နတ်ချစ်တဲ့ လူများအတွက် :)

SnowyMay 27, 20111min742

တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ကြပြီး
ကာလ အတန်ကြာတော့ နှစ်ဖက်မိဘတွေ သဘောတူညီမှု နဲ့ လက်ထပ်လိုက်ကြတယ်.။
ဒါပေမဲ့.. ကောင်မလေးမိဘတွေ ဘာအလုပ်လုပ်တယ် ဆိုတာကို ကောင်လေးက
မသိခဲ့လေတော့ လက်ထပ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သောကောင်မလေးကြောင့်
ကောင်မလေးမိဘတွေက ကောင်လေးတို့အိမ်ကို လိုက်နေပြီးနေတယ်.။ ဒီမှာ
တစ်ပတ်လောက်ကြာမှ ကောင်မလေးမိဘတွေရဲ့ အလုပ်ကို သိလိုက်ရတော့တယ်.။
ကောင်မလေးမိဘတွေရဲ့ အလုပ်က သမာအာဇီဝအလုပ်ပါပဲ.။ ဒါပေမဲ့ ကောင်လေးရဲ့
ယောက္ခထီးရော ၊ ယောက္ခမရောက ၃ရ မင်းနတ်တွေကို လွန်စွာ
ယုံကြည်ကိုးကွယ်ကြပြီး သူတိုရဲ့ အလုပ်ဆိုတာကလည်း နတ်တွေကို ချောမြူရတဲ့
နတ်ကတော် အလုပ်ပဲ ဖြစ်တယ်.။ ကောင်လေးက ခေတ်ပညာတတ်လူငယ်လေး ဖြစ်လေတော့ ဒီ
၃ရ မင်းနတ်ဆိုတာတွေကို ဘယ်လိုမှ အယုံအကြည်မရှိဘူး.။
ဒါပေမဲ့လည်း သူချစ်လှစွာသော ကောင်မလေးမိဘတွေ ဖြစ်နေတဲ့ အတွက် ဘာမှ
မပြောပဲ မသိမသာပဲ ဖာသိဖာသာ နေလာခဲ့တယ်.။ ဒီလို နေလာရင်းနဲ့ပဲ ကောင်လေးနဲ့
ကောင်မလေးက သားယောက်ျားလေး တစ်ယောက် ဖွားမြင်တဲ့ အထိပါပဲ..။ ကောင်လေးနဲ့
ကောင်မလေးကလည်း သူတို့ အလုပ်သူတို့ လုပ်တယ် ။ ကောင်မလေးမိဘတွေကလည်း
သူတို့ယုံကြည်ရာ နတ်များကို ချော့မြူသော အလုပ်ကို လုပ်ကြတယ်။ ကောင်လေးရဲ့
အိမ်မှာလည်း သူ့ ယောက္ခမတွေရဲ့ နတ်ရုပ်များဟာ တဖြည်းဖြည်းနဲ့
နေရာယူလာကြတယ်.။ ဒါပေမဲ့လည်း ကောင်လေးက သူချစ်သော ကောင်မလေးနဲ့ ပြဿနာ
မတတ်ချင်တာနဲ့ ဘာမှ မပြောခဲ့ပါဘူး.။
နတ်ကတော်တွေရဲ့ ထုံးစံ အတိုင်း နတ်လာမေးသူတွေ ၊ နတ်ဝင်သူတွေနဲ့
ကောင်လေးအိမ်မှာ တရုံးရုံးပါပဲ။ အဲ..တစ်နေ့တော့ ကောင်လေးရဲ့ သားလေးဟာ
တစ်ညလုံး မအိပ်ပဲ ငိုနေပါလေရော.။ ကောင်လေးတို့လည်း တစ်ညလုံး
မအိပ်ရဘူးပေါ့.။ မနက်လည်း မိုးလင်းရော ကောင်လေးသားလေး ညက ငိုတာကို
ဘာကြောင့်လဲ ဆိုပြီး ကောင်လေး ယောက္ခမတွေက နတ်မေးကြတယ်။ သူတို့ဆီက
ထွက်လာတဲ့ အဖြေကတော့ နတ်က ကလေးကို ချစ်လို့ ကျီစားတာ ဆိုပဲ ၊ ဒါကြောင့်
နတ်ကို ကျေနပ်အောင် နတ်စာကျွေးရမယ် ဆိုပြီး နတ်စာကျွေးဖို့ ချက်ပြုတ်
တောင်းလေးနဲ့ ထည့်ပြီး ကွင်းပြင်မှာ သွား နတ်စာကျွေးတယ်.။ ထူးခြားတာကတော့
ကောင်လေး ယောက္ခမနတ်စာကျွေးပြီး ပြန်လာကတည်းက ကောင်လေးသားလေးဟာ မငိုတော့ပဲ
တိတ်သွားတယ်။
ဒီတော့ ကောင်လေး ယောက္ခမတွေက လုပ်တော့တာပေါ့.။

“ တွေ့တယ် မလား.၊ ငါ့ တို့ ပူဇော်ထားတဲ့ နတ်တွေက စောင့်ရှောက်လိုက်တာလေ.။ ”

