မင်းကွန်းခေါင်းလောင်းကြီးထက် ပိုကြီးသည့် ပဲခူး ခေါင်းလောင်းကြီး

မမေလးMay 25, 20111min21111

ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီးထက် ပိုကြီးသည့် ပဲခူး ခေါင်းလောင်းကြီး သွန်းလုပ်နေ

ကြေးပိဿာချိန် ၆၆၅၆၆ ဖြင့် ပြုလုပ်လျက် ရှိသည့် ခေါင်းလောင်းကြီးကို လာမည့် ယခုနှစ် ဇွန်လတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါ ခေါင်းလောင်းကြီးကို ယခုအခါ မန္တလေးမြို့ ကြေးသွန်းရပ်တွင် ဆောင်ရွက်လျက် ရှိပြီး သွန်းလုပ် ပြီးစီးပါက ပဲခူးမြို့၌ အဆောက်အအုံ တစ်ခု ပြုလုပ်ပြီး ထားရှိမည် ဖြစ်ကြောင်း ၃-၅-၂၀၁၁ ရက်က သိရသည်။ “မန္တလေးက နေ ပဲခူးကို  ကုန်းလမ်းခရီး နဲ့ သယ်ဆောင်ပါမယ်။ အချင်း၊ လုံးပတ် ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး” ဟု ၎င်း ကြေးသွန်းခေါင်းလောင်း ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ခံ ဆရာတော် ဦးဝါသု က ပြောသည်။

ခေါင်းလောင်းကြီးမှာ တန်ချိန် ၉ဝ ကျော် ရှိ၍  ကမ္ဘာတွင် တတိယအကြီးဆုံး ဖြစ်လာမည် ဖြစ်ကြောင်း၊ မင်းကွန်းခေါင်းလောင်း ထက် ကြေးပိဿာချိန် တစ်သောင်းကျော် ပို ပြုလုပ် ထားကြောင်း၊ ၂၀၁ဝ ပြည့်နှစ် က စတင်၍ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ တိဗ္မလောဃာ့မဟာမုနိ ကြေးသွန်းရုပ် ပွားတော်ကြီး ရှိရာ ဝင်းအတွင်း ထားရှိမည် ဖြစ်ပြီး ၎င်း ခေါင်းလောင်းကြီး ထားရှိမည့် နေရာ၌ အဆောက်အအုံ တစ်ခု တည်ဆောက်မည် ဖြစ်ကာ ကြေးသွန်း ခေါင်းလောင်းကြီး ဖြစ်မြောက်ရေး၊ အဆောက်အအုံ တည်ဆောက်ရေး တို့အတွက် အလှူငွေများ ပါဝင် နိုင်ကြောင်း သိရသည်။ ဆရာတော် ဦးဝါသု ဖုန်း – ဝ၉-၄၉၄၄၅၄၈၀၊ ဝ၅၂-၃၀၂၄၆ ထံသို့ ဆက် သွယ် လှူဒါန်းနိုင်ကာ လက်ရှိ အဆိုပါ ခေါင်းလောင်းကြီးကို အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘန္ဒန္တ ဝိသုဒ္ဓ ဓမ္မလင်္ကာရ ဆရာတော်က ဦးစီးလျက် သွန်းလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ပဲခူးခေါင်းလောင်း ဟု လတ်တလော နာမည် ပေးထားပြီး မြန်မာနိုင်ငံအတွက် အထင်ကရ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

http://forverfriends.ning.com

ဖြည့်စွက်ချက် . . . ကြေးတစ်ပိသာကို ၅၀ဝ ကျပ်နှုန်းဖြစ်ပါတယ် …

 

 

11 comments

  • MaMa

    May 25, 2011 at 11:29 pm

    ၆၆၅၆၆×၅၀၀=၃၃၂၈၃၀၀ဝ ကျပ် သိန်းသုံးရာကျော်လောက် ကုန်ကျမယ်။ ဒါတောင် သယ်ယူစရိတ်မပါသေးဘူး။ သယ်ယူစရိတ်ကလည်း နည်းမှာ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့ ဒီလောက်အကုန်အကျ ခံတာလည်း မသိဘူး။ လူမှုရေး ပရဟိတနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချရင် ပိုအကျိုးရှိမလားလို့။ မဟုတ်ရင် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာမျိုးနဲ့ တူနေမလား။

