မလွဲစကောင်းလွဲစကောင်း “ဆုံးဖြတ်ချက်မှားသော သမားနှုင့်သေရွာသွားသောလူနာ”

ဆူးမမရဲ့ “ဘဝမှတ်တိုင်”ကို ဖတ်လိုက်မိတဲ့အခါ ဆရာဝန်ဆုံးဖြတ်ချက်မှားတာကြောင့်
ရောဂါနာမယ်အတပ်မှား။
ရောဂါမှားတော့ ဆေးမှား။
မှားမှန်းသိတဲ့အခါမှာ နောက်ကျသွားတော့ အသက်ဆုံးရှုံး။
တစ်ချို့လဲ ဒုက္ခိတဘဝရောက်လို့ဘဝဆုံး၊
တစ်ချိုကြပြန်တော့လဲ မလိုအပ်ဘဲ ဝေဒနာခံစားလိုက်ရ၊
တစ်ချို့ကြပြန်တော့လဲ လွယ်လွယ်လေးပြီးရမှာကို ခက်ခက်ခဲခဲကုသရ၊
တစ်ချို့ကြပြန်တော့ လဲ ရောဂါအမှန်သာသိရင် အသက်မသေနိုင်၊
တစ်ချို့ကြပြန်တော့လဲ သေသာသွားတယ်ရောဂါမည်မှန်ကို သိမသွားရ၊
ဆိုတဲ့ ကိုယ်တိုင် ရော ကိုယ့်ပါတ်ကျင်မှာရော ကြုံတွေ့ခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။

