ကျူရှင်

unclegyi1974June 7, 20111min1128

ကျောင်းဖွင့်ချိန် ကျောင်းအပ်တဲ့အကြောင်းတွေ
ကျောင်းဆရာတွေကျူရှင်ပေးကြတဲ့အကြောင်းတွေ
ဖတ်လိုက်ရပြီးဘာဖြစ်လို့ဆရာတွေကျူရှင်ပေးပြီးပြသနာဖြစ်နေကြတာလဲ
ဘယ်တုန်းကစဖြစ်တာလဲစဉ်းစားခန်းဝင်မိသွားပါတယ်

ကျွန်တော်မှတ်မိသမျှ ၁၉၆ဝကျော်ကာလကမူပြဆရာတယောက်ရဲ့လစား
၁၂၆ ကျပ်ပါ ဆန်ဈေးက တပြည် ပြား၅ဝ ၆၅ပြားပါ
ဆိုတော့မူပြဆရာရဲ့လစာကဆန်ပြည် ၂၀ဝလောက်ဝယ်လို့ရပါတယ်
မိသားစု ၄ယောက်အိမ်ထောင်စု တနေ့တပြည်ကုန်တယ်ဆိုရင်
တလမှ ဆန်ပြည် ၃ဝ ကုန်ပါမယ် ကျန်ငွေနဲ့အခြားစရိတ်များသုံးနိုင်ပါတယ်
စုနိုင်တဲ့ဆရာတွေရွှေတိုရွှေစလေးတွေဝယ်နိုင်ပါတယ်
လယ်ပြ ထက်ပြ ကျောင်းအုပ်များမပြောလိုပြီ

၁၉၇ဝ ခုနှစ်ပတ်ဝန်းကျင်ခန့်ထင်ပါတယ် ဓနုဖြူစိုးသိန်းရဲ့စာရေးကြီး
သီချင်းအလွန်ခေတ်စားခဲ့ပါတယ်အဲဒီအချိန်မှာလခစားများစတင်
ကျပ်တည်းနေပြီဆိုတာသီချင်းစာသားအရသိနိုင်ပါပြီ

၁၉၈ဝ ဝန်းကျင်ရောက်လာတော့လခစားသမားများအတော်ကျပ်တည်း
နေကြပါပြီကျောင်းဆရာတွေလည်းကျူရှင်ပြကုန်ကြပါပြီ
ပုံမှန်ဝင်ငွေတရပ်အနေနှင့်ကျူရှင်ပြသည်မှာပြောရန်အကြောင်းဘာမျှ
မရှိသော်လည်းအတန်းပိုင်ကျူရှင်တက်ရန်စတင်လာကြပါပြီ

၁၉၉ဝ ခုနှစ်ဝန်းကျင်တွင်အတော်အရှိန်ရလာကြပါပြီငါ့ကျူရှင်မတက်
တဲ့ကျောင်းသားဖြစ်လာပါပြီ ကျူရှင်မတက်လည်းစာမေးပွဲဖြေခါနီး
ကောင်းကောင်းကန်တော့ရသောခေတ်ရောက်ပါပြီ

ယနေခေတ်ကအားလုံးသိ ကြသောအတိုင်းဖြစ်နေကြပါပြီ
ဆရာအကုန်လုံးမဟုတ်သော်လည်းအတော်များများကျူရှင်ပြနေကြပါပြီ
စားဝတ်နေအတွက်မှန်မှန်ကန်ကန်ကျူရှင်ပြစားသောဆရာ
အောက်လမ်းနည်းဖြင့်ကျောင်းသားဝင်အောင်ဆေးကြိမ်လုံး
ရိုက်ပြီးလူခေါ်စာပြသောဆရာ အမျိုးမျိုးဖြစ်လာပါပြီ

