မာန်

တောင်ပံကျိုးပျက်
မွေးတောင်စင်လျက်
ငှက်ငယ်သော်မှ
မာန်မချဘဲ
ဘဝ ဝမ်းစာ ခုန်ဆွရှာသည်
မြဲသည့်ဇွဲမှာ ကာလကြာသော်
တောင်ပံဝင့်ကြွား
မွေးသစ်ပွား၍
လေဟုန်ဝဲကာ
အာကာထဲမှာ ဝံ့ကြွားနိုင်၏။

မိုးသက်မုန်တိုင်း
ခုတ်ထစ်ပိုင်း၍
အပိုင်းပိုင်းပြတ်
ကျန်သည့်ငုတ်တို
သစ်ပင်အို ကား
မတုန်မလှုပ် ကြိတ်မှိတ်ငုံ့ခံ
လောကဓံကို
မိုး-ဆောင်း-ဂိမ္မန်
ထချိန်တန်က
ကျန်သည့်အဆစ်
ပုရစ်နုထွား သားတက်ပွားကာ
လောကအလှဆင် နိုင်သေးသည်။

အို . . ငါသည် လူသား . . .
ပုခုံးနှစ်ဖက်ကြား
ခေါင်းပေါက်လာ၏
တွေးခေါ်ချိန်ဆ ဉာဏ်စွမ်းရ၏
ခြေ၊ လက်၊ နှလုံး၊ စုံသည့်အင်္ဂါ
ဘာမှုစရာတည့်။
ငါလျှောက်သည့်လမ်း
ဆူးပြွမ်းကြမ်းလည်း
ရှေ့ကိုတိုးဘိ နာဂါတ်ဆီသို့ . . .

ရှုံးနိမ့်သည်များ
ထားခဲ့အတိတ် ပြန်မလှည့်နှင့်
ရသည့် သင်ခန်းစာ
ယူချေပါတည်း
အရှေ့ဘက်မှာ ရောင်နီလာလျှင်

ငါသည်တစ်ဖန် အောင်ပွဲခံအံ့ . .
ငါသည်တစ်ဖန် အောင်ပွဲခံအံ့ . .

 

ainmat.com မှာတင်ပြီးသားပါ။

နည်ရဲဇော်

8 comments

  • လင်းဝေကျော်

    May 30, 2011 at 9:11 am

    ကွန်မြူနစ်လားဗျ။
    နီရဲဇော် ဆိုတော့

  • niyezaw

    May 30, 2011 at 10:03 am

    ကျွန်မြူနစ်မဟုတ်ပါဘူးဗျာ။ နငယ်ညသတ်နဲ့ နည် ပါတယ်။

  • OQ23

    May 30, 2011 at 2:51 pm

    အရေးအသားကညက်တယ်နော်။
    စာပေတော်တော်လိုက်စားတယ်ထင်တယ်၊ ပညာရှိနဲ့တူနေတယ်။

  • niyezaw

    May 31, 2011 at 2:47 am

    ပညာရှိမဟုတ်ပါဘူးဗျာ။ ဝါသနာရှင်လေးပါ။

  • etone

    May 31, 2011 at 3:37 am

    ကဗျာလေးဖတ်ပြီး အားတတ်လာပေမဲ့ … သစ်ပင်ကြီးတစ်ပင် အထီးကျန်နေတဲ့ပုံကို ကြည့်ရတာ ကြေကွဲနေသလိုပဲ …..။

  • နွယ်ပင်

    May 31, 2011 at 3:58 am

    ကဗျာလေးက ကောင်းတယ်နော် ဖတ်ပြီးတော့ အားတက်စေတာတော့ အမှန်ပဲ ….

  • MaMa

    June 1, 2011 at 12:42 am

    ဘဝမှာ မှားခဲ့ဖူးတာတွေကို သင်ခန်းစာယူ၊ နောက်မမှားအောင် ကျိုးစား၊ ဒီနည်းဖြင့် အောင်မြင်တဲ့ဘဝကို ရရှိမှာပါ။ မာန်အပြည့်ဖြင့် အောင်မြင်တဲ့ဘဝကို ရရှိနိုင်ပါစေ နည်ရဲဇော်။

  • မမလေး

    June 4, 2011 at 5:02 am

    မာန်ဆိုလို့ နေရဲမာန်လား လို့ ဟီးဟီး …ရေးထားတာလည်း လန်ထွက်နေတာပဲ … ပုံကလည်း မိုက်တယ်ဟ

Leave a Reply