ဗေဒင် ယတြာတွေကို အယုံကြည်မရှိပေမဲ့ ပိုက်ဆံရမယ့်ကိစ္စကိုတော့ ကျမစိတ်ဝင်စားခဲ့သည်… ။ ထို့ကြောင့်လည်း သူငယ်ချင်းများနှင့် သွားဖူးခဲ့သည့်… ဓါတ်ရိုက်ဓါတ်ဆင်ဖြင့် နာမည်ကြီးသော တားရော့ဗေဒင်ဆရာမဆီသို့ ကျမသွားရန်ဆိုင်းပြင်ခဲ့သည်… ။ ငွေဝင်၊ ငွေမြဲစေမည့် အဆောင်ကောင်းတခုလောက် ကျမလိုအပ်သည်… မသုံးပဲထားလျှင် ငွေမြဲမည်ကို သိသော်လည်း အိတ်ပေါက်နဲ့ ဖားကောက်သောကျမအတွက်တော့ … ဘယ်လောက်ငွေဝင်ဝင် အဖတ်မတင်ခဲ့ပေ … ။ ဆရာမဧ။် အဆောင်သည် ငွေဝင်သည် လာဘ်ရွှင်သည်ဟု ကြားသိသဖြင့် … အပန်းမကြီးသောအလုပ်ဟု သတ်မှတ်ကာ အဆောင်သွားလုပ်ရန် သူငယ်ချင်းတယောက်နှင့် တိုင်ပင်သည်… ။
လွန်ခဲ့သော သုံးနှစ်ခန့်က မိုးသည်းသော တနင်္ဂနွေ မနက်ခင်းတစ်ခုတွင် ကျမနှင့် သူငယ်ချင်းတယောက် မိုးကာအကျီင်္ ကိုယ်စီဖြင့် ထီးဆောင်းကာ ကားမှတ်တိုင်သို့ ထွက်လာခဲ့သည်… ။ မိုးသည်းသဖြင့် ဘောင်းဘီတိုလေးများကိုပင် အောက်နားထပ်ခေါက်ထားလိုက်သေးသည်… ။ အဆောင်မလုပ်ခင် လိုအပ်သော အရာမှာ ကားစီးပြီး ပြန်အမ်းငွေထဲမှ အကြီးဆုံးပိုက်ဆံဖြစ်ရမည် ဖြစ်သောကြောင့် နှစ်မှတ်တိုင်သာ ဝေးသော ခရီးသို့ ကျမတို့သူငယ်ချင်းနှစ်ယောက် ကားစီးသွားကြသည်… ။ မိုးကောင်းသဖြင့် ကားပေါ်တွင် လူသိပ်မပါပေ… ။ ကားပေါ် ရောက်သည်နှင့် သူငယ်ချင်းနှစ်ယောက် အလုအယှက် စပယ်ယာကို တစ်ထောင်တန်တယောက်တရွက်စီ ပေးပြီး ကားခအဖြစ်ယူစေသည်… ပြီးနောက် တယောက်စာပဲ ယူရန်ပြောကာ အချင်းချင်း တိုင်ပင်ထားသည့် အတိုင်း တယောက်နှင့် တယောက် မသိချင်ယောင်ဆောင်နေကြသည်… ။ ထိုအခါ မနက်ခင်း လူမပါသော ကားစပါယ်ယာက ပိုက်ဆံမအမ်းနိုင်သဖြင့် တယောက်ခသာ ပြန်အမ်ပြီး ကျန်တယောက်ကိုတော့ အခမဲ့ စီးစေပါသည်… ။ ကျမတို့လည်း အကြံစည်တိုင်း စပါယ်ယာဆီမှ နှစ်ယောက်စလုံး ပိုက်ဆံ ပြန်အမ်းမခံရသဖြင့် … တမှတ်တိုင်သာ ကားစီးကာ နောက်မှတ်တိုင်တွင် ဆင်းခဲ့သည်… ။ ထို့နောက် နောက်ကားစီးကာ .. ထောင်တန်တရွက်ကိုအကြွေရအောင် အကြံဖန်ထုပြန်သည်… ။ ကျမကိုပြန်အမ်းသော ပိုက်ဆံထဲတွင် အကြီးဆုံး အရွက်သည် ငါးရာတန်အရွက်ဖြစ်သည် သို့သော်စုတ်ပြဲနေပေသည်… ကျမသူငယ်ချင်းကို ပြနအမ်းသော အရွက်တွင်တော့ နှစ်ရာတန်သည် အကြီးဆုံး ဖြစ်သည်… အကြီးဆုံးဟုဆိုသည်မှာ တန်ဖိုးကိုဆိုလိုရင်းဖြစ်သည်… ။ စပါယ်ယာပြန်အမ်းငွေလေးကို ယူကာ ဗေဒင်ဆရာမဆီသို့ ရောက်သွားကြသည်… ။
ဗေဒင်ဟောခန်းသည် … ကြွေပြားခင်းထားသောကြောင့် မိုးအေးအေးတွင် အေးစိမ့်နေပြီး …. အဲယားကွန်းဒဏ်ကြောင့်လည်း ဗေဒင်မေးသူများ ခိုက်ခိုက်တုန်နေကြသည်… သို့သော် ဟန်ဆောင်ကာ လက်ပိုက်သလိုလို ၊ အိပ်ထဲ လိုက်နှိုက်ရှာသလိုလို ဟိုလုပ်ဒီလုပ်ဖြင့် အရှက်ပြေလျှောက်လုပ်ပြနေကြသည်… ။ ကျမတို့ နှစ်ယောက်ကတော့ လိတ်ထားသော ဘောင်းဘီတိုလေးတွေကို ပြန်ဖြေချနေသည်… ချမ်းတဲ့စိတ်ကလည်း မပျောက်သေးပေ… ။ နာရီဝက်လောက် ဒုက္ခခံပြီးချိန် ကြားဖြတ်တန်းစီမှူနဲ့ ရှေ့ဆုံးသို့ ရောက် သွားလေတော့သည်… ။ ဆရာမက ပိုက်ဆံပေါ်မှာ စမတွေ ရေးပေးပြီး ပြန်လွှတ်လိုက်တယ်… ။

အိမ်ရောက်တော့ မိုးစိုလို့ နဂိုကတည်းက စုတ်ပြဲပြဲဖြစ်နေတဲ့ ပိုက်ဆံလေးကို ပလပ်စတစ်လောင်းပြီး အိတ်ထဲသွားလေရာထည့်သွားတယ်… လူ့စိတ်ပဲလား ၊ အဆောင်ကောင်းလို့လားမသိဘူး… အဆောင်လေး ပိုက်ဆံအိတ်ထဲကို ရောက်လာတဲ့ နောက်ပိုင်း ပိုက်ဆံ အ၀င် ပိုများလာတယ် … နည်းနည်းပဲ သုံးဖြစ်တယ်လို့ ခံစားမိတယ်.. ။ စိတ်ကပဲ ဖြစ်နေတာလား မသိဘူး … ။ ဘာဖြစ်ဖြစ်လေ ပိုက်ဆံပိုဝင်လာတာတော့ ပျော်တာပေါ့ … ။ ကောင်းကောင်းတောင် မပျော်လိုက်ရပါဘူး … သုံးလေးလလောက် အိတ်ထဲ ပိုက်ဆံလေး အိတ်ထဲမှာနေပြီး ……………ကြာတော့ မှိုစော်နံလာတာကြောင့် ပြန်ထုတ်ပြီး အပြင်မှာ ထားတာ … အိမ်ကဘယ်သူမသွားလဲ မသိတော့ဘူး …. ပျောက်သွားခဲ့တာ အခုထိတိုင်ပဲ … အခုတော့လည်း ထုံးစံအတိုင်း …အိပ်ပေါက်နဲ့ ဖားပြန်ကောက်နေရပါတော့တယ်… ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!