MG ကိုနှုတ်ဆက်ရတော့မှာလား ………….

fattyJune 5, 20111min18415

ညွှန်ကြားချက်တွေက ထွက်ပြန်ပြီ …………..
internet ဆိုင်လာသုံးသူတွေကို လိပ်စာမှတ်ရမယ်တဲ့ ……..
မှတ်ပုံတင်နံပါတ်မှတ်ရမယ် ………………
နိုင်ငံခြားသားလာရင် passport နံပါတ် ယူထားရမယ်တဲ့ ………
အဲဒါတွေကိုနေ့တိုင်း report လုပ်ပြီ ရဲစခန်းကိုပို့ရမယ်တဲ့ …………..

တချို့လဲ game ဆိုင်ပြောင်းဖွင့်ဘို့လုပ်နေကြပြီ …….
ဂျာနယ်တွေမှာလဲ ပစ္စည်းစုံ နဲ့ အင်တာနက်ဆိုင် အရောင်းကြော်ငြာတွေ တွေ့နေရပါတယ် .
…….နှုတ်ဆက်ရတော့မှာလား ….. ရယ် ..။

15 comments

  • ဆူး

    June 5, 2011 at 3:05 pm

    ဖြစ်မှ ဖြစ်ရလေ.. နှုတ်မဆက်နဲ့ ငိုချင်တယ်။

  • unclegyi1974

    June 5, 2011 at 3:35 pm

    ဆူးလည်းစိတ်မပူနဲ့
    ကိုဖက်လည်းစိတ်ပူစရာမလိုဖူး
    စာရင်းကောက်ခိုင်းတာရတနာပုံဆိုက်ဘာကပါ
    အင်တာနက်အများဆုံးသုံးသူကိုဆုပေးမလို့ပါတဲ့
    ဘာဆုလည်းမမေးနဲ့နော် ပြောဖူး

  • nature

    June 5, 2011 at 4:03 pm

    ဒါလေးတော့ လွတ်လွတ်လပ်လပ်လေး ရးပါရစေကွယ်။ :”(

  • windtalker

    June 5, 2011 at 5:41 pm

    မင်းရဲ ့မျက်ဝန်းထဲ မှာ မျက်ရည်စများနဲ ့
    ငါ့ ရဲ ့မျက်ဝန်းထဲမှာ မျက်ရည်စများနဲ ့
    မအိပ်စက်ချင်ဘူး ( mg စာမျက်နှာတွေ ထိုင်ဖတ်နေလို ့)

  • ကိုဖက်
    စိတ်မပူပါနဲ့။
    ပေးသလောက်ထဲကနေရအောင်ယူမယ်ဗျာ။
    ကျနော်ကတော့ နုတ်မဆက်ဘူး ဆက်ရေးနေမှာ။

  • MaMa

    June 6, 2011 at 2:12 am

    ဒါဆိုရင်တော့ ပညာပေးရန် မြန်မာ့အသံ ကြားရပါတော့မလား။ စိတ်တစ်ခြမ်းညစ်သွားပြီ။ 🙁

  • etone

    June 6, 2011 at 3:27 am

    အိမ်ကနေ သုံးတာမျိုးဖြစ်ဖြစ် ၊ Wireless ရတဲ့ဟာမျိုးမှာ သုံးတာဖြစ်ဖြစ် ပရိုက်ဗိတ် လပ်တော့ပ်လေးနဲ့ ဆို အဆင်ပြေမယ်ထင်ပါတယ်… ။

  • manawphyulay

    June 6, 2011 at 4:07 am

    ဒါများ လွယ်လွယ် CDMA တစ်လုံး ထပ်ကိုင်ပြီး အိမ်မှာပဲ သုံးတော့ပေါ့ လေးဖက်ရယ်… ဘာများလဲလို့ ….

