အတောင်းကြမ်း တဲ့ စမ်းချောင်းက လ.ဝ.က

NeosJune 3, 20111min21716

အတောင်းကြမ်း တဲ့ စမ်းချောင်းက လ.ဝ.က
ကျွန်တော်တို့ မိသားစုသည် စမ်းချောင်းမြို့နယ် တွင် နေထိုင်လာကြသည်မှာ အနှစ် နှစ်ဆယ် ကျော် ရှိပါပြီ မနှစ်က ကျွန်တော်တို့ အိမ်နီးနားခြင်း တဦးက သူ့သားအတွက် တစ်ဆယ့်ရှစ် နှစ်ပြည့် မှတ်ပုံတင် သွားလုပ်တာ လဝက ရုံး က ငါးသောင်း တောင်းတယ်လို့ ပြောပါတယ်
ဦးစီးမှူး အတွက်က သုံးသောင်း ဖြစ်ပြီး လုပ်ပေးသူ ဒု- ဦးစီးမှူး သူ့အတွက်က နှစ်သောင်း ဖြစ်ပါတယ် သူတို့လိုအပ်သမျှစာရွက်စာတမ်း အားလုံးလဲ ပြည့်စုံ ပါတယ် အဖေ အမေ ဘိုးဘွား တို့၏ နိုင်ငံသား ကဒ်ပြား များ လဲပြည့်စုံ ပါတယ် ဒါပေမဲ့ မရပါဘူး မပေးရင် မပေးတဲ့ စာရွက်စာတမ်း တွေ ဒီအတိုင်းဘဲ ဘီဒိုပေါ်မှာ ပစ်ထား ရမှာ ဘဲလို့ ဆိုပါတယ် သားသမီး တို့၏ ပညာရေး နောင်ရေး လို အပ်ချက် အရ ပေး နေကြရ ပါသည်။ ယခု ကျွန်ုပ် ၏ အလှည် ဖြစ်ပါသည် ထုံးစံအတိုင်း ငွေ ငါး သောင်း ၊ လိုအပ်သမျှစာရွက်စာတမ်း အားလုံးလဲ ပေး ထားပြီးပါ ပြီ ဦးစီးမှူး အတွက်က သုံးသောင်း ဖြစ်ပြီး လုပ်ပေးသူ ဒု- ဦးစီးမှူး သူ့အတွက်က နှစ်သောင်း တို့ကို စာအိပ် သပ်သပ်စီ ထဲပြီး ကိုယ်တိုင် ဦးစီးမှူး ကို ဒု- ဦးစီးမှူး အတူဝင်ပြီး ရုံးမှာပေး ရတာပါ တခြားသူများလဲ ထိုနည်းတူစွာ ပေးနေရပါတယ် ပို၍ ဆိုးရွားသည်မှာ ယခုတိုင်အောင် မရသေးခြင်းပါ သုံးလ ကျော် ပြီဖြစ်ပါသည် သွားပြီး မေးတိုင်းလဲ ခရိုင် သို့မဟုတ် တိုင်း က မကျသေး လို့ ဆိုပြီးဘဲ ပြော နေပါတယ် ဆက်လက် စောင့်စား နေရုံမှ တပါး တခြား မရှိပါ။
သူတို့ပြောသော အထက်သို့ တိုင်ကြား ရင်လဲ မြည်သို့ထူးခြား နိုင်ပါသလဲ၊ ငွေလဲဆုံး ပိုလဲကြာ သွားမှာ စိုးပါတယ်။ မတရား တောင်းရန်း မှူ့က ယခုကဲသို့ဆက်လက် ကြီးထွားနေပြီး သူတို့ပေးမှ ရမလို ဖြစ်နေပါတယ် ထပ်ပြီးလဲ မပေးနိုင် တော့ပါ ကျွန်တော်တို့လဲ စားဝတ်နေရေး အတွက်ရုန်းကန်နေရဆဲပါ မစားရက် မသောက်ရက် စုထား၍ ပေးထားသော ငွေလေး ငါးသောင်း မဆုံး ဘဲ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား ရပါစေ ဆုတောင်းရင်း။။။။။။ သူဌေးဖြစ်လဘ်စားတောင်းရမ်းမှူ့ကို အများသိစေရန် ဝေမျှ တင်ပြ အပ်ပါသည်၊၊

16 comments

  • noob

    June 3, 2011 at 11:35 am

    အစိုးရ ကိုစောင့်ကြည် ့ ကြပါဦး ဆိုတဲ့ သူတွေကို ဂုတ်ကနေဆွဲပြီး ခေါ်ပြလိုက်ချင်တယ် ပြောင်းတော့ပြောင်းလာပါတယ် ငွေတောင်းတဲ့ပုံစံ မကြီးစိန်တို ကတော့နော် အမာခံညာပြောပေးနေသလိုပဲ

