မန္တလေးဂေဇက်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို အောက်ပါအတိုင်း ပြုလုပ်သွားပါမည်

moonpoemMay 26, 20111min35565

ရှူံးနိမ့်မှူများနှင့်လူက ပိုစ့်တင်လိုက်သည်ကိုဖတ်လိုက်မိသည်။ ရန်ကုန်မြို ့တွင်နေထိုင်နေကြသော မန ္တလေးဂေဇက်က သူငယ်ချင်းတွေ ဆုံစည်းရန်ဆိုသော အကြောင်းအရာဖြစ်ပါသည်။ သို့သော်ယခုချိန်ထိ ဘယ်အချိန်၊ဘယ်နေရာဆိုတာ မသိရသေးပါ။ သူစီစဉ်နေသလား ဘာလားလဲအခုချိန်ထိ မသိရသေးပါ။ ရန်ကုန်တွင် သူငယ်ချင်းနည်းပါးသော ကျွန်မကတော့
ရေးဖော်ရေးဖက်သူငယ်ချင်းများ၊ စာရေးခြင်းကို စိတ်ပါဝင်စားသော ဝါသနာချင်းတူသော သူငယ်ချင်းများနှင့် တွေ ့ရန်ပျော်ရွှင်လို့နေပါသည်။ ဒီအတွက်ကြောင့် တွေ ့ဆုံမည့်နေ့နှင့် နေရာကို ကိုယ့်သဘောနှင့်ကိုယ် ခပ်တည်တည်ဖြင့် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။ အဆင်ပြေမှုရှိမရှိ၊ နေရာသဘောကျနှစ်ခြိုက်ခြင်းရှိ မရှိဆုံးဖြတ်စေလိုပါသည်။ အဆင်ပြေပါက လာရောက်မည့် သူစာရင်းကိုလည်း သိရှိလိုပါသည်။ ထိုနေ ့တွင် အားလုံးပျော်ပျော်ပါးပါး မိတ်ဆုံစားပြီးလျှင် ဇီဝိတဒါနသံဃာ့ဆေးရုံသို ့တတ်နိုင်သလောက်လှူဒါန်းကြမည်ဟုလည်း ရည်ရွယ်ထားပါသည်။
တွေ ့ဆုံမည့်နေ ့ = ၅.၆.၂၀၁၁(တနင်္ဂနွေ) ပိုက်ဆံမကုန်နိုင်သေးသည့် လဆန်းပိုင်းကိုရွေးထားပါသည်
တွေ ့ဆုံမည့်နေရာ=အသစ်ဖွင့်လှစ်လိုက်သော တော်ဝင်စင်တာပထမထပ်ရှိဆားဗစ်စင်တာ။
ပြီးလျှင်ပထမထပ်တွင်ဖွင့်လှစ်ထားသော Morning Starတွင် စားသောက်ကြပါမည်။ (ဈေးသက်သာပါသည်)
တွေ ့ဆုံမည့်အချိန်=မနက်(၁၁နာရီ)
မန္တလေးဂေဇက် အသင်းဝင်ဟု သိရှိနိုင်စေရန် အကျင်္ီအဖြူနှင့် အနက်ကိုဝတ်ဆင်ရင်ကောင်းမည်လားဟု
ထင်မိပါသည်။ အားလုံးလည်းထင်မြင်ချက်ကလေးတွေ ပြောကြပါဦး။ အဆင်ပြေရင် နောက်အပတ်
ပျော်စရာကြီးပေါ့။

65 comments

  • ဆူး

    May 26, 2011 at 7:17 am

    ဒါဆို အကျီ အဖြူ ထမိန် အညိုလေး ဝတ်ပြီး လာရင် ကောင်းမလားဟင်.. မြင်လွယ်အောင် ပုဝါ အညိုလေး တစောင်းပတ်ခဲ့မယ်။

    • နွယ်ပင်

      May 26, 2011 at 7:21 am

      ဆူးပြောတာ အဆင်ပြေသားပဲ ..ပြီးရင် တစ်ခါတည်း တရားကျောင်းသွားကြတာပေါ့ ..

