usb thumb drive သုံးပြီး window install လုပ်မယ်

windows အသစ်တင်ခါနီးကြရင် cd/dvd drive တွေ မကောင်းလို့ စိတ်ညစ်ရတာမျိုးတွေ ကြုံဖူးကြမှာပါ။ နောက်တခါ တစ်ချို့ netbook တွေမှာ cd/dvd drive တွေ မပါလာတာမျိုးတွေ လည်းရှိတတ်ပါတယ်။ အဲဒီလို အခြေနေတွေ ကြရင် usb thumb drive ကို အသုံးပြုပြီးတော့ ကိုယ့်စက်ထဲကို windows install လုပ်လို့ရပါတယ်။ usb thumb drive ရဲ့ ပမာဏ အနည်းဆုံး 4G ဖြစ်ရပါမယ်။ usb thumb drive ကို format လုပ်ရမှာ ဖြစ်တဲ့အတွက် ဒေတာတွေကိုတော့ တနေရာမှာ ကူးယူထားဖို့ လိုအပ်ပါတယ်။ အောက်မှာ ပြုလုပ်တဲ့အဆင့်တွေက Windows 7 တင်ထားတဲ့ စက်မှာ ပြုလုပ်တာပါ။ install လုပ်မယ့် windows ကလည်း windows 7 ပါပဲ။

၁. usb thumb drive ကို စက်ထဲမှာထိုးလိုက်ပါ။ ပြီးရင် Start menu > All programs > Accessories ထဲကနေ Command Prompt ပေါ်မှာ right click နှိပ်ပြီးတော့ Run as  administrator ကို ရွေးလိုက်ပါ။ ဒါဆိုရင်တော့ Command Prompt ကျလာမှာ ဖြစ်ပါတယ်။

၂. အဲဒီ Command Prompt ထဲမှာ DISKPART လို့ ရိုက်ပြီး Enter နှိပ်ပါ။ နောက်ထပ် Console window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ အောက်က အဆင့်အတိုင်း လုပ်ပါ။

၃. ပြီးရင် LIST DISK လို့ရိုက်ပြီး Enter နှိပ်ပါ။ ကိုယ့်ရဲ့ စက်ထဲမှာ ရှိတဲ့ disk  တွေ အကုန်ပြပါလိမ့်မယ်။ အဲဒီမှာ သေချာ ကြည့်ပါ။ ကိုယ့် us thumb drive ရဲ့ နံပါတ်က ဘယ်လောက်လည်းဆိုတာ။ ကျွန်တော့်စက်မှာဆိုရင် DISK 0 က Hardisk ပါ။ DISK 1 က usb thumb drive ပါ။ ဘေးမှာ disk size ကို ပြထားတဲ့အတွက် အလွယ်တကူခွဲလို့ရပါတယ်။

၄. usb thumb drive ရဲ့ disk no ကို သိပြီဆိုရင် SELECT DISK 1 လို့ရိုက်ပါ။ (ကျွန်တော့်စက်မှာ usb thumb dirve က DISK 1 မလို့ SELECT
DISK 1 လို့ရိုက်တာပါ။ တကယ်လို့ ကိုယ့်စက်မှာ တခြား disk no ဆိုရင် အဲဒီ နံပါတ် အလိုက်ရိုက်ပေးရမှာပါ)

၅. ပြီးရင်တော့ အောက်က အဆင့်တွေ အတိုင်း ရိုက်ပေးရမှာပါ။ CLEAN CREATE PARTITION PRIMARY SELECT PARTITION 1 ACTIVE FORMAT FS=NTFS ( usb drive ကို format လုပ်တာပါ။ မိနစ် အနည်းငယ် စောင့်ရပါတယ်) ASSIGN EXIT (DISKPART Console ကနေ ထွက်တာပါ။ မူလ Command Prompt ကတော့ ကျန်နေပါသေးတယ်။ အဲဒီ command prompt ကို မပိတ်သေးပါနဲ့ )

၆. အပေါ်က အဆင့် ပြီးရင်… DVD drive ကောင်းတဲ့ စက်တစ်လုံးထဲမှာ windows 7 ခွေကို ထည့်။  ပြီးရင် အဲဒီခွေထဲက BOOTSECT.EXE ကို အသုံးပြု ပြီးတော့ usb thumb drive ကို bootable ဖြစ်အောင် လုပ်ရပါမယ်။ ကောင်းတာကတော့ အပေါ်က အဆင့်တွေကိုလည်း DVD Drive ကောင်းတဲ့ စက်တစ်လုံးလုံးမှာ ပြုလုပ်သင့်ပါတယ်။ usb thumb drive ကို ဖြုတ်လို်က် တပ်လိုက် လုပ်စရာမလိုတော့ဘူးပေါ့။ ပြီးရင် Command Prompt ထဲကနေ အောက်က Command တွေကို ရိုက်ပါ။ CD \ D: (DVD drive letter ကို ရိုက်ပေးရမှာပါ။ ကျွန်တော့်စက်မှာ dvd drive က
D ဖြစ်နေလို့ပါ။) CD BOOT BOOTSECT.EXE /NT60 H: (ကျွန်တော့်စက်မှာ thumb drive letter က H ပါ။ အဲဒီနေရာမှာ ကိုယ့် thumb drive letter ကို ရိုက်ပေးရမှာပါ။)

၇. အပေါ်က အဆင့်တွေ အားလုံး ပြီးသွားပြီဆိုရင် ကိုယ့် usb thumb drive က bootable drive ဖြစ်သွားပါပြီ။ နောက်အဆင့် အနေနဲ့ windows 7 ကို usb thumb drive ထဲကို ကူးထည့်ပေးရမှာပါ။ DVD drive ကောင်းတဲ့ စက်တစ်လုံးထဲမှာ windows 7 ခွေကို ထည့် ပြီးရင် အဲဒီ ခွေထဲ အားလုံးကို ခဏနေက usb thumb drive ထဲကို ကူးထည့်လိုက်ရုံပါပဲ။ အဲဒါဆိုရင်တော့ bootable ဖြစ်တဲ့ Windows 7 ပါတဲ့ usb thumb drive တစ်ခု ကို ရမှာပါ။

၈. ကိုယ် windows တင်မယ့် စက်ရဲ့ bios ထဲမှာ first boot ကို usb drive ကို ထားပေးရပါမယ်။ ပြီးရင် usb thumb drive ကို အသုံးပြုပြီးတော့ windows တင်လို့ ရပါပြီ။ တစ်ခြား Windows အတွက်တော့ အနည်းငယ် အပြောင်းလဲ ရှိမယ် ထင်ပါတယ်။ Windows 7 တော့ အိုခေပါတယ်။ ကျွန်တော် ကိုယ်တိုင် စမ်းတင်ကြည့်ပြီးပါပြီ။
by:kokyawzwar