ကျွန်တော်ချစ်သော အနုပညာသစ် (သို ့မဟုတ်)လျှို ့ဝှက်အလင်းကို ဖွင့်ကြည့်ခြင်း

alinsettJune 3, 20111min775

၁/အနုပညာသစ်…တဲ ့။ အနုပညာသစ်ဆီကို အနုပညာသမား တစ်ချို ့ ချီတက်နေကြပြီ။တစ်ပြိုင်နက်ထဲ မှာပဲ…ဂန္ထဝင်အနုပညာ သည်သာ..အနုပညာအစစ် ဆိုပြီး…ဖက်တွယ်ရင်း ကျန်ရစ်ခဲ ့ကြသူတွေကလည်း ရှိနေလေရဲ ့။
ဆိုးတာက ကျန်ရစ်ခဲ ့ကြသူများက အေးအေးလူလူ မကျန်ခဲ ့ကြဘူး။လက်ပြ နှုတ်ဆက်ချင်ပုံ လည်းမရဘူး။ အနုပညာသစ်…ဆိုတာ ဘာ ညာ ဆိုပြီး….. အပြစ်တွေ ရှာကြ၊ စွပ်စွဲ ကဲ ့ရဲ ့ကြ၊ (အားလုံးကို မပြောပါ။ ) အဲဒီမှာပဲ….အနုပညာသစ် ကို ချစ်မိကြတဲ ့ အနုပညာသမားတွေ နဲ ့ အနုပညာဟောင်းကိုပဲ…ဦးခိုက်ပူဇော် ကျန်ရစ်ခဲ ့ကြသူ အနုပညာသမားတွေ….စိတ်ထားတွေ ကွဲလွဲ…..စကားလုံးစစ်ပွဲ တွေ ဖြစ်…….၊စာပေ တိုက်ခိုက်မှု…….တွေပေါ့။
အနုပညာ ဟာ လည်း….အလွှာ နှစ်လွှာ / အမျိုးအစားနှစ်ခု ရယ် လို ့ .. ကွဲပြား ခြားနားသွား…..၊(အနုပညာ ဟာ အလည် တည့်တည့်ကနေ နှစ်ခြမ်း အခြမ်း ခံလိုက်ရ……..။)
၂ / ကျွန်တော် ့သဘော ပြောရရင်တော့..အနုပညာ ကို အသစ်/အဟောင်း..ရယ်လို ့ နှစ်မျိုးခွဲခြားပြီး ကန် ့သတ် ဆက်ဆံ ပစ်လိုက်တာမျိုး ကို မဖြစ်စေချင်ဘူး။ (တကယ်ပါ)
အနုပညာ ဟာ သစ်ပင် ဆိုပါစို ့။ လောကမှာ သစ်ပင်ဆိုတဲ ့ သဘော တစ်ခုရှိတယ် ၊ ဒါပေမယ့် သစ်ပင်အမျိုးအစားတွေ ကတော့ အများကြီး ကွဲပြားခြားနားစွာ.. ရှိနေကြတယ်။
ပန်းပွင် ့တဲ ့သစ်ပင်၊ ပန်းမပွင့်တဲ ့သစ်ပင်..၊ နှင်းဆီပင်၊ ကျွန်းပင်၊
သရက်ပင်၊ ပိတောက်ပင်၊ ခရေပင်…..စသဖြင့်…အများကြီးပါ။ ဒါပေမယ့် သစ်ပင်ဆိုတဲ ့ သဘော ( ထပ်ပြောပါ့မယ် ။ သဘော…..) ကတော့ လောကမှာ တစ်ခုပဲ ရှိပါတယ်။
အဲဒီလိုပါပဲ..။ အနုပညာကို မော်ဒန်အနုပညာ ၊ ဂန္ထဝင်အနုပညာ ..စသဖြင့်…အမျိုးမျိုး ခွဲခြား / သတ်မှတ် လိုက်ပေမယ့် အနုပညာ ဆိုတဲ ့
သဘော (သဘော…) ကတော့ တစ်ခုတည်းပါပဲ။
၃ / သစ်ပင်တွေ ဟာ ကိုယ်စီ…. ပန်းတွေ ပွင့်ကြပါတယ်။
တစ်ပင်နဲ ့ တစ်ပင်.. ပွင် ့တဲ ့ပန်းချင်းမတူကြပါဘူး။ မတူခွင့် ရှိတယ်။
ဒီလိုပါပဲ..။ အနုပညာမှာလည်း…. တင်ပြပုံ / ဖန်တီမှု ဖော်ပြ
ချက်တွေ… အမျိုးမျိုး ကွဲပြားနေကြပြီ….။ ကွဲပြား ခြားနားစွာ…တင်ပြ
(ဖော်ထုတ်ပြ) ခွင့် လည်းရှိတယ် ။( ရှိတယ်…။ အဲဒီလိုပဲ ကျွန်တော် ယူဆ
တယ်။ ကျွန်တော် ့ယူဆ ချက်ပါ ။ သဘောမတူလည်း ..ရပါတယ်။)
အနုပညာအမား အချင်းချင်းကလည်း….ကိုယ့်အပင်မှာ ပွင့်တဲ ့ပန်း
နဲ ့ သူ ့အပင်မှာ ပွင့်တဲ ့ပန်း.. လို့ ပဲ… မြင်သင့်တယ်။
သူ ့ပန်းပွင့်က မလှ ဘူး။ ငါ့ပန်းကလေးကမှ လှတာ… ဘာ ညာတွေ လျှောက်ပြောနေမယ့်အစား……. ….. …
