အစားတလုပ်

unclegyi1974June 1, 20111min28622

ဂေဇက်အဖွဲ့ဝင်တွေ တွေ့ဆုံစားသောက်ပွဲတွေလုပ်ကြမယ်ဆိုတော့
အစားတလုပ်အတွက်နဲ့အမှားမဖက်မိစေဖို့အန်ကယ်စာရေးသတိ
ပေးလိုက်ပါတယ်ကွယ်
တလောကမိတ်ဆွေတွေဆုံတုန်းစကားပြောကြရင်း
မိတ်ဆွေတယောက်ကသူစီစီတီဗီမှာကြည့်လိုက်ရတဲ့သတင်း
တပုဒ်အကြောင်းပြောပြပါတယ်
တရုပ်ပြည် ပြည်နယ်တခုမှာအစိုးရကရယ်ဒီမိတ်ဟင်းခတ်အမွှေးထုတ်
တွေလိုက်သိမ်းနေကြောင်း
ဘာဟင်းခတ်အမွှေးထုတ်တွေလည်းဆို မာလာဟင်းထဲထည့်တဲ့
ဟင်းခတ်အထုတ်များဖြစ်ကြောင်း
ထိုအထုတ်များတွင်ပါဝင်သောငရုပ်ကောင်းများတွင်ပြည်သူများ
စားသုံးရန်မသင့်အဆိပ်ဖြစ်နေကြောင်း
အန်ကယ်တွေးမိသည်မှာငရုပ်ကောင်းမှိုတက်များဖြစ်ဖို့များတယ်လို့ထင်ပါ
တယ်မှိုဆိုတာသိသည့်အတိုင်းလူကိုအလွန်ဒုက္ခပေးသောပစ္စည်းဖြစ်လို့ပါပဲ

မြန်မာမှာကသိကြတဲ့အတိုင်းမယ်လမင်းပါသောနို့မှုန့်များတုန်းကလည်း
နို့ဆီချက်ရုံတရုံကအောက်ဈေးနဲ့သိမ်းသွားတာသတင်းတော်ပြန့်သွားသေး
မဟုတ်လားအောက်ဈေးဆိုပြီးရော
အခုလည်းဟိုမှာသိမ်းနေပြီ ဆ ိုစီးပွားရေးသမားများကရောင်းရသည့်နေရာ
ရှာရောင်းကြမှာအမှန်တွေးကြည့်ရန်မလို မြန်မာကလည်းအောက်ဈေးဆို
အလွန်ကြိုက်နဲ့ မြန်မာနိုင်ငံထဲဝင်လာလို့က မာလာဟင်းကြိုက်ကြသူ
တွေဒုက္ခ

နောက်သတိပေးချင်တာတခုက
ပုဇွန်ဟင်းပါ ပုဇွန်ဆိုလို့
ကျွန်တော်တို့ငယ်စဉ်ကလေးဘဝ အမေဈေးကပြန်ရောက်လို့ဈေးခြင်းတောင်း
ချပြီးတာနဲ့ပုဇွန်ဝယ်လာတာကြုံရင်မီးသွေးဖိုနဲ့ပုဇွန်မီးဖုတ်စားရတာအမှတ်ရပါ့
နောက်ကြီးလာတော့လည်းပုဇွန်ကြိုက်လို့စားဖြစ်တာပါပဲ
ဒါဖြင့်ဘာဖြစ်လို့ပုဇွန် နဲ့ပတ်သက်ပြီးသတိပေးချင်တုန်းဆို ဒီလိုပါ