နှစ်အတော်ကြာက တောင် ကာယကံရှင်တွေမှာ မေ့မရတဲ့ နိုင်တဲ့အကြောင်းကစရင် “ရီရီ”ဆိုတဲ့အဖေ့ညီမအပျိုကြီးကို အရင်ဆုံးပြေးသတိရမိပါတယ်။
သူက အဲဒီခေတ်က သက်သာဆိုင် ဝန်ထမ်းပေါ့။
သူအလုပ်လုပ်တဲ့ရုံးကို စက်ဘီးကိုယ်တိုင်စီးလို့ သွားတတ်ပါတယ်။
တစ်ရက် သူ့ကို ကားတစ်စီးက ဝင်ချိတ်သွားတဲ့အခါ
ညာဘက်ခြေထောက်ခိုင်းမိသွားတော့ဆေးရုံပေါ်ရောက်သွားပါတယ်။
ဓါတ်မှန်တွေရိုက် ဘာတွေရိုက်လုပ်ပေမယ့် အရိုးကျုးိတဲ့လက္ခဏာမတွေ့ပါဘူး။
ဒါပေမယ့် လူနာက ခြေထောက်ကသိပ်လှုပ်လို့မရပါဘူး။
ဒါနဲ့ဘဲဖျားနာဆောင်တစ်ခုမှာတင်လိုက်ပါတယ်။
ဖြစ်ချင်တော့ လူနာက အဖျားသွေးရှိတယ် အစားမစားနိုင်တော့ လူကလဲ ပိန်လှီလို့လာပါတယ်။
အသားအရေကလဲ ပြာနှမ်းနှမ်းနဲ့ တစ်ဖြည်းဖြည်းခြောက်သွေ့လာပါတယ်။
ဆရာဝန်လေးတွေလဲ လူနာလာကြည့်လိုက်သွေးစစ်လိုက်ဟိုဟာစစ်ခိုင်းလိုက်ဒီဟာစစ်ခိုင်းလိုက်နဲ့
တစ်ခုပြီးတစ်ခုစစ်ခိုင်းပါတယ်။
နောက် တစ်ပါတ်လောက်နေတော့ “အရိုးတီဘီ” လို့ အမည်တတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ အဲဒီအဆောင်က ဆရာဝန်ကြီးက ရန်ကုန်ကိုအစည်းအဝေးသွားနေပါတယ်။
နောက်တစ်ပါတ်သာကြာလာတယ် ညွန်ကြားတဲ့အတိုင်းဆေးတွေ တို်က်ပေမယ့် လူနာက ထူးခြားမလာပါဘူး။
ထူးခြားတာကတော့ အသားအရေက ပိုပြီး ပြာနှမ်းနှမ်းဖြစ်လာသလိုပါဘဲ။
ဒီလိုနဲ့ဆေးရုံပေါ်ရောက်ပြီးသုံးပါတ်မြောက်တဲ့အချိန်အဲဒီဖျားနာဆောင်ရဲ့ဆရာဝန်ကြီးပြန်ရောက်လာတဲ့မနက်မှာ လူနာတွေကို လိုက်ကြည့်ရူ့ပါတယ်။
ဆရာဝန်ကြီးကလူနာကုတင်တစ်ခုစီကိုလိုက် လူနာကိုကြည့် ဆေးမှတ်တမ်းတွေဖတ်ပေါ့။
ကျွန်တော်တို့ အဒေါ်ကုတင်ကိုရောက်တဲ့အခါမှာတော့ လူနာကိုသေချာသေချာကြည့်ပါတယ်။
နောက်မေးခွန်းတွေမေးပါတယ်။
ပြီးတော့ ဆေးမှတ်တမ်းကို ပြန်ဖတ်ပြီးတဲပအခါမှာတော့ ခေါင်းတွေယမ်းလိုက် သူလူတွေကို
ကြည့်လိုက်နဲ့လုပ်နေပါတယ်။
နောက်မှသိရတာကတော့ သူတို့ဆရာဝန်များနားနေခန်းရောက်တော့ ဆရာဝန်ကြီးကသူ့လက်ထောက်တွေ
ကို တော်တော်လေးဆူပါသတဲ့။
ရောဂါမှားနေလိုပါတဲ့။
တကယ်ဖြစ်တာကတော့ လမ်းမပေါ်ကို လဲကျတဲ့အရှိန်နဲ့ခြေသလုံးရိုးက နည်းနည်လေးအက်သွားပါသတဲ့။
အဲဒီအက်သွားတဲ့နေရာကနေ ချဉ်ဆီရိုးစိမ့်ထွက်နေရာကနေ အချိန်မီမကုသနိုင်တော့ ………………………
ဆေးရုံရောက်လို့ လေးပါတ်မြောက်မှာကွယ်လွန်သွားပါတယ်။
ဒါကတော့ ကျွန်တော်ငယ်ငယ်က ကြုံခဲ့ရတာလေးပါ။
တစ်ခါမှာတော့ မိုးတွေရွာလိုက်တိတ်လိုက်ဖြစ်နေတဲ့တစ်နေ့မှာ ကျွန်တော်ဆိုင်ကယ်တစီးနဲ့လှည့်ပါတ်သွားနေရင်း ရေစိုနေတဲ့အင်္ကျီကခြောက်လိုက်စိုလိုက်နဲ့တစ်နေကုန်သွားပါတယ်။
ညပိုင်းရောက်ပြန်တော့ မိုးကထပ်ရွာ အရပ်ထဲကရေမြောင်းပိတ်နေတော့ ရေကအိမ်ဝိုင်းထဲဝင်။
အဲဒါနဲ့မြောင်းပိတ်နေတာကိုလိုက်ဆယ်ပါတယ်။
ပြီးချင်ဇောနဲ့လုပ်လိုက်တာ အချိန်သုံးနာရီနီးပါးလောက်မိုးထဲမှာနေသလိုဖြစ်သွားပါတယ်။
နောက်နေ့တော့ ဖျားတော့တာပါဘဲ။
အဲဒါနဲ့ သမဝါယမ ဆေးခန်းကိုသွားပါတယ်။
ဆရာဝန်မလေးက အဖျားတိုင်း နားကြပ်နဲ့ထောက်ပြီးတော့ကိုပေါက်ကိုမေးခွန်းတွေထုတ်ပါတော့တယ်။
ချမ်းပြီးတုန်သလား မတ္တရာတို့ ဖားကန့်တို့သွားဘူးသလားပေါ့။
ချမ်းပြီးတုန်တာလဲမှန်တယ် မတ္တရာလဲရောက်ဘူးတယ်ပေါ့။
အဲတာနဲ့ဆေးတွေပေးလိုက်ပါတယ်။အဖြူလုံးလေးတွေပါ။
အိမ်ပြန်ရောက်တော့ ဆေးလဲသောက်ပြီးရော ကမ္ဘာကြီးချာချာလည်တဲ့ဇာတ်လမ်းစပါတော့တယ်။
မျက်စေ့မှိတ်ထားလဲမူး ထိုင်နေလဲမူး လှဲအိပ်နေလဲမူး ဘယ်လိုမှနေလို့မရ။
အံချင်လိုက်တာကလဲ ခဏခဏ ပျို့ပျို့တက်လာပါတယ်။
ဘယ်လိုမှ နေလို့ မရတာနဲ့ နောက်နေ့မှာ ဆေးခန်းပြောင်းပြပါတယ်။
သူပေးတဲ့ဆေးတွေက ငှက်ဖျားဆေးပါတဲ့။
ကျွန်တော်ဖြစ်တာက နမိုးနီးယား ရလာဒ်ကတော့ နေမကောင်းတာပျောက်ပြီးကတဲက ဆံပင်တွေ အထွေးလိုက်ကျွတ်တာပါဘဲ။
နောက်လွန်ခဲ့တဲ့ 2009ကတော့ ကျွန်တော်နောက်တစ်ကြိမ်ထပ်ခံရပါတယ်။
ပထမ အအေးမိပြီးဖျားတာလေးရက်လောက်တော့ အဖျားပျောက်သွားပြီးချောင်းဆိုတာကျန်နေပါတယ်။
ဒါနဲ့ဆေးခန်းသွားပြတော့ ပိုးသတ်ဆေးပါတဲ့ဆေးတွေပေးလိုက်ပါတယ်။
အဲဒီဆေးသောက်တော့ ပါးစပ်က ခါးအံနေပြီး ဘာစားစား အရသာမရှိတော့ အစားကောင်းကောင်းမစားရပါဘူး။
အဲလိုအစားမစားနိုင်တာ နှစ်ပါတ်လောက်ဆိုတော့လူလဲတော်တော်လေးချောင်ကျပြီးအားနည်းသွားပါတယ်။
ဖြစ်ချင်တော့ နောက်တစ်ခါထပ်ဖျားပါတော့တယ်။
အဲဒါနဲ့ပြနေကျကောင်လေးတွေရဲ့ဆေးခန်းသွားတော့ ပိတ်ထားတာနဲ့နောက်ထပ်ဆေးခန်းတစ်ခုသွားပါတယ်။
ဆေးခန်းရောက်တော့ နားကြပ်နဲ့ထောက်ဘာဖြစ်တာလဲမေး အဖျားတိုင်း အကြောဆေးလားဘာလားမသိဆေးနှစ်လုံးထိုး နာမယ်ရေးမထားတဲ့ဆေးတွေအများကြီးပေး။
လေးနာရီခြားတစ်ခါသောက် ဆိုပြီးသောက်လိုက်တာ ဆေးတစ်ခါသောက်ပြီးရင်ချွေးတွေထွက်တာဘေးလူက ကြည့်ရင်ရေချုးိထားသလားအောက်မေ့ရတယ်။
တစ်ခါဆေးသောက်ပြီး ရင် အဝတ်လေးထည်လောက်လဲ ရပါတယ်။
နောက်ဆေးနှစ်ကြိမ်သောက်ပြီးတဲ့အခါ ဆက်မသောက်ရဲတော့ပါဘူး။
ချွေးထွက်မှာကြောက်လို့ပါ။
အဲဒါနဲ့နောက်နေ့မနက်နောက်ထပ်ဆေးခန်းတစ်ခုကိုပြောင်းပြပါတယ်။
ဆေးသောက်တာ ချွေးအရမ်းထွက်တဲ့အကြောင်း အစားကောင်းကောင်းမဝင်လို့အားနည်းနေတဲ့အကြောင်းပြောပြပေမမယ့်
ဆရာဝန်ကတော့ ပြုံးပြုံးကြီးနဲ့ကြည့်နေပါတယ်။
သူကလဲဆေးနှစ်လုံးထိုး ဆေးတွေအများကြီးပေးပါတယ်။
အိမ်ရောက်တဲ့အခါ ဆေးလဲသောက်လို့ ခဏလဲနေရော အရင်နေ့ကအတိုင်းချွေးတွေထွက်ပါတော့တယ်။
နောက်ထပ်ဆေးတစ်ကြီမ်သောက်ပြီးတဲ့အခါလူကချွေးတွေထွက်လိုက်တာ လူလဲ နုးံချိလို့လုံးဝမလှုပ်နိုင်တော့ပါဘူး။
အဲဒါမနက်လဲရောက်ရောလူက လေဖြတ်တာမဟုတ်ပေမယ့်လမ်းတောင်ကောင်းကောင်းမလျျောက်နို်င်တော့ပါဘူး။
ဒါနဲ့မြို့တော်ဆေးရုံကို ပြေးရပါတော့တယ်။
ဟိုရောက်တော့ ဟိုဟာစစ် နည်းမျိုးစုံနဲ့စစ်လိုက်တဲ့အဖြေက ပိုတက်ဆီယမ်ခန်းတာပါတဲ့။
ဒါနဲ့ဒရစ်တွေချိတ်လို့ပိုက်တန်းလန်းနဲ့နေရတာ ငါးရက်မြောက်မှာထူထူထောင်ထောင်ဖြစ်လာပါတယ်။
မျက်နှာချိုချိုနဲ့ဆရာဝန်မလေးတွေက ပြောတာ ကြားရင် ရင်နာလှပါတယ်။
“လေးလေးက အားကစားအရမ်းလိုက်စားလို့နေမှာ ဒါချွေးအရမ်းထွက်လို့ အခုလိုဖြစ်တာ နောက်အဲလောက်ချွေးထွက်အောင် မဆော့နဲ့နော်”ပါတဲ့။
လူကတော့ကောင်းသွားပါတယ် သာမန်ဖျားတာလေးကနေ ချွေးအထွက်လွန်တဲ့ဘဝရောက်တာ မြန်မာငွေ ငါးပုံးနီးပါး ပါတော်မူသွားပါတယ်။
တော်သေးတယ် လူမသေတာလို့သာတွက်မိပါတယ်။
နောက်တစ်ယောက်ကတော့သူငယ်ချင်းရဲ့ညီလေးပါ။
အရက်မသောက် ဆေးလိပ်မသောက် နဲ့ 18နှစ်သားလေးပေါ့။
သူက နဂိုရ်ကတည်းကထောင်ထောင်မောင်းမောင်း အစားကလဲကောင်းကောင်းစားနိုင်ပါတယ်။
တစ်ခုရှိတာ သူကအစားလဲကြီးသလို ထမင်းစားရင် ဘေးနားမှာ မတ်ခွက်ကြိးနဲ့ရေအပြည့်ထား
ထမင်းစားလိုက်ရေသောက်လိုက်ဆိုတော့ သူထမင်းစားပြီးရင် တအေ့အေ့နဲ့သူမြင်ရတာ ပင်ပန်းလှပါတယ်။
တစ်ရက်တော့ သူနေမကောင်းဘူး အစားမစားနိုင်ဘူးပြောတာနဲ့ သွားမေးတော့
အူလိမ်နေတာလို့ဆရာဝန်က ပြောပါသတဲ့။
ကောင်လေးဘိုက်ကလဲ ရေဖျဥ်းစွဲသလို ပူပူလာတာ ဖောက်ထုတ်ရင်ရော့ ၊
နောက်တော့လဲ ပြန်ပူလာ။
အဲတော့တစ်ခါပြန်ဖောက် နဲ့သံသရာလည်နေပါတယ်။
အပြင်နာမည်ကြီးဆေးခန်းမှာ တက်ပြီး ကုတာလဲမပျောက်ပါဘူး။
ကောင်လေးခမျာ တပိန်ပိန်တလိန်လိန်နဲ့ဖြစ်နေပါတယ်။
အစားမက်လှတဲ့ ကလေး ဘာမှ မစားနိုင်စားတာနဲ့အံထွက် စိတ်ပျက်စရာ။
ဒါနဲ့နောက်ဆေးခန်းတစ်ခုကိုပြောင်းပြီး ပြတော့ အသဲခြောက်တာလို့အဖြေပေးပါတယ်။
လွန်သွားပြီလို့ပြောပါသေးတယ်။
တိကျသမှ အလွန်ဆုံးခံရင်နောက်ခြောက်လလို့ ပြောပါသေးတယ်။
ဒါနဲ့ဘဲအိမ်ပြန်သယ် ထုံးစံအတိုင်း သေမယ့်အတူတူမထူးဘူးဆိုပြီး
မြန်မာဆေး ဘုရားဆေး တရားဆေး လူတကာပြောသမျှ ညွှန်းသမျှနေရာအားလုံးကိုလိုက်ပြီး
ဆေးကုသမူ့ခံလိုက်တာ နောက်ထပ်သုံးနှစ်လောက်နေသွားရပါတယ်။

ကျွန်တော် အသိရဲ့အမေကတော့ အသက်60လောက်ရောက်မှ
နောက်ဆုံးမွေးတဲ့ကလေး ခွဲမွေးတုံးက ဘိုက်ထဲမှာ ကျန်ခဲ့တဲ့ပစ္စည်းလေးကြောင့်
နောက်အနှစ်အစိတ်လောက်နေမှ ဘိုက်ပြန်ဖွင့် …………………
နောက်တော့ရောဂါတစ်ခုပြီးတစ်ခုတိုးလာရင်း…….
အသက်ဆုံးပါးတဲ့လူစာရင်းထဲမှာလဲ နောက်တစ်ယောက်ထပ်တိုးသွားပါတယ်.။

