“ဘယ်ဘုရား ဖြစ်မယ်ထင်ပါသလဲ?”


ခါတိုင်းမှာတော့ ကျွန်တော်က ဓါတ်ပုံလေးတစ်ပုံတင်ပြီးရင် ဘယ်နေရာက ဘာပုံလေးဆိုတာပြောပြလေ့ရှိပါတယ်။
ဒီပုံလေးကတော့ ဘုရားကိုရောက်တဲ့အခါ ခါတိုင်းသွားနေကျနေရာမဟုတ်ဘဲ ဘုရားပုရဝုဏ်ရဲ့အတွင်းထဲလျှောက်ကြည့်ရင်း
ဒီမြင်ကွင်းလေးကိုတွေ့တော့ သဘောကျသွားတာနဲ့ လက်ဆော့ထားလိုက်ပါတယ်။
လူတော်တော်များများ အထူးသဖြင့်မန်းလေးကလူများ ရောက်နေကြနေရာက ဘုရားဖြစ်ပါတယ်။
ကဲ မှန်းကြည့်လိုက်ကြရအောင်နော်။
ကဲမှန်အောင်ဖြေနိုင်သူကို မန္တလေးဒေသထွက် နာမယ်ကြီး မုန့်ကို အဝကျွေးမယ်နော်။
အတည် နော် အတည်……………………………..

9 comments

  • ဆူး

    May 28, 2011 at 3:04 pm

    မှန်ရာကို အတိအကျ ပြောလိုက်မယ်။
    မုန့် အဝ သာ ကျွှေးပေတော့.. လုံးဝ မသိပါဘူးရှင်

  • mihninlay

    May 28, 2011 at 4:32 pm

    မန်းလေးတောင်ခြေကဆိုတော့ကျောက်တော်ကြီးဘုရားပဲလေးပေါက်ရေ…..မှန်ရင်မန်းလေးကနာမည်ကြီးမုန် ့တော့မစားချင်ဘူး ….မန်းလေးသူဆိုတော့ပေါက်ပြီးသားလေးပေါက်ရေ

  • xman

    May 28, 2011 at 5:04 pm

    စန္ဒာမုနိဘုရားရဲ့ စောင်းတန်းအပြင်ကထွက်ရိုက်ထားတာလို့ထင်တာပဲ

  • Su Myat

    May 29, 2011 at 4:02 am

    ကျောက်တော်ကြီး ဘုရား တောင်ဘက်စောင်းတန်းကနေ မန်းလေးတောင် ပါအောင် ရိုက်ထားတယ် ထင်တာပဲ……

  • MaMa

    May 29, 2011 at 7:20 am

    ရမ်းတုတ်လိုက်မယ်။ အိမ်တော်ရာ လား။

  • pooch

    May 29, 2011 at 10:21 am

    ိကျောက်တော်ကြီးဘုရား မြောက်ဘက်စောင်းတန်းက ရိုက်ထားတာ။ ဦးပေါက် မန်းလေးသားအချင်းချင်း ဆိုတော့ မုန့်မစားတော့ဘူးနော်။

  • Indy

    May 30, 2011 at 9:27 am

    On the way to Mandalay Hill, on the right side has a pagoda called Kusinarone, inside has reclining Buddha and not too many people known that pagoda.
    Am i correct? My spelling can be wrong for the name. Inside has a U Khandy’s coffin display also.

    Indy

  • ဒီပုံလေးကတော့ ကျောက်တော်ကြီးဘုရား ရဲ့အနောက်ဘက်ခြမ်း။
    မြောက်စောင်းတန်းမှာရှိတဲ့ဈေးဆိုင်ခန်းတွေရဲ့နောက်ဖေးကနေ မန်းလေးတောင် ပစ္စယံကို မိအောင်ရိုက်ထားတာပါ။
    မြောက်စောင်းတန်းဆိုင်ခန်းတွေရဲ့အနောက်ဘက် ထင်းပုံတွေကြားထဲကရိုက်ထားတာပါ။
    စိတ်ဝင်စားကြလို့ကျေးဇူးပါ။
    ကျောက်တော်ကြီးဘုရားကို မဟာလောက မာရဇိန်လို့ဘွဲ့တံဆိပ်တော်ဆက်ကပ်ထားပါတယ်

Leave a Reply