မောင်ရင်ကောင်းမြတ်ရေ မောင်ရင်ကိုအဘ အနေနဲ့ ပုဂ္ဂရေးမဟုတ်တဲ့ အများအကျိုးအတွက် မောင်ရင်မရခဲ့တဲ့ သတင်းရင်းမြစ်များရဲ့ သတင်းမှန်များကို ပြောပြမယ်နှော်၊
ပထမဦးစွာ မောင်ရင်ဟာဘယ်သူ သတင်းသမားဟုတ်မဟုတ် အဘပိုင်းခြားပြပါမယ်ဒုတိယ ထွန်းသန့်ကျော်ရဲ့ဇစ်မြစ်နောက်ကွယ်က ပေါ်ပေါက်လာတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု တတိယ အကျင့်ပျက်ဝန်ထမ်းများရဲ့အုပ်ချုပ်မှုနဲ့တရားစီရင်မှုများကို တင်ပြသွားမှာပါ။
ကျွန်တော်ကျော်ဟန်ပါ
mgzမှာ သတင်းဟာကျယ်ကျယ်ပြန့်ြ့ပန့်ပါဝင်ခဲ့ပေမယ့် တကယ်သတင်းကျောရိုးနဲ့kpဖွဲ့ရဲ့လူ့အခွင့်ရေးချိုးဖေါက်မှုပြစ်မှုကြီးကတော့ ပျောက်ကွယ်နေခဲ့ပါတယ်၊ မောင်ရင်ကောင်းမြတ်ရေ က ဖ နဲ့ ကောင်းမြတ်(2.5)နာမည်ကျော်ဗေဒင်ဆရာမှားနဲ့တိုင်ပင်ပြီး ကဖဆိုတဲ့အမည်ဆိုးကို ကက်ကင်းရိုက်ခြေဖျက်ထားသလားလို့တောင်ထင်မိတယ်၊မေင်ရင်ဟ ကဇမဟုတ်ရင်တော့ အဘဆက်ပြောမယ်နှော်။
မောင်ရင်ဟာသတင်းသမားမဟုတ်ပါဘူး။မောင်ရင်ရေးခဲ့တဲ့mgz(may.1.2011)မှာ”ဘာမှမသိတဲ့အစ္စလာမ်လူမျိုးတွေ” ဆိုပြီးရေးထားတာတွေ့တယ်၊မောင်ရင်သင်ဘူးတဲ့သမိုင်းစာပေထဲမှာအစ္စလာမ်လူမျိုးလို့မောင်ရင်တွေ့ဘူးသလားဟုတ်မယ်ထင်တယ်ရခိုင်ပြည်နယ်မှာတော့အစ္စလာမ်ဘာသာကိုးကွယ်ရင် ဘယ်လူမျိုးဘဲဖြစ်ပါစေသံသယလူမျိုးဆိုပြီးခရိးသွားလာခွင့်တွေပိတ်ထားတယ်မောင်ရင်၊ မောင်ရင်ကိုယ်တိုင် အစ္စလာမ်လို့ဝန်ခံထားပြီး “ကျွန်တော်တို့လူမျိုးကိုသွေးခွဲတယ်”ဆိုပြီးမောင်ရင်postထဲ မှာရေးထားတယ် အဘမေးမယ် လူမျိုး(nation)နဲ့ ဘာသာ(religion)ခွဲခြားမသိတဲ့သူကဘယ်လိုလုပ်ပြီးသတင်းထောက်ဖြစ်သွားရတာလဲ၊ နောက်တစ်ခုကငပလီကိုရောက်တဲ့အခါလဝကမှာအဝင်အထွက် တံဆိပ်တုံးရိုက်ပြီးငွေကြေးလေးမပူဇော်ခဲ့ရဘူးလား၊အခြားအစ္စလာမ်တွေကတော့ပေးရတယ်မောင်ရင်။
မောင်ရင်သတင်းရေးတော့မယ်ဆိုရင် စာဖတ်ပရိတ်သတ်ဖြစ်တဲ့ပြည်သူတွေကိုမေ့မထားသင့်ဘူးသတင်းသမားဟာ ဘယ်သူတွေအတွက်သတင်းရေးလဲဆိုတာကောင်းကောင်းသဘောပေါက်ဘို့လိုတယ်၊ မောင်ရင်ရဲ့ သတင်းရင်းမြစ်(source)ဟာတကယ်ပြည်သူထဲကမဟုတ်ဘူးပြည်သူ့ချဉ်ဖတ်ဖြစ်နေတယ်။ သတင်းသမားဆိုတာ အခြားတစ်ယောက်ရဲ့ ကိုယ်ကျိုးအသုံးချတာ
