ဆူးမမရဲ့ “ဘဝမှတ်တိုင်”ကို ဖတ်လိုက်မိတဲ့အခါ ဆရာဝန်ဆုံးဖြတ်ချက်မှားတာကြောင့်
ရောဂါနာမယ်အတပ်မှား။
ရောဂါမှားတော့ ဆေးမှား။
မှားမှန်းသိတဲ့အခါမှာ နောက်ကျသွားတော့ အသက်ဆုံးရှုံး။
တစ်ချို့လဲ ဒုက္ခိတဘဝရောက်လို့ဘဝဆုံး၊
တစ်ချိုကြပြန်တော့လဲ မလိုအပ်ဘဲ ဝေဒနာခံစားလိုက်ရ၊
တစ်ချို့ကြပြန်တော့လဲ လွယ်လွယ်လေးပြီးရမှာကို ခက်ခက်ခဲခဲကုသရ၊
တစ်ချို့ကြပြန်တော့ လဲ ရောဂါအမှန်သာသိရင် အသက်မသေနိုင်၊
တစ်ချို့ကြပြန်တော့လဲ သေသာသွားတယ်ရောဂါမည်မှန်ကို သိမသွားရ၊
ဆိုတဲ့ ကိုယ်တိုင် ရော ကိုယ့်ပါတ်ကျင်မှာရော ကြုံတွေ့ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။

နှစ်အတော်ကြာက တောင် ကာယကံရှင်တွေမှာ မေ့မရတဲ့ နိုင်တဲ့အကြောင်းကစရင် “ရီရီ”ဆိုတဲ့အဖေ့ညီမအပျိုကြီးကို အရင်ဆုံးပြေးသတိရမိပါတယ်။
သူက အဲဒီခေတ်က သက်သာဆိုင် ဝန်ထမ်းပေါ့။
သူအလုပ်လုပ်တဲ့ရုံးကို စက်ဘီးကိုယ်တိုင်စီးလို့ သွားတတ်ပါတယ်။
တစ်ရက် သူ့ကို ကားတစ်စီးက ဝင်ချိတ်သွားတဲ့အခါ
ညာဘက်ခြေထောက်ခိုင်းမိသွားတော့ဆေးရုံပေါ်ရောက်သွားပါတယ်။
ဓါတ်မှန်တွေရိုက် ဘာတွေရိုက်လုပ်ပေမယ့် အရိုးကျုးိတဲ့လက္ခဏာမတွေ့ပါဘူး။
ဒါပေမယ့် လူနာက ခြေထောက်ကသိပ်လှုပ်လို့မရပါဘူး။
ဒါနဲ့ဘဲဖျားနာဆောင်တစ်ခုမှာတင်လိုက်ပါတယ်။
ဖြစ်ချင်တော့ လူနာက အဖျားသွေးရှိတယ် အစားမစားနိုင်တော့ လူကလဲ ပိန်လှီလို့လာပါတယ်။
အသားအရေကလဲ ပြာနှမ်းနှမ်းနဲ့ တစ်ဖြည်းဖြည်းခြောက်သွေ့လာပါတယ်။
ဆရာဝန်လေးတွေလဲ လူနာလာကြည့်လိုက်သွေးစစ်လိုက်ဟိုဟာစစ်ခိုင်းလိုက်ဒီဟာစစ်ခိုင်းလိုက်နဲ့
တစ်ခုပြီးတစ်ခုစစ်ခိုင်းပါတယ်။
နောက် တစ်ပါတ်လောက်နေတော့ “အရိုးတီဘီ” လို့ အမည်တတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ အဲဒီအဆောင်က ဆရာဝန်ကြီးက ရန်ကုန်ကိုအစည်းအဝေးသွားနေပါတယ်။
နောက်တစ်ပါတ်သာကြာလာတယ် ညွန်ကြားတဲ့အတိုင်းဆေးတွေ တို်က်ပေမယ့် လူနာက ထူးခြားမလာပါဘူး။