တစ်ယောက်ကတော့ ဆရာဝန်ပါးစပ်မဆင်ခြင်လို့အသေစောသွားတယ်ဘဲပြောချင်ပါတယ်။
ဘောလုံးပွဲအလွန်ဝသနာပါတဲ့ ဦးလေးကြီး အသက်က 70နားနီးနီး။
ဘောလုံးပွဲဆိုရင် မနက် ဘယ်နှစ်နာရီဘဲလာလာ သူကြိုက်တဲ့အသင်းဆို ထကြည့် မနက်လက်ဖက်ရည်ဆိုင်မှာအာဘောင်
အာရင်းသန်သန်နဲ့ပြော မမောနိုင်မပန်းနိုင် အမြဲတမ်းလန်းဆန်းလို့ပါ။
တစ်ရက် ခြေထောက်နည်းနည်းယောင်တာနဲ့ဆေးခန်းအသွား…………
ဆရာဝန်ကလဲပွင့်ပွင့်လင်းလင်းလူနာနဲ့ဆွေးနွေး
ကျောက်ကပ်ကတော့ 90%ပျက်စီးနေပြိပါတဲ့။
ဆေးခန်းအသွားကားပေါ်ကိုလမ်းလျောက်တက်သွားတဲ့လူ၊
အပြန်မှာလူတွဲလို့ချရ၊
စိတ်ဓါတ်တွေကျသွားလိုက်တာ ဘာမှလဲကျွေးလို့မရ။
အိပ်ယာထဲလဲသွားလိုက်တာ လူမမာကြီးလုံးလုံး။
ဘာကျွေးလို့မှလဲမစား တစ်ပါတ်ပြည့်တဲ့ရက်မှာ ဘဝတစ်ပါးပြောင်းသွားပါတယ်။
တကယ်လို့များ သူ့ကိုပေးမသိဘဲ ကျိတ်ပြီးကုခဲ့ရင် အဖြေတစ်မျိုးထွက်သွားနိုင်ပါတယ်။

ဆရာဝန်ဆိုတာလဲ လူသားဘဲမို့ မှားယွင်းနိုင်တာကိုလက်ခံပါတယ်။
ဒါပေမယ့် ဆုံးဖြတ်ချက်မှားကြတာမှာ
တကယ်ကို အတတ်ပညာပေါ်မှာ မကျွမ်းကျင်လို့မှားတာလား?
ပေါ့ပေါ့ဆဆ ဆုံးဖြတ်မိလိုက်တဲ့အတွက်မှားတာလား?
နည်းပညာ ချို့ယွင်းမူ့ကြောင့်မှားတာလား ?ဆိုတာကိုတော့ ပြန်လည်ဆန်းစစ်ကြည့်ဘို့လိုအပ်လာပါပြီ။
ဘာလို့လဲဆိုတော့ သူတို့ရဲ့အမှားသည် လူ့အသက်တစ်ချောင်းနဲ့အလဲအလှယ်လုပ်ရတာကြောင့်ပါဘဲ။
ဆရာဝန်များက စေတနာကြောင့်ဘဲဖြစ်ဖြစ်
ဝတ္တရားကြောင့်ဘဲဖြစ်ဖြစ်
ငွေကြေးကြောင့်ဘဲဖြစ်ဖြစ်
ဘယ်လို့ကြောင့်ဖြစ်ဖြစ် ကုသပေးလို့ အသက်ရှင်သွားကြတဲ့လူနာများအတွက်ကတော့
သူတို့ကိုကျေးဇူးတင်ပေးရမှာလဲအမှန်ပါဘဲ။
သေချာတာတစ်ခုကတော့ ဆရာဝန်တိုင်းသည် “နော်မန်ဘက်သွန်း”လို ဆရာဝန်မျုးိ ဖြစ်မလာနိုင်ဘူးဆိုတာပါဘဲ။
ဖြစ်စေချင်တာတစ်ခုကတော့ လူ့အသက်ကယ်ရတဲ့မွန်မြတ်တဲ့ လုပ်ငန်းကိုလုပ်ရတဲ့နေရာကို
ဝါသနာမပါဘဲ ဂုဏ်ဒြပ်တစ်ခုအတွက်ဖြစ်ဖြစ် မိဘကစေခိုင်းလို့ဘဲဖြစ်ဖြစ်လာရောက်သင်ကြားကြသူတွေအစား
တကယ့်ကို ဝါသနာပါသူ တစ်ပါးသူရဲ့အသက်ကိုကယ်တင်ချင်စိတ်ရှိသူတွေသာလာရောက်သင်ကြားခွင့်ရမယ်ဆိုရင်
ပိုပြီးကောင်းမယ်လို့တွေးမိပါတယ်။
မမှားသေရှေ့နေ မသေသောဆေးသမား ဆိုတဲ့ ရှေးစကားလေးရှိပေမယ့်
အသေနည်းကြရင်ဖြင့်ပိုကောင်းမယ်လို့ထင်ပါတယ်။
အဲတော့ အသေနည်းဘို့ဆိုတာကတော့ အသက်ကယ်ဘို့အတွက်ပေးအပ်ထားကြတဲ့ဆရာသမားများအနေနဲ့
တလွဲတွေမဆုံးဖြတ်မိအောင် အသေအချာလေးစဉ်းစားကြမယ်ဆိုရင်
တကယ်ကောင်းမှာဘဲလို့တွေးမိပါတယ်။
အလွဲနည်း မသေသင့်ဘဲသေတာလည်းနည်းပါစေလို့ဆုတောင်းပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(28-5-2011)

26 comments

  • Ko Ko Aung

    May 28, 2011 at 5:48 pm

    ဆရာဝန်ဆိုတာလဲ လူသားဘဲမို့ မှားယွင်းနိုင် ပေမယ့် သူလုပ်တဲ့အလုပ်က လူ့အသက်နဲ့ဆိုင်တာမို့ အမှားအယွင်း အလွန်နည်းဘို့လိုပါတယ်။ တတ်နိုင်သလောက် လုံးဝမမှားအောင် ကြိုးစားဂရုစိုက်ဘို့က ဆရာဝန်ရဲ့တာဝန်ပါ။

    တချို့ကပြောတယ် – ဆရာဝန်ကြီးတွေက လူနာအများကြီးကို ကြည့်ရလို့ အချိန်မပေးနိုင်ဘူးလို့။
    အလွန်မှားတဲ့ဆင်ခြေပါပဲ။ ဘယ်သူက လူနာအများကြီး ကြည့်ခိုင်းလို့လဲ။ ကိုယ့်လောဘနဲ့ကိုယ် လူနာများများကြည့်ချင်တိုင်း လူနာတယောက်စီကို သင့်တော်တဲ့ဂရုစိုက်မှု မပေးတာ မမှန်ကန်ပါ ကျင့်ဝတ်နဲ့မညီပါ။

    ကြားဘူးတာတခုပြောချင်တယ်။ မြန်မာသမားတော်ကြီးတဦး (သိမ်ဖြူဆရာတော်ကြီး)က တပြည့်တဦးကို စာမေးပွဲလိုမျိုး အမှတ်ပေးတဲ့နည်းနဲ့ အရည်အချင်းစစ်တော့ ၉၈ မှတ်ရတယ်။ အဲဒီတော့ ဆရာတော်ကြီးက မင်းမအောင်သေးဘူးလို့ ပြောတယ်။ တပြည့်က ၉၈မှတ်တောင်ရတာ ဘာလို့မအောင်သလဲလို့ မေးတော့ – ဆေးဆရာဆိုတာ လူ့အသက်တွေကယ်ရတာ ၊ လူနာရဲ့အသက်ဟာ ဆေးဆရာလက်ထဲမှာရှိတာ ၊ ဒါကြောင့် ဆေးဆရာဟာ လုံးဝမမှားရဘူးလို့ ပြန်ဖြေတယ်လို့ဆိုပါတယ်။

    ဒီလောက်ကြီးမဟုတ်တောင် ဒီနိုင်ငံကဆရာဝန်များ မိမိအရည်အချင်းနဲ့စေတနာကို အခုထက်ပိုပြီး မြှင့်တင်ကြစေလိုပါတယ်။

    (ဒီရွာထဲက ဆရာဝန်များကိုတော့ မျက်နှာပူပူနဲ့ တောင်းပန်ပါတယ်။ အများနဲ့မို့ခြုံပြောရတာပါလို့။)

    အခုအိပ်ချင်လာလို့ မနက်ဖန်မှ ဒီပိုစ့်ကို ဆက်မန်းပါဦးမယ်။

    • Foreign Resident

      May 30, 2011 at 6:26 am

      For your information only,
      In Australia,
      If you want to show/meet with doctor ( let say, General Practitioner )
      ( but, In Australia, they have fellow status GP & most of the GPs are fellow status. eg; FRACGP )
      First, you have to wait about 2 hours in clinic.
      Second, you may pay around 40 A$ ( 36000 Ks ) for 10 mins.