ပန်းဆိုတာ လောကကို အလှဆင်ပေးနိုင် ရင် ရပြီ….ဆိုပြီးကျေနပ်နိုင်ရမယ်။
ဒါက ဖန်တီသူ( အနုပညာသမား) တွေ ဘက်က တာဝန် ပါ။
၄ / ခံစားသူ (လေ ့လာသူ) တွေဘက်ကလည်း…တာဝန်လေးတွေရှိလာပါတယ်။
ပန်းတွေကို ကြည့်ပြီး…..ဒီပန်းကတော့ ငါကြိုက်တဲ့ပုံစံ မဟုတ်လို့
မကြိုက်ဘူး။ ပန်း ပုံစံကိုက ကျက်သရေမရှိဘူး…ဘာညာကွိကွ..တွေ
လျှောက်ပြောပြီး…. ကိုယ့် အကြိုက်နဲ ့ညီတဲ ့ ပန်းကိုပဲ အမွှန်းတင်နေရင်
ဒါဟာ အစွန်းရောက်မှု ပါ။
ဆရာကြီး ဇော်ဂျီ ရဲ ့ ဂန္ထဝ် ကဗျာ ကို မှ ကြိုက်သူက
တာရာမင်းဝေရဲ ့…မော်ဒန်ကဗျာကို… ပုတ်ခတ်ပြောဆိုတာ ၊ ကဲ့ရဲ ့ ရှုတ်ချ တာဟာ မငြိမ်းချမ်းမှုကို ဖန်တီးတာပါပဲ။
မကြိုက်ရင် ( ခံစားလို့မရရင်/ နားမလည်ရင်) မော်ဒန်ကဗျာကို မဖတ်နဲ ့။ ဒါပဲ။ ကျွန်တော် လက်မခံနိုင်ဆုံးသော အချက်ကတော့.. .. ..
၅ / ဆိုပါစို ့…။ တာရမင်းဝေ ရဲ ့ ကဗျာကို ဖတ်ပြီး
နားမလည်ဘူး…. လို့ ပြောခွင့်ရှိပါတယ် ။ (။ပြောသင့်ပါတယ်။)
ဒါဟာ အနုပညာ မှ မဟုတ်တာ ။မဟုတ်ဘူး …. လို့တော့ မှတ်ချက်ချခွင့်
မရှိဘူး ။(မရှိသင့်ဘူး)။ ကျွန်တော့် ယူဆမှုပါ။
မော်ဒန်စာပေ အနုပညာ ပစ္စည်းတစ်ခုက်ု နားမလည်တာနဲ ့ / မ
ကြိုက်တာနဲ ့ပဲ….အနုပညာပစ္စည်း မဟုတ်ဘူးလို့ ပြောရင် လွန်ပါတယ်။
ဖန်တီးသူကိုလည်း အနုပညာသမား မဟုတ်ဘူး လို့ ပြောရင် ထပ်လွန်ဦး
မှာပါပဲ…။
၆ / အနုပညာကို တံဆိပ်မျိုးစုံ….ကပ်ပြီး…ခွဲခြား ဆက်ဆံနေတာ ထက်……… အနုပညာ မှန်ရင်… လောက ကို အလှဆင်
နိုင်ဖို ့ သာ လိုတယ်……..လို ့ ကျွန်တော် ထင်မြင် ယူဆပါတယ်။
ရ / အနုပညာ အကြောင်းပြောရင်… ကျမ်းကြီးတွေ အစောင်စောင် ထွက်လာနိုင်ပါတယ်။
ဘာလို့လဲ…ဆိုတော့… အစကတည်းကိုက အနုပညာဆိုတာ
အင်မတန်…. ကျယ်ပြန် ့ နက်ရှိုင်းလွန်းလို ့ပါပဲ။
အခု ကျွန်တော်က အတို ့ အထိလောက်ပဲ တင်ပြသွားပါတယ်။
လွဲချော်နေတဲ ့ယူဆချက်တွေ မပါလောက်ဘူး လို ့လည်း ထင်ပါတယ်။
ကျွန်တော် ့ထက် တတ် / သိ သူတွေ ဝင်ပြောကြပါဦး..လို ့
ပြောပါရစေ။ ဘာပဲပြောပြော ကျွန်တော်တို ့ချစ်တဲ ့ အနုပညာ အကြောင်း…
ဆွေးနွေး (ငြင်းခုံ) ရတာ ပျော်စရာ လည်းကောင်းသလို အကျိုးလည်းရှိ မှာပါ။ အကြေ်ငးညီညွတ်ရင် ဝေဖန်ရေးသမား နဲ ့အနုပညာ.၊ ဂရိဒသန
ပညာရှင်ကြီး ပလေတို (Plato) ရဲ ့ Republic ကျမ်းကြီးထဲ က
Mirror Theory (ကြေးမုံ သီဝရီ ) အကြောင်းတွေ ကို တင်ပြ ချင်ပါသေးတယ်။
ကျွန်တော့်ဆောင်းပါးတွေ ကို ဖတ်ပြီး ဝေဖန် အကြံပေးပါဦးလို့ ပြောပါရစေ။ အနုပညာရသတွေ အကြောင်း မေးလာသူ အတွက်လည်း တစ်ခုခု ရေးဖြစ်မယ်ထင်ပါရဲ ့…။ အကြောင်း ….ညီညွတ်ရင် ပေါ့ဗျာ…။
လေးစားစွာဖြင့်
အလင်းဆက်
2 / 6/ 2011 /
ည …..12း25 /

