Mandalay Gazette မှ စာဖတ်သူ၊ စာရေးသူများ အားလုံးပဲခင်ဗျာ..

ရန်ကုန်မှာလဲရှိနေမယ်၊ အချိန်လဲ အနည်းငယ်ပေးနိုင်ကြမယ်ဆိုရင် အားလုံးနဲ့ တွေ့ဆုံပွဲလေးကို ယခုလာမယ့် ဇွန်လအတွင်းမှာ ပြုလုပ်ချင်ပါတယ်.. ကျွန်တော်တစ်ယောက်တည်း သတ်မှတ်တဲ့အချိန်၊ နေရာတွေမှာ တွေ့ဆုံဖို့ ခက်ခဲမယ်ဆိုတာသိလို့ အားလုံးပဲဝိုင်းဝန်းပြီး ဆွေးနွေးညှိနှိုင်းကြစေချင်ပါတယ်.. သူကြီးလဲ လေယာဉ်လက်မှတ်အကုန်ခံပြီးလာနိုင်မယ်ဆို ကျွန်တော်ကလဲ သူကြီးရဲ့ လိုင်းကားခလောက်တော့ အကုန်ခံနိုင်ကြောင်း၊ မန္တလေးသူ/သားတွေကိုလဲ အင်းလျားကန်ဘောင်တစ်လျှောက် စုံလင်နှံ့စပ်အောင် လိုက်ပြမယ့်အကြောင်း မြှုူဆွယ်အပ်ပါသည်။

ဘာပဲဖြစ်ဖြစ် သူ့အမြင် ကိုယ့်အမြင်လေးတွေကို ဓါးတစ်ပြက်၊ တုတ်(ဒုတ်)တစ်ပြက် ငြိမ်းငြိမ်းချမ်းချမ်း အသေအကြေ ဆွေးနွေးညှိနှိုင်းလိုရင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ တွေ့ဆုံပွဲလေး ဖြစ်မြောက်နိုင်မည်ဟု မျှော်လင့်လျက်…

ရှူူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ႀကီး

စဆရ ႀကီး has written 160 post in this Website..