ဆိုပဲ.။ ကောင်လေးကလည်း ကိုယ့်သားသမီး နေကောင်းသွားတာပဲလေ.။ ဘာပြောစရာ
ရှိမှာလဲ.။ ဒီလိုပဲ မသိမသာ နေလိုက်တယ်.။ ဖြစ်ချင်တော့
နောက်တစ်ပတ်လောက်နေတော့ ကောင်လေးသားက ထပ်ပြီး ငိုပြန်လေရော.။ ဒီတော့
ကောင်လေး ယောက္ခမတွေက နတ်မေးပြန်ရော ..၊ နောက် နတ်စာကျွေးရမယ်
လုပ်ပြန်ရော.။ ပြီးတော့ ကျွေးကြပြန်ရော.။ ဒီလိုနဲ့ ၂ လလောက်ကြလာတယ်. ။
ကောင်လေးသားကလည်း တစ်ပတ်လောက်ပဲ ပျောက်သွားတယ်…ခဏနေရင်
ပြန်ပြန်ငိုတယ်လေ.။ ဒီတော့ နတ်စာကျွေးရတာလည်း ခဏခဏ ဖြစ်နေတော့တာပေါ့.။
ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးသားလေး ညက ငိုလို့ မနက်ဖက် သူ့ယောက္ခမတွေက
နတ်စာကျွေးဖို့ ပြင်ဆင်နေတာကို ကောင်လေး တွေ့လိုက်ရတယ်.။ ဒီတော့
ကောင်လေးက သူ့ယောက္ခမကြီးကို ပြောတယ်.။

“ အမေ..။ အခု ကျွန်တော့်သားအတွက် နတ်စာကျွေးမလို့ မဟုတ်လား.။ ”

“ ဟုတ်တယ်လေ..သားရယ်.။ မြေးလေး ညက ငိုလို့ နတ်တွေ ကျေနပ်အောင် ကျွေးမလို့လေ.။ ”

“ ဒါဆိုရင် ဒီနတ်စာကို အမေတို့ မကျွေးနဲ့တော့..။ ကျွန်တော် သွားကျွေးမယ်
ဖြစ်မလား.။ ”

“ ဖြစ်တာပေါ့..သားရယ်.။ ဖခင်ကိုယ်တိုင်က ယုံယုံကြည်ကြည် လုပ်တော့
ပိုကောင်းတာပေါ့..။ ”

ဒါနဲ့ပဲ ကောင်လေးက သူ့သားလေး အတွက် နတ်စာကျွေးဖို့ သေချာ ပြင်ဆင်နေတယ်.။
သူလုပ်နေတာကို သူ့ယောက္ခမတွေကလည်း ကျေနပ်ပြီး ကြည့်နေကြတယ်.။
ကောင်လေးကလည်း သူ့ယောက္ခမတွေတုန်းက ဆေးလိပ်တွေ ဘာတွေတောင်မှ မပါဘူး.။ သူက
ကွမ်းယာဆိုင်ကို ပြေးပြီး ဘာတွေမှန်းလည်း မသိဘူး ဝယ်လာပြီး ထည့်တယ် ၊
ကွမ်းယာတွေရော ၊ ဆေးလိပ်တွေရော အစုံပဲ.။ ဒီလိုနဲ့ ကောင်လေး သူ့ဖာသာ
ပြင်ဆင်ပြီး သူ့သားအတွက် ကွင်းပြင်မှာ နတ်စာသွားကျွေးတယ်.။ သူလည်း
နတ်စာကျွေးပြီးတဲ့ အချိန်က စလို့ သူ့သားလေးဟာ လုံးဝ မငိုတော့ဘုူးတဲ့.။
ဒါပေမဲ့..တစ်ပတ်ပြည့်ရင်တော့ အရင်လိုပဲ ပြန်ငိုလေဦးမလားလို့ အားလုံးက
စိတ်ပူနေကြပေမဲ့ မငိုတော့ဘူး.။
ဒီလိုနဲ့ ကောင်လေးသားလေးကို စောင့်ကြည့်နေလာလိုက်တာ နှစ်လသာ
ပြည့်သွားတယ်.။ ကောင်လေးသားလေး ငိုတာ မတွေ့ရတော့ဘူး.။ ကောင်လေး
ယောက္ခမတွေကတော့ ဒါဟာ ဖခင်ကိုယ်တိုင် နတ်စာကျွေးလို့ နတ်က ကျေနပ်ပြီး
ကလေးကို မကျီစားတော့တာလို့ ယူဆနေကြတယ်။ ဒါပေမဲ့. သူတို့ ကျွေးတော့ ဘာလို့
တစ်ပတ်ကြာရင် ပြန်ပြန်ငိုတာလဲဆိုတာလည်း သိချင်နေတယ် ။ ကောင်လေး
နတ်စာအတွက်ပြင်ဆင်တဲ့ အထဲမျာ နတ်တွေ နှစ်သက်စရာ ပါလို့လို့ တွေးမိပြီး
ကောင်လေးကို မေးကြတယ်.။

