ဒီလို မုဒိန်းကျင့် လူသတ်တာကို ဘယ်လိုအရေးယူဆောင်ရွက်ကြမှာလဲ

ဂ်စ္စူMay 30, 20111min24117
ဒီသတင်းကို မနေ ့ကတည်းက ဖတ်ရတယ်ခင်ဗျ။Fwd:mail မှလဲ ဖတ်ရတယ်..ပြီးတော့ ဒီ MG မှာလဲ တစ်ဝက် တစ်ပြတ်ဖတ်လိုုက်ရတယ်။လင့်ခ် သွားကြည့်တော့
Error တက်ပြီး ဘာမှ ဖတ်လို ့ မရဘူး.. MG မှာ ဘယ်သူလဲ တင်တာလဲ မသိဘူး….ကျနော်ရှာတာ မတွေ ့တော့လို ့ ထပ်တင်လိုက်ပါတယ်။
Fwd:mail က မယူပဲ ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်..။အောက်မှာ…။
ရန်ကုန်တိုင်းရဲမှူးရဲ့တူက အဓမ္မပြုကျင့်ကာ လူသတ်မှု ကျူးးလွန်မှုတခု ရန်ကုန်မှာ ဖြစ်ပွားခဲ့တယ်လို ့ သိရှိရပါတယ်။

မေလ (၂၂) ရက်နေ ့ ည (၈) နာရီနဲ ့ (၉) နာရီခန် ့ ဝန်းကျင်မှာ ရန်ကုန်တိုင်း ရဲမှုး ဦးအောင်ဒိုင်းရဲ ့ တူ ဦးကိုကိုဇော်ဟာ အသက် (၁၅) အရွယ် လက်ဖက်ရည်ဆိုင်ဝန်ထမ်း အမျိုးသမီးငယ် တဦးကို အလိုမတူဘဲ သားမယားအဖြစ ်အဓမ္ဓ ပြုကျင့်ပြီးနောက် ဓားမြှောင်ဖြင့် ထိုးသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို ့ သိရပါတယ်။

အခင်းဖြစ်ပွားရာ မေလ (၂၂) ရက်နေ ့ ည ၈ နာရီ၊ ၉ နာရီ ဝန်းကျင်ခန် ့မှာ ရန်ကုန်တိုင်း၊ လှိုင်မြို ့နယ် အမှတ်(၂) ရပ်ကွက် လှိုင်မြစ်လမ်း အမှတ် (၁၈၈)၊ မြန်မာနိင်ငံ ရဲတပ်ဖွဲ ့ဝန်ထမ်းရိပ်သာ အောက်ထပ်မှာ ဖွင့်လှစ်ထားတဲ့ “ကောင်းကျော်ကြား” လက်ဖက်ရည်ဆိုင်မှ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ အဖ ဦးစိန်ကုလား၊ အမိ ဒေါ်စန်းစန်းမြင့်တို ့ရဲ ့ သမီး အသက် (၁၅) နှစ်ခန် ့ရှိ မအေမီလွင် ဆိုသူကို ရန်ကုန်တိုင်း ရဲမှုး ဦးအောင်ဒိုင်းရဲ ့တူ ဦးကိုကိုဇော်က အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ပြီး၊ ပြုကျင့်ခံရသူ အမျိုးသမီးငယ်က သက်ဆိုင်ရာကို တိုင်ကြားမယ်လို ့” ပြောဆိုတဲ့ အခါမှာ မတရားပြုကျင့်သူ ဦးကိုကိုဇော်က စတီးဓားမြေၟာင်နဲ ့ ထိုးသတ်လိုက်တာလို ့ႛ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိလာတဲ့အခါမှာ မအေမီလွင်ရဲ ့ အသက်ကို ကယ်တင်နိုင်ရန် ယုဇနဆေးခန်းမှ ဒေါက်တာ တင်အောင်ကြိုင်အား ခေါ်ယုူကုသပါသော်လည်း ဆရာဝန်မှ လာရောက်ကြည့်ရှူပြီး သူ ကုသနိုင်ခြင်းမရှိသဖြင့် ဆေးရုံသို ့ ပို ့ရန် ညွှန်ကြားခဲ့ပါတယ်။ သို ့သော် ဒဏ်ရာမှာ ပြင်းထန်လွန်းလှသဖြင့် ဆေးရုံမှာဘဲ ကွယ်လွန်သွားခဲ့ပြီး ပြီးခဲ့တဲ့ (၂၆) ရက်နေ ့ က သေဆုံးသူကို သဂြိုင်္လ်ခဲ့ကြတယ်လို ့ သိရှိရပါတယ်။

