လအပြည့် ကြတ်မှုဖြစ်စဉ် ဇွန်လ၁၆ရက်နေ့၌ ဖြစ်ပေါ်မည်

ဦးကောက်May 26, 20111min732

AddThis Social Bookmark Button 4812

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများရှိ အများပြည်သူ စားဝတ်နေရေး ပြေလည်မှု ဖြစ်ပေါ်စေနိုင်သည့် လအပြည့်ကြတ်မှု ဖြစ်စဉ် ဇွန် လ ၁၆ ရက်နေ့၌ ဖြစ်ပေါ်မည်ဖြစ်ကြောင်း  စုံစမ်းသိရှိရသည်။

အဆိုပါ လအပြည့်ကြတ်မှုဖြစ် စဉ်သည် ဇွန်လ ၁၅ ရက်နေ့ ညဉ့်သန်းခေါင်ကျော် အပြီး ဇွန်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ဝဝ နာရီ ၅၆ မိနစ်၌ စတင်ဖြစ်ပေါ်မည်ဖြစ်ပြီး နံနက် ၂ နာရီ ၄၃ မိနစ် တွင် ဖမ်း လယ်ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၄နာရီ ၃၂ မိနစ်တွင် လကြတ်မှုပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

လကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင်နှစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး အပြည့်ကြတ်ဖြစ်စဉ်၊ တစ်စိတ်တစ် ပိုင်းကြတ်ဖြစ်စဉ်နှင့် အရိပ်ဖျော့ဖြစ် စဉ်ဟူ၍သုံးမျိုးရှိကာ လအပြည့် ကြတ်မှုဖြစ်စဉ်ကို အရပ်အခေါ်အဝေါ် အရ လငပုတ်ဖမ်းသည်ဟုလည်း ခေါ်ဆိုကြသည်။

ဇွန်လ၁၆ ရက်နေ့တွင် ဖြစ်ပေါ်မည့် လအပြည့်ကြတ်မှုဖြစ်စဉ်သည် ယခုနှစ်၏ ပထမဆုံးအကြိမ် ဖြစ်ပေါ် မည့် လကြတ်မှုဖြစ်စဉ်ဖြစ်ပြီး ၎င်းဖြစ်စဉ်ပြီးပါက ဒီဇင်ဘာလ ၁ဝ ရက်နေ့ မှသာ ထပ်မံဖြစ်ပေါ်မည်ဖြစ်သည်။

ယခုဖြစ်ပေါ်မည့် လကြတ်မှုဖြစ်စဉ်ကို ကြည့်မည်ဆိုပါက ဇွန်လ ၁၅ ရက်နေ့ သန်းခေါင်ကျော်ပြီး ဇွန်လ ၁၆ ရက်နေ့မြန်မာစံတော်ချိန် သန်းလွဲ ဝဝ နာရီ ၅၆ မိနစ်၌ အနောက်ဘက်အရပ်မှ စတင်ကာလ၏ မျက်နှာပြင်အား အရိပ်မည်းလွှမ်းခြုံကာ နံနက် ၁နာရီ ၅၃မိနစ်တွင်လ၏ မျက်နှာပြင်တစ်ခုလုံးသည် တဖြည်းဖြည်း ကြေးနီရောင် သန်းလာမည်ဖြစ်သည်။ ထို့အပြင် နံနက် ၂ နာရီ ၄၃ မိနစ် တွင်လည်း လမျက်နှာပြင်၌ ကြေးနီ ရောင်သန်းမှု ပိုထူလာကာနံနက် ၃ နာရီ ၃၃ မိနစ်တွင် အနောက်အရပ်မှ စတင်ကာ လ၏ဝင်းပသည့်အလင်း ရောင်အားစတင်တွေ့ရာမှ နံနက် ၄ နာရီ ၃၂မိနစ်၌ လုံးဝဖြူစင်သွားသည့် လရောင်ကို တွေ့ရမည်ဖြစ်ကြောင်း သိရသည်။လကြတ်သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး လ၏ ဆုတ်ခွာချိန်ကို ကြည့်ကာ ရှေးမြန်မာ့နက္ခတ်ပညာ ရှင်များက အန်သည်(သို့)ယိုသည် ဟု ဆုံးဖြတ်ကြကြောင်း သိရသည်။

“မျက်မှောက်ခေတ် နည်းပညာကြောင့် လကြတ်တာကို ရှေးခေတ်တုန်းကလို အစအဆုံး ထိုင်ကြည့်စရာ မလိုတော့ဘဲ ကြိုတင်သုံးသပ်တဲ့စနစ်တွေနဲ့ တွက်ချက်နိုင်ပါပြီ။ အခုဖြစ် စဉ်မှာ လမင်းက အရှေ့ဘက်အရပ်ကို ပြန်ဆုတ်သွားပြီး အနောက်ဘက် မိုးကောင်းကင်အလွန်မှာ စကြတ်ပါတယ်။ ပြီးတော့ အနောက်ဘက် မိုးကောင်းကင်မှာပဲ ပြီးဆုံးတာဖြစ်တဲ့အတွက် အန်တဲ့ဖြစ်စဉ်လို့ သတ်မှတ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ အများပြည်သူ စားဝတ်နေရေးအဆင်ပြေ ချောင်လည် စေနိုင်ပါတယ်”ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ရှင်းပြပါသည်။

 

Eleven Media Group မှ ကူးယူဖော်ပြသည်။

2 comments

  • ….တော်ဘာတော့ ကောင်မလေးရယ်
    အတင်းပြောတဲ့ နင့်အကျင့်တွေနဲ့
    လေကုန်လို့ငါရင်မောမယ် ပြောမထွက်တာ မင်းပဲရှိ်မယ်…

    ပုံ ဥက္ကဌမဟုတ်သော
    ငှက်က္ကဥ

  • မမလေး

    June 4, 2011 at 6:24 am

    ကျေးဇူးတင်ပါတယ် … အဲ့ဒါ သတင်းတော့ကြားတယ် ဘယ်ရက်မှန်းမသိဘူး … နီးရင် သတိပေးဦးနော် မတွေ့လိုက်ရမှာစိုးလို့ … တစ်ခါမှမမြင်ဖူးဘူး ..

Leave a Reply