နှစ်များစွာ ကြာ ရှည်ဖြတ်သန်း
သည်နေရာ သည်ဝန်းကျင်
အခြေတည် အစပြုခဲ့ ကြိုးစားလုပ်ဆောင်နေရင်း
အောင်မြင်မှုရရှိခဲ့ချိန်မှာ
ငါဟာ
ကျောခိုင်းထွက်ခွာခဲ့ရ
အားလုံးကို နှုတ်ဆက်ဖို့ရာ
စကားလုံးတစ်လုံးတောင်မှ
ရှာမရခဲ့ပါဘူး။
ငါ့ရင်မှာ ဖြစ်တည်ခဲ့
ကြေကွဲမှု သံယောဇဉ်
တစ်စတစ်စ ကြီးထွားလာခဲ့
တိုးတက်မှုလမ်းမပေါ်လျှောက်ရင်း
အစက ပြန်စခဲ့ရ
အားလုံးကို ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင်း
ငါ့လျှောက်မယ့်လမ်းကို မှန်းဆ
အတိတ်က အရိပ်ကို လွမ်းဆွတ်ရင်း
အောင်မြင်မှုပန်းတိုင်ကို
ရှေ့ဆက်လှမ်းတော့မယ်….
ရေးသားသူ – မနောဖြူလေး

manawphyulay

About manawphyulay

manawphyu lay has written 939 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။