  • moethidasoe

    June 6, 2011 at 7:45 am

    ကိုယ်ပိုင် အင်တာနက် ဆိုတာ ဒီနေရာမှာ အရေးပါလာပါတယ် .. (ကိုယ်ပိုင် ကွန်ပျူတာရှိပြီးလို့ ယူဆကြပါ)
    (၁) အနီးအနားက အင်တာနက် ကိုယ်ပိုင်ယူထားတဲ့လူတွေကလဲ စရိတ်သက်သာအောင်လို့ တရားမဝင် လိုင်းခွဲ ပေးကြပါတယ် .. တစ်လ ၃၀၀၀ဝ လောက် ပေါက်ပါတယ် .. တစ်ရက်ကို အနည်းဆုံး ၂၀၀ဝ ဖိုးလောက် သုံးတဲ့လူတွေ တန်ပါတယ် ဆက်သွယ်ကြည့်ကြပါ
    (၂) cdma 800 ဝယ်ပြီး ကိုယ်ပိုင် သုံးကြတာဖြစ်တယ် .. မိနစ်အလိုက် ဈေးတက်တယ် .. မူလစရိတ် စုစုပေါင်း ခြောက်သိန်းလောက် ကျမယ် ..
    (၃) McWill ဆိုတာက ကနဦး ၇၁၀၀၀ဝ လောက် ကျတယ် .. မိနစ်အလိုက် ဈေးတက်ပါတယ် ..
    (၄) skynet က ကနဦး ၁ဝ သိန်းဝန်းကျင် ကျတယ် .. ပုံသေနှုန်း ယူတယ်
    (၅) Wimax ကလဲ ကနဦး ၁ဝ သိန်း ဝန်းကျင်ရှိတယ် .. ပုံသေနှုန်း ယူတယ်
    ရတနာပုံက ပျက်ရင် အားလုံး ပျက်တယ် ..
    ဒါဆိုရင် MG ကို နှုတ်ဆက်စရာ မလိုတော့ဘူးပေါ့နော် (ကုန်တာတွေအတွက်တော့ စိတ်မကောင်းပါ)

  • cobra

    June 6, 2011 at 10:23 am

    လုပ်ချင်တိုင်းကိုလုပ်နေကြတာပါပဲလား….။

  • နွယ်ပင်

    June 6, 2011 at 10:30 am

    နွယ်ပင်ကြားတာကတော့ အင်တာနက်ဆိုင်တွေကိုလာရင် စတစ်ယူမလာရဘူး စီဒီမခုတ်ရဘူးဆိုလားပဲ …

  • narziparty2009

    June 6, 2011 at 4:17 pm

    အားလုံးကိုကြိုပြီးအကူညီတောင်းထားမယ်။
    တကယ်သာပိတ်မယ်ဆိုရင်ကျွန်တော်အလုပ်ကတော.ထွက်ရပြီအခုအင်တာနက်ဆိုင်မှာ
    လုပ်နေလို.ပါ။ကြိုပြီးအလုပ်ရှာပေးကြပါ ဟား ဟား ဟား။

  • mayhtet

    June 7, 2011 at 12:47 am

    အင်တာနက်ဆိုင်ပိတ်ရင် မေထက်တော့အလုပ်လက်မဲ့ဖြစ်ပြီပေါ့
    အဲဒီတော့ကြိုပြီး တောင်းပန်ထားရမယ် အလုပ်လက်မဲ့မဖြစ်အောင်
    ငါမှားတာရှိရင် တောင်းပန်ပါတယ် အရင်လိုနက်ဆိုင်မှာ ဆက်လုပ်ခွင့် ပေးပါ။
    အထက်ကအမိန့်ကို ကြားယောင်နေတယ် တကယ်နော် ….:P

  • mayhtet

    June 7, 2011 at 12:47 am

    အင်တာနက်ဆိုင်ပိတ်ရင် မေထက်တော့အလုပ်လက်မဲ့ဖြစ်ပြီပေါ့
    အဲဒီတော့ကြိုပြီး တောင်းပန်ထားရမယ် အလုပ်လက်မဲ့မဖြစ်အောင်
    ငါမှားတာရှိရင် တောင်းပန်ပါတယ် အရင်လိုနက်ဆိုင်မှာ ဆက်လုပ်ခွင့် ပေးပါ။
    အထက်ကအမိန့်ကို ကြားယောင်နေတယ် တကယ်နော် ….:D

  • mayhtet

    June 7, 2011 at 12:50 am

    စတစ်မယူရဘူး စီတီ မဘန်းရဘူးဆိုရင်တော့မဖြစ်သေးဘူးလေ
    GTC ကျောင်းသူ/ကျောင်းသားတွေ ဘယ်လိုလုပ်မလဲ

Leave a Reply