ပြန်ကောက်ပါမည် ၁၉၆ဝ ကျော်ကဆရာများကျူရှင်ပြသည်ကိုမည်သူမှ
ကြားမိသိမိမရှိကြမည်မှာသေချာပြောနိုင်ပါသည် အဘယ်ကြောင့်ပါနည်း
ရှင်းပါသည် ရသောလစာနှင့်စားဝတ်နေရေးဖူလုံသောကြောင့်ဟုပြော
ချင်ပါသည် ဆရာအလုပ်သည်တကယ်သင်လျှင်တကယ်ပင်ပမ်းပါသည်
တနေကုန်စာသင်ပြီးသောဆရာသည်ကျောင်းဆင်းလျှင်နားချင်ပါသည်
မောပြီလေ ယခုဆရာများကျူရှင်ပြနေကြသည်မှာကျောင်းမှာမပင်ပမ်း
သောကြောင့်လော မဟုတ်ပါ ရသောလစာနှင့်မလောက်ငှသည်မှာ
အဓိကကြောင်းဟုမြင်ပါသည် နောက်အကြောင်းတခုကျွန်တော့်အမြင်ပြော
ပါမည် သင်ကြားနေသောစနစ်ကြောင့်ဟုဆိုချင်ပါသည်

ကျောင်းအောင်ချက်ကောင်းရမည်
အတန်းတင်စာမေးပွဲတွင်အတန်းပိုင်ကအဓိကကျလာသည်
လုပ်ပိုင်ခွင့်ရှိလာပြီ ဟုတ်ဟုတ်မဟုတ်ဟုတ်
အောင်ချက်မကောင်းဖြစ်ပြီးထုချေလွှာအတောင်းခံမလား
အအောင်ပေးပြီးအိတ်ဖောင်းအောင်လုပ်မလားဖြစ်လာပြီ

မြန်မာနိုင်ငံကျူရှင်စနစ်ပပျောက်အောင်အဘယ်သို့ဆောင်ရွက်ကြမည်နည်း
အဖက်ဖက်မှဆောင်ရွက်ရပါမည်
သင်ကြားရေးစနစ်
စားဝတ်နေနှင့်သင့်လျှော်သောလစာ
စိတ်ဓာတ်
အခြားအခြားများစွာကျန်ပါမည်
မှတ်မိသမျှအကြမ်းခြစ်လိုက်တာပါ

8 comments

  • Teacher

    June 7, 2011 at 10:26 pm

    Pauk pin bar kyaunt kaing ya dal…..

    • king

      June 10, 2011 at 1:09 pm

      ဗျိုင်းနားလို့ ကိုင်းရတယ်
      ဗျိုင်းဘာကြောင့်နားရတယ် ..
      ကဲ နောက်တစ်ယောက်အလှည့်
      😛

      • bigcat

        June 10, 2011 at 11:32 pm

        မမှီလို့ ကိုင်းရတယ်
        မွေးကထဲကပါလို့ နားရတယ်
        ဒါမှမဟုတ်လဲ
        လန်ဘားမိုလို့ ကိုင်းရတယ်
        မောလို့ နားရတယ်…. 😮

  • zaw2zaw

    June 8, 2011 at 2:46 pm

    အားလုုံး ဝိုင်းဖြေရှင်းရမယ့် အရေးကြီး ပြဿနာ ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်း စကား ငှားသုံးရရင် သူမသာ ကိုယ်မနာ ဖြစ်အောင် ဖြေရှင်းရမှာပါ။ ကျောင်းတွေမှာ သင်ကြားရေးပိုင်း လုံလောက်ရင် ကျောင်းသားလည်း နှစ်ခါသင်စရာမလို၊ နှစ်ခါ ပင်ပန်းစရာ မလိုပါ။ မိဘလည်း ငွေပိုမကုန်တော့ပါ။ ကျောင်းတွေမှာ သင်ကြားရေးလုံလောက်အောင် ပြည့်စုံဖို့ အရည်အချင်း ပြည့်မီသော ဆရာဆရာမများ ခန့်ထားနိုင်ရပါမယ်။ ဆရာ အလုပ်က ဝမ်းဝဖို့ မသေချာတော့ လူတော် တော်တော်များများက စိတ်မဝင်စားကြပြန်။ လုပ်ခလစာ သင့်လျော်အောင် စီမံပေးနိုင်ရင် အရည်အချင်းရှိသူများ ရရှိလာနိုင်ပါတယ်။ ဆရာတွေဘက်မှာလည်း လုံလောက်တဲ့ အနေအထား တစ်ခုရရင် နှစ်ခါ ပင်ပန်းမှ ရမဲ့ ကျူရှင် ဆိုတာကို လုပ်တော့မယ်မထင်ပါ။ ချွင်းချက်တော့ရှိနိုင်ပါတယ်။ ဝိုင်းစဉ်းစား ပေးကြပါ။