    • MaMa

      June 5, 2011 at 11:09 am

      (အစိုးရ ကိုစောင့်ကြည် ့ ကြပါဦး ဆိုတဲ့ သူတွေကို ဂုတ်ကနေဆွဲပြီး ခေါ်ပြလိုက်ချင်တယ်)
      အားပေးပါတယ် noob ရယ်။ တကယ်လုပ်မယ်ဆိုရင်ပေ့ါ။ 🙂

  • etone

    June 4, 2011 at 2:52 am

    စမ်းချောင်း လဝက က အတော်ဆိုးပါတယ် … ။ ကျမ တူမလေးသွားလုပ်တုန်းက အလှူငွေထည့်ပါဆိုလို့ ….. ကလေးဆိုတော့ နှစ်ထောင်ပဲ ပေးလိုက်တာ … ချိန်းလိုက်တာ အကြိမ်ကြိမ်ပါပဲ… ။ (စာရွက်စာတမ်း အပြည့်စုံပါပါတယ်… ) သုံးခါမြောက်သွားတဲ့အထိ မရသေးဘူးပြောတော့… ကလေးကလည်း စိတ်လေပြီး သွားကို မသွားတော့ဘူး … အခု ဆယ့်နှစ်နှစ်ကျော်တာတောင် မှတ်ပုံတင်မရှိသေးဘူးတဲ့ရှင် …. ဆယ့်ရှစ်နှစ်ပြည့်ကျမှပဲ အကုန်ခံပြီး လုပ်လိုက်တော့မယ်လို့ သူ့မိဘတွေက ပြောရှာတယ်… ။ သူ့မိဘတွေက စားဝတ်နေရေးတောင် အနိုင်နိုင်ရုန်းကန်နေရတာပါ … ။ အဖေဘက်က ညီမဝမ်းကွဲလေးကတော့ အဲ့ဒီရုံးမှာပဲ သွားလုပ်တာ ချက်ချင်း နေ့ချင်းပြီး ဘာမှ ပေးစရာမလိုပဲ ရခဲ့ပါတယ်… ဒါပေမဲ့ ..ကျမ ညီမလေးကတော့ အားနာလို့ နှစ်သောင်းခွဲမုန့်ဖိုးပေးခဲ့တယ်တဲ့လေ… ။ အဲ့ဒီအချိန် သူ့အဖေက စစ်ဘက်ဆိုင်ရာ တက္ကသိုလ်တခုမှာ ရာထူးကြီးကြီးရှိနေတာကြောင့်ပါ …။

    အဲ့ဒီရုံးက ဆိုးပါတယ်… ။ အလုပ်လာတဲ့အချိန်ကလည်း ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်မှ … ပြီးတော ့မကြာဘူး ထမင်းစားချိန်ရောက်ရောပဲ… ။ ဆယ့်နှစ်နာရီကနေ တစ်နာရီထိ ထမင်းစားချိန်ဖြစ်ပြီ … နှစ်နာရီကျော်လောက်ကျတော့ တီးတိုင်းမ်ပါတဲ့ ၊ ဆိုင်ထိုင်တဲ့လူကထိုင် မုန့်စားတဲ့လူကစားနဲ့ အဲ့ဒီအချိန်တွေသွားမိလျှင်တော့ … ထိုင်စောင့်ပေါ့…။ သုံးနာရီခွဲလောက်လည်းရောက်ရော … ခြင်းလေးတွေ ဆွဲပြီး ပြန်တဲ့လူက ပြန် … ဂွင်ရိုက်တဲ့လူက ရိုက်ပေါ့ … ။ ကျမတောင် လဝကမှာ အလုပ်မလျှောက်မိတာ နောင်တရသလိုလိုဖြစ်သွားမိပါတယ်… ပိုက်ဆံရတာလည်းကွာတယ်…အလုပ်ချိန်လည်းကွာသလို … လုပ်ရတဲ့ အပိုင်းကလည်း ဘာ stress မှ မရှိတာကြောင့် လဝကမှာ အ လုပ်မလျှောက်မိတာ နာလိုက်တဲ့ဖြစ်ခြင်းလို့ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ် … ။

    • eros

      June 4, 2011 at 1:34 pm

      အလုပ်လာဆင်းတာ က ၁၁ နာရီ။ ပြီးရင် ၁၂ နာရီခွဲလောက်မျးထမင်းစားရင် ထမင်းစားချိန်ကျော်ပြီး အလုပ်လုပ် ပေးတာဆို နာမည်ကောင်းယူသေးတယ်။

  • good

    June 4, 2011 at 3:36 am

    စမ်းချောင်း လ ဝ က အတောင်း ကြမ်း တာ လောက်တော့ တခြား မြို့ နယ်က လ ဝ က တွေ က
    ပျင်းတောင် ပျင်း သေးတယ် တဲ့။

  • photwenty

    June 4, 2011 at 3:40 am

    မ အိတုန် က ကိုယ်.ကိုယ် ကိုယ် အဲ.လိုလူစားမျိုးစာရင်းဝင်ချင်လို.လားဗျာ
    မသိလို.မေးတာပါ အရင်ကစိတ်လား အခုစိတ်လား

