင်တစ်ဦးရဲ့ ကြိမ်းမောင်းသံကို ကျွန်တော်ကြားလိုက်မိတယ်။
“ပစ်ထုတ်လိုက်.. အကုန်ပစ်ထုတ်လိုက်… ကြည့်စမ်း တစ်ကိုယ်လုံး
ညစ်ပတ်နေတာပဲ။ မထိုင်ချပါနဲ့… မထိုင်ချပါနဲ့လို့ ပြောတာကို နားမထောင်ဘူး”
ကျွန်တော်လှည့်ကြည့်လိုက်တော့ ကမ်းစပ်ဘေးမှာ ရပ်နေတဲ့ ကလေးငယ်ကို မျက်နှာငယ်လေးနဲ့ တွေ့လိုက်တယ်။ ဒါပေမယ့်လက်ဖဝါးတစ်ခု ကို တင်းတင်း ဆုတ်ကိုင်ထားတုန်းပဲ။ သဘောင်္ပေါ်မှာလူတွေများသထက် များလာခဲ့တယ်။ သဘောင်္ကလူတွေ ကျွန်တော့်လိုပဲအဲဒီသားအမိကို စိတ်ဝင်တစား ကြည့်နေကြတယ်။
“ငါပြောနေတယ်.. ပစ်ထုတ်လိုက်”
အသံမာလိုက်၊ ပျော့လိုက်နဲ့ မိခင်က ကလေးလက်ထဲက ဆုတ်ကိုင်ထားတဲ့ အရာကို ပစ်ထုတ်ဖို့ ပြောပေမယ့် အရာမရောက် ခဲ့ဘူး။ နောက်ဆုံး မိခင်က ကလေးငယ်ရဲ့ တင်းတင်းဆုတ်ထားတဲ့ လက်ကို ဆွဲဖြဲလိုက်တယ်။ လက်ထဲမှာ ဆုတ်ကိုင်ထားတာက အပြာရောင် ကျောက်စရစ်ခဲလေးတွေ၊ ကောင်းကင်ပေါ်က ကြယ်လေးတွေ ကြွေကျလာသလိုပဲ ကမ်းခြေမှာ ကျောက်စရစ်ခဲတွေ ဟိုဒီလှိမ့်ဆင်းကုန်တယ်။
“ဝါး… သားက မေမေ့ကို ဆွဲကြိုးလုပ်ပေးမလို့ ကောက်လာတာ” လို့ အော်ငိုတော့တယ်။ ကလေးငိုသံက သဘောင်္အင်ဂျင်သံထက် ပိုကျယ်လောင်နေခဲ့တယ်။
သဘောင်္ကမ်းက ခွါပြီ။ သူတို့သားအမိ သဘောင်္ပေါ် တက်မလာခဲ့ဘူး။ ကျွန်တော်လှည့်ကြည့်တော့ အမေက သားကို တင်းတင်းလေးပွေ့ဖက် ထားတာ တွေ့လိုက်တယ်။ ကျွန်တော်ဘေးမှာ ရပ်နေတဲ့ ဇနီးက အခုန သားလေးပေးခဲ့တဲ့၊ညစ်ပတ်တယ်လို့ ထင်ခဲ့တဲ့ ကျောက်စရစ်ခဲ တွေကို စိတ်ပါလက်ပါ ရေတွက်နေခဲ့တယ်။
စိတ်ပညာရှင်တွေရဲ့ ပြောချက်အရ ကလေးငယ်တစ်ယောက်ရဲ့ အတင်းအဓမ္မ၊ကြမ်းတမ်းခြင်းတွေရဲ့ အရင်းခံက အများအားဖြင့် မိခင်ကနေ လာတယ်လို့ဆိုပါတယ်။ အဓိကအားဖြင့် အပြောအဆို ရိုင်းစိုင်းခြင်းကို အများဆုံးတွေ့ရလေ့ရှိတယ်။ ဥပမာ.. မိခင်က အမြဲတမ်းလိုလို ကလေးငယ်ကို တုံးအတယ်လို့ ဆဲဆိုခဲ့ရင် ကလေးငယ်ဟာ တကယ်ပဲ တုံးအမှာကို ဝန်မလေးတတ်ကြတော့ဘူး။
အိမ်ရောက်ပြီးနောက် ကျောက်ခဲတွေကို ပုလင်းတစ်လုံးထဲ ကျွန်တော်တို့သေသေချာချာ ထည့်လိုက်ပြီး မြင်သာတဲ့ နေရာမှာ တင်ထားလိုက် တယ်။ အဲဒီနောက်မိသားစုကြားက ဆက်ဆံရေးတွေဟာ သိသိသာသာ တိုးတက်လာခဲ့တယ်။ ကလေးငယ်တွေရဲ့လုပ်ရပ်တစ်ချို့ကို အပြစ်မြင် လာတဲ့အခါ ကျွန်တော်နဲ့ဇနီးက ပုလင်းထဲကကျောက်ခဲလေးတွေကို ကိုင်လှုပ်ကြည့်တတ်တယ်။ ကလေးငယ်ရဲ့ ရူထောင့်ကနေဝင်ရောက်ခံစား ကြည့်ပြီး ပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲလို့စဉ်းစားကြတယ်။ ဒီကျောက်စရစ်ခဲလေးတွေကြောင့် ကလေးငယ်တွေရဲ့ အပြစ်ကင်းတဲ့
ရိုးသားမှုတစ်ချို့ကို ကျွန်တော် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်။

2 comments

  • eros

    May 25, 2011 at 1:07 pm

    ဒါကလည်း ဒီမှာ တင်ပြီးသားတွေပါ။ ဘာလို့ အခုတလော တင်ပြီးသားတွေ ဖတ်ပြီးသားတွေ ကူးတင်နေတာ များနေပါလိမ့်။ စိတ်ပိန်တယ်။

  • nature

    May 25, 2011 at 2:49 pm

    ကျနော်ကတော့မဖတ်ဖူးသေးဘူး၊
    (“ဝါး… သားက မေမေ့ကို ဆွဲကြိုးလုပ်ပေးမလို့ ကောက်လာတာ” လို့ အော်ငိုတော့) ..
    ဒီစာကလေးကိုဖတ်လိုက်ရတာရင်ထဲမှာနင့်သွားတာပဲ။

Leave a Reply