PAC လိုင်စင် အတွက် စည်းကမ်းချက်များအား ပြန်လည်သုံးသပ်သင့်

BayoteMay 28, 20111min540

ကျနော်တို့ကျောင်းသားများ သည် အွန်လိုင်းကို အိမ်တွင် ဝယ်မသုံးနိုင်။ ကျောင်းများတွင်လည်း အလှသက်သက်ကြားကောင်းယုံသာ တပ်ထားပြီး လက်တွေ့ ကျောင်းသားများအား အသုံးပြုစေခြင်း မရှိသလောက်ဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသားများသည် PAC များကို သာစာတမ်းများ၊ စာဖတ်ခြင်းများအတွက် အားကိုးနေရပါသည်။ ယခု PAC များတွင် Memory Stick များ CD များ ပေးမသုံးခြင်း Print မထုတ်နိုင်ခြင်းကြောင့် Project စာတမ်းများ ပညာရေးအချက်လက်များ ထုတ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်နေပါတယ်။

 

နိုင်ငံသားကဒ်မှာလည်း ၁၈နှစ်သက်တမ်းတိုးခြင်းကြောင့်မရသေးပါ။ နိုင်ငံတကာတွင် ကျောင်းသားများ အား အထူးအခွင့်ရေးများပေးထားပါသည်။ PAC ဝင်လျှင် မှတ်ပုံတင်ပေးရမည် ရေးထားပါသည်။

 

သမ္မတကြီးမှ နိုင်ငံတော်တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်မည်ပြောသော်လည်း ကျနော်တို့ ကျောင်းသားများမှာ အခက်ခဲများစွာ တွေ့နေရပါတယ်။

 

နိုင်ငံတော်တိုးတက်ဖို့ ပညာတတ်များစွာလိုအပ်ပါတယ်။ ပညာရှာနိုင်သော သတင်းအချက်လက်များကို ပိတ်ပင်ခြင်းအားဖြင့် ကျောင်းသားများပါ စိတ်သောကရောက်နေရပါတယ်။ ကျောင်းသားများအတွက် သီးသန့် စည်းကမ်းချက်များ ထုတ်ပေးစေလိုပါတယ်။

 

နိုင်ငံတော်မှ နိုင်ငံတော်ပိုင် ကျောင်းသားများအတွက် သီးသန့် PAC များ ဖွင့်ပေးနိုင်ခြင်း မရှိပါက အမြန်ဆုံး ပြန်လည်သုံးသပ်သင့်ပါကြောင်း