ဗု ဒ ၶဘာ သာ ၀င် တို့ ၏  ပ ထ မခြေ လှမ်း က-  တစ် ဦး အပေါ် တစ် ဦး  အ ကျိုး လို လားသော မေ တ္တာ စိတ်၊  ဆင်း ရဲ သူ  အခြေ အနေ နိမ့် ကျနေ သူ ၊ကျန်း မာရေး ချို့ တဲ့နေ သူ စ သော သတ္တ ၀ါ များ အ ပေါ် ၌ ဆင်း ရဲ ခြင်း အန္တ ရာယ် မှ လွတ် မြောက် စေလို သော မြင့် မြတ်သောကရုဏာ၊ ချမ်းသာသူ အောင်မြင်သူများအပေါ်ဝမ်းသာသောစိတ်ဟုဆိုအပ်သော မုဒိတာ၊ ဆင်းရဲချမ်းသာ သတ္တ၀ါအားလုံးကိုမြင်တွေ့ရာ၌ သြော်…သူ့ကံနှင့်သူဖြစ်တာပဲဟု သဘောထားပြီး ၀မ်းနည်းဝမ်းသာမဖြစ်ဘဲ ပကတိတည်ငြိမ်ခြင်းဟုဆိုအပ်သောဥပေက္ခာတရားတို့သည်အမြဲတမ်းဗုဒ္ဓဘာသာဝင်တို့အတွက်ပွားများကြရမှာဖြစ်ပါတယ်။ ဒုတိယခြေလှမ်းအနေနဲ့-နတ်များကပင်ချစ်ခင်မြတ်နိုးအပ်သော ဒေ၀ဓမ္မတရား နှင့်လောကကို စောင့်ရှောက်သော လောကပါလတရား သုံးဆယ်ရှစ်ဖြာမင်္ဂလာတရားတို့ကိုလည်း ဗုဒ္ဓဘာသာဝင်တို့အတွက်အမြဲတမ်းရှိနေရမှာဖြစ်ပါတယ်။ အဲဒီလိုအရေးကြီးတဲ့တရားတွေရှိသည့်အနက် ဗုဒ္ဓဘာသာဝင်တို့အတွက် သူတော်ကောင်းဥစ္စာ(၇)ပါးကလဲ အလွန်မတန်းမှအရေးပါလှသောတရားတစ်ပုဒ်ပင်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ သိပြီးသားဖြစ်မှာပါ သို့ဖြစ်ပါ၍ မသိသေးသောသူများကို သိစေချင်သောဆန္ဒဖြင့် ဒီဆောင်းပါးလေးကိုတင်ပြလိုက်ရပါတယ်။
မြတ်ဗုဒ္ဓဒေသနာ
တစ်ခါတုန်းက ဥဂ္ဂအမည်ရှိတဲ့ ပသေနဒီ ကောသလမင်းကြီး မြတ်ဗုဒ္ဓအထံသို့ အ၀င်အထွက်၊ အသွားအလာ၊ အရောက်အပေါက်များသောသူဖြစ်ပါတယ်။ တစ်နေ့သ၌ မြတ်စွာဘုရားကိုလျောက်ထားတယ်- အရှင်ဘုရား အံ့ဖွယ်ကောင်းတယ်ဘုရား ဒီနေ့ ထူးထူးခြားပါပဲဘုရား၊ ရောဟဏသူဌေး၏ မြေးမ မိဂါရသည် အလွန်ကြွယ်ဝချမ်းသာပါတယ်၊ များသော ဥစ္စာတွေအသုံးအဆောင်တွေကလဲများလှပါတယ်ဘုရားဟုလျောက်ထားပါတယ်။
မြတ်ဗုဒ္ဓ- ဒကာတော် ဥဂ္ဂ အဲဒီမိဂါရသူဌေးက ဘယ်လောက်များ ချမ်းသာကြွယ်ဝနေလဲ၊ ဘယ်လောက်များ ဥစ္စာတွေကိုပိုင်ဆိုင်ထားသူဖြစ်သလဲ ဟုမေးခဲ့ပါတယ်။
