ပြီးခဲ့တဲ့တစ်ပတ်က ဂျာနယ်တွေထဲမှာ အစိုးရက လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို တိုက်ဖျက်မယ့် အကြောင်း၊ နိုင်ငံတော်သမ္မတရဲ့ မိန့် ခွန်း အတိုင်း မူဝါဒ အနေနဲ့  သန့် ရှင်းသောအစိုးရ၊ ကောင်းသောအုပ်ချုပ်မှု စတာ တွေကို အကောင်အထည်ဖေါ်ဖို့ လုပ်နေကြတာဖတ်လိုက်ရပါတယ်။ လာဘ်ပေးလာဘ်ယူ ပပျောက်အောင် လစာတွေကို တိုး ပေးမယ်ဆိုတဲ့ အကြောင်းလဲ ဖတ်လိုက်ရတော့၊ အဲဒီမှာပဲ မတင်မကျဖြစ် နေတဲ့ကိစ္စ က ၀န်ထမ်းလစာ တိုးလိုက်ရင် လာဘ်ပေးလာဘ်ယူ ပပျောက်သွား နိုင်သလား ဆိုတာကိုပေါ့။ စိတ်ဝင်စား စရာ အချက်က  ၀န်ထမ်း တွေက အခြေခံ လိုအပ်ချက် စား ၊ ၀တ်၊ နေ ရေး လောက်ငှ ယုံနဲ့  တင်းတိမ် နေနိုင်ပါ့မလား။ အဓိပ္ပါယ် က ဖုန်း မလိုချင်တော့ဘူးလား၊ ကားမလိုချင်တော့ဘူးလား၊ Shopping Mall မှာ ဈေးမ၀ယ်ချင်တော့ဘူးလား။ ဖုန်း နဲ့ ကား ဆိုတာက ရန်ကုန်လို မြို့ ကြီးမှာ ဇိမ်ခံ ပစ္စည်း လို့ တစ်ဖက်သတ်ပြောလို့ မရတော့ပါဘူး။ လိုအပ် ချက်ဖြစ်လာပါပြီ။ ထိုင်း လို ဖွံ့ ဖြိုး ဆဲနိုင်ငံ မှာတောင် အလယ်အလတ်တန်း ၀န်ထမ်း တွေ ကားဝယ်စီးနိုင်ပါတယ်။ ဖုန်းဆိုတာကတော့ အနိမ့် ဆုံး အလုပ်သမား တောင် သုံး နိုင်တဲ့အရာပါ။ ဆိုလို ချင်တာက ၀န်ထမ်း တွေရဲ့  အခြေခံ လိုအပ်ချက် ကို စား၊ ၀တ်၊ နေ ရေး နဲ့ ပဲ စံထားအုံးမှာလား။  ဖုန်း တွေ ကား တွေ ကို ၀န်ထမ်းတန်းစေ့ ပေးနိုင်အောင် တော့ မဖြစ်နိုင်ပါဘူး၊ ဈေး တွေ ပေါသွားအောင်တော့ မူဝါဒ ကို ပြင်လိုက်ရုံ နဲ့ ရနိုင်တာပဲ။ ပြီးခဲ့ တဲ့ လွှတ်တော် အစည်းအဝေး မှာ ဒီကား ကိစ္စနဲ့ ပတ်သက်ပြီး ပြော ကြပြီးတဲ့နောက်တော့ ၅၅ သိန်းတန် ကားရောင်းမယ်ဆိုတာ ဖြစ်လာရော။ ဒါပေမယ့် ၀ယ်တဲ့သူ တိုင်း ကို ရောင်းနိုင်တာတော့ မဟုတ်ပါဘူး။ ၀ယ်ချင်တဲ့သူ တွေ လျှောက်လွှာတင်ထား ပြီး ကျမယ့် ရက် မသိ ရပဲစောင့် နေရတာမျိုး ဆိုတော့ ရောင်းတယ်လို့  ပြောရမှာလား မရောင်းဘူးလို့ ပြောရမှာလားတောင် မသိတော့ပါဘူး။ အခုတော့ လို ချင်တဲ့သူတွေက ၅၅ သိန်းတန် ကားကို သိန်း ၁၀၀ ကျော် ပေးပြီးဝယ်စီးကြတယ်ဆိုတော့ ထုတ်ဈေး ပေါက်ဈေး ကွာခြားချက် ကို တွက်ကြည့် နိုင်ပါတယ်။ ၅၅သိန်းတန် ကားကို သိန်း ၁၀၀ ကျော်နဲ့ ရောင်းလို့ ရရင် ကားဝယ်ခွင့် ပါ မစ်ကို သိန်း ၂၀ နဲ့ လဲ မယ်ဆိုရင် လိုချင်တဲ့ စီးပွားရေးသမား တွေတန်းစီ နေမယ်ဆိုတာလဲ သေချာပါတယ်။