HealthDigest ၁၁-၅-၂၀၁၁ ထုတ်ဂျာနယ်ကိုဖတ်လိုက်ရလို့ပါ
အဲဒီဂျာနယ်မှာဒေါက်တာမြင့်သန်း(ညောင်လေးပင်)ရေးထားတာကဒီလို
ထိုင်ဝမ်မှာအမျိုးသမီးတဦး ဒွါရပေါက်တွေကသွေးတွေထွက်ပြီးရုတ်တရက်
သေဆုံးမှုတခုဖြစ်ဆိုပဲ လူသေတယ်ဆိုရဲတပ်ဖွဲ့ကလည်းစုံစမ်းရတာပ
သေဆုံးပုံကလည်းဆန်းကိုး ကိုယ့်ဟာကိုယ်အဆိပ်သောက်သေတာလား
အဆိပ်ခတ်သတ်မှုလား ဘာညာပေါ့
ဆေးတက္ကသိုလ်ကဆရာကြီးတဦးကိုဖိတ်ကြားပြီးစစ်ဆေးစေမှ
အဖြေမှန်ပေါ်တာကိုး ကိုယ့်ကိုယ်ကိုသတ်သေတာလည်းမဟုတ်
အဆိပ်ခတ်ခံရတာလည်းမဟုတ် မသိနားမလည်မှုကြောင့်သေဆုံးခြင်းလို့
မှတ်ချက်ချပါသတဲ့
သို့သော်သေဆုံးရမှုကအာဆင်းနစ်ကြောင့်ပါတဲ့
အညိုရောင်အဆင်းရှိတဲ့အာဆင်းနစ်သည်အဆိပ်တမျိုးဖြစ်ပြီးကြွက်သတ်ဆေး
ယင်ကောင်ဖမ်းစက္ကူတု်ိ့မှာပါနေကြပါတဲ့ ထိုအဆိပ်များသည်စွန့်ပစ်ပစ္စည်းများ
အဖြစ်ရေအရင်းအမြစ်များတွင်ပျော်ဝင်နေပါတယ် ထိုအဆိပ်များသည်
အခွံပျော့ပုဇွန်ဆိတ် ပုဇွန်ထုပ်ကြီးများတွင်အချိုးအဆမြင့်မားစွာပါဝင်နေ
ကြောင်း ထိုအစာများကိုလတ်လတ်ဆတ်ဆတ်စားသုံးမှုကလူကိုဘေးဥပတ်
မဖြစ်စေသော်လည်း ဗီတာမင်စီ ဆေးကိုအတူတွဲသောက်သုံးလိုက်ပါက
ခန္ဓာကိုယ်အတွင်းဓာတုဓာတ်ပြုခြင်းဖြစ်ကာမူရင်းပိုတက်စီယမ်
အာဆင်းနစ်ဓာတ်ပေါင်း ၅ မျုိုးမှအာဆင်းနစ်အဆိပ် တနည်းစိန်အဆိပ်
အဖြစ်ပြောင်းသွားပါသည်
အာဆင်းနစ်အဆိပ်ကြောင့်သွေးကြောငယ်များပျော့ခွေမလှုပ်ရှားနိုင်မှု
အသည်း၏လုပ်ငန်းဆောင်တာများကိုပိတ်ပင်ဟန့်တားမှု
အဆီဓာတ်များဝင်ရောက်ကာအသည်းဆဲလ်းများပျက်စီးမှု
နှလုံးကျောက်ကပ်အသည်းအူလမ်းကြောင်းတို့အရည်များပိတ်ဆို့ပျက်စီးမှု
ဆံခြည်မျှင်သွေးကြောများပျက်စီးမှု စသည်တို့ဖြစ်ပေါ်စေပါသည်
ထို့ကြောင့်နားနှာခေါင်း ပါးစပ် မျက်စိတို့မှ သွေးများယိုစီးကာအသက်
ဆုံးရသည်အထိဖြစ်ရပါသည်
ထို့ကြောင့်အထူးသတိပြုရန်မှာ
ဗီတာမင်စီဆေးသောက်ထားစဉ်ပုဇွန်ဆိတ် ပုဇွန်ထုပ်များမစား
ရန်သတိပေးထားပါသည်

အထူးနောက်ဆက်တွဲသတင်း
ဂေဇက်အဖွဲ့ဝင်များတွေ့ဆုံပွဲကို မန်းတွင်လုပ်ရန်ရွှေမင်းသားလေးမှ
စီစဉ်ထားပါတယ်
နေရာကမန္တလေးရွှေဘဲမှာပါ
အစားသောက်ကို ကိုပေါက်မန်းကိုတာဝန်ပေးထားတယ်လို့သိရပါတယ်
အထူးအစားအစာအဖြစ်
ပုဇွန်ဆိတ်နဲ့မာလာဟင်းပါ (ဝက်ကြက်ခြေလေးချောင်းသားရှောင်သူများအ
တွက် )
နောက်အထူးဟင်းကတကောင်ကို ၂၅ ကျပ်သားစီးသောပုဇွန်ထုပ်ဟင်းပါ
ကျမ္မာရေးလိုက်စားသောသူများအတွက် ဗီတာမင်စီဆေးပုလင်းလိုက်
ချထားပေးမယ်လို့သိရပါကြောင်း