      • ဆူး

        May 26, 2011 at 1:25 pm

        တရားကျောင်း မသွားပါဘူး.. လာကတည်းက အိမ်က ရေချိုတဲ့ ရေခွက် သယ်လာမှာ.. အလှူသွားလုပ်မယ် ဆိုတော့ အလှူခံထွက်မလို့လေ.. ဟဲဟဲ…

  • king

    May 26, 2011 at 7:25 am

    ဒါဆို သားတို့ကရော
    😛

  • maythakhin

    May 26, 2011 at 7:26 am

    တရားကျောင်းဆို မေလိုက်လို့မဖြစ်သေးဘူးနော် ။ နောက်မှနော်……… ဟဲ ဟဲ

  • photwenty

    May 26, 2011 at 7:29 am

    လာခဲ.မယ်ဗျို.
    ပြီးတော.အကြံပေးချင်တယ်သေချာအောင်
    လာမဲ.သူတွေကလက်ထဲမှာ A4 paper တစ်ရွက်လိပ်ပြီးကိုင်လာခဲ.ရင်ကောင်းမယ်
    ဘီလိုလဲ

  • moonpoem

    May 26, 2011 at 7:50 am

    ကောင်းတယ်ကောင်းတယ် လူမရောတော့တာပေါ့။ မဟုတ်ရင် အကျင်္ီအဖြူနဲ့ အမည်း(သို့မဟုတ်)အညိုရောင်ဝတ်ထားတဲ့တခြားသူတွေနဲ ့ရောနေလိမ့်မယ်။
    စာရွက်လိပ်တစ်ခုကိုင်တာကောင်းမယ်ထင်တယ်။

  • manawphyulay

    May 26, 2011 at 8:16 am

    တစ်အချက် တော်ဝင်စင်တာဆိုထဲက ဈေးသက်သာဖို့ မလွယ်ပါ။ နေရာက လူရှိန်ပါသည်။ နှစ်အချက် ဘယ်သူက ဘယ်လိုတာဝန်ခံပြီး ကိုယ်စရိတ်ကိုယ်စားရမှာပါလား။ နောက်တစ်ချက် အဖြူအကျႌက ရှိပေမယ့် အိမ်မှအနက်မဝတ်ရတော့ အနက်ထမိန်မရှိပါရှင်။ ပြီးတော့ ဒီလိုနေရာကို သီးသန့်လာဖို့ဆိုတာ မတွေ့ရင် ဈေးဝယ်ရပါမည်လား။ ဒီလိုနေရာမျိုး မသွားတဲ့သူတွေလည်း ရှိချင် ရှိနိုင်ပါမည်။

  • Snowy

    May 26, 2011 at 8:19 am

    date က အရမ်းကတ် နေတယ်နော်, လာချင်ပေမဲ့နောက်တစ်ကြိမ်ပေါ့ ….. 🙂

  • etone

    May 26, 2011 at 8:36 am

    ကောင်းသားပဲ …ဒါနဲ့ တယောက်နဲ့တယောက် ဘယ်သူ ဘယ်လိုမှန်းသိမှာလဲ … ။ ဖုန်းနံပါတ်လေးတွေ အရင် ရလျှင်လည်း ကောင်းသာ း… ။ ဟေ့ ဘယ်သူ… ဘယ်ရောက်နေပြီလဲ… ငါကတော့ ဘယ်မှာဟေ့ ဘာညာနဲ့ ချိတ်လို့ရတယ်လေ… ။

  • king

    May 26, 2011 at 8:42 am

    ကျွန်ုပ်မောင်ကင်း အသင်ရွာသားတို့အား ကျွန်ုပ်အား အမြဲခြောက်လန့်တတ်သော ကြိမ်စင်္ကြာအား သိခွင့်
    ပေးလိုက်ပါပြီ … 09 7314 6782
    😛 😀 😛