      If you want to show/meet with specialist doctor,
      First, you have to wait from 1 month to 6 months ( unless emergency ).
      Second, you may pay minimum 100 A$ ( 90000 Ks ) for 30 mins.

      May be, Myanmar FRCP/FRCS want to have the same earning like foreign.
      ( eg, average fellow GP can earn minimum 1000 A$ per day ( 900000 Ks per day ) )

      ( But, myanmar FRCP/FRCSs are not apparently competent ( like foreign doctors )
      because, they don’t have much time to learn after their FRCP/FRCS &
      in foreign country, you need to learn continuously by law.
      ( they have point system to follow each year ))

      How do you think ???
      It may be difficult to have a good health care with a cheaper price.
      Can Myanmar people pay 50000 Ks for 30 mins consultation with FRCP/FRCS ???

      I know most of Myanmar people will blame me for this comment.
      But, I also know the feeling of Myanmar Doctors FRCP/FRCS,
      as my wife, brother, mother & friends are Doctors
      ( some in Myanmar, some in Foreign & some are Fellow ).

      I think, we need to make our country rich first.
      Sorry.
      For your information only.

      • Foreign Resident

        May 30, 2011 at 7:24 am

        In conclusion,

        မြန်မာပြည်မှာက…
        (1) ခေတ်မှီစက်တွေ ချို ့တဲ့တယ်..။
        (2) ခေတ်မှီဆေးဝါးတွေ ချို ့တဲ့တယ်..။
        (3) အခြေခံလူတန်းစားတွေ ပိုက်ဆံ မတက်နိုင်ပါ..။
        (4) Doctor : Patient ratio မမျှတပါ..။ ( ပိုက်ဆံ မရလို့ပါ )
        (5) ဆရာဝန်ကြီးတွေက လူနာအများကြီးကို ကြည့်ရလို့ အချိန်မပေးနိုင် ပါ..။ ( ပိုက်ဆံ မရလို့ပါ )
        (6) ဆရာဝန်တွေ လူနာအပေါ် ပေါ့တီးပေါ့ဆလုပ် လာပါပြီ်။ ( ပိုက်ဆံ မရလို့ပါ / no incentive )
        (7) ဆရာဝန်အရည်အသွေးတွေ တော်တော်ချို့တ ဲ့လာပါပြီ်။ ( ပိုက်ဆံ မရလို့ပါ / no incentive )

        Now, the best of Myanmar are not learning in State High School & they are learning in Diplomatic School & International School. Later, they go to Oversea Universities.

        Now, the entrance/minimum marks for Myanmar Maritime University is 25 marks more than Institute of Medicine. So, let consider, the second best of Myanmar are learning in Myanmar Maritime University.

        Then, what can we expect much from recent Institute of Medicine ?
        ( ဒီရွာထဲက ဆရာဝန်များကိုတော့ မျက်နှာပူပူနဲ့ တောင်းပန်ပါတယ်။ but, it is realities, Sorry )

      • eros

        May 30, 2011 at 8:32 am

        ဆရာကြီး ဪဇီက ဪဇီလေ။ မြန်မာက မြန်မာပါ။ တကယ် လိုနေတယ်ထင်တာ ပညာ အရည်အသွေးမြှင့်ဖို့ပါပဲ။ လုပ်ပါဦး ဪဇီက အစိုးရ ကျန်းမာရေးစောင့်ရှောက်မှု စနစ်လေး။

      • Foreign Resident

        May 30, 2011 at 11:54 am

        Yes, Eros,
        I need to admit some things,

        Actually, patient doesn’t need to pay this 40 A$ ( 36000 Ks ) to meet with General Practitioner,
        In fact, Australia Medicare system will pay this 40 A$.
        ( not only for Australia Citizen, also included the Permanent Resident )

        Moreover, if you are a senior citizen or indigenous people,
        then, you need to pay only 5 A$ for any medicine and Government will pay the rest.
        (eg, if the medicine price is 200 $ then you need to pay only 5 $ & Government will pay 195 $)

        Furthermore, if you are too old to do your daily chores or unable to take care of your self,
        you have the right to hire a carer/helper for you & Government will pay for it.
        ( eg, some Myanmar elders in AU got 3500 $ per month for a carer allowance and
        they also get another 1500 $ per month for their pension,
        finally, they got 5000 $ per month per person from government & other more )

        I wish, some days, our mother land can has this situation.

        • eros

          May 30, 2011 at 12:11 pm

          ကျေးဇူးပါ။ ဘာသာပြန်လိုက်ရင် ပိုကောင်းသွားမလားလို့။

  • Ko Ko Aung

    May 29, 2011 at 3:45 am

    “ဆရာဝန်လဲလူပဲ မှားတတ်တာပေါ့ ’’ (၂)
    ဒါပေမယ့် ဆရာဝန်ဆိုတာ ရိုးရိုးလူမဟုတ်ဘူးလေ ။ သူကိုင်တွယ်ရတဲ့ လူ့အသက်တွေအတွက် တာဝန်ရှိတဲ့လူ။ ပိုဂရုစိုက်ရမယ်။

    ဥပမာ ကားမောင်းတာနဲ့ လေယာဉ်မောင်းတာ ကွာသလို တခြားအသက်မွေးဝမ်းကြောင်းမှုနဲ့ ဆေးဆရာနဲ့ ကွာပါတယ်။ ကားမောင်းရင် သာမန်ဂရုစိုက်မှုမျိုးနဲ့မောင်းလို့ရတယ်။ လေယာဉ်မောင်းတဲ့သူကတော့ အထူးဂရုစိုက် ပြီးမောင်းရလိမ့်မယ်။ မမောင်းခင်ကတည်းက ဂရုစိုက်ပြီး စစ်ဆေး ပြင်ဆင်ရလိမ့်မယ်။ မမောင်းချင်ရင် အစကတည်းကမမောင်းပါနဲ့ ၊ လေယာဉ်မောင်းချင်ပြီး မောင်းခွင့်မရတဲ့သူတွေ များစွာရှိပါတယ်။ တာဝန်ကြီးလို့ ဂရုစိုက်ရလွန်းလို့ ဆရာဝန်အလုပ်ကို မလုပ်ချင်ရင် အစကတည်းကမလုပ်ပါနဲ့။ သူများကိုဖယ်ပေးလိုက်ပါ။ မြန်မာပြည်မှာ ဆေးကျောင်းသား အရေအတွက်ကို အကန့်အသတ်နဲ့ခေါ်တာပါ။

    ဆေးဆရာလဲ မတော်တဆ မှားနိုင်ပါတယ်။ မေ့လျှော့ပြီးတော့မှားနိုင်ပါတယ်။ ရရှိတဲ့ အချက်အလက် မလုံလောက်လို့ မှားနိုင်ပါတယ်။ မိမိအတတ်ပညာ မလုံလောက်လို့ မှားနိုင်ပါတယ်။ လိုအပ်တဲ့ပံ့ပိုးမှု မလုံလောက်လို့ မှားနိုင်ပါတယ်။ ဒါပေမယ့် ပေါ့ဆပြီးတော့ တော့ မမှားသင့်ပါ။ အဲသလိုမမှားအောင်လဲ ဆေးကုသရာမှာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအဆင့်ဆင့် ရှိပြီးသားပါ။
    ဥပမာ – လူနာရဲ့ထွက်ဆိုချက်ကိုယူရမယ် ။ လူနာရဲ့ ရောဂါနဲ့ဆေးဘက်ဆိုင်ရာ ဖြစ်စဉ် (history) ကိုယူရမယ်။ လူနာရဲ့မျက်မြင်အခြေအနေကို မှတ်သားရမယ်။ ရုပ်ပိုင်းဆိုင်ရာ ကနဦးစမ်းသပ်ချက် (သွေးပေါင်ချိန်တာ၊ အပူချိန်တိုင်းတာ၊ သွေးချိုတိုင်းတာ၊ မျက်စိသူငယ်အိမ်နဲ့ သွေးကြောအခြေအနေကြည့်တာ) လုပ်ရမယ်။ danger factors အန္တရယ်ရှိ အချက်များကို မေးမြန်းရမယ် (ပင်နယ်ဆလင်နဲ့တည့်လား၊ တက်တဲ့ရောဂါရှိလား၊ မတည့်တဲ့ဆေးရှိလား စသည်)။ အဲဒါကိုလဲမှတ်သားရမယ်။ ပြီးတော့မှ လိုအပ်သလိုစစ်ဆေးစမ်းသပ်ပြီး ရောဂါအမည်တပ်မယ်။ ကုသမှုလုပ်မယ်။ စသည်စသည်ဖြင့် …….