ထူးခြားတာကတော့ အသားအရေက ပိုပြီး ပြာနှမ်းနှမ်းဖြစ်လာသလိုပါဘဲ။
ဒီလိုနဲ့ဆေးရုံပေါ်ရောက်ပြီးသုံးပါတ်မြောက်တဲ့အချိန်အဲဒီဖျားနာဆောင်ရဲ့ဆရာဝန်ကြီးပြန်ရောက်လာတဲ့မနက်မှာ လူနာတွေကို လိုက်ကြည့်ရူ့ပါတယ်။
ဆရာဝန်ကြီးကလူနာကုတင်တစ်ခုစီကိုလိုက် လူနာကိုကြည့် ဆေးမှတ်တမ်းတွေဖတ်ပေါ့။
ကျွန်တော်တို့ အဒေါ်ကုတင်ကိုရောက်တဲ့အခါမှာတော့ လူနာကိုသေချာသေချာကြည့်ပါတယ်။
နောက်မေးခွန်းတွေမေးပါတယ်။
ပြီးတော့ ဆေးမှတ်တမ်းကို ပြန်ဖတ်ပြီးတဲပအခါမှာတော့ ခေါင်းတွေယမ်းလိုက် သူလူတွေကို
ကြည့်လိုက်နဲ့လုပ်နေပါတယ်။
နောက်မှသိရတာကတော့ သူတို့ဆရာဝန်များနားနေခန်းရောက်တော့ ဆရာဝန်ကြီးကသူ့လက်ထောက်တွေ
ကို တော်တော်လေးဆူပါသတဲ့။
ရောဂါမှားနေလိုပါတဲ့။
တကယ်ဖြစ်တာကတော့ လမ်းမပေါ်ကို လဲကျတဲ့အရှိန်နဲ့ခြေသလုံးရိုးက နည်းနည်လေးအက်သွားပါသတဲ့။
အဲဒီအက်သွားတဲ့နေရာကနေ ချဉ်ဆီရိုးစိမ့်ထွက်နေရာကနေ အချိန်မီမကုသနိုင်တော့ ………………………
ဆေးရုံရောက်လို့ လေးပါတ်မြောက်မှာကွယ်လွန်သွားပါတယ်။
ဒါကတော့ ကျွန်တော်ငယ်ငယ်က ကြုံခဲ့ရတာလေးပါ။
တစ်ခါမှာတော့ မိုးတွေရွာလိုက်တိတ်လိုက်ဖြစ်နေတဲ့တစ်နေ့မှာ ကျွန်တော်ဆိုင်ကယ်တစီးနဲ့လှည့်ပါတ်သွားနေရင်း ရေစိုနေတဲ့အင်္ကျီကခြောက်လိုက်စိုလိုက်နဲ့တစ်နေကုန်သွားပါတယ်။
ညပိုင်းရောက်ပြန်တော့ မိုးကထပ်ရွာ အရပ်ထဲကရေမြောင်းပိတ်နေတော့ ရေကအိမ်ဝိုင်းထဲဝင်။
အဲဒါနဲ့မြောင်းပိတ်နေတာကိုလိုက်ဆယ်ပါတယ်။
ပြီးချင်ဇောနဲ့လုပ်လိုက်တာ အချိန်သုံးနာရီနီးပါးလောက်မိုးထဲမှာနေသလိုဖြစ်သွားပါတယ်။
နောက်နေ့တော့ ဖျားတော့တာပါဘဲ။
အဲဒါနဲ့ သမဝါယမ ဆေးခန်းကိုသွားပါတယ်။
ဆရာဝန်မလေးက အဖျားတိုင်း နားကြပ်နဲ့ထောက်ပြီးတော့ကိုပေါက်ကိုမေးခွန်းတွေထုတ်ပါတော့တယ်။
ချမ်းပြီးတုန်သလား မတ္တရာတို့ ဖားကန့်တို့သွားဘူးသလားပေါ့။
ချမ်းပြီးတုန်တာလဲမှန်တယ် မတ္တရာလဲရောက်ဘူးတယ်ပေါ့။