တရားခံအဖြစ် စွပ်စွဲခံရသူ ဦးကိုကိုဇော်က ဆိုင်ရှိ ဝန်ထမ်းတွေကို သက်ဆိုင်ရာက လာရောက်စစ်ဆေးတဲ့အခါမှာ နောက်ပြောင်ရင်း မတော်တဆ ထိုးမိတာပါလို ့ ထွက်ဆိုရန် ခြိမ်းခြောက်ဖိအားပေးမှုတွေ ပြုလုပ်ခဲ့တယ်လို ့ သိရှိရပါတယ်။ ဒါကြောင့် ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ကျအမှုစစ် ဒု-ရဲအုပ် မိုးကျော်က ပုဒ်မ ၃၀၄ (က) လူသေမှုနဲ ့သာ အမှုဖွင့် အရေးယူခဲ့ပါတယ်။

သို ့သော် ရန်ကုန် ပြည်သူ ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တွေက သေဆုံးသူ အမျိုးသမီးငယ်ကို ခွဲစိတ်စစ်ဆေးရာ ဝမ်းဗိုက် အူမကြီးဘေးတွင် ပြတ်ရှနေပြီး ခန္ဓာကိုယ်တွင်း သွေးထွက်လွန်ကာ သေဆုံးရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးငယ်ရဲ ့မိန်းမကိုယ် အဂါင်္မှာလည်း သွေးထွက်ဒဏ်ရာရရှိမှုကို တွေ ့ရှိသဖြင့် မသေဆုံးမီ အဓမ္မပြုကျင်းခြင်းခံရကြောင်း ထင်ရှားနေသဖြင့် သွေးစွန်နေတဲ့ သေဆုံး အမျိုးသမီးရဲ ့အတွင်းခံ ဘောင်းဘီကို ဓာတုဗေဒ ဆေးစစ်ချက် ရယူရန် ညွှန်ကြားတဲ့အခါမှာသာ လူသတ်မှု ပုဒ်မ ၃၀၂ သို ့ ပြောင်းလဲ အရေးယူခဲ့ကြောင်း သိရပါတယ်။

သို ့သော်လည်း လူသတ် တရားခံအဖြစ် စွပ်စွဲခံရသူ ဦးကိုကိုဇော်အား ဖမ်းဆီးချူပ်နှောင်ထားခြင်း မရှိဘဲ ယခုအချိန်ထိ နယ်ထိန်းရုံးခန်းအတွင်းတွင် လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားတယ်လို ့ သိရှိရပါတယ်။

ဒါအပြင် စွပ်စွဲခံရသူရဲ ့ အသိုင်းအဝန်းဟာ ရန်ကုန်တိုင်း ရဲမှူးကြီးရဲ ့ အရှိန်အဝါကို အသုံးပြုပြီး ပုဒ်မ ၃၇၆ မုဒိန်မှုကို ထိန်ချန်ထားရန် ဓါတုဗေဒဝန်သို ့ စစ်ဆေးရန် ပေးပို ့ခိုင်းတဲ့ သေဆုံးသူရဲ ့ သွေးစွန်းနေတဲ့ အတွင်းခံဘောင်းဘီကို လဲလှယ်ဖျောက်ဖျက်ရန် ကြိးစားနေတယ်လို ့ သေဆုံးသူရဲ ့ ဆွေမျိုးသားချင်းတွေနဲ ့ ပါတ်ဝန်းကျင်ပြည်သူတွေရဲ ့ ပြောကြားချက်အရ သိရှိရပါတယ်။

သန်းရွှေတို ့ သိန်းစိန်တို ့ နိုင်ငံရေးသမားတွေကိုကျတော့ နှစ်ပေါင်း ၆ဝ ကျော်တွေ အကျဉ်းချထားပြီး ဒီလို မုဒိန်းကောင် လူသတ်သမားကျတော့ ဘယ်လောက်အတိုင်းအတာထိ အရေးယူမှာလဲ..။.

17 comments

  • moethidasoe

    May 30, 2011 at 4:54 am

    ှဥပဒေရဲ့ အထက်မှာ မည်သူမျှ မရှိစေရလို့ တစ်ချိန်က ဦးရွှေမန်းလဲ ပြောခဲ့ပါတယ် ..