    ဟုတ်လို့လား ။ ကျွန်တော်ဆေးခန်းပြတဲ့အကြိမ်မနည်းတော့ဘူး ။ ကိုယ့်မျက်နှာတောင် စေ့စေ့ကြည့်ခံရတာ တော်တော်ရှားပါတယ်။
    (ဒီရွာထဲက ဆရာဝန်များကို မျက်နှာပူပူနဲ့ တောင်းပန်ပါတယ်။ အများနဲ့ခြုံပြီးပြောရတဲ့ကိစ္စမို့ပါနော်။)

  • kai

    May 29, 2011 at 5:39 am

    ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း..နိုဝင်ဘာလက.. ယူအက်စ်ကို မြန်မာပြည်က အသည်းဆရာဝန်ကြီးလာတယ်..။
    သွေးထဲရောဂါရှာတဲ့စက်လာဝယ်တာ..။
    တိုတိုပြောရရင်… အဲဒီလိုနဲ့.. စက်အကြောင်းနားလည်သူ.. စက်တွေကိုင်နေသူတယောက်နဲ့.. စကားနည်းနည်းပြောဖြစ်တယ်ပေါ့…။
    ယူအက်စ်မှာ အဲဒီလိုစက်က ဈေးသိပ်မကြီးပေမဲ့.. စစ်ဆေးချက်တွေအမြဲမှန်နေအောင်.. ထိမ်းသိမ်းပြုပြင်တဲ့စရိပ်စကက ကြေးကြီးတယ်..။
    အထဲက.. ဆေးကြောရတဲ့..အရည်တို့.. ဓါတုဆေးဝါးတို့လည်း.. ပုံမှန်ထောက်ပံ့နိုင်ဖို့လိုတာပါ..။
    အဲဒါအပြင်… စက်ကိုင်စစ်ဆေးရတဲ့..သူကလည်း.. လက်မှတ်ရပညာရှင်ဖြစ်ရပါတယ်…။
    ဆိုတော့…
    (မြန်မာပြည်မှာ)စက်ဝယ်ထားတိုင်း.. လူနာတွေသွေးကို… စက်နဲ့စမ်းသပ်နိုင်တိုင်းတောင်… တကယ်မှန်ကန်တိကျသေချာဖို့… မဖြစ်နိုင်သေးဖူး..ဆိုလိုချင်တာပါ…။

    လူနာတယောက်မှာ.. ဘာဖြစ်နေသလည်း သိအောင်.. စက်နဲ့စစ်ဆေးပြိး.. အဲဒီစက်ကိုင်ပညာရှင်က ..ပေးလိုက်တဲ့.. မှတ်ချက်မှတ်တမ်းကြည့်ပြီး.. ဆရာဝန်တွေက ..ဘာလုပ်ရမလည်း.. ဆုံးဖြတ်ရတာပေါ့..။
    မြန်မာပြည်မှာက… ခေတ်မှီစက်တွေအရမ်းချို ့တဲ့တယ်..။
    ခေတ်မှီဆေးဝါးတွေချို ့တဲ့တယ.်…။

    အဲဒီလို… စက်တွေကထုတ်ပေးတဲ့…ရလဒ်ကြည့်ပြီး.. ဆရာဝန်တွေ.. အမှားဆုံးဖြတ်ဖို့…ရာခိုင်နှုန်းတော်တော်များနိုင်ပါတယ်..။
    တကယ်သာငွေရှိရင်… ဘာဖြစ်သလည်း …တိတိကျကျသိချင်ရင်… (ဒီနှစ်တွေမှာတော့…) ဘန်ကောက်…စင်္ကာပူထွက်တာ.. အဆင်ပြေပါလိမ့်မယ်..။
    ==
    ပြောရရင်… ဒီလိုကိစ္စမျိုးတွေ..ဒီမှာများများရေးစေလိုပါတယ်..။
    ယူအက်စ်မှာ ရှိတဲ့.. မြန်မာဆရာဝန်တွေတော်တော်များများ.. ဒီမှာဖတ်နေတယ်.. ထင်လို့ပါ…။
    သူတို့တွေ.. တွေးနိုင်စဉ်းစားနိုင်မယ်ပေါ့…။

    • eros

      May 29, 2011 at 9:24 am

      တကယ်တမ်းကျတော့ စက်ချို့တဲ့မှု ဆေးဝါးချို့တဲ့မှုတွေ နဲ့ ဆိုင်နေသလို ဆရာဝန်တွေရဲ့ လူနာအပေါ် ပေါ့တီးပေါ့ဆလုပ်တာ ပညာချို့တဲ့တာတွေနဲ့ အများကြီးဆိုင်ပါတယ်။

      ရှေးခေတ်တုန်းကလည်း စက်တွေ ချို့တဲ့နေပေမယ့် ရောဂါကို တခြား ကုတာတခြား ကြားရခဲတယ်။ အခုခေတ်မှာ တော်တော်များလာတယ်။ စက်ဘယ်လောက်ကောင်းကောင်း လူက အသုံးမကျရင် အလကားပဲ။ စက်မရှိတဲ့ ခေတ်တွေတုန်းက ဘယ်လိုလဲ။ ဘယ်လို ကုလာသလဲ စဉ်းစားဖို့လိုလာပြီ။ စက်က ဆုံးဖြတ်တာ မဟုတ်ဘူး လူက ဆုံးဖြတ်တာပါ။ ဆရာဝန်အရည်အသွေးတွေ တော်တော်ချို့တဲ့လာပြီလို့ထင်ပါတယ်။ တရားလက်လွတ် တာဝန်မခံရတိုင်း လုပ်ချင်သလို လုပ်လာပါပြီ။ ဆရာဝန်များ မိမိတို့သည် လူအသက် နှင့် အလုပ်လုပ်နေသည်ကို သတိပြုကြပါ။ စက်အဖြေကိုကြည့် ဟိုလုပ်ဒီလုပ်ဆိုရင်တော့ ကားဝပ်ရှော့က နပ်ဖြုတ် နပ်တပ် ပစ္စည်းလဲ အလုပ်သမားသာသာ ဖြစ်သွားမှာပါ။ မိမိဆီရောက်လာတဲ့ လူနာသည် မည်သည့်ရောဂါ ဖြစ်နိုင်သည်ကို သေသေချာချာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုလုပ်ရန် လမ်းညွှန်ရန်လိုပါသည်။ လိုတာရော မလိုတာရော အကုန်စစ်ဆေးပြီးမှ အဖြေထုတ်ရင် လူနာ မလိုအပ်ပဲ ကုန်ကျစားရိတ်ဝန်ပိစေပါသည်။ ထိုသို့ အကုန်စစ်ဆေးတာတောင်မှ ရောဂါမှားတဲ့ ဆရာဝန်က အများအပြားပါ။

      http://myanmargazette.net/50031/creative-writing

      maythakhin says: မေရဲ့ အဒေါ် ချောင်းအရမ်းဆိုးလို့ဆိုပြီး specialist ကို ပြတော့ တီဗွီခြောက်ဖြစ်လို့ ဆေး(၆)လ သောက်ခိုင်းတယ်။ ဒါပေမဲ့ ချောင်းဆိုးမပြတ်ဘူး။နေ့တိုင်းဆိုးနေတယ်။ (၆)လပြည့်တော့ ထပ်ပြတော့ နောက်ထပ်ဆေး(၆)လ ထပ်သောက်ခိုင်းတယ်။ အဲဒီမှာ အကိုတွေက တီဗွီသေချာလား ကင်ဆာများဖြစ်နေမလား အဆုတ်မှာ sport လေးတွေတွေ့တယ်ဆိုတော့ သေချာရောဂါရှာဖွေပေးပါ။ဆရာဝန်ကြီးက သေချာပါတယ် ဒါတီဗွီဖြစ်တာပါဆိုပြီး ပြောလိုက်တယ်။ဆေးထပ်ပေးလိုက်တယ်။ဒါပေမဲ့ လူနာကလုံးဝကောင်းမလာဘူး။ချောင်းက အိပ်မရအောင်ကိုဆိုးတယ်။ အဲဒီဆရာဝန်ကြီးကလည်း တကယ့်ကို great ဆရာဝန်ကြီး။ ဒါနဲ့ပဲ အဲဒီဆေးရုံကပဲ ရိုးရိုးဆရာဝန်မလေးကို ဓါတ်မှန်ပြပြီး နောက်တကြိမ်သေချာအောင်ထပ်စစ်ခိုင်းတော့မှ ကင်ဆာဖြစ်နေတာ။

      Shwe Tike Soe says:အင်းအဲလို ပါပဲကျွန်တော် အသိတစ်ယောက်လဲ အူအတက်ပေါက်တာဆိုပြီး မှားခွဲတာ မပေါက်လဲမပေါက်ပဲနဲ. ခွဲတော့ B ပိုးဝင်သွားလို. ကုလိုက်ရတာ

