တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည့် ဂဏန်းခြောက်လုံးပါ ကြိုးဖုန်းများကို ယခင်ကနဦး ပေးသွင်းခ ငွေကျပ် ၁ဝ သိန်းမှ ခြောက်သိန်းခွဲဖြင့် သုံးစွဲခွင့်ပေးမည်

ဦးကောက်May 30, 20111min791

တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ငွေကျပ် ၂၅ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည့် ဂဏန်းခြောက်လုံးပါ ကြိုးဖုန်းများကို ယခင် ကနဦးပေးသွင်းခ ငွေ ကျပ် ၁ဝသိန်းမှ ခြောက်သိန်းခွဲဖြင့် သုံးစွဲခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အများပြည်သူထံ ကြိုးဖုန်းများကို ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် ချထားပေးခဲ့ပြီးနောက် ငွေကျပ်ခြောက်သိန်းခွဲနှုန်းဖြင့် သုံးစွဲခွင့်ပေးသွားမည် ဖြစ်သည်။

“ကြိုးဖုန်းတွေကိုငွေ ၁ဝ သိန်း နဲ့ ချပေးခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မေ လ ၂၃ ရက်နေ့ကစပြီးကျပ်ခြောက် သိန်းခွဲပေးသွင်းရမယ့်လျှောက်လွှာ တွေကို စလက်ခံသွားမှာပါ။ လူတိုင်း လျှောက်ခွင့်ရှိပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ကြိုးဖုန်းတွေကို ငွေကျပ် ၁ဝ သိန်းနဲ့ ချပေးခဲ့ပေမယ့် ၂၀၁၁ ခုနှစ် မေလ ၂၃ ရက်နေ့ကစပြီး ကျပ်ခြောက်သိန်းခွဲ ပေးသွင်းရမယ့် လျှောက်လွှာတွေကို စလက်ခံသွားမှာပါ။ လူတိုင်းလျှောက်ခွင့် ရှိပါတယ် . . .


အဆိုပါကြိုးဖုန်းများ၏ ကနဦး ပေးသွင်းငွေကို ပြောင်းလဲခဲ့သော်လည်း ဖုန်းခေါ်ဆိုခနှုန်းထားမှာ ပြောင်းလဲ တိုးမြှင့်ကောက်ခံရန် အစီအစဉ်မရှိကြောင်း၊ လက်ရှိ ကောက်ခံလျက်ရှိသည့် ငွေကျပ် ၂၅ ကျပ်နှုန်း အတိုင်းပင် ကျသင့်မည်ဖြစ်သည်ဟု သိရသည်။ မေလ ၂၃ ရက်နေ့တွင် လျှောက်လွှာများ စတင်လက်ခံပြီး လျှောက်ထားသည့် မြို့နယ်တွင် လိုင်းဧရိယာတိုးချဲ့ရန် မလိုပါက တစ်လအတွင်း ငွေကျပ်ခြောက်သိန်းခွဲဖြင့် ချထားပေးမည်ဖြစ်ကာ လိုင်းဧရိယာ ထပ်မံတိုးချဲ့ရန် လိုအပ်သည့် မြို့နယ်များအတွက်မူ အချိန်အနည်း ငယ်ကြာမြင့်နိုင်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းအတွင်းမှာ ဖုန်းလုံးရေ ဘယ်လောက်ချပေးနိုင်မယ် ဆိုတာကို နယ်မြေအလိုက် လုံးရေ သတ်မှတ်ထားတော့ အတိအကျ ပြောလို့မရသေးဘူး။ အခုချပေးမယ့် ဖုန်းတွေမှာ ဂဏန်းလုံးရေက များသောအားဖြင့် ခြောက်လုံးဖြစ်မယ်။ တချို့အိတ်ချိန်း အသစ်ရှိတဲ့မြို့နယ်တွေဆို ဂဏန်းခုနစ်လုံးဖြစ်မယ်။ မြို့နယ်ပေါ်မူတည်ပြီး ဂဏန်းလုံးရေ ကွာခြားသွားမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှတာဝန် ရှိသူက ထပ်မံပြောပြသည်။

လျှောက်ထားလိုသူများသည် လမ်း ၄ဝ အော်တိုတယ်လီဖုန်း ရုံးချုပ်သို့ လိပ်မူလျှောက်ထားနိုင် ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးသို့ ကြိုးဖုန်းများကို လိုင်းအရေအတွက် နှစ်သန်းကျော် ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

One comment

  • OQ23

    May 31, 2011 at 1:37 pm

    ယခုလိုမျိုး တစ်ဖက်ကနေပြီး ပြည်သူများကိုဆက်သွယ်မှု အဆင်ပြေစေလိုသော
    ဆန္ဒကြောင့်အထူးကျေးဇူးတင်ပါသည်။
    ဘာအကြောင်းကြောင့်ပဲဖြစ်နေပါစေ ယခုလိုစီစဉ်ပေးတာကို ဝမ်းသာမိပါသည်။
    နောက်ဆိုလဲ ဖုန်းဈေးတွေကျဖို့ရှိတယ်ဆိုတာ တကယ်ပါလား။
    ၃သိန်းဖုန်းတွေ သီတင်းကျွတ်ချပေးမှာဆို ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးဆီ
    ကနေကြားခဲ့ရပါသည်။ နောင်ဆိုမြန်မာနိုင်ငံဒီထက်မက တိုးတက်ကြီးပွားပြီး၊
    ဖွံ့ဖြိုးမှာကို မြင်နေမိတယ်။အဓိကအားဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့ဆိုရင်ဆက်သွယ်ရေး
    ကအဓိကကျပါသည်။ အင်တာနက်တွေ ဘယ်လောက်ပဲများနေနေ တောရွာဒေသ
    တွေအတွက်အဓိက(ဖုန်း)ကမဖြစ်မနေလိုအပ်တာအမှန်ပါ။
    ကျေးဇူးတင်ပါသည်။

Leave a Reply