ကျောက်စိမ်းတွေ ထွက်နေပြီ တဲ့ဗျို ့

မောင် ပေMay 26, 20111min675

အထက်ပါ အကြောင်းအရာ ကို eleven media group မှ လည်း လာရောက် အင်တာဗျူးမည် ဟု သတင်းကြားရသည် ။ ဗျူး ပြီး မ ပြီး တော့ မသိရသေးပါ ။ အထက်ပါ အကြောင်းအရာ ကို အစချီ ရမည် ဆိုလျှင်… လွန်ခဲ့သော အနှစ် ၂၅ နှစ် ခန် ့က မန်းတလေး မြို  ့ပဲပုတ်တန်း ရပ်ကွက် တွင် ကျောက်စိမ်း ရောင်းဝယ်ရေး လုပ်ကိုင်သူ မိသားစု တစ်စု ရှိသည် ။ ခြံနေရာ ကျယ်ကျယ်ဝန်းဝန်း တွင် ကျောက်ဖြတ် ကျောက်သွေး လုပ်ကိုင်ခဲ့ကြသည် ။ ထို ခေတ် ထိုအချိန် က ကျောက်စိမ်းလိုင်းတွင် ပန်းပု ၊ လက်ကောက် နှင့် အပွင့် လိုင်း တို ့သာ လုပ်ကိုင်ခဲ့ကြသည် ။ ထို မိသားစု လုပ်ကိုင်သော ကျောက်ရိုင်းတုံး များမှ သွေးသော ဖြတ်ပြီးသော ကျောက်စ များမှာ ခြံ ထဲ တွင် ပျံ  ့ကျဲနေခဲ့သည် ။ ထိုခေတ် ထိုအခါ က ထို ဖြတ်စ များ မှာ တန်ဖိုး ပေးမည် ့သူ မရှိခဲ့ ပေ ။ တစ်ရက် တွင် ထို မိသားစု ၏ ကျောကပ်ဘက် မှ ဘုန်းကြီးကျောင်းထိုင် ကိုယ်တော် မှ ကျောင်းချဲ  ့ရန် နေရာလိုအပ်သဖြင့် ထိုမိသားစု ပိုင် ကျောက်သွေး ၊ ကျောက်ဖြတ်သည့် နေရာ အချို  ့ကို ဘုန်းကြီးကျောင်း အား လှူဒါန်းခဲ့သည် ။ ယနေ ့ခေတ် တွင် တစ်ရက် ဘုန်းကြီး ကျောင်းမှ ကိုယ်တော် မှ ရပ်ကွက်တွင်းရှိ လက်လုပ်လက်စား ဒကာများ အား ” ဟိုနေရာ တူး ကျောက်စလေး တွေ ရှိတယ် ” ဟု လမ်းညွှန်ရာမှ ကျောက်ဖြတ်စ လေး များ ထွက်လာသည် ။ ထွက်လာသည် ့ကျောက်ဖြတ်စ ကို ကျောက်ဝိုင်းသို ့သွားရောင်း ရာ သိန်းချီ သန်းချီ ရကုန်ကြသည် ။ သို ့နှင့် တစ်ရပ်ကွက်လုံး သတင်းကြီး သွားပြီး တူးမည့်လူများနှင့် ပြည့်နှက် နေပေတော့သည် ။ ထို အခါ နာမည်ကြီး ကျောက်စိမ်း ကုမ္ပဏီ တစ်ခု မှ  ကျောင်းထိုင် ဘုန်းကြီး အား သိန်း၅ဝ ကျပ် ကပ်လှူ ပြီး ထိုဘုန်းကြီးကျောင်းဝန်း အတွင်း ကျောက်ထွက်သည် ဟု သတင်းထွက်သော မြေနေရာ မှန်သမျှ ဘူဒိုဇာ ဖြင့် တူးကော်ရှာဖွေ နေသည် ။ ရပ်ကွက်အတွင်း မှ တူးမည် ့သူ များလည်း တူးခွင့် မရှိတော့ပါ ။ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦး ၏ အဆိုအရ စထွက်ရှိသည့် သတင်းထွက်စဉ် က ဆိုလျှင် ကျောက်စိမ်းဝယ်ရောင်း သမားများသည် တူးနေသည် ့သူ များ အနား တွင် ထိုင်စောင့် ဝယ်ယူ ကြ ကြောင်း ။ 22.5.2011 က ဆို လျှင် ထို တူးဆွ နေသူ တစ်ဦး ထံ မှ ၁ဝ သိန်း ကျပ်ဖြင့် ဝယ်ယူ ခဲ့သော အဝိုင်းပတ် ၁ လက်မ လျော ့လျော ့အထူ ၁ စင်တီမီတာ ခန် ့ရှိ ကျောက်စိမ်းဒိုးပြားလေး မှာ ချက်ချင်းလက်ငင်း ၂ဝ သိန်း ကျပ် ဖြင့် ပြန်လည် ရောင်းချ ရကြောင်း ၊ ထို သိန်း၂ဝ ဖြင့် ဝယ်ယူ သူ က လည်း ချက်ချင်း သိန်း၆ဝ ရမှ ပြန်ရောင်းမည် ဟု စကားခေါ ်နေကြောင်း သိရှိရသည် ။ ထို ဘုန်းကြီးကျောင်းဝင်း အတွင်း မှ ထွက်ရှိသော ကျောက်စိမ်း ဖြတ်စ များ ၏ အသား မှာ ယနေ ့ထွက်ရှိသော ကျောက်စိမ်းသား များ နှင့် တစ်ခြားစီ ဖြစ်ကြောင်း ။ ယနေ ့ခေတ် တွင် ထိုအသားမျိုး မတွေ ့ရှိရတော့ကြောင်း သိရှိရသည် ။