ပြောချင်တာက လာဘ်ပေးလာဘ်ယူ ကိစ္စဆိုတာက လာဘ်ယူ မှ ရမဲ့ အခြေအနေမျိုး နဲ့ လာဘ်ပေးမှရမဲ့ အခြေအနေမျိုး က ဒီနိုင်ငံ မဖြစ်မနေကြုံနေတာဆိုတော့ ဒီ အခြေအနေ ထဲက တစ်ခုခု ပြတ်မှပဲ လာဘ်ပေးလာဘ်ယူ ကင်းနိုင်မှာပါ။ လာဘ်ယူတဲ့သူ ကလဲ ခေတ်နဲ့ အညီ လူတန်းစေ့ နေချင်ကြတော့ ရတဲ့ ၀န်ထမ်း လစာ ကလဲ မလောက်နိုင်ဘူး၊ ဒါကြောင့် လာဘ်ရ ဖို့ ဖန်တီးလာရော၊ လာဘ်ပေးတဲ့သူကလဲ လာဘ်မပေး ပဲနဲ့ ကိစ္စက မပြီးနိုင်တော့ လာဘ်ပေးရရော။ စီးပွားရေး သမားဆိုရင်တော့ ဒီလာဘ်ပေးရတဲ့ ငွေကို ရောင်းကုန် အမြတ်မှာထဲ့တွက် လိုက်တော့ စားသုံးသူက ခံရရော။ ဒါပေမဲ့လဲ ဒီစားသုံးသူ ဆိုတာကလည်း လာဘ်ပေးသူ ကော လာဘ်ယူသူ ပါ တစ်နေရာက နေ ၀င်ပါနေရတာပါပဲ။

ဒါဆိုရင် လာဘ်ပေးလာဘ်ယူ က တခြားနိုင်ငံတွေ မှာကော မရှိဘူးလားဆိုရင်တော့ နိုင်ငံတိုင်း မှာတော့ ရှိတာပါပဲ။ ပြောရရင် အသေး အကြီးတော့ ကွာတာပေါ့။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ တွေ ဖြစ်တဲ့  တရုတ် တို့ ထိုင်း တို့ မှာလဲ လာဘ်ပေးလာဘ်ယူ ပေါပါတယ်။ ဒါပေမဲ့ သူတို့ ဆီမှာက နေရာတိုင်း မှာတော့ မရှိဘူး ။ ဥပမာ လေဆိပ် ဆင်ဝင်အောက် မှာ ကားမရပ်ရဘူး ဆိုပြီး လာတားတဲ့ ရဲကို ပိုက်ဆံ ပေးပြီး ကားထားလို့ ရအောင် လုပ်လို့ ရတာမျိုး မရှိဘူး။ ဒါပေမဲ့  ငွေပမာဏ များစွာ တန် တဲ့ စီမံကိန်း ကြီးလို မျိုးဆိုရင် တော့ ရက်ရက်စက်စက် လုပ်ကြတယ်။ သေချာတာကတော့ ကျောင်းတွေမှာ၊ ဆေးရုံမှာ၊ အုပ်ချုပ်ရေးရုံးတွေမှာ ပြည်သူ နဲ့ ပုံမုန် ဆက်ဆံမှု လုပ်တဲ့ အစိုးရ ရုံးတွေ မှာ လာဘ်ပေး လာဘ်ယူ မရှိပါဘူး။

ကျွန်တော့်ရဲ့ လတ်တလော တွေးမိတဲ့အတွေးလေး သာဖြစ်ပါတယ်။ ဒါကို ဖတ်မိသူတိုင်း ကိုယ့်အမြင်ကို ဝေငှပေးကြပါလို့ ဖိတ်ခေါ်ပါရစေ။

About leonus007

has written 2 post in this Website..