ကျွန်တော် ချစ်သော အနုပညာ သစ်…

alinsettMay 31, 20111min892

မော်ဒန်အနုပညာ (Modern art ) အပေါ် ဘယ်လိုမြင်သလဲ…..?
ဒီမေးခွန်းကို ဖြေဆိုရရင်လည်း အလွန်ရိုးရှင်းလွတ်လပ်စွာ…ဖြေဆိုမိမှာပါ။မော်ဒန်အနုပညာ ဆိုတာ လက်ခံသင့်တဲ ့အရာပါ။ အသစ် အသစ်သော အရာပေါင်းများစွာ…ကြားမှာ ရှင်သန်ကြီးပြင်းနေတဲ ့ကျွန်တော်တို ့ ဟာ….. အနုပညာသစ်ကိုမှ ငြင်းပယ်နေရင် မတရားရာ ကျမယ်လေ။လက်ရှိ ခေတ်ကြီးက အရမ်းရှုပ်ထွေးပါတယ်။နားလည်ရခက်တဲ ့ဖြစ်ရပ်တွေ……၊ လိုက်လို ့ မမှီတော့တဲ ့ အရာတွေအောက်မှာ လောကဟာ…မာယာအထပ်ထပ်နဲ ့ရှုပ်ပွနေတာပါ။
အဲဒီခေတ်( လောက)ထဲမှာ လူသားတွေဟာလည်း သူတို့ကြုံနေရတဲ ့အနေအထားထဲမှာ လိုက်လျောညီထွေရှိအောင် လိုက်ပါစီးမျောရင်း…………(စီးမျောနိုင်ဖို ့ကြိုးစားရင်း)
တစ်ဖက်ကလည်း သူတို ့ ခံစားချက်..(Emotion) တွေ ကို (ရင်ဘတ်ထဲမှာ ထားဖို့ ပြည့်လျှံ /နေရာ မရှိတော့တာကြောင့်)
ဖောက်ခွဲ ဖော်ထုတ်ရင်း….သူတို ့ ဖန်တီးတဲ ့ အနုပညာထဲမှာ လက်ရှိရင်ဆိုင်နေရတဲ ့ နားလည်ရခက်မှု။စံသွေချင်မှု ၊ စိတ်ပျက်မှု၊ အားမရမှု၊ ပြီးတော့……တခြားအမျိုးအမည် တပ်လို့မရတဲ ့ ခံစားချက်ပေါင်းများ………….စွာ စီးမျော ပါဝင်လာတယ်။တမင်တကာ ကိုပဲ…….ထည် ့သွင်း ဖန်တီးလာကြတယ် ။ဒါကို လက်မခံရဘူး လို ့ တယူသန် ငြင်းဆန်နေမယ့်အစား….ကောင်းသောအမြင်တွေနဲ ့ လိုက်ပါစီးမျောကြည် ့စေချင်တာပါ။ Modern Art ဟာ အလှတရားတွေ အဆန်းဆန်းနဲ ့ သိပ်ချစ်စရာ ကောင်းပါတယ်။ မယုံရင် ခံစားကြည့်ပါ။
စကားပုံ ရှိပါတယ်။ သူ ့ဘက်ကမ်းမှာ မီး ဘယ်လောက်လင်းသလဲ…သိချင်ရင် ကိုယ့်ဘက်ကမ်းက မီးကို အရင် မှိတ်လိုက်ပါ…..တဲ ့ ။ စဉ်စား ကြစေချင်ပါတယ်။
(ဒီဆောင်းပါးဟာ မော်ဒန် ချစ်သူတွေ ကို မရည်ရွယ်ပါဘူး။ ဂန္ထဝင် မှ ဂန္ထဝင် ဖြစ်နေတဲ ့ အစွန်းရောက်သူ လူနည်းစုကို ပဲ ရည်ရွယ်တာပါ။
ဒါပေမယ်။ ဘယ်အနုပညာကို ချစ်ချစ် ၊ အနု ပညာ ချစ်တဲ ့သူ ဆိုရင် ကျွန်တော်က လေးစားပြီးသားပါပဲ။)
လေးစားစွာဖြင် ့
အလင်းဆက်
(ဒီဆောင်ပါးက ကျွန်တော့် ရဲ ့ blog တစ်ခုဖြစ်တဲ ့ http://alinsett.multiply.com မှာ တင်ထားဖူးတဲ ့ဆောင်းပါးပါ။
ပြန်လည် ပြင်ဆင်ဖော်ပြခြင်း ဆိုတာ ဝန်ခံပါတယ် ။)

2 comments

  • nature

    May 31, 2011 at 11:49 pm

    စိတ်ကူးကောင်းတဲ့ alinsett ရေ၊ ကျနော့်အမြင်ကတော့ Morden Art ဆိုတာ Normal Art က ခွဲထွက်လာတဲ့ ထူးခြားဆန်းသစ်တဲ့ ခေတ်စားလာတဲ့ Art တမျိုးပါ၊ တခါတလေ စိတ်ကူးဉာဏ်သိပ်ကောင်းသွားရင် တယောက်စိတ်ကူးကို တယောက်ကနားလည်ဖို့တောင်ခက်ပါတယ်။

  • manawphyulay

    June 1, 2011 at 4:14 am

    မော်ဒန်အနုပညာဆိုတာ ဘာကိုခေါ်ပါသလဲ။ အကျယ်ရှင်းပြပေးစေချင်ပါတယ်ရှင်။ အနုပညာတွေရဲ့ ရသတွေကိုလည်း သိချင်ပါတယ်။

Leave a Reply