မန္တလေးဂေဇက်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို အောက်ပါအတိုင်း ပြုလုပ်သွားပါမည်

moonpoemMay 26, 20111min32565

ရှူံးနိမ့်မှူများနှင့်လူက ပိုစ့်တင်လိုက်သည်ကိုဖတ်လိုက်မိသည်။ ရန်ကုန်မြို ့တွင်နေထိုင်နေကြသော မန ္တလေးဂေဇက်က သူငယ်ချင်းတွေ ဆုံစည်းရန်ဆိုသော အကြောင်းအရာဖြစ်ပါသည်။ သို့သော်ယခုချိန်ထိ ဘယ်အချိန်၊ဘယ်နေရာဆိုတာ မသိရသေးပါ။ သူစီစဉ်နေသလား ဘာလားလဲအခုချိန်ထိ မသိရသေးပါ။ ရန်ကုန်တွင် သူငယ်ချင်းနည်းပါးသော ကျွန်မကတော့
ရေးဖော်ရေးဖက်သူငယ်ချင်းများ၊ စာရေးခြင်းကို စိတ်ပါဝင်စားသော ဝါသနာချင်းတူသော သူငယ်ချင်းများနှင့် တွေ ့ရန်ပျော်ရွှင်လို့နေပါသည်။ ဒီအတွက်ကြောင့် တွေ ့ဆုံမည့်နေ့နှင့် နေရာကို ကိုယ့်သဘောနှင့်ကိုယ် ခပ်တည်တည်ဖြင့် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။ အဆင်ပြေမှုရှိမရှိ၊ နေရာသဘောကျနှစ်ခြိုက်ခြင်းရှိ မရှိဆုံးဖြတ်စေလိုပါသည်။ အဆင်ပြေပါက လာရောက်မည့် သူစာရင်းကိုလည်း သိရှိလိုပါသည်။ ထိုနေ ့တွင် အားလုံးပျော်ပျော်ပါးပါး မိတ်ဆုံစားပြီးလျှင် ဇီဝိတဒါနသံဃာ့ဆေးရုံသို ့တတ်နိုင်သလောက်လှူဒါန်းကြမည်ဟုလည်း ရည်ရွယ်ထားပါသည်။
တွေ ့ဆုံမည့်နေ ့ = ၅.၆.၂၀၁၁(တနင်္ဂနွေ) ပိုက်ဆံမကုန်နိုင်သေးသည့် လဆန်းပိုင်းကိုရွေးထားပါသည်
တွေ ့ဆုံမည့်နေရာ=အသစ်ဖွင့်လှစ်လိုက်သော တော်ဝင်စင်တာပထမထပ်ရှိဆားဗစ်စင်တာ။
ပြီးလျှင်ပထမထပ်တွင်ဖွင့်လှစ်ထားသော Morning Starတွင် စားသောက်ကြပါမည်။ (ဈေးသက်သာပါသည်)
တွေ ့ဆုံမည့်အချိန်=မနက်(၁၁နာရီ)
မန္တလေးဂေဇက် အသင်းဝင်ဟု သိရှိနိုင်စေရန် အကျင်္ီအဖြူနှင့် အနက်ကိုဝတ်ဆင်ရင်ကောင်းမည်လားဟု
ထင်မိပါသည်။ အားလုံးလည်းထင်မြင်ချက်ကလေးတွေ ပြောကြပါဦး။ အဆင်ပြေရင် နောက်အပတ်
ပျော်စရာကြီးပေါ့။

65 comments

  • tt

    May 27, 2011 at 9:18 am

    ttရောလာလို့ရလား… 1ပုဒ်ပဲရေးဖူးပါတယ်… seniorအစ်ကိုတွေ အစ်မတွေကို တွေ့ချင်လို့ပါ…

  • moonpoem

    May 27, 2011 at 9:27 am

    လာမယ်လိုပြောတဲ့အတွက် အားတက်သွားပါပြီ ။အားလုံးက ကြိုဆိုနေမှာပါ။
    လူ၁ဝယောက်လောက်ကတော့သေချာပေါက်လာမယ်ထင်တယ်နော်

  • tt

    May 27, 2011 at 9:35 am

    နေ့ရက်နှင့်အချိန်က သေချာလားဆိုတာ confirmလုပ်ပေးပါနော်…

  • etone

    May 27, 2011 at 10:24 am

    ဟုတ်တယ်… နေ့ရက်နဲ့ နေရာကို သဂျီးက ပို့စ်တခုအနေနဲ့ တင်ပြီး စတစ်ကီလုပ်ပေးသင့်တယ်…. ။ မဟုတ်လျှင် ယောင်ဝါးဝါးနဲ့ နေရာက ၂ခုဖြစ်နေတာ

  • cobra

    May 27, 2011 at 4:10 pm

    ဆုံကြမယ်ဆိုလည်းကောင်းတာပေါ့…။
    သေချာအောင်တော့အနားနီးမှဦးဆောင်မယ့်တယောက်ကပြောလေ..။

  • ကိုပေါက် အရောက်လာချင်ပါသော်လည်း
    ရန်ကုန်နဲ့မန်းလေး အရင်ထက်စာရင်
    အလှမ်းမဝေးပါသော်လည်း
    အချိန်အားကမရှိ ဒါကြောင့်
    စိတ်ကြိးနဲ့ဘဲ လာရောက်နိုင်မည်ဖြစ်ပါကြောင်း
    သတင်းမကောင်းပါးအပ်ပါသည်။
    ခွင့်လွှတ်ကြပါကုန်လော့………………………..

  • nature

    May 29, 2011 at 5:12 am

    11နာရီကျော်နေပြီ၊ လယ်သူတွေတွေ့နေကြပြီလည်း။

  • khinmintatthu

    May 29, 2011 at 5:25 am

    ဆုံကြဖို့အတွက်က အကျီအဖြူနဲ့ အနက်နဲ့ဆိုတော့ ပိုကောင်းတာပေါ့… အဲဒီအရောင်ကမှ ပိုထင်ရှားမှာ…..

  • cobra

    May 29, 2011 at 11:01 am

    သေချာသွားပီလား….တစိတ်လောက်ပြောပြပါ..။

  • photwenty

    May 31, 2011 at 8:22 am

    ကဲ
    ၅ ရက်နေ.က ဘယ်လိုလဲဗျာ
    ပြောကြပါအုံး

  • kai

    May 31, 2011 at 8:34 am

    ကိုရင်စိုင်းရဲ့ အီးမေးလ် ဒီမှာတင်လိုက်ပြီး.. မိတ်ဆုံပွဲ သွားမဲ့သူတွေက … တိုက်ရိုက်အီးမေးလ်နဲ့ပို ့. တိတိကျကျချိန်းလိုက်သင့်တယ်..။

    ကိုရင်စိုင်းကမှ.. ရန်ကုန်က.. ရွာသားတယောက်ယောက်ကို .. ထပ်ဆင့်လွှဲပေးလိုက်ပေါ့..။
    ရွာသူတွေက သပ်သပ်ချိန်းပြီး..အုပ်စုနဲ့သွားကြတာကောင်းမယ်..။

    Comments Page 1
    http://myanmargazette.net/49969/health-fitness/food-drink/comment-page-1

Leave a Reply