5 comments

  • fatty

    June 3, 2011 at 2:45 pm

    ဦးလေးတော့ လိုက်မမှီတော့ဘူးဖြစ်နေတယ် …..
    ဒါပေမဲ့ကောင်းပါတယ် .. ကြိုးစားပြီး လိုက်ကြည့်ပါ့မယ် …………..။

  • captainamerica

    June 3, 2011 at 3:50 pm

    သိပ်မှန်တာ‌ပေါ့ကိုအလင်းစက်ရယ်။ အနုပညာဆိုတဲ့အ‌ကြောင်းအရာတစ်ခုမှာကိုယ်ကြိုက်သလို
    လွတ်လပ်စာွသ‌ဘောကွဲလွဲခွင့်ဆိုတာရှိတာ‌ပေါ့။ဒါ‌ပေမယ့်ငါတို.ဟာကမှအမှန် သူတို.ဟာ‌တွေကို
    လက်မခံနိုင်ဝူးဆိုတဲ့တရား‌သေဝါဒသမား‌တွေအတွက်က‌တော့………………….။
    ိအချိန်အတိုင်းတစ်ခုကဆုံးဖြတ်‌ပေးသာွးမယ်လို.ပဲထင်ပါတယ်။ သူတို.စာ‌ပေကိုလည်းလက်ခံ‌ပေး
    ပါတယ်။‌ရွှေဥ‌ဒေါင်း တို. ပီမိုးနင်းတို.စာအုပ်‌တွေဆိုရင်အရမ်းကြိုက်ပါတယ်။ ငါ့စာ‌ပေမှဆြိုပီး‌တော့လည်း
    တစ်ယူသန်မဟုတ်ပါဝူး။ ဆရာ‌ဇော်‌ဇော်‌အောင်‌ေ ပြာသလိုပဲနားမလည်ဝူးဆိုရင်မဖတ် ကြပါနဲ.။
    ဖတ် ပြီးလို.နားမလည်ဝူးဆိုရင်ပို ပြီး‌တော့‌တောင်မ‌ဝေဖန်သင့်‌တော့ဝူး။ကိုယ့်မှနားမလည်တဲ့အရာ
    တစ်ခုကိုဘာ‌တွေ‌ေ ပြာကြအုန်းမှာတုန်း။‌ခေတ်နဲ.အညီစာ‌ပေအမျိုးအစားအသစ်က‌တော့ရှိလာမှာပဲ။
    ဒါကိုမှလက်မခံနိုင်ပါဆိုရင်‌တော့ း-) း’-)

