ရွာသူ/သားများ ဆုံစည်းဖို့အတွက် ဆုံးဖြတ်ချက်နှင့် ………

KingMay 27, 20111min17421

ကျွန်တော် king ဟိုပို့စ်ကို ဖတ်လိုက် ဒီပို့စ်ကို ဖတ်လိုက်နဲ့ ခေါင်းတွေလည်း ရှုပ်ရပါပြီ

ဒါကြောင့် ပို့စ်တစ်ခု ရေးတင်လိုက်ရတာပါ ရွာသူ/သားများအနေနဲ့ ဆုံတွေ့ပွဲလေးလုပ်ချင်တယ်/မလုပ်ချင်ဘူးဆိုရင်ဖြင့်

ဒီပို့စ်ရဲ့ commet တွေမှာ Like ပဲဖြစ်ဖြစ် dislike  လုပ်ပြီး ဖော်ပြပေးရုံတင်မက ကိုယ်တိုင်ကိုယ်ကျလည်း commet လည်း ဝင်ပေးပေးကြပါ.

ဒီပွဲလေးကို ဦးစီးဦးဆောင်လုပ်ပေးမယ့် လူတွေကို လည်း ဖိတ်ခေါ်ပါတယ်။ ရွာသူ/သားတွေကလည်း ဘယ်သူကို ဘာတာဝန်ပေးသင့်တယ်ဆိုတာ

အကြံဉာဏ်ကောင်းများ ပေးကြပါအုန်း

အားလုံးကိုချစ်တဲ့

King 😛

21 comments

  • king

    May 27, 2011 at 11:18 am

    နေရာ တော်ဝင်စင်တာ morning star
    အချိန် (၁၁)နာရီ
    နေ့ရက် ၅-၆-၂၀၁၁
    အစီအစဉ် မိတ်ဆုံစားပွဲ (အပြင်လူမှဝင်မရှင်းပေးရန်)
    ယူဆောင်လာရမည့်ပစ္စည်း A4 စာရွက်တစ်ရွက်စီ(လိပ်ပြီးယူဆောင်ရန်)

  • king

    May 27, 2011 at 11:19 am

    နေရာ moon bakery
    အချိန် (၁၁)နာရီ
    နေ့ရက် ၅-၆-၂၀၁၁
    အစီအစဉ် မိတ်ဆုံစားပွဲ (အပြင်လူမှဝင်မရှင်းပေးရန်)
    ယူဆောင်လာရမည့်ပစ္စည်း A4 စာရွက်တစ်ရွက်စီ(လိပ်ပြီးယူဆောင်ရန်)

  • king

    May 27, 2011 at 11:22 am

    ဘယ်နားက moon bakery လည်း ဆိုတော့
    ရွေးပေးကြလေ …

    • etone

      May 28, 2011 at 3:00 am

      အဲ့ဒီ A4လိပ်လေးမှာ ဒီဆိုက်ထဲမှာ သုံးတဲ့ ကိုယ့်နာမည်လေး ရေးလာလျှင်ကောင်းမယ်… ။ ပါးစပ်က မပြောပဲ လူစုံမှ အလိတ်ဖြေကြည့်ကြမယ်လေ … ဟဲဟဲ … 😀

  • တညင်သား

    May 27, 2011 at 1:52 pm

    ကျွန်တော့်ကို လာကြိုလေဗျာ ကို့ကင်း….. စီးတော်ယာဉ်နဲ့ လာကြိုပါဗျာ ကို့ကင်း …. ရေနံချျက်စက်ရုံက အော်တိန်းဆီ ထည့် ပေးပါ့မယ် ကို့ကင်း….. ရန်ကုန်မြို့ကြီးထဲမှာ မသွားတက် လို့ပါ ကို့ကင်း… ရွာသား/ရွသူတွေနဲ့ အရမ်းတွေ့ချင်ပါတယ် ကို့ကင်း…..

    • king

      May 28, 2011 at 4:22 am

      စီးတော်ယာဉ်က အော်တိန်းထည့်လို့မရ ဓါတ်ဆီ ဒီဇယ်ဆီ ထည့်လို့မရ ကြက်ဆူဆီ အစရှိသော
      ဆီများ ထည့်မရသောကြောင့်
      ၉၆၉၃ ပြီးသာ လာခဲ့ပါရန် …
      😛

    • king

      May 29, 2011 at 4:52 am

      ရွာသားကတော့ ဟုတ်ပါပြီ
      တညင်သားက ရွသူတွေနဲ့ တွေ့ချင်တယ်ဆိုတော့ …..
      😛 😛 😛 😛

  • cobra

    May 27, 2011 at 4:15 pm

    နေ ့နဲ့အချိန်တော့သိပါပီ…
    နေရာကိုတိကျစေချင်တယ်….။
    စားတာသောက်တာကတော့….
    ကို king နာမည်ကဘုရင်ဆိုတော့ ဘုရင်ကြီးပဲရှင်းလိုက်ပေါ့။
    အရမ်းကိုကျေးဇူးတင်မိမှာပါ…။