      ကဲ သူကြီးရေ အပေါ်က ကွန်မန့် တွေကို quote လုပ်တဲ့ သဘောက မြန်မာပြည်က ဆရာဝန်တွေ ဘယ်လောက် တာဝန်မဲ့မဲ့ ပြုမူနေသလဲ ဆိုတာပါ။ ဘယ်လောက် ပညာအရည်အသွေးချို့တဲ့ နေပြီကိုပြောတာပါ။ သူကြီးပြောတဲ့ ရောဂါဇစ်မြစ်ရှာတာ ဆရာဝန်အလုပ်ချည်းပဲ မဟုတ်ဘူးဆိုပါတယ်။ ဒါဆိုရင် မေသခင် ပြောတာဟာ ဘယ်လိုလုပ်ပါမလဲ။ အရင်ကလည်း ဒီစက်တွေမရှိခင်တုန်းက ရောဂါမှားကုတယ် ဆိုတာ ခပ်ရှားရှား ကြားဘူးပါတယ်။ ကိုရွှေတိုက်စိုးပြောတာဟာ ရောဘယ်လိုပါလဲ။ ဒီစက်တွေ တီထွင်လာတယ်ဆိုတာ က ဆုံးဖြတ်ချက် ရာနှုန်းပြည့်ကျော်လွန်တိကျ စေဖို့။ အချိန်ကုန်သက်သာဖို့ပါ။ ဆရာဝန်တွေကို တာဝန်မဲ့စေဖို့ မဟုတ်ပါဘူး။ စက်က စက်ပါပဲ လူကလူပါပဲ။ လူက တာဝန်အရှိဆုံး၊ လူက မှန်ကန်စွာ သုံးသပ် ဆုံးဖြတ်နိုင်ရမှာပါ။

      • eros

        May 29, 2011 at 9:32 am

        သေချာတာကတော့ အခြေခံလူတန်းစားတွေက ရောဂါဖြစ်ရင် ဆေးဖိုးမတက်နိုင်လို့ မကုနိုင်ပဲ သေရမှာပါ။

        • warm

          May 29, 2011 at 4:56 pm

          အသေအချာပဲပေါ့ eros ရယ် တစ်နေ့ ညီမလေး က ဗိုက်အောင့်တယ်ဆိုပြီးငိုနေလို့ ဆေးခန်းသွားပြတာလေ အဲ့မှာ ဆရာဝန်က စမ်းသပ်ပေးပြီးတော့ တစ်ခွန်းမေးတယ် ပိုက်ဆံဘယ်လောက်တတ်နိုင်လဲတဲ့ …. အဖေက မျက်လုံးပြူးသွားတာပေါ့ အဲ့ဒါနဲ့ ဘာဖြစ်လို့လဲဆရာလို့မေးရော အူအတတ်ရောင်တာ ခွဲစိတ်ရမယ် ၃သိန်းလောက်ကုန်မယ် လို့ ပြန်ဖြေပါတယ် အကယ်၍သာ ပိုက်ဆံမတတ်နိုင်ဘူးဆိုရင် ? ….ဆရာဝန်မေးတာလည်းသဘာဝကျပါတယ် သူက ရောဂါကို ရှာဖွေစစ်ဆေးပေး လို့ရတယ် ဝေဒနာသက်သာမဲ့၊ ပျောက်မဲ့ ဆေးဝါး တွေကိုလမ်းညွှန်ပေးလို့ရတယ် ဒါပေမဲ့ လိုအပ်တဲ့ ဆေးဝါး နဲ့ ခွဲစိတ်ခန်းစရိတ်တွေကို သူမှမဖြေရှင်းပေးနိုင်တာ ဆရာဝန်တိုင်းလည်း မချမ်းသာဘူးလေ သူ့မှာလည်း မိသားစုဆိုတာ ရှိသေးတာကိုးးးး

    • nozomi

      May 30, 2011 at 4:03 am

      သူကြီးပြောတဲ့ ကိစ္စ ကျွန်တော်လည်း စိတ်ဝင်စားလို့ မေးဘူးပါတယ် ဆီး၊ဝမ်း၊သွေး မိသားစုမှာ စစ်ဘို့လိုတိုင်း စစ်နေကျ Lab တစ်ခု ရှိပါတယ် ကြာလာတော့ ခင်လာတာ နဲ့ မေးဘူးပါတယ် စက်မှန်ရင် အချိန်တစ်ခုကြာလာတိုင်း လွဲချော်မှုတွေ ရှိနိုင်တဲ့အတွက် သတ်မှတ်ကာလတိုင်းမှာ calibration လုပ်ဘို့လိုတယ် လုပ်သလားဆိုတော့ ယောင်ဝါးဝါးနဲ့ပဲ ပြန်ဖြေတယ် မလုပ်ကျဘူးလို့ သုံးသပ်ရတာပဲ အဲဒါကြောင့်လဲ ဒီဆေးခန်းမှာစစ်တော့ HIV ရှိတယ် နောက်တစ်နေရာကျ မရှိဘူးဆိုတဲ့ ပြသနာတွေရှိနေတာပေါ့ လောလောဆယ်တော့ သူကြီးပြောသလို စင်္ကာပူလဲ သွားမစစ်နိုင် ရွေးချယ်စရာ မရှိတဲ့ အခြေအနေမှာတော့ ဒီနေရာတွေပဲ စစ်နေရတာပဲ အဲဒါတွေကို ထိန်သိမ်းကြီးကြပ်ဘို့ကတော့ အစိုးရရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ တာဝန်ရှိတယ် သူတို့အာရုံစိုက်လာအောင် မီ
      ဒီယာတွေက များများပြောပေးရမှာပဲ

  • MaMa

    May 29, 2011 at 7:20 am

    အဖေဆုံးပြီးခါစက မကြာခဏ ပြောမိတဲ့စကားတစ်ခွန်းရှိတယ်။ ဆရာဝန်တွေရဲ့ လက်ထဲမှာ လူနာတစ်ယောက်ရဲ့အသက်ဟာ ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အဖိုးမတန်ဘူး လို့။

    • nature

      May 31, 2011 at 5:10 pm

      လက်တွေ့မှာ စမ်းသပ်ဆေးတွေဈေးကြီးပေးဝယ်ခဲ့ရပြီး အသက်ရှုံးခဲ့တဲ့သူတွေအတွက်တော့ (ဆရာဝန်တွေရဲ့ လက်ထဲမှာ လူနာတစ်ယောက်ရဲ့အသက်ဟာ ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အဖိုးမတန်ဘူး လို့။)အဲဒီဆရာဝန်ကိုပြောသင့်ပါတယ်၊ ဒါပေမဲ့ငခုံးမတကောင်ကြောင့်တလှေလုံးမပုပ်သင့်ပါဘူး။ ဆရာဝန်ဆိုတာလည်းလူပါပဲ။မမှားသောရှေ့နေ မသေသောဆေးသမားဆိုတာမရှိပါ။

  • ဒါလေးကတော့ ချောကလက်မြို့တော်ဆိုက်မှ ဝေဖန်စာလေးပါ။
    သူရေးတာကောင်းလု့ိ ရွာထဲကလူတွေဖတ်ရအောင်တင်ပေးလို်က်ပါတယ်။
    Comment by KyAw SoE HtEt 1 hour ago
    မှတ်ချက်ဖျက်မယ်