22 comments

  • ဆူး

    June 1, 2011 at 4:45 pm

    ၂၅ ကျပ်သားစီးသောပုဇွန်ထုပ်ဟင်းပါ
    ကျမ္မာရေးလိုက်စားသောသူများအတွက် ဗီတာမင်စီဆေးပုလင်းလိုက်
    ချထားပေးမယ်လို့သိရပါကြောင်း ….
    စိတ်မပူပါနဲ့ ဗီတာမင် စီ ပုလင်းလေးကို အိမ်သယ်သွားလိုက်မယ်လေ.. ပုဇွန်ထုပ် ဟင်းကိုတော့ အေးအေးဆေးဆေး စားလိုက်အုန်းမယ်။ အရသာ ရှိမဲ့ပုံပါပဲ။

  • MaMa

    June 2, 2011 at 12:47 am

    အန်ကယ်ကြီးရဲ့စာကိုဖတ်ပြီး မန်းလေးသားများ၏ စေတနာကို တန်ဖိုးထားပါသော်လည်း ချက်ခြင်းလက်ငင်း အဖျားတက်လာပါသောကြောင့် (ရွှေမန်းတင်မောင်ရဲ့ လေးတော်တင်ခန်းက ပကဘိုးဘိုးကြီးလို) မန်းလေးတွေ့ဆုံပွဲသို့ မလာရောက်နိုင်ပါကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။

  • mihninlay

    June 2, 2011 at 3:11 am

    မန်းလေးမှာလုပ်မယ်ဆိုရင်ဘယ်နေ ့လုပ်မှာလဲမန်းလေးကိုပြန်တဲ့အချိန်နဲ ့ဆုံအောင်ညှိမလို့ပါ…

  • bigcat

    June 2, 2011 at 3:23 am

    ကိုပေါက်က တကယ်ကျွေးမလို့ ပုဇွန်ထုပ်ကြီးတွေ ဝယ်ထားတာပါ၊ ဒါပေမဲ့ မန္တလေးအပူရှိန် ပြင်းလွန်းတာကြောင့် နေအရှိန်နဲ့ ပုဇွန်ခြောက်ပိစိကွေးလေး ဖြစ်သွားကြောင်းပါ။ ကြာကြာဆက်ထားရင် အမှုန့်ဘဝကို ရောက်သွားမှာမို့ တွေ့ဆုံပွဲဖြစ်မြောက်ဖို့ အမြန်စီစဉ်ကြဖို့ ဆော်ဩလိုက်ပါသည်။

  • ဆူး

    June 2, 2011 at 5:22 am

    မန်းလေးသားများ တွေ့ဆုံပွဲ ကို..
    တောင်သမာန် မင်းသားကြီး ကိုပေါက်က ထူးထူးခြားခြား ဖြစ်အောက် လှေစီးပြီး လှေတွေနဲ့ ချိန်းပြီး ရေလယ်မှာ တွေ့မယ်လို့ ပြောပါတယ်။
    အချိန်ကတော့ ရေတက်တဲ့ အချိန် ဖြစ်ပါတယ်။ ကိုပေါက်မှ ရေလယ်မှာ စောင့်ပြီးတော့ Glan Master တယောက် တဖာစီ လက်ဆောင်ပေးပါမယ်တဲ့.. လှေနဲ့ တခါတည်း သယ်သွားကြပါတဲ့.. မသောက်ရင် ရောင်းစားနိုင်ပါတယ်တဲ့။
    ရွှေမင်းသားကတော့ ရေငုတ်ပြီး ကိုယ်တိုင် ငါး ပုဇွန်ဖမ်းပြီး ရွာသားတွေကို ငါးကင် ပုဇွန် ကျွှေးမှာ ဖြစ်ပါတယ်။
    အန်ကယ်ကြီးကတော့ တတို့ခ ရှင်းပေးပါမယ်လို့ ကြားသိရပါတယ်။ သွားချင်တဲ့ လူများ အမြန်ဆုံး စာရင်း ပေးသွင်းနိုင်ပါတယ်။