အရှင်ဘုရား အဲဒီမိဂါရသူဌေးမှာ ရွေတွေဆို သိန်းပေါင်းတစ်ရာမကပါဘုရား၊ ငွေအရေအတွက်ဆိုရင်တော့ ပြောမနေနဲ့တော့ဘုရား အဲဒီလောက်အထိချမ်းသာလှပါတယ်ဘုရားလို့ပြန်လျောက်ခဲ့ပါတယ်။
ဒကာ! ဒကာ! နားထောင် အဲဒီရွေငွေစသောဥစ္စာပစ္စည်းတွေက လောက၌ ရှိပါတယ်၊ မရှိဘူးလို့တော့ငါမပြောပါဘူး၊ ဒါပေမဲ့ အဲဒီဟာတွေက ရန်သူမျိုးငါးပါးဟုဆိုအပ်သော မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောအမွေခံတို့မှမလွတ်မြောက်နိုင်ပါဘူး၊ အမြဲတမ်းဆက်ဆံနေတယ်။
ဒကာတော် ဤလောက၌ ရန်သူမျိုးငါးပါးမှလွတ်သော ဥစ္စာ(၇)မျိုးရှိတယ်။ အဲဒါတွေကတော့-
၁။ယုံကြည်မူ သဒ္ဓါဥစ္စာ
၂။စောင့်ထိန်းမူ သီလဥစ္စာ
၃။ရှက်မူ ဟိရီဥစ္စာ
၎။ကြောက်လန့်မူ သြတ္တပ္ပဥစ္စာ
၅။အကြားအမြင် သုတဥစ္စာ
၆။စွန့်ကြဲမူ စာဂဥစ္စာ
၇။သိမူ ပညာဥစ္စာ တွေပဲဖြစ်ပါတယ်။
မြတ်ဗုဒ္ဓက သူတော်ကောင်းဥစ္စာ(၇)ပါးကို ပိုင်ဆိုင်ထားသော ဥပသကာ၊ ဥပသိကာမတို့ကို လောက၌ ချမ်းသားသောပုဂ္ဂိုလ်ဖြစ်ကြပါတယ်လို့ဟောတော်မူခဲ့ပါတယ်။ လောက၌ ဒီတရားတွေကိုသာ ကျင့်သုံးသွားမယ်ဆိုရင် ဘယ်သောအခါမှ ဆင်းရဲခြင်းသို့ရောက်လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်၍ ပညာရှိသော ပုဂ္ဂိုလ်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သော သဒ္ဓါတရားကိုလည်းကောင်း၊ သစ္စာလေးပါးတရားကိုမြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်း အဖန်ဖန်အားထုတ်ရာ၏။သို့ဖြစ်၍ မိမိအတွက် လောကမှာရှိတဲ့ရွေငွေတွေကိုပိုင်ဆိုင်ထားရတာထက် မြတ်ဗုဒ္ဓ၏ အဖိုးမဖြတ်နိုင်လောက်အောင် တန်းဖိုးရှိသောသူတော်ကောင်းဥစ္စာ(၇)ပါး အမြဲထာဝရ ပိုင်ဆိုင်နိုင်ပါစေလိုဆန္ဒပြုရင်း….

မမေ့ သတိ၊ သီလ သမာ၊ အစဖြာ၊ သိက္ခာသုံးရပ်၊ ပြည့်စုံကြ။ ကြိုးစားအာထုတ်ပါ။
လပြည့်ဝန်း
ကျမ်းကိုး
အင်္ဂုတ္တိုရ်ပါဠိတော်၊ ဓန၀ဂ်၊ ဥဂ္ဂသုတ်၊

အရှင်ဇောတိပါလ(လပြည့်ဝန်း)http://www.lapyae000.com

About mihninlay

has written 10 post in this Website..