  • Ko Ko Aung

    May 30, 2011 at 5:50 am

    good government ဖြစ်အောင်လုပ်မယ်လို့ သူတို့ပြောခဲ့တာ အခုသက်သေပြ ဘို့အချိန်ပါပဲ။ ဒီအမှုမျိုးကို လျှော့ပေါ့လိုက်ရင်ပဲဖြစ်ဖြစ် အချိန်ဆွဲ အမေ့ခံရင်ပဲဖြစ်ဖြစ် လူကြီးလက်သစ်တွေရဲ့ သားသမီးအဆက်အနွယ် လက်သစ်တွေ တကြော့ပြန်သောင်းကျန်းလာပါလိမ့်မယ်။

    ဒီပိုစ့်ကိုဖတ်မိတဲ့ရွာသားများ အခြားဆိုက်များမှာလဲ တတ်နိုင်သလောက် ဝင်ပွားပေးကြဘို့ နှိုးဆော်ချင်ပါတယ်။ သူတို့ သတိမထားမိပဲ မနေနိုင်အောင်ပေါ့။

  • susunosuki

    May 30, 2011 at 7:22 am

    အချိန်မှီ အရေးမယူနိုင်ရင် သက်သေတွေဖျောက်ဖျက်ဖို့ လွယ်ကူသွားပါလိမ့်မယ်။ ပိုစ့်ထဲမှာ ဗလက္ကာယပြုကျင့်ပါတယ်လို့ ရေးထားတော့ မျက်မြင်သက်သေများရှိနေလို့လား။ ဒါမှမဟုတ် သေဆုံးသူကို သုံးသပ်ပြီး ရေးတာလား စဉ်းစားစရာပါပဲ။

  • etone

    May 30, 2011 at 7:29 am

    မိုက်ရိုင်းလိုက်တာ စကောလောက်မှ ဇောက်မနက်ပါလား ။
    ပိုက်ဆံပေးပြီး ရွထလို့ ရတဲ့နေရာတွေ ဒီလောက်ပေါနေတာတောင် … ရိုးရိုးသားသား အလုပ်လုပ်စားတဲ့ ကိုယ့်လက်အောက်ငယ်သားကိုမှ ဒီလိုပြန်လုပ်ရလား … ။ လူလို့တောင် မသတ်မှတ်သင့်ဘူး ။
    ကဲ ဘယ်လို အရေးယူမှူတွေ လုပ်မလဲ စောင့်ကြည့်ရအောင် … ။

  • နွယ်ပင်

    May 30, 2011 at 8:25 am

    ခုခေတ်မှာ ဒီလောက် ပိုက်ဆံပေးပြီးပျော်ပါးလို့ရနေသေးတဲ့ နေရတွေပေါနေတာတောင် ဒီလို အမူမျိုးတွေကလဲ ရှိနေသေးတာပဲနော် .. ဒီဇာတ်လမ်းကရော အရင့်အရင် ဇာတ်လမ်းတွေလိုပဲ အချိန်ကြာလာရင် ပျောက်ပျက်သွားတဲ့ အမူတစ်ခုဖြစ်မှာလား ….

  • king

    May 30, 2011 at 8:33 am

    အားလုံးက ဒီကိစ္စကို ဝိုင်းဝန်းလှုံ့ဆော် ကြရင် ……………..

  • natthamee

    May 30, 2011 at 8:45 am

    မြန်မာပြည်မှာ ငွေရှိရင်၊ အာဏာရှိရင် ဥပဒေကို အိတ်ထဲထည့်လို့ရတယ်ဆိုကြတာပဲ။
    ဘယ်လို အရေးယူမလဲဆိုတာ စောင့်ကြရအောင် ……..
    ဟူးးးးးးး

  • AKKO

    May 30, 2011 at 8:54 am

    တဒင်္ဂ သာယာမှူရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲ သတ်မှတ်ရတော့မှာပေါ့ ..။

  • cobra

    May 30, 2011 at 8:57 am

    ပထမတစ်ခေါက်တင်တာကကျွန်တော်တင်လိုက်တာပါ။
    ဒါပေမယ့်ဘယ်လိုဖြစ်ပြီးပျောက်သွားတာလဲဆိုတာမသိတော့ဘူး။
    ကျွန်တော်ပြန်ရှာတာလဲမတွေ ့တော့ဘူး။
    ဒီသတင်းကိုကျွန်တော်လည်းအရမ်းစိတ်ဝင်စားလို့(၂)ရပ်ကွက်မှာသွားစုံစမ်းကြည့်တော့သိပ်မသိကြဘူးဗျ။
    ကျွန်တော်က(၁)ရပ်ကွက်မှာနေတာဆိုတော့သွားမေးရင်
    ဟုတ်လို့လားကွ….
    ငါတို့တောင်ဒီရပ်ကွက်မှာနေတာပါ
    ဘာမှမသိရပါဘူးလို့ပြန်ပြောတဲ့သူတွေများနေတယ်..
    ဒီကိစ္စကိုလူတွေသိမှာစိုးလို့ဖုန်းထားတာလား။
    (၂)ရပ်ကွက်ထဲမှာတော့သိပ်ပြီးလည်းဒီကိစ္စကိုအလေးမထားကြပါဘူး။
    မသိတဲ့သူတွေကပိုများနေတယ်။