    မမြင်ဘူးပဲ သွားကြမှာ ဖြစ်လို့ မြင်သာ ထင်သားတဲ့ အမှတ်အသားလေး သတင်းပေးချင်ပါတယ်။
    ရေလယ်မှာ မူးနေတာ ကိုပေါက်
    တကိုယ်လုံး ရေစိုနေတာ ရွှေမင်းသား
    မတ်စိလေးတွေ အထပ်လိုက် ကိုင်ထားတာ အန်ကယ်ကြီး

    ကိုင်းရွာသားတို့ တောင်သမန် ရေပြည့်ချိန်ကို သတိတရ မှန်းပြီးသာ စောင့်နေလိုက်ပါလို့ ပြောချင်ပါတယ်။

  • etone

    June 2, 2011 at 9:20 am

    စေတနာကောင်းလှချည်းလား အန်ကယ်ကြီးရဲ့ 🙁

  • Snowy

    June 2, 2011 at 11:55 am

    ဘဲကင်ရယ် … ပုဇွန်ထုပ်ဟင်းရယ် မာလာဟင်းရယ် စားမယ်… ဗီတာမင်စီဆေးပုလင်း ကိုယူပြီးသွားရောင်းစား လိုက်မယ် အဟိ 😛 Shopping Money ရပြီ

  • စစချင်းတုန်းကတော့ ရွှေဘဲမှာအစီအစဉ်လုပ်တာပါ။
    ဒါပေမယ် ရွှေဘဲဆိုတာ ရန်ကုန်မှာလဲရှိတယ်။
    တောင်သမန်အင်းကတော့ မန်းလေးမှာလဲရှိတယ်လေ။
    နောက်လာလို့လဲလွယ်တယ်။
    လေယာဉ်ပျံနဲ့လာသူကလဲ စစ်ကိုင်းရောက်ရင်ကွေ့ဝင်လိုက်။
    ကားနဲ့လာသူက ကျွဲဆယ်ကန်ကားဝင်းကနေ လာလိုက်။
    ရထားနဲ့လာသူကလည်း ဘူတာကြီးရှေ့ကကားငှားလာရင်လွယ်တယ်လေ။
    နောက်ထူးခြားသွားအောင်ရေလည်ခေါင်မှာလှေချင်းဆက်ပြီး ဧည့်ခံမယ်။
    မတော်လို့ စကားများရင် လှေချင်းခွဲပြီးလှော်သွားလိုက်ရင်အိုကေဘဲလေ.။
    နောက် အရက်က တောင်သမန်မှာ သင်္ကြန်မှာကြော်ငြာသွားတဲ့အရက်ကို စဉ်းစားမိတာ။
    ဒါပေမယ့် မိန်းကလေးတွေပါတော့ သူတို့ထဲကကြိုက်တဲ့လူပါရင်လဲအားပေးရအောင်
    မန်းလေးဘီယာဘဲ တိုက်မယ်။
    အမြည်းကတော့ အင်းထဲကငါးကို ချက်ခြင်းဖမ်းချက်ခြင်းကြော် လတ်ဆတ်သော အစီအစဉ်လေးနဲ့ ဧည့်ခံပါမယ်။
    အားလုံးလဲ နှစ်သက်မယ်ထင်ပါတယ်။
    အင်းရေပြင်မှာ ပိုက်ခံထားပါမယ်။
    ပြုတ်ကျသွားရင် ချက်ချင်းဆယ်လို့ရအောင်။
    အခြင်းခြင်းသီအောင်ကတော့ မိန်းကလေးမှန်သမျှအဝါရောင် ဝမ်းဆက်ဗြောင်ဝတ်ပြိး ပန်းအနီတွေပန်ထားရပါမယ်။
    ယောက်ျာလေးမှန်သမျှ တိုက်ပုံဝတ်လို့ ပုဆိုးကို မြောင်နေအောင် ခါးတောင်းကြိုက်ထားရပါတယ်။
    ရက်စွဲကတော့ အားလုံးအားမယ်လို့ယူဆရတဲ့ 2011 ခုနှစ်ဇွန်လ(31)(၃၁)ရက်နေ့ဖြစ်ပါတယ်။