  • Shwe Tike Soe

    May 26, 2011 at 2:58 am

    လှူတာကိုတော့ သာဓု ခေါ်ပါတယ်..
    ဒါပေမယ့် မမ ပြောသလို တကယ်လိုအပ်နေတဲ့ နေရာတွေမှာ လှူတာပိုကောင်းမယ်ထင်တယ်
    ဟိုနေ.က ကျွန်တော် မနက်စာစားနေတုန်း ဘုန်းဘုန်းနှစ်ပါး နဲ.ဆုံတယ် ..
    ရွှေပြည်သာက တဲ့ သူတို.နေတဲ့ ကျောင်းက ဆင်းရဲသားရပ်ကွက် ထဲမှာဆိုတော့ အလှူခံ ။ ဆွမ်းခံရတာ အဆင်မပြေဘူး ဖြစ်နေလို. တဲ့..
    ဒါနဲ.ကျွန်တော်လဲ တတ်နိုင်သလောက်တော့လှူလိုက်ပါတယ်… ဒီလောက် ငွေလေးနဲ.တော့ ဘာမှလုပ်မရဘူးလေနော်..
    ကိုယ်ထက်တတ်နိုင်တဲ့သူတွေကို အဲလို အရမ်းလိုအပ်နေတဲ့ နေရာလေးတွေမှာ လှူစေချင်တယ်ဗျာ..
    လှူတာ ကမာ္ဘကျော်ဖို. လိုလို.လား…..

  • good

    May 26, 2011 at 3:36 am

    ပဲခူး မှာ ထားမဲ့ ခေါင်းလောင်းတော် ကြီး ပဲခူးမှာ ပဲ သွန်းလို့ မရဘူးလား။
    ရ ရင်သယ်ယူစရိတ် သက်သာ မယ် လို့ ထင် တယ်။
    ကိုယ့် ထက် နားလည်တတ်ကျွမ်းတဲ့ သူ တွေ ပြု လုပ် ပူဇော် နေကြတာ မို့ ကို မသိနိုင် တဲ့ အခက် အခဲ တွေ ရှိချင် ရှိနေမှာ လို့ လဲ တွေးမိပါတယ်။

  • fatty

    May 26, 2011 at 4:35 am

    လုပ်မဲ့လုပ်တော့ ကမ္ဘာမှာ အကြီးဆုံးကြီးဖြစ်အောင်လုပ်လိုက်ရင်ရရဲ့သားနဲ့ … ဘာကြောင့်ပါလိမ့် ..။

  • moethidasoe

    May 26, 2011 at 5:32 am

    မြန်မာတွေက အကြီးဆုံး .. အစောဆုံး .. ပထမ ဆိုတာတွေကို သိပ် လိုချင်ကြတယ် ..
    ဟိုလူ .. ဟိုဘုရင် .. ဟိုဘုန်းဘုန်းက .. ဘုရားတည် တယ် ဆိုရင် သူ့ထက်သူ ပိုကြီးအောင် ပိုထူးဆန်းအောင် လုပ်ကြပြန်ရော .. သဒ္ဓါတရားတော့ ဘယ်လောက်ရှိတယ် မခန့်မှန်း နိုင်ပါဘူး ..

    ကမ္ဘာမှာ မြန်မာ ဟေ့ ဆိုတာ ဖြစ်အောင်လဲ သိပ် လုပ်ပြတတ်တယ် .. ဒါကြောင့် သိပ် မထူးဆန်းတော့ပါဘူး

  • kai

    May 26, 2011 at 7:00 am

    ကိုပေါက်က.. “မအမ်းစကောင်း…” စာကိုရေးတယ်..။
    http://myanmargazette.net/49923/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories/
    မြန်မာပြည်မှာ… အကြွေတွေရှားနေတဲ့အကြောင်း မြင်ရမှာပေါ့..။
    လူတွေဘယ်လောက်ခံစားနေရသလည်း..။ ညစ်ပါတ်နေတဲ့ ငွေစက္ကူတွေကနေ.. ရောဂါတွေကူးစက်ပြန့်ပွားတယ်..။
    အကြွေအစားထိုးအနေနဲ့.. ဆေးဆိုးထားတဲ့သကြားလုံးတွေ..။ ဘောပင်တွေ (မလိုအပ်ပဲ)သုံးစွဲယူနေကြရတယ်..။
    နိုင်ငံတကာမှာ.. ငွေအသေးစားတွေကို.. ကြေး၊ အလူမီနီယန် ဇင့်..စတဲ့သတ္တုတွေနဲ့ လုပ်ကြလေရဲ့..။
    သတ္တုနဲ့လုပ်တော့… ကြာကြာအသုံးခံတာပေါ့နော..။

