သနပ်ခါးဘဲကျားလိမ်းသည် ;P

moonpoemMay 27, 20111min16215

မြန်မာစာတွင် လေ့လာရခက်ခဲနေသော စကားအသုံးအနှူန်းများနှင့်ပတ်သတ်ပြီး
အောက်ပါအတိုင်း လွယ်ကူရှင်းလင်းစေရန် ဗရုတ်သုက္ခဖြင့်ဖြေကြားပေးထားပါသည်။
၁။သနပ်ခါးဘဲကျားလိမ်းသည်
သနပ်ခါးကို မိမိ၏ချစ်သူ(ဘဲ) ခေါ်(ကျား) ကလိမ်းပေးခြင်းကိုဆိုလိုတာဖြစ်သည်။

၂။အချိန်တန်တော့ နွားပိန်ကန်
နွားပိန်ဆိုကတည်းက နို့ထွက်နည်းသော နွားမဖြစ်၏။
ထိုနွားပိ်န်သည် နွားဝဖြစ်မလာသေးခင်(အချိန်မတန်ခင်) သွားပြီး နို့ညှစ်သည့်အတွက်
နွားစိတ်ဆိုးပြီး ကန်သောကြောင့် အချိန်တန် နွားပိန်ကန်ဟု ခေါ်၏။

၃။ မီးစင်ကြည့်ကမည်
မြန်မာနိုင်ငံသည်မကြာခဏဆိုသလို မီးပျက်တတ်သောနိုင်ငံဖြစ်၏။
ထို့အတွက်ကြောင့် အဆိုအကဝါသနာပါသောသူများသည် မီးပျက်သောအခါ
အိမ်တွင်ကာရာအိုကေဆိုပြီး ကဖို့ရန်အတွက်မဖြစ်နိုင်သောကြောင့်
မီးစင်ကိုကြည့်ပြီးကမည်ဟုဆိုလိုခြင်းဖြစ်သည်။

၄။ လှတာမက်ရင်ညစာခက်မည်။
ထိုစကားပုံမှာ သစ္စာမရှိသော အိမ်ထောင်ရှင်အမျိုးသားများအတွက်ဆိုလိုခြင်းဖြစ်၏။
မိမိဇနီး၏ကွယ်ရာတွင်လှသော နုသော စမောလ်လေးများကို ခင်တွယ်မိသည့်အတွက် ဇနီးဖြစ်သူက မိသွားသောအခါအငတ်ထားသည့်အတွက်ကြောင့် ညစာခက်ခြင်းကို ပြောခြင်းဖြစ်ပါသည်။

၅။ တစ်ချုံကွယ်တစ်မယ်မေ့
ထိုစကားပုံသည် အိ်မ်သာတက်ရခက်သူများကို ပြောလိုခြင်းဖြစ်သည်။ ဝမ်းချုပ်သူများ အထိုင်များသူတို့
ခရီးသွားသည့်အခါကျမှ ချုံထိုင်သည့်အခါ စမြင်းခံခြင်း(အိမ်သာအတက်ရခက်ခြင်း)တို့ကြောင့်
ခရီးသွားသူတို ့ မိမိနှင့်ပါလာသူတို့ပင် မိမိအိမ်သာသွားနေသည်ကို မေ့လျော့သွားခြင်းကို
ဆိုလိုပါသည်။
နောက်အပတ်များတွင်လည်းကြုံသလို တင်ဆက်သွားပါဦးမည်။
Written by Moon Poem (Own Idea)

15 comments

  • AKKO

    May 27, 2011 at 5:14 am

    စိတ်ကူးလေး ကောင်းသားပဲ … စာရေးသူပြောသလိုဆိုတော့လည်း ဟုတ်နေတာပဲနော့ … 🙂

  • kai

    May 27, 2011 at 8:21 am

    ၆။ မယားနေစ၊ ကြောင်သေမှ
    မိန်းမယူခါစတွင် ကြောင်မျိုးကြောင်နွယ်တို့ကို… သေအောင်သတ်ရမည်ကိုဆိုလိုသည်။ 🙂
    7/ ကိုယ်ကကျူး၊ ကိုယ့်ဒူးမှ မယုံရ
    ကိစ္စတခုခုလုပ်ရာတွင် လွန်ကျူးမိသောအခါ လွဲချစရာမရှိ၍ ကိုယ်ဒူးကိုယ်လွှဲချတတ်သည်ကိုဆိုလိုသည်။

    • ဆူး

      May 27, 2011 at 9:25 am

      သဂျီး မိန်းမ ယူခါစတုန်းက ကြောင်တွေ မျိုးတုန်းအောင် လုပ်ခဲ့ ပြီးပြီလား.. ရွာထဲမှာတော့ ကြောင်ကြီးတော့ ရှိနေသေးတော့ သဂျီး အတွက် ရတက်မအေးစရာပဲနော်။

  • PinkCandy

    May 27, 2011 at 9:33 am

    MG ကဝိတို့
    ဖားတုလို့ခရုခုန် အိုင်ပျက်ရုံ ရှိတော့မပေါ့
    အဲဒါ ဘာကိုဆိုလိုလည်း ရေးတေးတေးပဲသိပါသည်။
    သေချာသိလျှင် အကျယ်တဝင့်ရှင်းပြပေးပါ။
    ငယ်ငယ်က အဒေါ်တစ်ယောက်ကိုသွားမေးတာ စိတ်ဆိုးသွားပြီး နင့်အမေသွားမေးလို့ပြန်ပြောခံရဖူးသည်။