  • mihninlay

    June 2, 2011 at 12:52 pm

    လာချင်ပါတယ်လေးပေါက်ရေ ဒါပေမယ့်၂၀၁၁ ခုနှစ်ဇွန်လ ၃၁ရက်နေ ့ဆိုကျွန်တော်မအားဘူးပဲ….. 😛

  • unclegyi1974

    June 2, 2011 at 4:10 pm

    မန်ဘာတွေရဲ့အတွေးတွေကအမြဲလန်းဆန်းနေတာပဲ
    ဒါထက်တောင်သမန်ကန်မှာတွေ့ဆုံပြီး ကန်ထဲကငါးတွေ
    ပုဇွန်တွေစားကြမယ်ဆိုရင်
    ကန်ထဲဘယ်လိုရေတွေဝင်နေတယ်ဆိုတာအရင်သိထား
    သင့်ပါတယ် ဝင်တဲ့ရေကိုမပြောပဲ
    ကန်ထဲကရေနဲ့အပင်ရေလောင်းတာပိုးတောင်မကျဖူးဆိုပဲ
    ကျွန်တော်ကကြားတာပြောတာနော်
    အကြောင်းစုံမသိဖူး
    ကိုပေါက်ကသိချင်သိမှာ သူ့မေးကြည့်ရအုန်းမယ်

  • pooch

    June 2, 2011 at 4:28 pm

    အနော့် အထင်ကတော့ အားလုံးစုံမှ ကန်ထဲမှာ ငါးမျှားပြိုင်မယ်လေ။ ပြီးရင်ရလာတဲ့ ငါးတွေနဲ့ တည်းခင်းဧည့်ခံ ကြတာပေါ့။ ကြီးကြီးလား သေးသေးလား အားလုံးညီတူမျှတူပေါ့။ ပြီးရင် အားလုံးလှေလှော်
    ပြိုင်ကြတာပေါ့။ အရင်ဆုံးပန်းဝင်တဲ့ သူကို သဂျီး က လတ်လတ်ဆတ်ဆတ် ပုဇွန်ထုပ် ကြီး ဆုချပေါ့။

  • ရွာထဲကလူတွေက ထူးထူးဆန်းဆန်းမန်းလေးအစားအစာလဲ စားချင်ပါတယ်လို့ ပြောကြပါတယ်။
    ဒါကြောင့် လဲ မန်းလေးဒေသထွက်လဲဖြစ်အောင်ထူးလဲထူးအောင် ဒီလိုစီစဉ်ထားပါတယ်။

    (1) ပင်လယ်စာ မြီးရှည်
    (2) ပုဇွန်ထုပ် ဒါန်ပေါက်
    (3) ဂဏန်းအုန်းနို့ခေါက်ဆွဲ
    (4)ခိုတောင်ဖင်ဆီဘူးသုတ်
    (5)ကိုကာကိုလာထိုးမုန့်
    (6)ငါးရှဉ့်ခနုံထုပ်

    ်နှစ်သက်ရာနှစ်မျုိုးကို ရွေးချယ်၍မဲပေးစေလိုပါသည်။
    အများနှစ်သက်သောနှစ်မျုးိ်ဖြင့်တည်ခင်းဧည့်ခံပါမည်။

  • ဆူး

    June 2, 2011 at 4:39 pm

    တောင်သမန်မှာ လှေစီးပြီး ငါးကင်ပဲ စားချင်တယ်။ လှေကလေးတွေ စီးပြီး ရန်ဖြစ်တော့ လှေလှော်ပြီး ထွက်ပြေးတာပေါ့.. အဲဒီ အစီအစဉ် အကြိုက်ဆုံးပါပဲ။
    ငါး အတွက် စိတ်မပူပါနဲ့နော်.. စပွန်ဆာရထားပါတယ်။
    သဂျီးက သင်္ကြန်တုန်းက ကြော်တဲ့ ငါးမျိုး.. ထိုငါးမျိုးတွေကို တွေ့ဆုံပွဲ အချိန်မှီ ပါဆယ်နဲ့ ပို့ပေးမယ်လို့ ပြောထားပါတယ်။

  • padonmar

    June 2, 2011 at 7:51 pm

    သင်္ကြန်တုံးက ငါးက ငါးနီတူလေ၊တစ်ယောက်တစ်ကောင်ရှယ်ယာရမယ်။အဲဒိရှယ်ယာရတဲ့ အကောင် ကိုယ်စားလို့ မကုန်နိုင်ရင် အိမ်သယ်သွားလို့ရတယ်။