5 comments

  • good

    May 26, 2011 at 10:02 am

    ကျောက်စိမ်း ၊ CNG ခု အချိန်မှာ ထွက်ချင် သလောက် ထွက် ဝမ်းမသာဘူး။
    ဦးနေဝင်း ခေတ်က ၃၃ တန် ကျောက် စမ်း လည်း ဘယ်ပျောက် သွားမှန်း မသိလိုက်ဖူး။
    နောက် ထပ် သူ့ ထက် ကြီးတာတွေ လဲ ဘယ် ဒေသ ဘယ်တွင်း က ရ တာ လို့ ပြော ပြီး ပျောက်သွားတာပဲ။
    ပြည်သူ တွေ အတွက် တဖဲ့ စာတောင် မှ သုံး မိ မယ် မထင်ပါဘူး။

  • king

    May 26, 2011 at 10:45 am

    အဲဒီကျောက်စိမ်းတွေအားလုံး အိမ်မှာ လမ်းခင်းလိုက်ပြီဗျ
    (မှတ်ချက်။ အိမ်မက်ထဲတွင်)
    😛 😛 😛 😛 😛 😛 😛 😛 😛 😛

  • maythakhin

    May 26, 2011 at 11:43 am

    ထွက်သမျှအားလုံးပျောက်နေတာကြာပြီလေ။
    ကာတွန်းတွေထဲမှာ ရေးနေကြတယ် – အရင်းအမြစ်ပေါတဲ့ မြန်မာနိုင်ငံပါဆိုပြီး သစ်ပင်မှာ ပင်စည်တွေအရွက်တွေ မရှိတော့ပဲ အမြစ်တိုလေးတွေကျန်ခဲ့တဲ့ပုံလေးတွေနဲ့။ဟုတ်တယ် အမြစ်တွေဘဲကျန်ခဲ့တော့တာ။မကြာခင်ခန်းခြောက်ပြီးသေသွားမယ့် အမြစ်တွေပေါ့။

  • juttue.gyi

    May 26, 2011 at 12:17 pm

    အော် ကျတော်တို့မြန်မာနိုင်ငံက ဘယ်လောက်ချမ်းသာသလဲမပြောနဲ့ ဟိုတုန်းကပြောပါတယ်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 26, 2011 at 12:45 pm