“ သားရေ..။ အမေတို့လည်း ကိုယ့်မြေးလေးအတွက်ရော .။ သူများတွေ အတွက်ပါ
နတ်စာကျွေးဖူးတာ အကြိမ်များလှပြီ အခု သားကျွေးသလိုမျိုး
တစ်ကြိမ်းတည်းကျွေးရုံနဲ့ နတ်တွေ မကျီစားအောင်တော့ မကျွေးဖူးဘူး.။ အခု
သားကျွေးတဲ့ အထဲမှာ နတ်တွေ ကျေနပ်စရာတစ်ခုခုပါသွားလို့ ဖြစ်မယ်.။ သား
ဘယ်လိုတွေ ပြင်ဆင်ပြီး ကျွေးလိုက်တာလဲဆိုတာ အမေတို့ကို ပြောပြပါလား.။ ”

ဒီတော့ ကောင်လေးက ပြူံးပြီး ခေါင်းခါရင်း….

“ မသိချင်ပါနဲ့ အမေရယ်.။ မသိတာ ပိုကောင်းပါတယ်.။ ဒီအတိုင်းပဲ
ကျွေးတယ်လို့ပဲ ယူဆထားလိုက်ပါ.။ ”

ဒီမှာ ကောင်လေးက ဒီလို ပြောလေ ..။ သူ့ယောက္ခမတွေက ပိုပြီးသိချင်လာလေလေပဲ.။
ထပ်ထပ်မေးကြတယ်..။ ဒါနဲ့ ကောင်လေး နောက်ဆုံး
မပြောမဖြစ်ပြောလိုက်ရတော့တယ်.။ ကောင်လေး ပြောလိုက်တာက..။

“ ဒီလိုပါဗျာ.။ ကျွန်တော်တွေးမိတယ်လေ.။ ဒီနတ်တွေက ကျွန်တော့်သားလေးကို
တစ်ပတ်တစ်ခါ ကျီစားနေကြတာ ဆိုတော့ သူတို့ တကယ် အသက်ရှိလို့ပဲလို့ ဒီတော့
ကျွန်တော့်သားလေးကို သူတို့ နောက်တစ်ခါ ထပ်ပြီး မနှောက်ယှက်ကြရအောင်
ကျွန်တော် သူ့တို့ကို ကျွေးဖို့ နတ်စာတွေထဲမှာ ကွမ်းယာဆိုင်က “ ကြွက်ဆေး
” နှစ်ထုပ်ကို ပြေးဝယ်ဖောက်ထည့်ပြီး သူတို့ကို ကျွေးလိုက်တာပါ.။
ဒီကြွက်ဆေးကလည်း တကယ်ပြင်းတယ်လေ.။ ဒါတွေကို စားပြီးတော့ အမေတို့
နတ်တွေတော့ ကြွကုန်ကြပြီ ထင်တယ်လေ.။ ဒါကြောင့် သူတို့
ကျွန်တော့်သားလေးကို လာပြီး မနှောက်ယှက်တော့ဘူးလေ.။ ကျွန်တော့်သားလေးလည်း
အခုဆို အေးဆေး နေရပြီလေ..။
ဒါ ကြွက်ဆေး တန်ခိုးလေ..။ ”

သူ့ဆီ ဒီလို ရှင်းလင်းတိကျတဲ့ အဖြေကိုလည်းရပြီးရော ကောင်လေးယောက္ခများ
နောက်နေ့မှာ ကောင်လေးအိမ်မှာ ရှိတဲ့ သူတို့ရဲ့ နတ်ရုပ်များကို သယ်ချရင်း
အိမ်ပြောင်းသွားတာကို ရပ်ကွက်ထဲက လူများ ဘာကြောင့်မှန်းသေချာ
မသိခဲ့ကြဘူးတဲ့.။
ကောင်လေးရဲ့ ယောက္ခမတွေရဲ့ ရင်ထဲမှာတော့ နောက်တစ်ကြိမ် ကွမ်းယာဆိုင်က “
ကြွက်ဆေး ” တွေက သူတို့အတွက်များ ဖြစ်လာလေမလားလို့ တွေးရင်း ကောင်လေး
အိမ်ပေါ်က နတ်ပစ္စည်းတွေကို အလျင်အမြန် သယ်ဆောင်သွားကြလေတော့သတည်း..။

ကဲသူငယ်ချင်းတို့လဲ ယောက်ခမနှင်ချ တဲ့နည်းလမ်းလေး စမ်းသုံးကြည့်ကျပါလားလို့ …..

With Love,

$nOwY ^_*

2 comments

  • ဆူး

    May 27, 2011 at 9:14 am

    နှင်းလေးရဲ့ ပိုစ်ကို အီးမေးထဲမှာ ဖတ်ပြီးတာ အတော်ကြာခဲ့ပါပြီ။

  • zawinaing

    May 27, 2011 at 2:23 pm

    မလုပ်ပါနဲ့ တော်ကြာ ထောင်နန်းစံနေရအုံးမယ်……….

Leave a Reply