” ဟယ်လို….အေး…ဟဲ့…ငါတို့  ရုပ်ရှင်လာကြည့်နေတာ…နင်ဘယ်ရောက်နေလဲ…..အေး….အေး…ဟုတ်တယ် ငါလဲပြောပါတယ်…..အေးလေ…သူ့ သဘောနဲ့ သူဆိုတော့လဲ
ငါတို့ က ဘာပြောလို့ ရမှာလဲ…ဟား..ဟားးးးးးးးးး………”
နေကြာစေ့  ခွာသည့် အသံ ၊ ပေါက်ပေါက်ဆုပ် စားသည့် အသံ ၊  အတွဲများ တပြွတ်ပြွတ် နှင့် မုန်ယို နေသည့် အသံများ ကြားမှ  အဆိုပါ အမျိုးသမီး၏  လွန်စွာ အောက်ကလိအာ
ဆန်သော  စူးရှပြစ်ချွဲသည့်  အသံသည် စဉ်ဆက်မပြတ်  ထွက်ပေါ်နေသည်။  တခြား အသံများအားတတ်နိုင်သမျှ  သီးခံခဲ့သော်လည်း   မိမိ၏  ပုဂ္ဂိုလ်ရေး အကြောင်းအရာများကို
အများသူငါ အပန်းဖြေသော ရုပ်ရှင်ရုံထဲတွင် ဟောင်ဖွာဟောင်ဖွာ ကျယ်လောင်စွာ တယ်လီဖုန်း ပြောနေသော အမျိုးသမီးအား  သမင်လည်ပြန် လှည့်ပြီး အမူအရာနှင့် ကြိမ်ဖန်များ
စွာ သတိပေးသော်လည်း  အထူအပါး လုံးဝ နားမလည်သော  ထို မာတုဂါမသည်  သာလွန်ပြီး ဆိုးလာတော့သည်။  တဟီးဟီး တဟားဟား နှင့်  ဖင်တွင် သေးစိမ့်မတတ် ဟီလာတိုက်
နေလေတော့သည်။  နောက်ဆုံးမတော့ သကောင့်သား နိဂိမိ  ယောကျာင်္းတို့  ထုံး နှလုံးမူပြီး……”  ဒီမှာ အမျိုးသမီး…နဲနဲ အားနာပါဗျ…ခင်ဗျားရောက်နေတာ အများသူငါ
အပန်းဖြေတဲ့ ရုပ်ရှင်ရုံ…  ဒီလို အကျယ်ကြီး Phone ပြောနေတာ ရုပ်ရှင် ဘယ်လိုမှ ကြည့်လို့ မရတော့ဘူး….”  ဟု  ပြောလိုက်သည့် သကာလ………..
”  ဟဲ့ အကောင်  ရုပ်ရှင် ကောင်းကောင်းကြည့်ချင်ရင်  အိမ်မှာ  ကိုယ်ပိုင်ရုံထားပြီးကြည့်  …ငါ့ ဘာသာ Phone ပြောတာ နင့် အပူဘာပါလဲ…ဆောက်ရုပ်ကိုက လုံးဂတီး ရုပ်နဲ့ …
လာပြီး အာဝါဒါး လာလုပ်နေတယ်…”
မိတ်ဆွေ  …သင်ကော ရုပ်ရှင် ကြည့်သော အခါ ဘယ်လို အမျိုးအစားထဲမှာ  ပါဝင်ပြီး  ကြည့်ရှုပါသလဲ… Etiquette  ဆိုတာကို သိပါသလား….မသိလျင် ဆက်ဖတ်ပါ။
မြန်မာပြည်တွင် အသုံးပြုသော Phone များအား အကုန်အစင် မလေ့လာဖူး လို့   မသိသော်လည်း ……Phone တွင်  Etiquette  Mode ဆိုသည်မှာ ပါရှိပါတယ်။
ဒီက Phone တွေမှာတော့  များသောအားဖြင့်  Vibration  Mode ပါရှိပါတယ်။  အဲဒါဟာ  မိတ်ဆွေက Phone ခေါ်သံမကြားမှာစိုးလို့  တုန်ခါမှုနဲ့  အသိပေးရုံ သက်သက် အတွက်
မဟုတ်ပါဘူး။  Etiquette ကို  အဓိပါယ် ဖွင့်ကြည့်ရင်  ” လူမှု ကျင့်ဝတ် ၊  လူမှု အဆင့်အတန်း ”  စသဖြင့် ဖွင့်ဆိုနိုင်ပါတယ်။
မိတ်ဆွေဟာ
အချိန်ထိ ဘေးဘီကို အကဲခတ်ပြီးမှ Phone ကိုင်တတ် တဲ့  လူစားမျိုးလား။
မြှင့်ပြီး အော်ပြောတတ်တဲ့  လူစားမျိုးလား။
၃။   အရာ တခုခုကို ညွန်ပြရင်  သံလျက် ကိုင်ဆောင်ထားသလို  Phone ကိုင်ထားတဲ့  လက်နဲ့   ဟိုထိုးဒီထိုး ထိုးပြတတ်တဲ့ လူစားမျိုးလား။
၎။   ဈေးဝယ်ရင်းနဲ့  Phone လာလို့ ပြောတာ မဟုတ်ပဲ  Phone ပြောရင်းနဲ့  ဈေးဝယ် တတ်တဲ့ လူစားမျိုးလား။
ဘယ်လို လူစားမျိုးထဲမှာ မိမိ ပါဝင်နေ သလဲဆိုတာ သုံးသပ်ကြည့်ပါ။
အပမ်းမကြီးပဲ  ပြုပြင်အားထုတ်နိုင်သည့်     Etiquette  ယဉ်ကျေးမှုအား လက်ခံနိုင်ရန် ရည်ရွယ်ပြီး ရေးသားပါတယ်။
About nigimi77
has written 108 post in this Website..