    • etone

      June 4, 2011 at 5:27 am

      သောက်ညင်ကပ်လို့ပြောတာဟေ့ သိဘီလား ။

  • မမလေး

    June 4, 2011 at 4:18 am

    သမီးလုပ်တုန်းကလည်း ၅၀၀၀ဝ ကျော်လောက်ကုန်တယ်

  • နွယ်ပင်

    June 4, 2011 at 4:44 am

    လ.ဝ.က ကတော့ စမ်းချောင်းရော တစ်ခြားမြို့နယ်တွေက လ.ဝ.က ရော သိပ်ပြီးမထူးပါဘူးလေ .. သိပ်မကြာသေးပါဘူး နွယ်ပင် ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရတာ မှတ်ပုံတင် ပါသွားလို့ သွားပြန်လုပ်ဖြစ်ပါသေးတယ် ကိုယ်တွေက အလုပ်လုပ်နေရတဲ့သူဆိုတော့ မှတ်ပုံတင်က မရှိမဖြစ်ဖြစ်တော့ သူတို့လိုချင်တဲ့ ညှိုနှိုင်းဈေးနဲ့ပဲ လုပ်ခဲ့ရတယ်လေ အဲဒါတောင် (2) ရက်ပဲကြာမယ်ပြောပြီး (5) ရက်လောက်စောင့်လိုက်ရသေးတယ် ..

  • susunosuki

    June 4, 2011 at 4:52 am

    ကျွန်တော့်တုန်းက လည်း ၂၀၀ရ လောက်က သန်းကောင်စာရင်းမှာ မွေးသက္ကရာဇ်လွဲနေလို့ သွားပြင်တာ တစ်လခွဲလောက်ကြာတယ်။ နောက်မှ သုံးထောင်ပေးလိုက်တော့ လဘက်ရည်ဆိုင်မှာ ပြင်ပေးလိုက်တယ်။

  • ဆူး

    June 4, 2011 at 7:50 am

    ၁၈ နှစ်ပြည့်တာ ၁ဝ နှစ် နီးပါးရှိတော့မယ်။
    အဲဒီ ခေတ်က ကုန်တာနဲ့ ကြည့်ရင်တောင် မတိမ်းမရိန်းပါလို့ ပြောလို့ရတယ်။

  • winkyawaung

    June 4, 2011 at 10:56 am

    နယ်မှ လဝက တွေကလည်း ပုဒ်မ ၄/ နှင့်ညီမှ လုပ်ပေးကြပါသည်။

    • eros

      June 4, 2011 at 1:35 pm

      ဘာလဲဗျ ပုဒ်မ ၄/ နှင့်ညီမှ လုပ်ပေးကြပါသည်။

  • pyaopyaomay

    June 4, 2011 at 1:42 pm

    တော်သေးတာပေါ့…………ပျိုမေသိတဲ့အကြောင်းကိုပြောပြရန်အုံးမယ် …ပျိုမေသူငယ်ချင်းရဲ့ရုံးမှာဆိုရင်ဝန်ထမ်းချင်းချင်းလုပ်စားတာတွေရှိတယ်တဲ့ အစိုးရရုံးဆိုတော့သိတယ်မလား…0T ဆင်းရတယ်လေ OTဆင်းလို့ရတဲ့ပိုက်ဆံတွေကို ကျန်ဝန်ထမ်းတွေကိုမပေးဘဲ သူဘဲယူတာတဲ့ အဲလိုဆိုရင်….သူငယ်ချင်းတို့ဘာလိုပြောမလဲ..ပျိုမေသူငယ်ချင်းကိုမေးကြည့်ပြီးအကြောင်းဆုံးရေးအုံးမယ် ခေါင်းစဉ်လေးဝိုင်းစဉ်းစားပေးအုံးနော်……

  • parlayar46

    June 4, 2011 at 1:51 pm

    ပုဒ်မ ၄ ဆိုတော့ ပေးမှလုပ် ပေါ့ ။ အဲဒါ လဝက မှမဟုတ်ပါဘူး နေရာတိုင်းပဲ။
    စမ်းချောင်းနဲ့ပတ်သက်ရင်တော့ ဝင်ပြောရဦးမှာပေါ့။
    သန်းကောင်စာရင်းလေးဝင်တာ 80000-ကျော် ပေးခဲ့ရပါတယ်။ မပေးရင်လဲရပါတယ်။ ထားခဲ့ပေါ့။

  • intro

    June 5, 2011 at 10:44 am

    ဦးစီးအတွက်ရယ်၊ ဒု-ဦးစီးအတွက်ရယ်ပဲ ပေးရသေးတယ်လေ… ပုံစံစာရွက်ထိန်းသိမ်းတဲ့သူတို့၊ လုပ်ပေးတဲ့စာရေးလေးအတွက်တို့ ကျမှ မပေးတာ… ကြာမှာပေါ့… 😛

Leave a Reply