မခံရဘူး ။ ဒီလူကပြောလိုက်တယ်ဆိုတာနဲ့ လက်ခံတတ်တဲ့ လူစား ဟာ သတင်းသမားမဟုတ်ဘူး၊ သတင်းသမားဆိုတာ လွတ်လပ်ရတယ်၊ တကယ်ဒီအဖြစ်အပျက်
တွေကို လက်တွေ့ခံစားနေရတဲ့ သာမန် ပြည်သူတွေနဲ့ တွေ့ဆုံရတယ် ၊ သတင်းတွေမှာ ဒေသန္တရရှုထောင့် (angle ) ရှိရတယ်၊ ဒါပေမဲ့ မှန်ကန်တဲ့ အရှိကိုအရှိအတိုင်း
ပြောတတ်တဲ့ ဘက်မလိုက်တဲ့ သတင်းရင်းမြစ် တွေ ဟုတ်မဟုတ် ဆိုတာကို ကိုယ်တိုင်စီစစ်ရမယ် ၊ အခုတော့ မောင်ရင်က KP ကြီးရဲ့ ပရမ်းမတာ စွပ်စွဲချက်တွေကို
ပို့စ် တင်ထားတော့ မောင်ရင်ဟာ သတင်းသမားမဟုတ်ပါဘူး လို့ အဘ ပြောပါရစေ မောင်ရင်ကောင်းမြတ်ရေ ၊

ကဲ မောင်ရင် အဘ ကိုမေးခွန်းတစ်ခုလောက်မေးစမ်းပါ ၊ အဘ ဘာကြောင့် KP ကြီးသတင်းကို စိတ်ဝင်စားသလဲ ဆိုတာကိုပါ ၊ ကဲ မောင်ရင် သတင်းဆိုတာ လူအများ
ကြီးအပေါ် မှာ သက်ရောက်မှုရှိတဲ့ အကြောင်းရာတစ်ခုပါ ၊ ဒီသတင်းကို အဘ ပထမ ဖတ်တော့ ဒီပို့စ် တင်တဲ့သူတွေ ဟာ KP ကြီးအပေါ် ဖက်ပေါင်းစုံ ကစွပ်စွဲ ပြော
ကြားချက် တွေကို အပြည့်အစုံ ရေးသားဖေါ်ပြ နေပေမဲ့ ဒီအငြင်းပွားမှု က ဘာကြောင့်အရေးကြီးသလဲ ဆိုတာ မရှင်းပြ နိုင်ကြဘူး.၊ အဲဒီတော့ ဒီသတင်းရဲ့ ဖြစ်ပေါ်
တိုးတက်မှုက ပြည်သူအတွက် ဘယ်လိုအကျိုးပြုမလဲ ဆိုတာကို သံသယ ဖြစ်ကုန်ကြပါတယ်၊ အဘတို့က အပစ်ကင်းတဲ့သတင်းတပုဒ် ဖြစ်ဘို့ စီစစ်ဝေဖန်လိုက်တဲ့
အခါ KP ပါဝင်ပါတ်သက်တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုကြီး တွေ့ရှိပေါ်ပေါက်လာပါတော့တယ်၊ ဒီသတင်းရဲ့ ဆက်စပ်မှု အစဉ် (context) ကို မရေးခင်မှာ အဘတို့
ရရှိထားတဲံ့ နောက်ခံသမိုင်း (background) ကိုအကျဉ်းမျှ ရေးပါ ဦးမယ်၊ ၊
အဘစုံစမ်းသိရှိရသလောက်တော့ MGZ မှာပါတဲ့ သတင်းတွေဟာ အမှန်တွေပါ၊ ဒါပေမဲ့ တင်ပြပုံလွဲ ချော်မှုနဲ့ ပြည်သူတိုင်း MGZ မှာသတင်းရေးဖို့ ခက်နေတာကြောင့်
ခိုင်လုံတိကျတဲ့ သတင်းတွေဖြစ်မလာ၇တာပါ ၊
တစ်ကယ်တော့ KP ဟာ ရခိုင်ပြည်နယ်အတွင်း အစ္စလာမ် ဘာသာဝင်များအပေါ် လူ့အခွင့်ရေးချိုးဖေါက်မှု မှာ အထူးပါဝင်ပါတ်သက်နေသူပါ၊ မောင်ရင့်လိုပဲ အဘရဲ့
သတင်းရင်းမြစ်ကို အမည်မဖေါ်လိုသော သတင်းရင်းမြစ် ( anonymous source ) လို့ပဲ အဘ ပြောမယ် ၊