    ကိုပေါက်ရေးပြီးမကြာပါဘူး… ဒီမှာတင်.. အကြွေလုပ်လို့ရတဲ့ ကြေးသတ္တုတွေတန်ချိန်၉ဝနဲ့… ကြေးခေါင်းလောင်း သွန်းလုပ်နေတဲ့အကြောင်းသတင်းတက်လာပါတယ်..။
    ရှေးကလည်း.. မြန်မာတွေ ကြေးနဲ့သွန်းထားတဲ့ခေါင်းလောင်း..ဆင်းတုတွေကို.. ပေါ်တူဂီ၊ အင်္ဂလိပ်တွေ.. အရေကြို အမြှောက်လုပ်ပြီး..အဲဒါတွေနဲ့ ပစ်လို့.. မြန်မာရှေးဘုရင့်တပ်သားတွေ..မြန်မာတွေအသတ်ခံခဲ့ရဖူးတယ်တဲ့..။ ဒို့မြန်မာအသက်တွေသေကြရဖူးတယ်..။
    မြန်မာတွေသွန်းထားတဲ့..ခေါင်းလောင်းကြီးတခုကို… မြန်မာတွေကိုပဲအမိန့်ပေးစေခိုင်းပြီး.. သင်္ဘောနဲ့အသယ်.. ရေထဲပြုတ်ကျလို့.. အဲဒီသယ်တဲ့ကောင်တွေ.. လစ်သွားကြတာ.. သူတို့ကမေ့သွားကြပေမဲ့.. .နှစ်ရာချီမြန်မာတွေရဲ့စိတ်ထဲ အခုအထိ… စိတ်အနာရွတ်ကြီးဖြစ်နေခဲ့တယ်..။
    ဘာသာရေးအလွဲသုံးစားလုပ်… တိုက်ထားတဲ့.. ကျိန်စာလိုပဲ..။

    The Lincoln, Memorial Reverse penny (mid 1982 to present) weighs 2.5 grams
    1 Short Ton = 1000000 grams
    90 Ton = 36,000,000 penny

    ဆိုတော့..
    ကြေးနီတန်ချိန် ၉ဝ နဲ့.. ၁ပဲနိအစေ့လောက်.. အကြွေပြား ၃၆သန်းစေ့ထုတ်လို့ရတယ်..။
    တစေ့ကို .. ကျပ်၁၀ဝ တန်ဖိုးသတ်မှတ်လိုက်ရင်.. ဘယ်သူမှ.. အစေ့တွေလိုက်ကောက်.. အရေကြို .. လူသုံးကုန်ပစ္စည်းပြန်မလုပ်တော့ဖူး..။

    နောက်… မြန်မာပြည် ဝါဇီမှာ .. အကြွေထုတ်တဲ့ စက်တွေ ရှိနေပြီးသားထင်ပါတယ်…။
    တခြားကုန်ကျစရိပ်တွေတောင် သိပ်မတက်လာနိုင်ပါဘူး..။
    မြန်မာလူဦးရေ သန်း ၄-၅ဆယ်လောက် သာဓုခေါ်မဲ့အလုပ်… ရှိပါရဲ့… လို့…။

    • eros

      May 26, 2011 at 9:26 am

      ကိုခိုင်ပြောတာ လက်တွေ့ကျပါတယ်။ ထောက်ခံပါတယ်။

    • eros

      May 26, 2011 at 9:32 am

      ဒါပေမယ့် ကိုခိုင်ရေ သူ့အတွေးနဲ့ သူပေါ့။ သူလိုချင်တဲ့ ကုသိုလ်ပြုမှု သူလုပ်ချင်တာ လုပ်တာလေ။ ဒါက (ဒီခေါင်းလောင်းက) အစိုးရကလုပ်တာ မဟုတ်ဘူး။ အစိုးရကို အဲဒီကြေးတွေ သွားပေးရင် အကြွေစေ့တွေလုပ်မလား မလုပ်ဘူးလား အာမမခံနိုင်ပါဘူး။ ပုဂ္ဂလိက က အကြွေစေ့ မထုတ်နိုင်ပါခင်ဗျား။

  • king

    May 26, 2011 at 10:39 am

    ဟို အရင်တစ်ခါက အကြွေစေ့ ထွက်ခဲ့ဖူးပါတယ်
    ဘာလို့ ရပ်သွားတာပါလိမ့်
    သိရင်ပြောပြပေးပါ …

    • kai

      May 26, 2011 at 4:47 pm

      သဘာဝပါပဲ..။
      ငါးပြားစေ့မှာ ပါတဲ့ ဒန်သတ္တုဈေးက… ငါးပြားထက်ပိုတဲ့အခါ.. ငါးပြားဟာ.. ဒန်ပန်းကန်ပြားအဖြစ်ပြောင်းခံရမှာပါပဲ..။
      ဆိုတော့..
      အစိုးရထုတ်သလောက်… လူတွေအရေကြိုပစ်လိုက်ကြတာပေါ့..။
      အဲဒီတော့ ..ရပ်သွားတာပေါ့..။

      @eros – ကျုပ်ပြောပြတဲ့ ပုံပြင်က.. တိုင်းပြည်သယံဇာတကို ဖြုန်းတီးပစ်သူနဲ့.. လိုအပ်ရဲ့နဲ့ မသုံးစွဲတတ်သူ ..အကြောင်းပါ..။
      နားလည်လွယ်အောင်… ယေဘုယျချုံပြောပြတာ…။

      • eros

        May 27, 2011 at 9:43 am

        နားလည်ပါတယ် ကိုခို်င်ရေ။ ပြောရမယ်ဆိုရင် အများကြီးပေါ့ဗျာ။

Leave a Reply