အဲတာနဲ့ဆေးတွေပေးလိုက်ပါတယ်။အဖြူလုံးလေးတွေပါ။
အိမ်ပြန်ရောက်တော့ ဆေးလဲသောက်ပြီးရော ကမ္ဘာကြီးချာချာလည်တဲ့ဇာတ်လမ်းစပါတော့တယ်။
မျက်စေ့မှိတ်ထားလဲမူး ထိုင်နေလဲမူး လှဲအိပ်နေလဲမူး ဘယ်လိုမှနေလို့မရ။
အံချင်လိုက်တာကလဲ ခဏခဏ ပျို့ပျို့တက်လာပါတယ်။
ဘယ်လိုမှ နေလို့ မရတာနဲ့ နောက်နေ့မှာ ဆေးခန်းပြောင်းပြပါတယ်။
သူပေးတဲ့ဆေးတွေက ငှက်ဖျားဆေးပါတဲ့။
ကျွန်တော်ဖြစ်တာက နမိုးနီးယား ရလာဒ်ကတော့ နေမကောင်းတာပျောက်ပြီးကတဲက ဆံပင်တွေ အထွေးလိုက်ကျွတ်တာပါဘဲ။
နောက်လွန်ခဲ့တဲ့ 2009ကတော့ ကျွန်တော်နောက်တစ်ကြိမ်ထပ်ခံရပါတယ်။
ပထမ အအေးမိပြီးဖျားတာလေးရက်လောက်တော့ အဖျားပျောက်သွားပြီးချောင်းဆိုတာကျန်နေပါတယ်။
ဒါနဲ့ဆေးခန်းသွားပြတော့ ပိုးသတ်ဆေးပါတဲ့ဆေးတွေပေးလိုက်ပါတယ်။
အဲဒီဆေးသောက်တော့ ပါးစပ်က ခါးအံနေပြီး ဘာစားစား အရသာမရှိတော့ အစားကောင်းကောင်းမစားရပါဘူး။
အဲလိုအစားမစားနိုင်တာ နှစ်ပါတ်လောက်ဆိုတော့လူလဲတော်တော်လေးချောင်ကျပြီးအားနည်းသွားပါတယ်။
ဖြစ်ချင်တော့ နောက်တစ်ခါထပ်ဖျားပါတော့တယ်။
အဲဒါနဲ့ပြနေကျကောင်လေးတွေရဲ့ဆေးခန်းသွားတော့ ပိတ်ထားတာနဲ့နောက်ထပ်ဆေးခန်းတစ်ခုသွားပါတယ်။
ဆေးခန်းရောက်တော့ နားကြပ်နဲ့ထောက်ဘာဖြစ်တာလဲမေး အဖျားတိုင်း အကြောဆေးလားဘာလားမသိဆေးနှစ်လုံးထိုး နာမယ်ရေးမထားတဲ့ဆေးတွေအများကြီးပေး။
လေးနာရီခြားတစ်ခါသောက် ဆိုပြီးသောက်လိုက်တာ ဆေးတစ်ခါသောက်ပြီးရင်ချွေးတွေထွက်တာဘေးလူက ကြည့်ရင်ရေချုးိထားသလားအောက်မေ့ရတယ်။
တစ်ခါဆေးသောက်ပြီး ရင် အဝတ်လေးထည်လောက်လဲ ရပါတယ်။
နောက်ဆေးနှစ်ကြိမ်သောက်ပြီးတဲ့အခါ ဆက်မသောက်ရဲတော့ပါဘူး။
ချွေးထွက်မှာကြောက်လို့ပါ။
အဲဒါနဲ့နောက်နေ့မနက်နောက်ထပ်ဆေးခန်းတစ်ခုကိုပြောင်းပြပါတယ်။
ဆေးသောက်တာ ချွေးအရမ်းထွက်တဲ့အကြောင်း အစားကောင်းကောင်းမဝင်လို့အားနည်းနေတဲ့အကြောင်းပြောပြပေမမယ့်
ဆရာဝန်ကတော့ ပြုံးပြုံးကြီးနဲ့ကြည့်နေပါတယ်။