  • တညင်သား

    June 2, 2011 at 8:18 pm

    အကုန်လုံး စားကြပါ 🙁 သတ်သတ်လွတ်သမားတွေအတွက်လဲ စီစဉ်ပေးကြပါအုံး… 🙂

  • MaMa

    June 3, 2011 at 12:10 am

    သတ်သတ်လွတ်သမားက မတ်ခ်ဇူကာဘက် လို စားပေါ့။ 🙂
    (ကမာ္ဘကျော်Social Networking ဝက်ဘ်ဆိုက်ကြီးဖြစ်သော Facebookကို ထူထောင်ပြီး CEO အဖြစ် တာဝန်ယူထားသူ မတ်ခ်ဇူကာဘက်သည် မိမိစားသောက်မည့် အသားအတွက် တိရစာ္ဆန်များကို ကိုယ်တိုင်သတ်ဖြတ်ကြောင်း သိရသည်။)

  • pooch

    June 4, 2011 at 3:35 pm

    ပုဇွန်ထုပ် ဒံပေါက် ရယ် ဂဏန်းအုန်းနို့ခေါက်ဆွဲ ရယ် စားပြီးရင် ဗြဟ္မစိုရ်ကို ဖုန်းဆက်မယ်
    အနော့်ကို လာခေါ်လို့

  • ဆူး

    June 4, 2011 at 3:42 pm

    ဖုန်းဆက်ပြီးရင် ဆပ်ပြာထုတ် ကလေး အဆင်သင့် ဝယ်ပေးထားရမလား…
    လှေပေါ်က ဆင်းပြီး တခါတည်း ရေချိုးပြီး ဆပ်ပြာတိုက်လို့ရအောင်နော်.. တလွဲ မတွေးနဲ့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 4:02 pm