    ဟုတ်ကဲ့။ ဆရာဝန်တွေချည်းကိုပဲပြောနေလို့မပြီးသေးပါဘူးခင်ဗျာ။ service တစ်ခုကို provide လုပ်ရာတွင် provider and consumer ဆိုတာရှိပါတယ်။ provider မှားသလို consumer ဘက်ကလည်းမှားတာတွေရှိပါတယ်။ ခိုင်းထားတာတွေ မလုပ်တာတွေ၊ ဆေးသောက်ခိုင်းထား၊ ညွှန်ကြားထားတာတွေကို မလိုက်နာလို့ ဆရာဝန်တွေ အနိုင်နိုင်လုပ်ရတာတွေလည်းအများကြီးပါပဲ။ နောက်တစ်ခါ ရောဂါအမည်တပ်ခြင်း (diagnosis) ဆိုတာက စက်ပစ္စည်းကိရိယာတွေ စုံလင်နေတဲ့ ရန်ကုန်၊ မန္တလေးလိုနေရာမျိုးတွေမှာတောင် နိုင်ငံခြားပြန် ဆရာကြီး၊ ဆရာမကြီးများခေါင်း ချင်းဆိုင်ဆွေးနွေးတာတောင် ရောဂါအမည်မပေါ်တာတွေရှိပါတယ်။ diagnosis ဆိုတာ အနုပညာတစ်မျိုးပါ။ history taking, physical examination and lab diagnosis ဆိုတဲ့ အချက်သုံးချက်တင်မဟုတ်ပါဘူး။ အဲဒီအချက်သုံးချက်ကနေ တိကျတဲ့ အဖြေတစ်ခုမထွက်သေးရင် presumptive diagnosis (ယူဆရသော ရောဂါအမည်တပ်ခြင်း) နှင့် diagnosis of exclusion (ကျန်တာအားလုံးမဖြစ်နိုင်သောကြောင့် ထိုရောဂါကို အမည်တပ်လိုက်ရခြင်း) တို့ရှိပါသေးသည်။ တစ်ခါတရံတွင် ထိုရောဂါဟုဘာကြောင့်အမည်တပ်ရသလဲဟူသော မေးခွန်းအတွက် တိကျသော စမ်းသပ်မှုအဖြေများမရှိသော်လည်း clinician တွင် အကြောင်းရင်တစ်ခုခုရှိနေပါသည်။ ထို့အပြင် ကွန်ပျူတာတစ်လုံးကို ပြင်ဆင်ရာတွင် တိကျသော manualနှင့် circuit and hardware များကို ကျွမ်းကျင်ရုံနှင့် ပြုပြင်ခြင်းကို ပြုလုပ်နိုင်သော်လည်း ဆရာဝန်များတွင် ဆေးပညာဆိုင်ရာဘာသာရပ်များ (anatomy ဟုခေါ်သော ခန္ဓာဗေဒ (လူcircuit board) အကြောင်း၊ pathology ဟုခေါ်သော ရောဂါဗေဒ(problem list)အကြောင်း၊ medicine ဟုခေါ်သော ဆေးပညာ (troubleshoot and A+)စသည်တို့ကို ထုံးလိုချေ ရေလိုနှောက် လေ့လာထားသော်လည်း ရောဂါများက တခါတရံတွင် စာအုပ်ထဲတွင်ရေးထားသော typical feature ဖြင်းမလာတတ်ပါ။ ဆရာဝန်များကို အလွန်လှည့်စားတတ်ပါသည်။ ဆရာဝန်များသည်လည်း နှလုံးသားနှင့် သွေးသားနှင့် တည်ဆောက်ထားသော လူများဖြစ်သဖြင့် လူတစ်ယောက်ကို မသေစေချင်သည်မှာ အထူးတလည်ပြောစရာလိုမည်မထင်ပါ။

    ဆရာဝန်များဘက်မှ လူနာကို တခါတရံတွင် informed consent တောင်းခံခြင်းနှင့် ရောဂါအကြောင်း inform လုပ်ရခြင်းတို့ရှိပါသည်။ ထိုသို့လုပ်ရာတွင် လူနာဘက်မှ information သိရန်လိုအပ်သည်ဟုထင်၍ information ပေးရခြင်းဖြစ်ပါသည်။ ထိုသို့သော အချိန်မျိုးတွင်လည်း misunderstanding မဖြစ်အောင် စကားလုံးမှအစ၊ approach and presentation ကို သေချာစဉ်းစားပြီးမှ ပြောပြလေ့ရှိပါသည်။ သို့သော် လူနာတိုင်းသည် background education status, perception level and emotional acceptance တို့ကွာခြားခြင်းကြောင့် ကိုပေါက်ပြောသော လူနာကဲ့သို့ ဖြစ်သွားရခြင်းဖြစ်ပေမည်။ ဆရာဝန် ပါးစပ်အားတိုင်းလျှောက်ပြောရအောင် မအားပါ။ လူကို လူအတိုင်းသာဆက်ဆံပါသည်။

    ထို့ကြောင့် ကိုပေါက်သည် ပါးပါးလေးတွေထားသောကြောင့် အထူအပါးကို နားလည်နိုင်စေရန် ပြန်လည် တင်ပြရပါသည်။

    • eros

      May 29, 2011 at 9:40 am

      အင်းအင်း ဒီတော့ကာ သူကြီးပြောသလို စက်ပစ္စည်းချို့တဲ့တာ ပဓာနကျတဲ့ ပြဿနာ မဟုတ်ဘူးဆိုတာ မီးမောင်း ထိုးပြနေသလိုပါပဲ။

  • ဒါကတော့ ကိုပေါက်က ပြန်မန်းထားတဲ့စာလေးပါ။
    Comment by ကိုပေါက် မန္တလေး 15 minutes ago
    မှတ်ချက်ဖျက်မယ်

    ညီလေးကိုကျော်စိုးထက်ရေ

    ဒီပိုစ်မှာ ကျွန်တော်ကအဖြစ်မှန်များကို မျှတစွာရေးထားပါသည်။

    ဆရာဝန်များကို တစ်ဘက်သတ်အပြစ်ပုံချလိုသော သဘောမရှိပါ။

    ဒီပိုစ်မှာ ပါဝင်သော အကြောင်းအရာများသည် အမှန်တကယ်ဖြစ်ခဲ့ဘူးသော အချက်အလက်များဖြစ်ပါသည်။

    အားလုံးဆင်ခြင်ကြစေဖို့ ရည်ရွယ်လို့ရေးပါတယ်။

    ကိုပေါက်က အတွေးပါးပါးလေး ဘဲရေးပေးပါတယ်။

    ဆက်ဆွေးနွေးကြစေချင်လို့ သူများအတွက် ချန်ထားပေးခြင်းဖြစ်ပါတယ်။

    တကယ်လို့ များ မဖတ်ရသေးရင် ကျွန်တော်ရေးတဲ့ အကယ်၍သာ ဆိုတဲ့ပိုစ်ကို ဖတ်ကြည့်လိုက်ပါ။

    ပူပူနွေးနွေးဖြစ်ထားတဲ့ကိစ္စကို ပါးပါးလေး တင်ပြထားတာပါ။

    ကျနော်စာရေးတဲ့အခါမှာ အဖြစ်အပျက်အမှန်တွေရေးတာတောင် မှ ကာယကံရှင်ထိခိုက်နစ်နာမူ့မရှိအောင် ရေးပါတယ်။

    မဟုတ်ဘူးလို့ထင်ရင်တော့ ကျွန်တော်က လူနာမည်နဲ့ အဖြစ်အပျက်ကို အတိအကျပြောပြနိုင်ပါတယ်။

    ဒီပိုစ်ရည်ရွယ်ချက်သည် ဆင်ခြင်နိုင်အောင် ရေးတာပါ။

    အတင်းပြောသလို လက်အားနေလို့ ရေးတာမဟုတ်တာကိုတော့ နားလည်စေချင်ပါတယ်။

    သေချာပြန်ဖတ်ရင် ကျနော့်စေတနာကို ညီလေးမြင်လာမယ်ထင်ပါတယ။်။

    အခုလိုပြန်ပြောပေးခြင်းသည်လည် းညီလေးတို့ဘက်က ခံစားချက်ကို ပွင်ံလင်းစွာပြောနိုင်အောင်ဖွင့်ပေးလို်က်ခြင်းပါ။

    ဖတ်ပြိး မှတ်ချက်တွေရေးပေးတာကို ကျေးဇူးတင်ပါတယ်။

    နောင်လဲ အခုလိုမှတ်ချက်တွေပေးစေချင်ပါတယ် ညီလေးရေ

  • manawphyulay

    May 29, 2011 at 9:25 am

    အင်း… ရန်ကုန်မှာလည်း ခုလက်ရှိကို ဒီလိုကိစ္စတွေ ဒုနဲ့ဒေး ရှိနေသေးပါတယ်။ ဘယ်အချိန်များမှ ပြင်ကြမလဲဆိုတာ မသိသေးပါဘူး။ ဒီကြားထဲ ဝန်ထမ်းတွေက ငေါက်လိုက်ငမ်းလိုက်တာလည်း မပြောချင်တော့ပါဘူး။ မနော နားဆေးရုံသွားပြတုန်းကလည်း ကိုယ်တိုင်ကြုံခဲ့ရသေးတယ်။ ဆေးရုံမှာ ရေးထားတာကတော့ လူနာများကို ကြင်နာစွာ ဆက်ဆံပါတဲ့။ ကပ်ထားတာနဲ့ တခြားဆီ ကြုံခဲ့ရတယ်။ ဆရာဝန်ပဲ ပြေပြေလည်လည်ပြောလည်း ဒီစကားပဲကို သူ့ဝန်ထမ်းလား အောင်းမေ့ရတယ်။ဒီကြားထဲ အလှူငွေဆိုပြီး ဖလားနဲ့ခံထားတာ ရှိသေး အလှူငွေမထည့်ရင် ဆေးမပေးတဲ့ပုံစံလုပ်ထားတာကို ကိုယ်တိုင်ကြုံခဲ့ရတယ်။ အဲဒီထဲက ဆေးရုံကို သွားမပြတော့ဘူး။