သူကလဲဆေးနှစ်လုံးထိုး ဆေးတွေအများကြီးပေးပါတယ်။
အိမ်ရောက်တဲ့အခါ ဆေးလဲသောက်လို့ ခဏလဲနေရော အရင်နေ့ကအတိုင်းချွေးတွေထွက်ပါတော့တယ်။
နောက်ထပ်ဆေးတစ်ကြီမ်သောက်ပြီးတဲ့အခါလူကချွေးတွေထွက်လိုက်တာ လူလဲ နုးံချိလို့လုံးဝမလှုပ်နိုင်တော့ပါဘူး။
အဲဒါမနက်လဲရောက်ရောလူက လေဖြတ်တာမဟုတ်ပေမယ့်လမ်းတောင်ကောင်းကောင်းမလျျောက်နို်င်တော့ပါဘူး။
ဒါနဲ့မြို့တော်ဆေးရုံကို ပြေးရပါတော့တယ်။
ဟိုရောက်တော့ ဟိုဟာစစ် နည်းမျိုးစုံနဲ့စစ်လိုက်တဲ့အဖြေက ပိုတက်ဆီယမ်ခန်းတာပါတဲ့။
ဒါနဲ့ဒရစ်တွေချိတ်လို့ပိုက်တန်းလန်းနဲ့နေရတာ ငါးရက်မြောက်မှာထူထူထောင်ထောင်ဖြစ်လာပါတယ်။
မျက်နှာချိုချိုနဲ့ဆရာဝန်မလေးတွေက ပြောတာ ကြားရင် ရင်နာလှပါတယ်။
“လေးလေးက အားကစားအရမ်းလိုက်စားလို့နေမှာ ဒါချွေးအရမ်းထွက်လို့ အခုလိုဖြစ်တာ နောက်အဲလောက်ချွေးထွက်အောင် မဆော့နဲ့နော်”ပါတဲ့။
လူကတော့ကောင်းသွားပါတယ် သာမန်ဖျားတာလေးကနေ ချွေးအထွက်လွန်တဲ့ဘဝရောက်တာ မြန်မာငွေ ငါးပုံးနီးပါး ပါတော်မူသွားပါတယ်။
တော်သေးတယ် လူမသေတာလို့သာတွက်မိပါတယ်။
နောက်တစ်ယောက်ကတော့သူငယ်ချင်းရဲ့ညီလေးပါ။
အရက်မသောက် ဆေးလိပ်မသောက် နဲ့ 18နှစ်သားလေးပေါ့။
သူက နဂိုရ်ကတည်းကထောင်ထောင်မောင်းမောင်း အစားကလဲကောင်းကောင်းစားနိုင်ပါတယ်။
တစ်ခုရှိတာ သူကအစားလဲကြီးသလို ထမင်းစားရင် ဘေးနားမှာ မတ်ခွက်ကြိးနဲ့ရေအပြည့်ထား
ထမင်းစားလိုက်ရေသောက်လိုက်ဆိုတော့ သူထမင်းစားပြီးရင် တအေ့အေ့နဲ့သူမြင်ရတာ ပင်ပန်းလှပါတယ်။
တစ်ရက်တော့ သူနေမကောင်းဘူး အစားမစားနိုင်ဘူးပြောတာနဲ့ သွားမေးတော့
အူလိမ်နေတာလို့ဆရာဝန်က ပြောပါသတဲ့။
ကောင်လေးဘိုက်ကလဲ ရေဖျဥ်းစွဲသလို ပူပူလာတာ ဖောက်ထုတ်ရင်ရော့ ၊
နောက်တော့လဲ ပြန်ပူလာ။
အဲတော့တစ်ခါပြန်ဖောက် နဲ့သံသရာလည်နေပါတယ်။
အပြင်နာမည်ကြီးဆေးခန်းမှာ တက်ပြီး ကုတာလဲမပျောက်ပါဘူး။
ကောင်လေးခမျာ တပိန်ပိန်တလိန်လိန်နဲ့ဖြစ်နေပါတယ်။
