ဒေါ်လာဈေးမျာ ကျဆင်း …. ဒေါ်လာစားများ …..

fattyMay 30, 20111min24163

ဒီကနေ့ပေါက်ဈေးအရ ဒေါ်လာ အရောင်း ၈၀ဝ ၈၀၅ ကျပ်ဘဲရှိပါတော့တယ်။ဒေါ်လာစားများ
ငြီးကုန်ကြပါပြီ …။ဟိုတယ်ခ လေယာဉ်လက်မှတ်ခတွေကလည်း ဒေါ်လာနဲ့ မရောင်းချင်ကြ
တော့ပါဘူး ..။ BC ကတော့ ကြိုပြီးကာထားပါတယ် …။ ကျောင်းသားများ စာမေးပွဲကြေးတွေ
သွင်းရလွယ်အောင်ဆိုပြီး မြန်မာငွေနဲ့ပြောင်းပြီး လက်ခံပါတယ်တဲ့ ..။ ဈေးများဆက်ပြီး
ကျအုန်းမယ်လို့စီးပါွးရေး ကျွမ်းကျင်သူများက ဆိုပါတယ် .။ ဈေးနှုန်းများဒိထက်ဒိထက်ပိုကျလာရင် … ဘယ်လိုရိုက်ခတ်မှုမျိုးများဖြစ်လာနိုင်ပါသလဲ ..။

63 comments

  • nozomi

    June 17, 2011 at 11:01 pm

    ဒီပို့စ် စတင်တဲ့နေ့က တဒေါ်လာ ၈၀၅ ကျပ်
    ဟာ ဒေါ်လာဈေးတွေ ကျသွားလိုက်တာ စိတ်ညစ်တယ် ….စိတ်ညစ်တယ်….:( 🙁

    ဒီနေ့ တဒေါ်လာ ၈၀၅ ကျပ်
    ဟာ ဒေါ်လာဈေးကျတာ ၇၄ဝ ကနေ ပြန်တက်လာလိုက်တာ ဒီနေ့ ၈၀၅ တဲ့ ပျော်စရာကြီး…. 🙂 😀 🙂 D

    တစ်ခါက လူတစ်ယောက် ဆန်အိတ်ကို ထမ်းရင်းနဲ့ ခရီးသွားရတယ် ထမ်းရတာ ကြာလာတော့ လေးလာတယ်
    “ဆန်အိတ်က လေးလိုက်တာ လေးလိုက်တာ ” နဲ့ ညည်းနေတော့ ဘေးကတစ်ယောက်က ဆန်အိတ်ပေါ်မှာ ခဲလုံးကြီးကြီး တစ်ခုတင်ပေးလိုက်တယ် “အား အခုမှ ပိုလေးလာပြီး စိတ်ညစ်တယ် စိတ်ညစ်တယ် ” နဲ့ ဖြစ်နေတာပေါ့ ခဏနေတော့ မှ စောစောကတင်ထားတဲ့ ခဲကို ဖယ်လိုက်တော့
    “ အား အခုမှ ပေါ့ပေါ့လေး သယ်ရတော့တယ် ကျေးဇူးတင်လိုက်တာဗျာ တဲ့ ”

    လူတွေပျော်သွားအောင်လို့ ပါနော်

  • nature

    September 20, 2011 at 8:06 pm

    ဝေး….ဟေ..ဟေး…။ NATURE ကို ရက်စက်လှချည်လားပြောတဲ့ hmee နှင့် ရွာမှ ဒေါ်လာစားများ ဝမ်းမြောက်ဖွယ် ။ ဒေါ်လာဈေးများ တက်နေပြီ။ 20.9.2011 —1 USD~875–>850

  • ုhtoosan

    September 20, 2011 at 8:20 pm

    ဒေါ်လာဈေးသည် သူဌေးကြီးများ ဈေးကစားစရာဖြစ်လာပါပြီ။
    ဒေါ်လာစား များ ဝေး ဟေးဟေး အော်လိုက် မိုက်ခနဲ မူးလဲမလို ဖြစ်လိုက်ဖြစ်ကြတော့မည် ထင်ပါသည်။

Leave a Reply