    • AKKO

      May 26, 2011 at 10:06 am

      ဖုန်းနံပါတ်လေးရတော့ ကောင်းတာပေါ့ … မနက်ကျလျှင် လှမ်းနှောက်ယှက်မယ် ..ဖုန်းပိတ်လျှင် ပိတ်ထား မပိတ်ထားလို့ကတော့ မောင်ကင်းတော့ မနက်စောစော နှောက်ယှက်ခံရပြီမှတ် 😛

    • etone

      May 26, 2011 at 10:21 am

      ကင်း … ဖုန်းဆက်မယ်နော် ည ဆယ့်နှစ်နာရီကျော် မှ 😛 😛 😛 😛 😛

      • king

        May 26, 2011 at 10:30 am

        ဟေ့ ဟေ့
        အဲလိုတွေ နောက်ရဘူးလေ အချင်းချင်းတွေကို
        ကယ်ကြပါအုန်းဗျ
        အီးးးးးးးးးးးးးးးးးး ရွှတ်
        ဖုန်းက ပိတ်ထားဖို့ကလည်း အဆင်မပြေ ဖွင့်ထားပြန်ရင်လည်းးးးးးးးးးးးးးးးးးးး
        အားးးးးးးးးးးးးးးးးးးး
        🙁 🙁 🙁 🙁

        • etone

          May 27, 2011 at 5:20 am

          missed call ပေးပြီး နှောက်ယှက်လိုက်သည်… အဲ … နှုတ်ဆက်လိုက်သည် ။ 😛

        • king

          May 27, 2011 at 6:04 am

          ကံဆိုးချင်တော့ missed call ကို မှားဖျက်လိုက်မိသည်
          အီ …..
          လက်စားချေလို့ရတော့ဘူးးးးးးးးးးးးးးးးးးးးးးး
          🙁 🙁 🙁

  • moonpoem

    May 26, 2011 at 8:51 am

    တော်ဝင်စင်တာရှိMorning Starလက်ဘက်ရည်ဆိုင်သည် ဈေးသင့်တင့်ပါသည်။
    ၁၅၀၀/၂၀၀ဝ ရှိရင် စားသောက်လို ့အဆင်ပြေပါသည်။ အမေရိကန်စစ်စတမ်ဖြင့်
    ကိုယ့်စားရိတ်ကိုယ်ရှင်းရပါမည်။ အကျီင်္အဖြူနှင့် လုံချည်အနက်မရှိပါက အဆင်ပြေရာ အရောင်ကိုဝတ်ဆင်နိုင်ပါသည်။လက်ထဲတွင် စက္ကူလိပ်ကိုင်ထားသူများသည် အသင်းဝင်များဖြစ်ကြသည်။
    မe-tone Ph-no ကိုအဆင်ပြေရင် ညီမဆီmessage လေးပို့ပေးပါလား။
    မဟုတ်ရင်လည်း ဂျီမေးလ်(သို့မဟုတ်)facebookအကောင့်ပြောပေးပါနော်

    • etone

      May 26, 2011 at 10:26 am

      ဖုန်းနံပါတ်ကတော့ …. 09 xxx44421

  • mnoe

    May 26, 2011 at 9:11 am

    စာရွက်လိပ်တွေကိုင်လာမယ်ဆိုရင် သတိတော့ထားကြပါနော်။ တစ်ယောက်ချင်းမသိသာပေမဲ့ များလာရင် သိတယ်ဟုတ်။

  • etone

    May 26, 2011 at 10:23 am

    နေရာတွေ ရွေးနေပြီး … အချိန်ကျတော့ရော… ။

    • eros

      May 26, 2011 at 10:46 am

      မနက် ၁၁ နာရီလို့ ပြောထားတယ်လေ။

  • nigimi77

    May 26, 2011 at 11:12 am

    ဟင်းဟင်းဟင်း……..စုကြဝေးကြ။ ဘလာဒင် အတွက် လက်စားချေခွင့်ရပြီ။ 🙂

    ကျုပ်လာရင် ဟိုမမ ဒီမမတွေ လက်နက်ကြီးတွေ ယူလာခဲ့ကြ။

  • king

    May 26, 2011 at 11:19 am

    ဟိုက်
    သတိထားရတော့မယ်

    • king

      May 26, 2011 at 1:34 pm

      ကိုပေါက်က ဆက်ဖူးလို့လား
      ကျွန်တော်နာမည် မသိဘဲနဲ့ ဖုန်းကိုဘယ်လိုဆက်လဲဗျ
      ဖုန်းကို အိမ်မှာထားခဲ့တယ်
      အလုပ်ကောင်းကောင်းမလုပ်ရလို့ 🙂 😛