အစားမက်လှတဲ့ ကလေး ဘာမှ မစားနိုင်စားတာနဲ့အံထွက် စိတ်ပျက်စရာ။
ဒါနဲ့နောက်ဆေးခန်းတစ်ခုကိုပြောင်းပြီး ပြတော့ အသဲခြောက်တာလို့အဖြေပေးပါတယ်။
လွန်သွားပြီလို့ပြောပါသေးတယ်။
တိကျသမှ အလွန်ဆုံးခံရင်နောက်ခြောက်လလို့ ပြောပါသေးတယ်။
ဒါနဲ့ဘဲအိမ်ပြန်သယ် ထုံးစံအတိုင်း သေမယ့်အတူတူမထူးဘူးဆိုပြီး
မြန်မာဆေး ဘုရားဆေး တရားဆေး လူတကာပြောသမျှ ညွှန်းသမျှနေရာအားလုံးကိုလိုက်ပြီး
ဆေးကုသမူ့ခံလိုက်တာ နောက်ထပ်သုံးနှစ်လောက်နေသွားရပါတယ်။

ကျွန်တော် အသိရဲ့အမေကတော့ အသက်60လောက်ရောက်မှ
နောက်ဆုံးမွေးတဲ့ကလေး ခွဲမွေးတုံးက ဘိုက်ထဲမှာ ကျန်ခဲ့တဲ့ပစ္စည်းလေးကြောင့်
နောက်အနှစ်အစိတ်လောက်နေမှ ဘိုက်ပြန်ဖွင့် …………………
နောက်တော့ရောဂါတစ်ခုပြီးတစ်ခုတိုးလာရင်း…….
အသက်ဆုံးပါးတဲ့လူစာရင်းထဲမှာလဲ နောက်တစ်ယောက်ထပ်တိုးသွားပါတယ်.။

တစ်ယောက်ကတော့ ဆရာဝန်ပါးစပ်မဆင်ခြင်လို့အသေစောသွားတယ်ဘဲပြောချင်ပါတယ်။
ဘောလုံးပွဲအလွန်ဝသနာပါတဲ့ ဦးလေးကြီး အသက်က 70နားနီးနီး။
ဘောလုံးပွဲဆိုရင် မနက် ဘယ်နှစ်နာရီဘဲလာလာ သူကြိုက်တဲ့အသင်းဆို ထကြည့် မနက်လက်ဖက်ရည်ဆိုင်မှာအာဘောင်
အာရင်းသန်သန်နဲ့ပြော မမောနိုင်မပန်းနိုင် အမြဲတမ်းလန်းဆန်းလို့ပါ။
တစ်ရက် ခြေထောက်နည်းနည်းယောင်တာနဲ့ဆေးခန်းအသွား…………
ဆရာဝန်ကလဲပွင့်ပွင့်လင်းလင်းလူနာနဲ့ဆွေးနွေး
ကျောက်ကပ်ကတော့ 90%ပျက်စီးနေပြိပါတဲ့။
ဆေးခန်းအသွားကားပေါ်ကိုလမ်းလျောက်တက်သွားတဲ့လူ၊
အပြန်မှာလူတွဲလို့ချရ၊
စိတ်ဓါတ်တွေကျသွားလိုက်တာ ဘာမှလဲကျွေးလို့မရ။
အိပ်ယာထဲလဲသွားလိုက်တာ လူမမာကြီးလုံးလုံး။
ဘာကျွေးလို့မှလဲမစား တစ်ပါတ်ပြည့်တဲ့ရက်မှာ ဘဝတစ်ပါးပြောင်းသွားပါတယ်။
တကယ်လို့များ သူ့ကိုပေးမသိဘဲ ကျိတ်ပြီးကုခဲ့ရင် အဖြေတစ်မျိုးထွက်သွားနိုင်ပါတယ်။

ဆရာဝန်ဆိုတာလဲ လူသားဘဲမို့ မှားယွင်းနိုင်တာကိုလက်ခံပါတယ်။
ဒါပေမယ့် ဆုံးဖြတ်ချက်မှားကြတာမှာ
တကယ်ကို အတတ်ပညာပေါ်မှာ မကျွမ်းကျင်လို့မှားတာလား?