    ဒီအကြောင်းကိုသိရတော့
    မဆီမဆိုင်တွေကို တွေးတောကြည့်လိုက်ဦးမယ်
    ရွဲကုန်သည် ဇာတ်ထုပ်ထည်းမှာ
    စီးပွားပျက်လို့မွဲနေတဲ့အချိန်မှာ
    ခွက်အစုတ်လို့ထင်နေတာက အသပြာသိန်းထိုက်တဲ့ရွှေခွက်ဆိုဘဲ
    ( ပေါများတဲ့အချိန်မှာ သိန်းတန်ခွက်ကိုတောင် ဂရုမစိုက်တဲ့သဘော )
    ခုလက်ရှိဆိုရင်
    ရွှေတိဂုံစေတီတော်ကြီးရဲ့ ရေစီးကြောင်းအလိုက်မှာ
    ရွှေကျင်သူတွေကို ကန်ထရိုက်တောင် ပေးပြီးရွှေကျင်စေတယ်လို့တော့ကြားဘူးသဗျ
    ( ကြားဘူးတာပြောတာ ဟုတ်မယ်ထင်တာဘဲ )
    ကျုပ်ငယ်ငယ်တုန်းက ပေါ့
    ကျုပ် ကျောင်းသွားတက်တဲ့မြို့မှာ ပန်းထိမ်ဖို တစ်ခုရှိတယ်
    ( မြို့မှာကျောင်းတက်တယ်ဆိုလို့ ကျုပ်မိဘာက ကျိကျိတက်အောင်ချမ်းသာတာမဟုတ်ဘူး
    ဖင်ထဲဗွက်ဝင်အောင် ရုန်းကန်ပြီးမြို့မှာကျောင်းထားတာ နောက်ဆုံး ခုနစ်တန်းတောင်အောင်ဘူး 🙁 )
    တော်တော်နာမည်ကြီးတယ်တပည့်တပန်းတွေလဲနည်းဘူး
    ( အဲ့သည်တုန်းက ရွှေပန်းထိမ်သင်တဲ့ကောင်တွေ စောက်ကြွစောက်ကြွနဲ့ အချိုးကိုမပြေဘူး )
    တစ်နေ့ အဲ့သည်ပန်းထိမ်ဖို မီးလောင်ပါလေရော
    အပ်ထည်တွေတော့ ဘာမှမီးထဲပါမသွားဘူးပေါ့
    ဒါနဲ့ ပြဿနာတွေဘာတွေပြီးတော့ ဖိုပိုင်ရှင်က သူ့ရဲ့ပန်းထိမ်ဖိုမြေတွေကို
    ရွှေပြန်ကျင်လိုက်တာ နှစ်ထပ်တိုက်ကြီးတောင် ဆောက်လိုက်ရတယ်
    ကြုံးဘူးတဲ့သူတွေဆို ကျုပ်ပြောတာ ဘယ်မြို့လည်းဆိုတာသိမယ်ထင်တာဘဲ
    နောက်တစ်ခုက
    ကျုပ်ငယ်ငယ်ကဘဲ
    ပန်းကုန်းရွာဘုရားမှာ
    ရှေးလူတွေဝှက်ခဲ့ကြတဲ့ ရတနာတွေရှိတယ်ဆိုပြီး
    ဘုရားဌာပဏာလည်းဖောက်ခံရတယ်
    ဘုရားပရဝုဏ်ဆိုတာ ညက်ညက်ကိုကြေလို့ တူးဆွထားကြတာ
    ဘာရယ်တော့ဟုတ်ပါဘူး
    ကိုယ်ပိုင်အတွေးနဲ့ရေးရမယ်ဆိုလို့
    ဘယ်သူနဲ့မှမတူအောင်မန်းလိုက်တာ
    ရတာက တစ်ဆယ်ကျပ်ဆိုတော့
    ဘစ်ဇနစ်နဲ့တွက်လိုက်ရင်ရှုံးတယ်

Leave a Reply