  • juttue.gyi

    May 26, 2011 at 12:37 pm

    အဲဗျာ ကျတော်ကရန်ကုန်က မဟုတ်တော့ နောက်များကျမှ ခွင့်သာရင် လာတွေ့အုန်းမယ်ဗျို့……

  • thuratun

    May 26, 2011 at 1:46 pm

    good plan! but may i know to allow new member come in this meeting . please reply me
    thank

  • mosesfanai

    May 26, 2011 at 2:01 pm

    Well, as it is friend meet then,……. can any one come?……… I’m not a Bama writer but i do write in MIZO,….. so can i come?…………..

  • unclegyi1974

    May 26, 2011 at 2:53 pm

    တခါတွေ့ပြီးစားဖို့အရေးများပြောနေသေးဟေဟေ
    အမေစနစ်တွေအဖေစနစ်တွေမလိုပါဖူး
    မန်လေးမှာလာတွေ့ကြရင်ရွှေမင်းသားလေးကအကုန်လုံးကို
    ကျွေးအုန်းမှာတဲ့
    ဘာတွေလည်းသိဖူးနော်သိချင်မေးကြည့်ဟေဟေ

    • ဆူး

      May 26, 2011 at 3:14 pm

      စာပြတ် ဆိုတဲ့ မုန့် တမျိုးကို ကျွှေးလိမ့်မယ်။

    • ဆူး

      May 26, 2011 at 5:24 pm

      တောင်သမန်က ငါးကို ဖမ်းပြီး ကင်ကျွှေးမှာ.. မီးသွေးကတော့ ကိုပေါက် မန်းရဲ့ အိမ်တိုင် နဲ့ လုပ်တဲ့ မီးသွှေးနဲ့ ကင်မှာ..
      ရွာသားတွေကတော့ စားဖို့ တာဝန်ယူရမှာပေါ့လေ။

  • sonicwave

    May 26, 2011 at 4:54 pm

    ကောင်းပါတယ်ဗျာ ၊ လာချင်ပေမယ့် မလာနိုင်ဘူးဗျို့ ၊ ရန်ကုန်မှာဆိုတော့ ခရီးကဝေးလို့ပါ

  • padonmar

    May 26, 2011 at 7:27 pm

    အဖြူနဲ့အနက် ဝတ်လာရမယ်ဆိုတော့ မရွှေဇီးကွက်နဲ့ မှားပြီး အင်တာဗျူးခံနေရရင် ဘယ်လိုလုပ်မလဲ 😀

  • shweminthar

    May 26, 2011 at 11:21 pm

    ကျနော်က မန်းလေးမြို့မှာလာပြီး အားလုံးတွေ့ဆုံကြမယ်ဆိုရင် နန်ကြီးသုတ် ကျွေးဖို့စီစဉ်နေပါတယ်။
    နောက်ပြီး မန်းလေးမြို့ အကြောင်းကို နှိုက်နှိုက် ချွတ်ချွတ် သိတဲ့ ကိုပေါက်(မန္တလေး) က မန်းလေးတစ်မြို့လုံးကို ပြဲပြဲစင်အောင် လိုက်ပို့ ပေးမယ် လို့ ပြောပါတယ်။
    ဘယ်နေရာတွေလဲ ဆိုတာ တော့ ကိုပေါက်ကို မေးကြည့်ကြပါ။
    သူလဲ လမ်းကြောင်းစွဲ နေပါပြီ။ ခရီးစဉ်အသေးစိတ်ကို ကိုပေါက်ကရှင်းပြပါလိမ့်မယ်။
    အန်ကယ်ကြီးက နေထိုင်တည်းခိုဖို့ နဲ့ ရန်ကုန် မန်းလေး ခရီး စရိတ် အတွတ် တာဝန်ယူပါလိမ့်မယ်။ ဘုန်းကြီးကျောင်းတော့ မဟုတ်လောက်ပါဘူး။ ဘယ်ဟိုတယ် မှာ ထားပေးမယ်ဆိုတာ တော့ သူကစီစဉ်သူဖြစ်တဲ့ အတွတ် သူကိုယ်တိုင်ဘဲ ရှင်းပြပါလိမ့်မယ်။