  • padonmar

    May 29, 2011 at 3:03 pm

    အဓိကကတော့ Dr:Patient ratio မမျှတ တာ လို့ မြင်ပါတယ်၊
    ကျွန်မတို့ရဲ့ ဆရာမကြီး ပါမောက္ခ Dr ဒေါ်နှင်းရီဟာ သူ့ အိမ်မှာပဲ ဆေးခန်းထိုင်ပါတယ်၊သူ့လက်ထောက်က သွေးပေါင်ချိန်တာပဲလုပ်ပေးရပါတယ်၊
    လူနာကို ပထမဆုံးတွေ့တဲ့အခါ သူကိုယ်တိုင် 3rdMB ကျောင်းသားလေးတွေ history ယူတဲ့ စံနစ်အတိုင်း မေးပြီး စံနစ်တကျစမ်းသပ်ပါတယ်၊လွတ်သွားတယ် မှားသွားတယ်ဆိုတာ မကြားဖူးပါဘူး၊
    ဆေးကျောင်းသားတွေ ဆရာဝန်တွေ ဒီ medical field ထဲက ဆိုရင် သူ့ တပည့်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊consultant fee မယူတဲ့ အပြင် ဂရုတစိုက် ကုပေးပါတယ်၊
    အခုလည်းအဘ ဦးလှမြင့် ဦးဆောင်ပြီး medical ethics ကိစ္စ ဆွေးနွေးနေပါတယ်၊
    အကောင်အထည်ပေါ်လာမယ်လို့လည်း မျှော်လင့်နေပါတယ်၊
    ဆေးကျောင်းသားတွေကိုလည်း medical ethics ကို subject တစ်ခုအနေနဲ့ သင်မယ်လို့ ကြားမိပါတယ်၊
    အခု India,Thailand,Singapore specialist တွေ သူတို့ဆေးရုံအတွက် marketting ပဲ ပြောပြော ဒီကိုလာပြီး လူနာကြည့်ပေး seminar လုပ်ပေးနေတာတွေတွေ့ရတိုင်း နိုင်ငံခြားရောက် မိတ်ဆွေ သူငယ်ချင်း၊senior junior ဆရာဝန်တွေကို တမ်းတမိပါတယ်။
    အုပ်ချုပ်သူမကြိုက်လို့ ဒီမြေမှာ အသက်မမွေးတော့ရင်လည်း ယာယီဖြစ်စေ ဆေးပညာစသင်ခဲ့ရတဲ့ တိုင်းပြည်ကို ပိုသိလာတဲ့ knowledge တွေ ဖြန့်ဝေပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲလို့တွေးမိပါတယ်၊
    တကယ်လို့များ ဟိုက စံနစ်အတိုင်း treatment တွေပေးနိုင် seminar တွေ လုပ်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။

    • kai

      May 29, 2011 at 10:22 pm

      ပြောရရင်… မြန်မာပြည်ကဆရာဝန်တွေ… ယူအက်စ်ကို ခဏခဏseminar လာကြပုံပေါ်တယ်..။
      ခဏခဏကို တွေ့တယ်..။ ကြားရတယ်..။
      ဆိုင်ရာမြို ့ကြီးတွေမှာ.. မြန်မာဆရာဝန်အသင်းတွေလည်း ရှိနေပြီး. မြန်မာဆရာဝန်တွေလည်း.. ယူအက်စ်မှာအနေကြာအခြေကျနေကြပြီမို ့… မကြာမတင်နှစ်တွေမှာ.. မြန်မာပြည်ပြန်ကြည့်ကြမယ် ထင်ရတာပါပဲ..။
      ယူအက်စ်က ဆရာဝန်တွေ.. ဟိုးနှစ်တွေက… မြန်မာပြည်က ကလေးမတယောက်.. ဆရာဝန်ကြီးတယောက်ကုလို့.. ဆုံးပါးသွားတာမျိုးမှာ.. တော်တော်စိတ်ဝင်တစားတုံ့ပြန်ကြတာတွေ့ရဖူးတယ်..။ ဝါ၊သဘာ သိပ်မကွာသူတွေလည်း များတာကိုး..။

      မြန်မာပြည်ဆေးလောကအတွက်… ဆရာကြီးဦးလှမြင့်လို.. လူကြီးသူမတွေကလည်း.. ဖြည်းဖြည်းချင်း… ဦးဆောင်လုပ်ပေးသွားမယ် မျှော်လင့်ရပါတယ်..။

      ပြောရရင်.. ဆရာကြီးဦးလှမြင့်နဲ့.. မန္တလေးဂေဇက် အင်တာဗျူးရှိတယ်..။
      ပြန်တင်ပေးဦးမယ်..။

    • Foreign Resident

      May 30, 2011 at 8:30 am

      “ပိုသိလာတဲ့ knowledge တွေ ဖြန့်ဝေပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲလို့တွေးမိပါတယ်၊
      တကယ်လို့များ ဟိုက စံနစ်အတိုင်း treatment တွေပေးနိုင် seminar တွေ လုပ်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့”
      I think, sooner or later, they will.

  • unclegyi1974

    May 29, 2011 at 4:51 pm

    ဆရာဝန်တွေမမှားတော့ရင်
    မမှားသောရှေ့နေမသေသောဆေးသမား
    စကားပုံဘယ်ရှိတော့မလဲနော်
    ရှေးစကားတွေပျောက်ပျက်သွားမှာစိုးလို့
    သမိုင်းမပျက်ရအောင်ထိမ်းသိမ်းနေကြတာနေမှာပါ
    ယဉ်ကျေးမှုထိမ်းသိမ်းသူများအဖြစ်ဂုဏ်ယူကြပါလေ

  • moethidasoe

    May 30, 2011 at 6:05 am

    မှားရင်တောင် တစ်ခါမှားပဲ ကောင်းတယ် .. ထပ်ခါ ထပ်ခါ မှားရင်တော့ မကောင်းပါ
    သူများအမှားကို သင်ခန်းစာယူတတ်ရင်လဲ အမှားနည်းမှာပါ
    မာနတွေ တခွဲသားနဲ့ သင်ယူလိုမှု နည်းရင်လဲ အမှားတွေကို သင်ခန်းစာ ရမှာ မဟုတ်ပါ
    ဒီနေရာမှာ ဆရာဝန်ကိုသာ ဦးတည်ထားတာပါ .. ဒါကြောင့် ဆရာဝန်အကြောင်းတွေချည်းပဲ ပြောကြတာ
    အမိန့်ပေးမှာလို့ အားလုံးချောက်ထဲ ကျတာ .. အဆုံးအဖြတ်မှားလို့ လေယာဉ်ပျက်ကျတာ .. ရှိကြပါတယ် ..
    နောက်ဆုံး သတ္တုချရရင် လူ .. စိတ်ထား
    လူကောင်းရင် .. စိတ်ထားကောင်းရင် ..လုပ်တဲ့အလုပ် ကောင်းမယ် ..
    လူ မကောင်းရင် .. စိတ်ထား မကောင်းရင် .. ဘာလုပ်လုပ် မကောင်းဘူး ..

    • MaMa

      May 31, 2011 at 2:35 am

      ဒေါက်မိုးရေ- မျက်မမြင်ဆင်စမ်းသလို ကိုယ်တွေ့ဖူးတဲ့ (မကျေနပ်တဲ့) ဆရာဝန်တစ်ယောက်ကို ကြည့်ပြီး ပြောလိုက်မိတာ ခွင့်လွှတ်ပါ။ အားလုံးကို မဆိုလိုပါ။

  • char too lan

    May 31, 2011 at 9:26 am

    ဆရာဝန်များကို အလွန်လှည့်စားတတ်ပါသည်။ ဆရာဝန်များသည်လည်း နှလုံးသားနှင့် သွေးသားနှင့် တည်ဆောက်ထားသော လူများဖြစ်သဖြင့် လူတစ်ယောက်ကို မသေစေချင်သည်မှာ အထူးတလည်ပြောစရာလိုမည်မထင်ပါ။ >>>
    ဆရာဝန်များသည်လည်း လူနာများကို အလွန်လှည့်စားတတ်ပါသည်။ လူနာများသည်လည်း နှလုံးသားနှင့် သွေးသားနှင့် တည်ဆောက်ထားသော လူများဖြစ်သဖြင့် လူတစ်ယောက်ကို လူလိုဆက်ဆံစေချင်သည်မှာ အထူးတလည်ပြောစရာလိုမည်မထင်ပါ။ >>>>
    မာနတွေ တခွဲသားနဲ့ သင်ယူလိုမှု နည်းရင်လဲ အမှားတွေကို သင်ခန်းစာ ရမှာ မဟုတ်ပါ ဒီနေရာမှာ ဆရာဝန်ကိုသာ ဦးတည်ထားတာပါ…
    နောက်ဆုံး သတ္တုချရရင် လူစိတ်ထား လူကောင်းရင် .. စိတ်ထားကောင်းရင် ..လုပ်တဲ့အလုပ် ကောင်းမယ် .. လူ မကောင်းရင် .. စိတ်ထား မကောင်းရင် .. ဘာလုပ်လုပ် မကောင်းဘူး ..

Leave a Reply