  • MaMa

    June 4, 2011 at 12:08 am

    ကဗျာရေးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ half by half တဲ့။ ရေးသူကတစ်ဝက် ပြောပြမယ်။ ဖတ်သူက ကျန်တဲ့တစ်ဝက်ကို တွေးယူရမယ်တဲ့။ အဲဒါမှ ရသမြောက်တယ် ပြောတာပဲ။ သူရေးတဲ့ ကဗျာတွေကိုလည်း နားမလည်ဘူးလို့ ပြောခဲ့ဖူးပေမယ့် အလင်းဆက်ပြောသလိုပဲ မကောင်းဘူးလို့တော့ မပြောဖူးဘူး။

  • alinsett

    June 5, 2011 at 9:36 am

    အခုရေး မယ့်စာက ကြားဖြတ်ပြောပြစရာလေးမိ ု့ရေး တာပါ ။ မူလ ရည်ရွယ်ထားတဲ ့ဆောင်းပါး အစီအစဉ်
    တွေထဲ မှာ ဒါတွေ မပါပါဘူး။ အခု ကျွန်တော့်ဆောင်းပါးကို ဖတ်ပြီးဝေဖန်ထားသူတွေရဲ ့ စကားလေးတွေ ကို လေးစားစွာ..ပြန်ကြားခြင်းပါ။
    ပထမဆုံး moeminthar ဆိုတဲ ့ မိတ်ဆွေ မေးထားတဲ ့မေးခွန်းကိုဖြေပါ့မယ်။
    အလင်းဆက် က မော်ဒန်သမားလား…..တဲ ့။ မဟုတ်ပါဘူး။ ကျွန်တော်က မော်ဒန်သမား မဟုတ်ပါဘူး။
    အနုပညာသမားပါ။ အနုပညာ ကို ချစ်တဲ ့ (ထပ်ပြောပါ့မယ် ၊ အနုပညာကို အသက်နဲ ့ထပ်တူ ချစ်တဲ ့)
    စာပေသမားတစ်ဦးပါ။ (ပညာရှင်ကြီးတော့ မဟုတ်ပါဘူး။ သိသလောက် တွေးမိသလောက်လေးတွေကို ကောင်းမယ်ထင်လို့ ပြောနေတာပါ။ အနုပညာအကြောင်းပြောရတာဟာ ဘာနဲ ့မှ မတူတဲ ့အရသာ ကိုပေးပါတယ် ။ ပြောသလောက်ကို လည်းသေချာ စဉ်းစားပြီးမှ ပြောပါတယ်။။)
    ဒုတိယ … ပြောချင်တာက captainamerica ဆိုတဲ ့ မိတ်ဆွေ…..။ကျွန်တော် ့ ကလောင်နာမည်
    က အလင်းဆက် ပါ။ ဆလိမ်နဲ ့ဆက် ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်းအယ်ဒီတာ ဆရာ ဦးဝင်းငြိမ်းကို ကျွန်တော် ့ ရဲ ့ကလောင်တွေ ဖြစ်တဲ ့ သူငယ်ချင်း ၊ အလင်းစက် ၊ လူမင်နရီ ၊ ကိုယ်ပွား…. ဆိုတဲ ့
    နာမည်လေးခု ထဲ က တစ်ခုကိုရွေးပေးပါ ဆိုတော့ ဆရာ ဦးဝင်းငြိမ်းက အလင်းစက် ကို ရွေးပေးပါတယ်။
    အလင်းစက်နဲ ့စာတွေရေး ဖို့ပါ ။ ကျွန်တော်က လက်ခံခဲ ့ပါတယ် ။ဒါပေမယ့် နောက်တစ်ရက်မှာပဲ