  • captainamerica

    June 8, 2011 at 5:35 pm

    လက်ရှိအပေါ်ရောက်နေတဲ့ဘိုးတော်တွေလုပ်မှရမှာဗျ..ကျုပ်တို.ပြည်သူတွေကဘာမှလုပ်လို.လည်းရမှာမ
    ဟုတ်ဝူး…:P 😛 😛 ကိုယ်တွေကအတိုင်းအတာတစ်ခုအထိပဲကြိုးပမ်းလို.ရမှာ တကယ်ထိရောက်အောင်သူတို.ကိုယ်တိုင်လုပ်ပေးချင်တဲ့စိတ်ရှိမှဖြစ်မှာ

  • naywoonni

    June 9, 2011 at 10:39 am

    အိမ်း…. လူတွေက အကျင့်ပါနေပြီ..။ ပုံစံခွက်ပြီးခေါက်ရိုးကျိုးနေကုန်တာ…။ ဒီနေရာရောက်ရင်ဒီလိုလုပ်ရတယ်ဆိုတာက သူငယ်တန်းကလေးကအစ အလေ့အကျင့်ဖြစ်နေပြီ…။ ဒါမကောင်းဘူး ပြင်ရအောင်ဆိုတော့ ဘယ်သူက စပြင်မလဲ..။ လစာတွေ တိုးပေးလိုက်ရင်ကော ပျောက်မယ်လို့ ဘယ်သူကတာဝန်ယူမလဲ ဘက်လိုက်ပြောတာမဟုတ်ဘူးနော်…။ ခိုးစားတဲ့အသီးပိုပြီးချိုတယ်ဆိုတာ သိကုန်ပြီ…။ ဖြစ်ချင်ရင် အခု ထမ်းဆောင်နေတဲ့ သူတွေအားလုံးနား …။ အသစ်တွေ သင်တန်းတိတိကျကျပေးပြီး ပြန်ခန့် …..။ ဒါတောင်မှ အတန်းထဲမှာ ကိုယ့်သားသမီး ထင်ပေါချင်တဲ့ မိဘတွေနဲ့ ထိပ်တိုက်တိုးဦးမှာ…။ အဓိက ပျက်စီးနေတာ ( ဖျက်စီးနေတာက ) ကျောင်းဆရာတွေထက် ကျောင်းသားမိဘတွေ ……။ သူတို့ကိုဘယ်လို ပြုပြင်ပေးမလဲ?

    • Mg Mg Fight

      June 10, 2011 at 12:52 pm

      အသစ်တွေကို ဘယ်သူက သင်တန်းပေးမှာလဲ စဉ်းစားရမယ်နော်။ နိုင်ငံခြားက ခေါ်မလား။ ဒီက ဆရာတွေဆိုရင်တော့ သူတို့တတ်ပြီးသား မဟုတ်တာတွေပါ သင်ပေးရင်တော့ ဒုက္ခ။
      “အဓိက ပျက်စီးနေတာ ( ဖျက်စီးနေတာက ) ကျောင်းဆရာတွေထက် ကျောင်းသားမိဘတွေ …” မှန်ပါတယ်။ လာဘ်ပေးလာဘ်ယူ အားလုံး ရန်သူ……………..

  • အခုကြားလို်က်ရတာလေးဖောက်သည်ချပါအုံးမယ်။
    ကျောင်းတွေမှာလေးတန်းအထိ စာအုပ်ဘိုးကအစ မယူဘူး။
    အဲတော့ မရှိတဲ့ မိဘတွေ ဝမ်းသာရ စိတ်အေးရတာပေါ့။
    အဲဒီမှာ ရှိတဲ့မိဘများက မျက်နှာလိုမျက်နှာရ စေတနာဗလာနဲ့ တစခန်းထလာပါတယ်။
    ဟိုဟာလှူမယ် ဒီဟာလှူမယ်လို့ ပွား ကြွယ် ကြွယ်ကြပါသတဲ့။
    ကလေးမိဘတစ်ဦးလာပြောလို့သိရတာလေးပါဘဲ။

Leave a Reply