  • ကျုပ်ကတော့ မန္တလေးတစ်ခွင် ပြဲပြဲစင်နေအောင်လဲ လျှောက်သွားဖူးတယ်၊ ညဈေးတန်းမှာလည်း စက်ဘီးကို မြေပေါ်ခြေမထောက်ကြေး ပြိုင်နင်းဖူးတယ်၊ ၇၈ လမ်းကနေ စစ်ကိုင်းဇေယျာကွက်သစ်အရောက်လဲ စက်ဘီးနင်းဖူးတယ်၊ ကျုံးကို ညနေပိုင်းပါတ်ပြီး ဇရပ်တွေနားက တွန်းလှည်းလေးတွေက ရောင်းတဲ့ ဆီး(ဇီး)ဖျော်ရည်ကို ကျုံးကို ဖြတ်တိုက်လာတဲ့ လေညှင်းလေးတွေခံရင်း၊ ပုဆိုးနောက်က အကွက်လိုက်ထင်နေတဲ့ချွေးကွက်တွေကို ဖြေဖျောက်ရင်း၊ ကိုယ့်ချစ်သူ သူနာပြုချောချောလေးကို… ထားရင်း ဖြတ်သန်းခဲ့ရတာတွေကို လွမ်းသဗျို့..

    မန်းသူတွေက ယဉ်ကျေးတယ်ပြောတယ်.. မန်းသားတွေတော့ သိဘူးပေါ့.. ကြိုနေမယ်ဆို အဲဒီအရသာတွေ ပြန်ခံစားချင်သား.. ၆၄ လမ်းက သူနာပြုတက္ကသိုလ်က ကျောင်းဆင်းချိန်မှာ သူနာပြုချောချောလေးတွေကို ကိုယ့်ဂျစ်တူ ထွက်မလာမချင်း(သူကနောက်ဆုံးမှ ထွက်တာကိုးဗျ) ငမ်းရတဲ့ဘဝ၊ ရတနာပုံကိုသွားဖို့ ၇၃ လမ်း (မိန်းထဲက) ထွက်တဲ့ ဒိုင်နာကားခေါင်မိုးပေါ်က စီးရတဲ့ဘဝ၊ ဦးပိန်တံတားပေါ်မတက်ခင် အင်းဘေးမှာ မန်ကျည်းလေးနဲ့ ဟိုဟာလေးနဲ့ မြူအိုးထဲရောသောက်ပြီး တံတားပေါ်လမ်းလျှောက်ရင်း လေတိုက်တိုင်း လွင့်ပါနေခဲ့တဲ့ ဘဝတွေကို လွမ်းသဗျာ..

    ကြိုနေမယ်ဆိုရင်တော့ လာမပေါ့ဗျာ..

  • MaMa

    May 27, 2011 at 1:00 am

    မန်းလေးသားတွေကတော့ လေပေါ်မှာတာဝန်ကျေပြနေကြပြီ။ ရန်ကုန်သားတွေကလည်း အားကျမခံပါပဲနော်။ လာသာလာခဲ့။ တည်းချင်တဲ့ Hotel ပြော။ ကြိုက်သလောက်တည်း။ (ကျသလောက်ရှင်း) 🙂 😀