    • MaMa

      May 31, 2011 at 12:18 am

      (ဒီကိစ္စကိုအလေးမထားကြပါဘူး။ မသိတဲ့သူတွေကပိုများနေတယ်။) ဆိုတော့
      ပြောမှသိ
      ထိမှနာ
      သာမှနေ
      သေမှခင်
      အဲလို လူမျိုးတွေ များနေတဲ့ သဘောပေ့ါ။ မကောင်းတဲ့လက္ခဏာပါပဲ။ ဒါမှမဟုတ် ရပ်ကွက်ကပဲ ကြီးလို့ မသိကြတာလား။ ဘူးအပေါက် တစ်ရာ ပိတ်လို့ရတယ်။ ပါးစပ်တစ်ပေါက် ပိတ်ဖို့မလွယ်ဘူးဆိုတဲ့ စကားကလည်း ရှိနေတော့ နောက်ဆုံးတစ်ခုက အဖြစ်မှန် မဟုတ်လို့များလား။ တွေးစရာပေ့ါ။

  • OQ23

    May 30, 2011 at 3:30 pm

    ဖြစ်နေပျက်နေတဲ့ လောကကြီးမှာ ဒီလိုဖြစ်ရပ်တွေကို အင်တာနက်ဆိုတာရှိလာမှပဲ
    ပိုသိပြိး ပိုတွင်ကျယ်လာခဲ့တယ်။ ကျေးဇူးလဲတင်ပါတယ်၊ဒါပေမဲ့ တချို့အရာတွေကငွေရှိရင်
    ပြီးသွားနိုင်ပါတယ်။ အရာရာကို ဖုံးကွယ်ချင်ကျသောလူများတော့ဒုက္ခနဲ့လှလှတွေပြီပေါ့။

  • winkyawaung

    May 31, 2011 at 2:59 am

    ဖြစ်ရပ်မှန်ကို သက်ဆို်င်ရာက တကယ်အရေးယူရင်တော့ အပြောနဲ့ အလုပ်မှန်တယ်လို့ ပြောရမှာပါ။ စောင့်ကြည့်ရပါတော့မည်..။

  • good

    May 31, 2011 at 4:48 am

    ဟုတ် တယ် သဂျီး ရေ ဒီပို့ က ပထမ တခါ တွေ့တယ်၊ဘာကြောင့် ပျောက်သွားလဲ လို့ စဉ်းစားနေတုံး ပြန်တင် ထား တာ တွေ့ တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 31, 2011 at 5:57 pm

    တတ်နိုင်ကြမယ်ဆိုရင်
    စောင့်ကြည့်မယ်ဆိုတဲ့စကားကိုမပြောကြပါနဲ့ဗျ
    အဲ့သည်ဒေသနဲ့အနီးစပ်ဆုံးမှာရှိတဲ့လူတွေက
    ဒီသတင်း အတည်ဖြစ်ရင်
    A4 စာရွက်လေး အရွက်ငါးဆယ်လောက်
    print ထုပ်ပြီး ဟင်းရွက်ဈေးထဲမှာလောက် လျှပ်တစ်ပျက် ဖြန့်လိုက်ကြပါလားဗျ
    နောက်ပြီး သတင်းမီဒီယာတွေကို တတ်နိုင်သလောက် သတင်းပို့ပေးမယ်
    ခင်ဗျားတို့ဟာတွေက တစ်ခါလာလည်း
    မကြေနပ်ရတာနဲ့ မိုက်ရိုင်းထွားကြိုင်းလိုက်တာ ပြောရတာနဲ့
    သူက မိုက်လို့ဘဲလုပ်တယ်ဆိုတာကိုလည်းပေါက်ကြဦး
    တပ်မကြီးတစ်ခုနဲ့ စစ်ဖြစ်ရတာမှမဟုတ်တာဗျ
    ဒီလောက်လေးကတော့ ကိုယ့်ဒေသမှာ ကိုယ်လုပ်လို့ရဲရမှာတော့
    ဒါလေးကိုမှ စောက်ဖြစ်မရှိဘဲ
    အော်ခြင်ရင်လည်းအော်ကြပေါ့ဗျာ
    ခင်ဗျားတို့ကို ကြည့်ရတာ အော်ရတာကို တော်တော်ဖီးလ်းလာပုံရတယ် 😀
    အော်ရတာကိုကြိုက်ရင် ဟိုဒါလုပ်စားကြပါလား
    ဟေးးးးးးးးးးးးး ဒီဘက်က ဘီလူးကျွန်းထွက် ဒညင်းသီးအိုးစိမ်တွေရမယ်လို့
    ဒညင်းသီးအိုးစိမ်ရောင်းစားဘို့ပြောတာဘာဂျာ 😀 😀 😀