    အလင်းစက်…ကနေ အလင်းဆက် ကိုပြောင်းလိုက်ရပါတယ်။
    အကြောင်းတစ်ခုကြောင့်ပါ။ အခု မိတ်ဆွေ ပြောတာတွေက ကျွန်တော်နဲ ့အယူအဆတွေ တူနေပါတယ်။လွတ်လပ်စွာ တူညီခွင့် လွတ်လပ်စွာ…သဘောထားကွဲလွဲခွှင့်တွေ ရှိတယ် ။ ဒါကို တရားသဘောလေး နည်းနည်း ထည် ့ပြီးကြည့်ရင် အမြင်တွေကြည်သွားပါလိမ့်မယ်။
    မိတ်ဆွေ ကို လေးစားစွာ…ခင်မင်လျက်ပါ။ ဆွေးနွေးချင်တာတွေ ရှိပါသေးတယ်။
    fatty ဆိုတဲ ့မိတ်ဆွေကိုလည်းလေးလေးစားစားနဲ ့ကို ခင်မင် မိပါတယ်။
    လိုက်လို့မမီတော့ဘူး (နားမလည်ချင်ဘူး) ဆိုတဲ ့ ကျွန်တော် အယူအဆတွေကို ကောင်းပါတယ်……ကြိုး
    စားပြီးလိုက်ကြည့်မယ်…..ဆိုလို့ပါ။ ဒီလို သဘောထားကြီးတဲ ့စာပေချစ်သူတွေ စာပေလောကမှာ အမှန်တကယ် ကို လိုအပ်နေပါတယ်။ နားမလည်အောင်ရေးတော့ ဆဲတယ်ကွာ….ဆိုတဲ ့ လူတွေကို ခင်တာထက် အများကြီးပို ခင်မင်မိပါတယ်။
    ma ma ကိုလည်း အဲဒီလိုလေး သက်သက်ညှာညှာ တွေးတတ်လို့ လေးစားပါတယ်။ Ma Ma ပြော
    တဲ ့ half by half ဆိုတဲ ့သဘောမျိုး နဲ ့တူတဲ ့သီဝရီ တစ်ခု အနုပညာ မှာရှိနေပါတယ်။
    မော်ဒန် အနုပညာ အတွက် လို ့ပဲ ထင်ထားပါတယ်။ ကဗျာ တစ်ပုဒ် ( အနုပညာပစ္စည်းတစ်ခု)ကို
    ရေးသူ (ဖန်တီးသူ)နဲ ့အတူ ဖတ်သူ (ခံစားသူ) က ပါ ပူးပေါင်းပါဝင် ခံစားရတယ်…တဲ ့။
    နောက်မှပဲ…အကျယ်တဝင့်ပြောပါမယ်။
    အားလုံးကို ခင်မင်လေးစားစွာ…..ဖြင့်
    အလင်းဆက်
    alinsett.art@gmail.com

  • kai

    June 11, 2011 at 9:42 pm

    ကျုပ်ကတော့… “အနုပညာ ဖန်တီးရာမှာ.. အားထည့် မလုပ်သင့်ပါ” ဆိုတာလေး ထပ်ဖြည့်ချင်ပါ့ဗျာ…။
    ဆိုလိုတာက…
    အတင်းအဓမ္မ မဖန်တီးရဘူးဆိုတာပါ..။ အသစ်ဖြစ်ဖြစ်..အဟောင်းဖြစ်ဖြစ်… အနုပညာကို.. (နှလုံးသားနောက်ကို.. မျှောလိုက်ပြီး..)ဖန်တီးသင့်တာပေါ့..
    ရိုးသားမှုရှိရမယ်ပေါ့နော…။

    Plato ရဲ ့ The Republic ကို ဝေဖန်ဆန်းစစ်တာလေးတွေတော့ ဖတ်ကြည့်ချင်မိပါရဲ့..။
    ရေးပါခင်ဗျား…။

Leave a Reply