  • etone

    May 27, 2011 at 10:11 am

    ဖားတုလို့ခရုခုန် အိုင်ပျက်ရုံ ရှိတော့မပေါ့ ဆိုတာ …. မတန်တရာကို လိုက်လုပ်တဲ့အခါ ပွဲပျက်တာကို ပြောတာပဲ မို့လို့လား … ဘာလို့ မေးခံရတဲ့ အဒေါ်က စိတ်ဆိုးတာလဲဟင် … ။

    • PinkCandy

      May 27, 2011 at 10:49 am

      ဘာလို့စိတ်ဆိုးလည်းမသိပါဘူးအစ်မရယ်
      အဒေါ်လည်း အဓိပ္ပာယ်သေချာမသိဘဲ ဘာတွေအယူအဆလွဲသွားလည်းမသိဘူး။

    • nature

      May 27, 2011 at 3:28 pm

      ဖားကခုန်နိုင်ပါသည်၊ ခရုကဖားခုန်သလိုတုပြီး လိုက်မခုန်နိုင်ပါ၊ မတူရင်မတုနဲ့ ၊ ကိုယ်ပဲဒုက္ခရောက်မယ်လို့ ဆိုလိုသည်ဟုထင်ပါသည်။

      • etone

        May 28, 2011 at 4:20 am

        အင်းလေ… အဲ့ဒါကို ဘာစိတ်ဆိုးစရာရှိလို့တုန်းနော် …
        [member-invites-form]

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 27, 2011 at 12:16 pm

    အင်း
    စာရေးသူရဲ့စကားပုံရှင်းတန်းတွေက
    အတည်ပေါက်နဲ့နောက်ထားသလားမသိဘူးနော
    အားလုံးက ဇောက်ထီးကြီးတွေဖြစ်နေတယ်
    ဖားတုလို့ခရုခုန် ဆိုတာတော့ကြားဘူးတယ်
    ဥပမာ ကျုပ်လိုမဟာ့မဟာ ပြင်ညာရှင်ဂျီးဂို ခင်ဗျားဒို့ဂလာပြီးပြင်ညာပြိုင်ကြတာကိုဆိုလိုတာပေါ့
    ခပ်ရှင်းရှင်းပြောရရင်ဒေါ့
    ကိုယ့်အရည်အချင်းကို ကိုယ်မသိဘဲ သူတပါးကိုပြိုင်ဆိုင်တယ်လို့ အဓိပ္ပါယ်ရလေရဲ့

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 27, 2011 at 12:22 pm

      ဒါနဲ့သဂျီရဲ့
      မယားနေတဲ့အချိန်မှာ
      ဘယ့်နှယ်ကြောင့် ကြောင်တွေကိုသတ်ရတာလဲ
      ဟဲဟဲဟဲ
      ဥတုဘောဇနသင်္ခ ါရကျမ်းမှာတော့
      ကြောင်လျှာသီးသည် ခါး၏
      သက်၏
      သည်းခြေကိုနိုင်၏
      နှုတ်ကိုးမြန်စေ၏ လိုတော့
      ကြားဘူးသလိုဘဲ 😀 😀 😀

  • ချစ်စ/ဆ ရာ

    May 27, 2011 at 12:28 pm

    ဟုတ်ပါတယ် ရွာသူရွာသားများခင်ဗျား
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ပြင်ညာရှိသုခိတာဆေးလိပ်ကြီးကို
    ပြင်ညာတွေသွားမပြိုင်ကြပါနဲ့ခင်ဗျ
    ဖားတုလို့ ခရုခုန်ဆိုတာထက်
    ခွေးကလေးခုန်တာ ခွေးကြီးခုန်တာလောက်ဖုံမထဘူး
    ဆိုတဲ့ စကားပုံနဲ့မငြိစွန်းကြစေဘို့
    သူ့ဘာသာ အားရပါးရခုန်ပါစေခင်ဗျ
    😀 😀 😀

  • လင်နေစ ဆင်သေမှ ဆိုဘဲ
    ကဲရွာထဲက အပျိုကြီးများ အပျိုလေးများ ဆင်ဝယ်ထားတော်မူကြပါ။
    အိမ်ထောင်ပြုဘို့ စိတ်ကူးမယ်ဆိုရင်ပေါ့နော်………………….

    • etone

      May 28, 2011 at 4:57 am

      ဘာအဓိပါ္ပယ်တုန်း လေးပေါက်ရဲ့

      • king

        May 28, 2011 at 11:44 am

        တော်သေးတယ် ဒီအထဲကိုမန်ဘာဝင်တုန်းက ဆင်နဲ့ပတ်သက်တဲ့ နာမည် မပေးမိလို့
        တော်ကြာ ကိုကြောင်ကြီးကို သူဂျီးက မယားနေစ ကြောင်သေမှလို့ ပြောပြီး ကြောင်ကိုသေအောင်သတ်ဖို့ အဓိပ္ပါယ်ဖွင့်သလို ..
        လင်နေစ ဆင်သေမှ ဆိုပြီး
        ဆင်နာမည်ပါတဲ့သူကို ဝိုင်းသတ်ရင်ဒုက္ခ
        😛

  • naywoonni

    July 2, 2011 at 3:25 pm

    သနပ်ခါး ဘဲက ကျားပေးလိုက်တာမဟုတ်ပါ….။ ကျွန်တေ်က ပါးပြင်လေးကို အာဝါးပေးရင်း စိတ်မထိန်းနိုင်တာနဲ့ ကိုက်မိသွားတာ ပါးမှာ သွားရာတွေထင်ကုန်တာပေါ့..။။ အဲဒါကို သနပ်ခါးနဲ့ ဖုန်းကွယ်ထားလိုက်တာပါ..။ ဟုတ်တယ်နော် မွန်းးးး 😛

Leave a Reply