  • etone

    May 27, 2011 at 4:06 am

    ် ဇီဝိတဒါနသံဃာ့ဆေးရုံက အ ဲ့ဒီနေ့မှာ သွားမှာလား …. ။ အဲ့ဒါသိပ်အဆင်ပြေမယ်မထင်ဘူး … ။ ဆုံမယ့်အချိန်က ၁၁နာရီဆိုတော့ … အာရွှီးဘာညာနဲ့ဆို … နေ့လည်ပိုင်းမှ ဟိုရောက်လိမ့်မယ်… ။
    ပထမတစ်ဆင့်ကတော့ ခဏလောက်ဆုံကြတာ အဆင်ပြေမယ်ထင်တယ်… … နောက်မှ bank account တွေဖွင့်ပြီး လှူဖို့တန်းဖို့ ဆက်လုပ်လျှင်ပိုကောင်းမယ်ထင်တာပဲ …. ရပ်ဝေး ၊ ရပ်နီးက မန်ဘာတွေလည်း လှူနိုင်အောင်ပေါ့ … ။ သဂျီးက အရင် စပြီး မတည် အလှူငွေထည့်ပါလိမ့်မယ် ….. 😛

    • နွယ်ပင်

      May 27, 2011 at 4:33 am

      etone ရေ တကယ်ဆုံမယ်ဆိုရင် ဖုန်းနံပါတ်ပဲဖြစ်ဖြစ် မေးလ်ကနေပဲဖြစ်ဖြစ်
      သေချာအောင် ဆက်သွယ်ပေးပါလား နွယ်ပင့်အကောင့်က nyein2lwin@gmail.com ပါ ဆက်သွယ်ပေးဦးနော် ….

  • PinkCandy

    May 27, 2011 at 4:24 am

    တကယ်ပြောနေကြတာလား
    နောက်နေကြတာလားဟင်
    ဖုန်းနံပါတ်ကလည်း ပညာရေးဌာနက ဖုန်းဆို
    တကယ်လာပြီးမှ ၁ယောက်မှ မရောက်ရင် အူကြောင်ကြောင်ဖြစ်နေဦးမယ်။

  • နွယ်ပင်

    May 27, 2011 at 4:31 am

    သူငယ်ချင်းတို့ တကယ်ဆုံကြမှာ သေချာပါတယ်နော်
    နောက်တာ မဟုတ်ဘူးမလား
    မန္တလေးဂေဇက်က လူတွေကို ဆုံချင်လွန်းလို့
    တမင်သက်သက် အချိန်ပေးပြီးလာခဲ့ရမှာနော်

  • nozomi

    May 27, 2011 at 4:55 am

    ကို ရှုံး..လူ က Moon Bakery ကို စီစဉ်ထားတယ် ဒီမှာပြောတာက တော်ဝင်
    လွဲနေကြဦးမယ်နော် ကြည့်လုပ်ဦး
    အဆင်ပြေကြမယ်ဆိုရင်တော့ ဒီကိစ္စကို ကိုရှုံး…လူ က စပြောတာဆိုတော့ သူပြောတဲ့ နေရာကိုသွားတာက ပိုကောင်းမယ် အဆင်မပြေရင်တော့ တမျိုးပေါ့

  • virus

    May 27, 2011 at 5:58 am

    ဝေးနေတော့မလာနိုင်သေးဘူး

  • king

    May 27, 2011 at 6:09 am

    တစ်ခုခု ဖြေပေးကြပါအုန်း
    နေ့ရက် ..
    အချိန် …
    နေရာ …
    ဝတ်ဆင်ရမည့် အဝတ်အစား ….
    ကိုင်ဆောင်လာရမည့်အမှတ်အသား …..
    အစီအစဉ် အစအဆုံး …..
    တာဝန်ခံ ဦးဆောင်မည့်သူ ….
    တက်ရောက်ကြမည့် လူများ (ကိုယ်တိုင်အမှန်အကန်အဆိုပြုကြရန်) …
    ကဲ မနောက်ဘူးနော်
    😛 ( * _ ^ ) 😛