ပေါ့ပေါ့ဆဆ ဆုံးဖြတ်မိလိုက်တဲ့အတွက်မှားတာလား?
နည်းပညာ ချို့ယွင်းမူ့ကြောင့်မှားတာလား ?ဆိုတာကိုတော့ ပြန်လည်ဆန်းစစ်ကြည့်ဘို့လိုအပ်လာပါပြီ။
ဘာလို့လဲဆိုတော့ သူတို့ရဲ့အမှားသည် လူ့အသက်တစ်ချောင်းနဲ့အလဲအလှယ်လုပ်ရတာကြောင့်ပါဘဲ။
ဆရာဝန်များက စေတနာကြောင့်ဘဲဖြစ်ဖြစ်
ဝတ္တရားကြောင့်ဘဲဖြစ်ဖြစ်
ငွေကြေးကြောင့်ဘဲဖြစ်ဖြစ်
ဘယ်လို့ကြောင့်ဖြစ်ဖြစ် ကုသပေးလို့ အသက်ရှင်သွားကြတဲ့လူနာများအတွက်ကတော့
သူတို့ကိုကျေးဇူးတင်ပေးရမှာလဲအမှန်ပါဘဲ။
သေချာတာတစ်ခုကတော့ ဆရာဝန်တိုင်းသည် “နော်မန်ဘက်သွန်း”လို ဆရာဝန်မျုးိ ဖြစ်မလာနိုင်ဘူးဆိုတာပါဘဲ။
ဖြစ်စေချင်တာတစ်ခုကတော့ လူ့အသက်ကယ်ရတဲ့မွန်မြတ်တဲ့ လုပ်ငန်းကိုလုပ်ရတဲ့နေရာကို
ဝါသနာမပါဘဲ ဂုဏ်ဒြပ်တစ်ခုအတွက်ဖြစ်ဖြစ် မိဘကစေခိုင်းလို့ဘဲဖြစ်ဖြစ်လာရောက်သင်ကြားကြသူတွေအစား
တကယ့်ကို ဝါသနာပါသူ တစ်ပါးသူရဲ့အသက်ကိုကယ်တင်ချင်စိတ်ရှိသူတွေသာလာရောက်သင်ကြားခွင့်ရမယ်ဆိုရင်
ပိုပြီးကောင်းမယ်လို့တွေးမိပါတယ်။
မမှားသေရှေ့နေ မသေသောဆေးသမား ဆိုတဲ့ ရှေးစကားလေးရှိပေမယ့်
အသေနည်းကြရင်ဖြင့်ပိုကောင်းမယ်လို့ထင်ပါတယ်။
အဲတော့ အသေနည်းဘို့ဆိုတာကတော့ အသက်ကယ်ဘို့အတွက်ပေးအပ်ထားကြတဲ့ဆရာသမားများအနေနဲ့
တလွဲတွေမဆုံးဖြတ်မိအောင် အသေအချာလေးစဉ်းစားကြမယ်ဆိုရင်
တကယ်ကောင်းမှာဘဲလို့တွေးမိပါတယ်။
အလွဲနည်း မသေသင့်ဘဲသေတာလည်းနည်းပါစေလို့ဆုတောင်းပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(28-5-2011)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။