    • etone

      June 1, 2011 at 3:55 am

      ဘကြီးပုရေ… ဘယ်သူက အလကားနေရင်း A4 စာရွက်ခ ၊ မိတ္တူခ နဲ့ အချိန်တွေကုန်ပြီး ပလူပျံအောင် ဖြန် ့ နိုင်ပါ့မလဲ … ။ ဘေးက လူတွေက ဂရုဏာ ဒေါသ ထွက်ကြယုံပဲ ရှိတာ …. ။
      တကယ့် ပတ်သတ်ရာ ပတ်သတ်ကြောင်း ဆွေမျိုးတွေတောင် ကျွတ် နေကြပြီးတော့ အလကားနေရင်း ဘယ်သူက ကြီးတော်နွားကြောင်းပြီး စာရွက်တွေ ဝေပေးမှာ ဒုန်း … ။ စာရွက်ဝေရင်း အခန့်မသင့်လျှင် …. အဖမ်းက ခံရဦးမယ် … ။

  • kai

    May 31, 2011 at 7:13 pm

    အင်တာနက်..အီးမေးလ်က.ပစ်စာသဘောမျိုး.ဖြန့့်တာတွေက… ၉ဝရာနှုန်းအထက်.. အမှန်မဟုတ်တာဖြစ်ဖို့များပါတယ်..။
    သိပ်လည်း စိတ်ကြီးထည့်ထားမနေကြပါနဲ့..။ 🙂

  • nature

    June 2, 2011 at 4:26 pm

    MG မှာပါမှမဟုတ်ပါဘူး၊ ဘယ်အမှုပဲဖြစ်ဖြစ် အမှန်တရားအတိုင်းဖြစ်စေချင်ပါတယ်၊ ဒါမှသာပြည်သူတွေက တဖြေးဖြေးနဲ့ တရားဥပဒေကိုယုံကြည် အားကိုးလေးစား လာကြလိမ့်မယ်ထင်ပါတယ်၊ ၂ဘက်စကားကိုမကြားရလို့ ဘယ်ဟာမှန်တယ်ဆိုတာကိုကျနော်မသိပေမဲ့ အမှုကို စစ်ဆေးတဲ့ တရားသူကြီးကတော့သိပါလိမ့်မယ်။ တရားသူကြီးတွေ တရားမျှတစွာဆောင်ရွက်နိုင်ဘို့ သူတို့ရဲ့လစာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တရားသူကြီးမှသာမဟုတ် တနိုင်ငံလုံးကဝန်ထမ်းတွေ လစာကိုမိသားစုစားဝတ်နေရေး လောက်ငှစေသင့်ပါတယ်။ လစာတိုးပေးရင်ကုန်ဈေးနှုန်းတွေကို ထိမ်းနိုင်ဘို့ သွယ်ဝှိုက်တဲ့နည်းကိုသုံးသင့်ပါတယ်။ (ဆန် ဆီထုတ်ပေးခြင်း ကားခပေးခြင်း)
    ဆန်ဆီထုတ်ပေးခြင်းကို ကုန်သည်ကြီးများအသင်းနှင့်ပူးပေါင်းပြီး ငွေဖော်လွယ်အောင် ဘဏ်မှတဆင့်စီစဉ် ပေးသင့်ပါသည်။ ယခင်ကရုံးများတွင်ထုတ်ပေးသောဝန်ထမ်းဆန်မှာ လိုင်းကြေးအဆင့်ဆင့် ပေးရသဖြင့် ဝန်ထမ်းလက်ထဲရောက်သောအခါ ဝက်စာသာသာ သာရှိပါသည်။
    အခွန်များကိုလည်း ၁၀% တရားဝင်အမှန်အတိုင်းကောက်ခံလျှင် ယခုထက်ပိုရနိုင်သည်ဟုထင်ပါသည်။ အမှန်တကယ်အခွန်ဆောင်လိုသူများလည်း မုသာဝါဒမှကင်းဝေးစေပါလိမ့်မည်။ မြန်မာတပြည်လုံး အမှန်တရား လွှမ်းမိုးနိုင်ပါစေ။

Leave a Reply