    အစာအဆိပ်သင့်တာတွေကတော့ ခုတစ်လော
    တော်တော်လေးဂရုစိုက်စရာတွေဖြစ်လာတယ်ဘကြီးရဲ့
    ဒီနေရာမှာရှိလာတာက သက်ဆိုင်ရာတွေရဲ့ကိုင်တွယ်ပုံတွေကတော့မတူကြဘူး
    ဥပမာ ခုဆို ဂျမဏီမှာ 😀 လူတွေဝမ်းသွားနေကြတယ်
    ဒီတွက် အသီးနှံသွင်းကုန်တွေကို တော်တော်တင်းကျပ်လိုက်တယ်
    မြန်မာပြည်သားတစ်ယောက်တွက်ကတော့ ဒီလိုသတင်းမျိုးက ရီစရာကြီးဗျ
    ဒါက သူတို့အကြောင်းကို နည်းနည်းပြောပြတာပါ
    ခုဘကြီးပြောတဲ့ အကြောင်းတစ်ခုထဲက ပစ္စည်းတစ်ခု ပြဿနာတက်လာပြီဆိုရင်
    အဲ့သည်ပစ္စည်းကို အောက်ဈေးဆိုတဲ့ ဈေသက်သာမှု့တစ်ခုတည်းတွက်
    မြန်မာပြည်မှာ သုံးစွဲမှုတွေကတော့ တော်တော်ကို ကြောက်စရာကောင်းတယ်
    အနီးစပ်ဆုံးပြောရရင်
    ခုပြောနေကြတဲ့ ဝက်နားရွက်ပြာလိုမျိုး
    နောက်တစ်ခုက
    ကျွန်တော်တို့က ပြည်ပကိုထွက်ဘူးပြီး လွပ်လပ်တဲ့သတင်းတွေကို ဖတ်ဘူးမှသာ
    ( တစ်ချို့သတင်းများမှာ လွပ်လပ်သည်ဆိုသော်ငြား မဟုတ်မမှန်သတင်းများဖြစ်ပါသည် )
    ဒါတွေကို သိခွင့်ရတာဗျ
    ဥပမာဗျာ
    မြန်မာအရပ်စကားနဲ့ပြောရရင် ပစ္စည်းဒိတ်အောက်တွေဆိုတဲ့စကားကလူတိုင်းကြားဘူးသလို
    လူတော်တော်များများ သုံးစွဲဘူးတယ်
    သူတို့ဆီက ပစ္စည်းတွေက သုံးနှစ်လောက်အောက်လဲဘာမှမဖြစ်ဘူးစားလို့ရတယ်
    ဒီလိုပြောပြီးတော့ကို သုံးစွဲနေကြတာ
    လူတွေက ဗဟုသုတနည်းတာရယ်
    ငွေကြေးအခက်အခဲကြောင့် တစ်ချို့ပစ္စည်းတွေကို
    အဲ့သည်လို အောက်ဈေးနဲ့မှ သုံးနိုင်တာဗျ
    တော်တော်လေးလဲစိတ်မကောင်းစရာပါဘဲ ( ကျွန်တော်တို့ကိုယ်တိုင်လဲ သုံးစွဲဘူးတယ်နော် ကိုယ်မှ မတတ်နိုင်တာ )
    ဒိတ်အောက်ဆိုလို့ပြောရဦးမယ် 😀
    ကျွန်တော်ခပ်ငယ်ငယ်က စင်္ကာပူမှောင်ခိုလိုက်ဘူးတယ်ဗျ
    ကျွန်တော်တို့ မှောင်ခိုလှေတွေကပ်တဲ့ဆိပ်က ဂျိုဒေါင်းဆိပ်လို့ခေါ်တယ်
    ကျွန်တော်တို့လှေတွေနဲ့ခပ်လှမ်းလှမ်းလေးမှာ အမှိုက်ပုံရှိတယ်
    အမှုက်ပုံထက်ကို အဲ့သည်လို စားစရာဒိတ်အောက်တာတွေကို လာပြစ်တဲ့နေရာဗျ
    တစ်နေ့ မှာပေါ့ဗျာ
    ခရုဘူးတွေကို လာပြစ်ထားတာ ကွန်တိန်နာလိုက် ပါကင်တွေနဲ့ အလတ်ကြီးတွေ
    ဒိတ်တွေ ဘာတွေမသိဘူး ဂရုမစိုက်ဘူး ပါကင်တွေက အလတ်ကြီးတွေရှိသေးတယ်
    လှေသားတွေ ကိုယ့်လှေစီကိုကိုယ် ဝိုင်းထမ်းကြတာပေါ့
    အဲသည်မှာရှိတဲ့လူတွေကတော့ ပြောရှာပါတယ် ဒိတ်အောက်တွေပေါ့
    ဘယ်ရမလဲ ဗမာ့သတ္တိကိုဝိုင်းပြကြတာ ဂရုမစိုက်ဘူး မင်းတို့ပြစ်ထားလို့ဒို့ကောက်တာဘဲပေါ့
    နောက်သူတို့ ဖုန်းဆက်လိုက်ပုံရမယ်ဗျ မကြာပါဘူး အဲ့သည် ခရုကွန်တိန်နာကြီးကို လာပြန်သိမ်းသွားတယ်
    ကိုယ့်လှေမှာရောက်နှင့်နေပြီးတဲ့ခရုဘူးတွေကိုတော့ ချက်ပြုပ်ကြော်လှော်ပြီးစားကြတာ ဘာမှတော့မဖြစ်ခဲ့ပါဘူး

  • unclegyi1974

    June 4, 2011 at 4:30 pm

    စားပွဲတွင်ကျမ္မာရေးအလို့ငှါချပေးမည့်စီဗစ်ဆေးပုလင်းများကိုဒိတ်အောက်နေပါ၍
    ချမပေးတော့ပါကြောင်း
    ကိုရင်ပုရေမြန်မာ့သတ္တိကတော့ပြောမကုန်ပါပဲ
    ကြက်တုတ်ကွေးတွေဖြစ်ကြတုန်းကသေသွားတဲ့ကြက်အရောင်ပြောင်းနေပြီနော်
    အဲဒါကိုယူပြီးအကျအနကြော်အရက်နဲ့မြည်းကြတာ
    အံဩစရာကောင်းတာကဘာဆိုဘာမှမဖြစ်ကြဖူးဗျ
    ကိုယ်တွေ့

    • nature

      June 4, 2011 at 5:14 pm

      ပိုးတွေကအရက်သောက်ပြီးမူးသွားတယ်ထင်တယ်။

Leave a Reply