    • king

      May 28, 2011 at 4:28 am

      cobra ရေ ဘုရင်ဆိုတာ
      အခုခေတ်မှာ စည်းမျဉ်းခံဘုရင်နဲ့
      ရုပ်သေးရုပ်ဘုရင် စတဲ့ အမည်ခံ ဘုရင်တစ်ချို့သာ ရှိတော့ပါကြောင်းနဲ့
      ကျွန်ုပ် King မှာလည်း နာမည်သာရှိပြီး ဘတ်ဂျက်မရှိပါကြောင်း
      ဒါကြောင့် ဘဏ္ဍာငွေ ရှာဖွေရန်အလို့ငှာ
      သူကြီးမှတစ်ဆင့် ရွာသူ/သားများထံမှ အခွန်အခများ ကောက်ခံရရှိပြီးမှသာ
      တွေ့ဆုံပွဲအတွက် ကုန်ကျစရိတ်များကို ရှင်းလင်းပေးနိုင်မည်ဖြစ်ကြောင်း
      ပြန်လည် ဖြေကြားလိုက်ပါတယ် …

      • cobra

        May 28, 2011 at 5:50 am

        ကျွေးတာမကျွေးတာထက်တွေ ့ကြဖို့ကအဓိကပါ။

  • Shwe Tike Soe

    May 28, 2011 at 3:11 am

    လာဖို.ပြင်ဆင်နေတာ .. နေရာသာအတိအကျဆိုရင်တော့ အင်္ကျီတောင် ဝယ်ပြီးပြီ..
    ပွဲမဖြစ်လို.ကတော့ အင်္ကျီဖိုး ပြန်လျော်ပေးရမှာနော် အဟင့် 🙁

    • PinkCandy

      May 28, 2011 at 6:25 am

      ဒါဆိုရင် တွေ့ဆုံပွဲမှာ အင်္ကျီအသစ်နဲ့လူက ကိုရွှေတိုက်စိုးကြီးပေါ့
      ပုဆိုးအသစ်နဲ့ ကိုဖိုးချစ်ရော ဘယ်သူဖြစ်မလဲမသိ

      • king

        May 29, 2011 at 4:53 am

        ပုဆိုးအသစ်ကို ဒီနေ့ပဲ ရေစိမ်ပြီး လျှော်လိုက်ပြီဗျ
        😛 😀 🙂

  • good

    May 28, 2011 at 4:17 am

    ဆန္ဒ အပြင်းပြဆုံး သူ ၃ ယောက် ဒါမှ ဟုတ် ငါး ယောက် က အရင်ဆုံး ဆုံလိုက် ကြ ပြီး မှ အားလုံး ဆုံ ဖို့ အတွက် အဲ ဒီ အမာခံ တွေ ရဲ့ ဆုံးဖြတ် ချက် အစီအစဉ် နဲ့ တွေ့ကြ မလား။
    အဲဒီအတွက် အပြင် မှာ ဆုံ စရာ မလိုပါဘူး သဂျီး ရဲ့ အကူအညီ နဲ့ gmail အပြန်အလှန် invite လုပ်ပြီး group chatting လုပ်ကြည့်ပေါ့။ group chatting လုပ်ရတာ skype ဆိုရင် ပို အဆင်ပြေ တယ်။

    အဲ ဒီ အမာခံ ၃ ( or ) ၅ ဦး ကို ကတော့ LOCAL MG LEADER ပေါ့ နော်။

  • manawphyulay

    May 28, 2011 at 9:18 am

    ကိုကိုကင်းက ဒကာခံမယ်ဆိုရင်တော့ ဟဲဟဲ မအားရင်လည်း အားအောင်လုပ်ပြီး ကြွရောက်လာခဲ့မည် ဖြစ်ပါကြောင်း…

  • king

    May 28, 2011 at 10:35 am

    အကုန်လုံးအတွက် မှာပေးပါ့မယ် ယူဆောင်ပြီး ဧည့်ဝတ်လည်း ပြုပေးပါ့မယ်
    ဒါပေမယ့် ….
    ပိုက်ဆံကိုတော့ အားလုံးဝိုင်းရှင်းပေးကြပါ
    😛 😛 😛

  • king

    May 28, 2011 at 12:53 pm

    အကုန်လုံးကို ထောက်ခံထားတော့ နေရာက ဘယ်လို ရွေးရမလဲဗျ
    ပြီးတော့ … moon ကရော ဘယ်နားက moon လည်းဆိုတာ အကြံပြုကြအုန်းလေဗျာ
    ငိုချင်လာပြီ
    🙁

  • cobra

    May 29, 2011 at 11:39 am

    တော်ဝင်က morning star ဆို
    မဟုတ်တော့ဘူးလား။
    အဲဒီမှာတော့ကောင်းပါတယ်။
    moon တွေကနေရာလေးတွေကျဉ်းတယ်လေ
    လှည်းတန်းကလည်းကျဉ်းတယ်
    မြေနီကုန်းကလည်းကျဉ်းတယ်
    အကုန်လုံးလာလို့လွယ်အောင်လှည်းတန်းကိုရွေးလိုက်ပါတယ်…။

  • king

    May 29, 2011 at 12:03 pm

    ကဲ တော်ဝင်က moon star ဆိုလည်း လုပ်ကြရအောင်လေဗျာ
    နီးနေပြီပဲ

  • မမလေး

    June 4, 2011 at 6:21 am

    🙁 ခုမှတွေ့တယ် ….

  • char too lan

    June 4, 2011 at 7:20 am

    moon ကဈေးမမှန်ဘူး ကွာလတီမကောင်းဘူး
    တာမွေmoon တော့မလာနဲ့ အားကြီင်္းညံ့တယ်
    ဈေးလဲကြီးတယ်ဗျ

Leave a Reply