  • virus

    May 27, 2011 at 6:58 am

    နွယ်ပငိရေ thawzinaung87 is virus

  • virus

    May 27, 2011 at 7:02 am

    တစ်ကယ်တွေ့ချင်ပါတယ်

  • winkyawaung

    May 27, 2011 at 7:31 am

    ဆုံချင်ပါတယ်။ ဒါပေမယ့် ဝေးနေတော့ မလာနိုင်ပါခင်ဗျား.။ အားလုံးကို ခင်မင်လေးစားပါတယ်။

  • moonpoem

    May 27, 2011 at 8:15 am

    Moonpoem တကယ်လာပါမည်။
    အချိန် …11နာရီ
    နေရာ …တော်ဝင်စင်တာ
    ဝတ်ဆင်ရမည့် အဝတ်အစား ….အဖြူရောင်အကျင်္ီ
    ကိုင်ဆောင်လာရမည့်အမှတ်အသား …..A4စာရွက်
    အစီအစဉ် အစအဆုံးတာဝန်ခံ ဦးဆောင်မည့်သူ ….ကျွနိုပ်ကိုယ်တိုင်နှင့် အခြားသောသူများကိုပါဖိတ်ခေါ်ပါသည်
    တက်ရောက်ကြမည့် လူများ ——-လာဖြစ်မည့်သူများပြောပေးပါ
    ဆက်သွယ်ရန်ဂျီမေးလ်အကောင့်-khamkham17@gmail.com

  • R Ga

    May 27, 2011 at 8:29 am

    လာတော့လာချင်သားဗျ…ဒါပေမဲ့ ကျွန်တော်မလာရဲဘူး အမှန်အတိုင်းပြောရရင်..။ ဒီဂေဇက်မှာ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး စာတွေတော်တော်များများတင်ဖူးတော့။ အဲဒီလိုကိုယ့်ကလာပြီးတော့မှ ဘယ်သူဘယ်ဝါဆိုတာ မိတ်ဆက်ပြီးတော့မှ…..မင်းက ဒါဆို ဒီလိုစာတွေတင်တဲ့လူပေါ့ ဘာပေါ့ညာပေါ့နဲ့ ကုတ်သွားရင်ဒုက္ခ…။ ဒါကလည်း အပေါင်းအသင်းအချို့ ခံရဖူးတာ မမြင်ဖူးနေတော့ နည်းနည်း သံသယ စိတ်ကြီးသွားတာလည်းဖြစ် ချင်ဖြစ်မှာပေါ့လေ..။ ဒါကြောင့်လာရင်တောင် ဘယ်သူမှမသိအောင်တိတ်တိတ်လေး ပါလာတွေ့တော့မယ်။ ဒီလိုပြောလို့ ချိန်းတဲ့လူတွေကို တစ်မျိုးထင် တာ မဟုတ်ဘူးနော်။ ဒီလိုချိန်းတာကို တစ်ယောက်ကတွေ့သွားပြီး သူတို့လူတွေကိုရောလွတ်လိုက်မှာစိုးရိမ်လို့ပြောတာပါ။ လွန်တာရှိ ခွင့်လွတ်ပါ။

  • လင်းဝေကျော်

    May 27, 2011 at 8:29 am

    နေ့လည် ၁၁နာရီက ကို့ယို့ကားယား အချိန်ကြီးလေ။
    နေ့လည် ၁ နာရီလောက် လုပ်ရင်လုပ်။ မနက် ၉နာရီ လုပ်ရင်လုပ်။
    တော်ဝင် ဆိုတဲ့နေရာထက် မြေနီကုန်း၊ လှည်းတန်း၊ရွှေဂုံတိုင်၊ တာမွေအဝိုင်း၊ ဆူးလေ တစ်ခုခုလုပ်သင့်တာပေါ့။
    ဝတ်ချင်တာဝတ်လာပြီး ချိန်းတဲ့နေရာမှာ အရင်ထိုင်တဲ့ သူက စားပွဲမှာ ကဒ်လေးတစ်ခုထောင်ပြီး M.Gazettee လုပ်ထားရင် ရတာပဲ မဟုတ်လား။

Leave a Reply