37 ဂဏန်း၏ ထူးခြားချက်

sonicwaveMay 28, 20111min551

37 ဂဏန်းမှာ ထူးခြားတာလေးတွေရှိတယ်ဗျ။ အဲဒါကတော့…….ဆင်တူတဲ့ ဂဏန်းသုံးလုံး.. ဥပမာဗျာ 111, 222, 333, …….ကနေ 999 အထိပေါ့ ။ အဲဒီ ဆင်တူတဲ့ ဂဏန်းသုံးလုံးကိုပေါင်းလို်က် 111 ဆိုတော့ 3 ပေါ့ဗျာ ။ အဲဒီ 3 နဲ့ 37 ကိုမြှောက်ရင် 111 ပဲရတယ်ဗျ ။ 111 ကို 37 နဲ့စားမယ်ဆိုရင် ဝင်ရမယ့် အလီပေါင်းက အဲဒီဂဏန်းသုံးလုံးပေါင်းလဒ် 3 ပဲ ဖြစ်နေတယ်လေ ။ 222 ကို 37 နဲ့စားမယ်ဆိုရင်တော့ ဝင်ရမယ့်အလီပေါင်းက 6 ပေါ့ဗျာ ။ အဲဒီဟာက 999 အထိမှန်တယ်ဗျ ။ ကဲ ဗဟုသုတ အဖြစ်ပေါ့ဗျာ…………

One comment

  • မမလေး

    June 4, 2011 at 5:59 am

    ခုမှသိတယ် … မှတ်ထားပါမယ်အခု … နောက်မေ့ချင်မေ့သွားမှာ 🙂

Leave a Reply