KP ဟာ စစ်ထောက်လှမ်းရေးခေတ် တစ်ခေတ်လုံး သတင်ပေးလုပ်ခဲ့ ပြီး တရားဥပဒေမဲ့စွာ ပြည်သူများအပေါ် ဗိုလ်ကျ အနိုင်ကျင့်ခဲ့ကြောင်း ၊ အစိုးရဝန်ထမ်းများဟာ
လည်း KP ကိုရွံကြောက် ကြောက်နေရကြောင်း ဘုရင့်နောင် ကားဝင်းအတွင်းရှိ သံတွဲကားသမားများထံမှ သိရပါတယ်၊ အောင်မင်္ဂလာ အဝေးပြေး ဝန်း ကျတော့လဲ
ဒီအတိုင်းပါပဲ၊ ဒါနဲ့သံတွဲ ဘက်ဆီ ဦးလှည့် ပြန်တော့ KP ရဲ့ သမိုင်း ဟာ တော်တော် မည်း ခဲ့တာပဲ မောင်ရင်ရေ ၊ တကယ်ပဲ KP ဟာ ဂျပန်ခေတ်အလိုတော ရိ ပုံစံ
အတိုင်းပါပဲ လား.၊
( ၁ ) ဘာသာရေးအလွဲသုံးစား အသုံးချမှု….ရခိုင်ပြည်နယ်ဟာ အစ္စလာမ်ဘာသာဝင်တွေကို ပညာရေး ကျန်းမာရေး မည်သည့်ကိစ္စနှင့်မျှ ရခိုင်ပြည်နယ်ပြင်ပ လွတ်
လပ်စွာ သွားလာခွင့် မရှိသည်နှင့် တစ်ပြိုင်နက် မိမိ ၏ ဇာတိလူမျိုး ဘင်္ဂါလီ ကိုဖျောက် ကာ ရခိုင်ဗုဒ္ဓ အမည်ခံလာပြီး တစ်ဖက်မှာ ဇာတိမျိုးရိုးပေါ်မည်စိုးသော
ကြောင့် အစ္စလာမ် ဘာသာဝင်များအား အာဏာပိုင်တို့ရှေ့တွင် မုန်းတီးဟန်ဆောင်ပါတယ်၊ ဒါကတော့ KP ဟာ မည်သည့်ဘာသာကိုကိုးကွယ် သည် ဆိုသည်
ထက် ဘာကြောင့်ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့သလဲဆိုတဲ့ အကြောင်းပေါ့မောင်ရင် ၊ တစ်ကယ်များ အစ္စလာမ်ဘာသာကိုးကွယ်ခဲ့မယ်ဆိုရင် KP ကြီးလဲ လ.ဝ.က
ကို ငွေ ပေးမှ ရခိုင်ပြည်နယ် နယ်ကျော်လို့ရမှာပေါ့မောင်ရင်.၊
(၂) ကလေးသူငယ်တို့၏ လူမှုဘဝဖူလုံရေးကို ထိပါးပျက်စီးစေသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စီးပွါံးရှာဖွေမှု ၊ .. မောင်ရင် C R C ကိုသိသလား ၊ ကလေးသူငယ်
များဆိုင်ရာ သဘောတူညီချက်လေ ၊ ကမ္ဘာ က ဒါကို အလေးပေးနေဆဲ အချိန်မှာ အမေရိကန်လို့ ကမ္ဘာ့ထိပ်သီး ဒီမိုကရေစီ နိုင်ငံကြီးမှာနေတဲ့ မောင်ရင်လို
လူမျိုးက ကျူးလွန်လာပြန်တော့ KP လိုလူမျိုးအတွက်တော့ ဘာအကြောင်းလဲ မောင်ရင်ရေ ၊ ဧပြီ ၂၀ မှာ အမှတ်စဉ် (၄) ဦးချိုကြီး၏သား နှစ်ယောက်မှာ
ငွေပေးပြီး စစ်ဗိုလ်ရအောင်လိုက်ထား သော နိုင်ငံခြားသွေး ရောသူလို့ မောင်ရင်ဆိုလိုတာ ထင်တယ်၊ ဒါဟာ အခု ရာဇဝတ်မှု ပေါင်းစုံနဲ့ ထောင်နန်းစံနေတဲ့
ဖျက်သိမ်း တပ်မတော်ထောက်လှမ်းရေး အကြပ် ကြီး ထွန်းမောင် နဲ့ KP ကြီးတို့ ပူးပေါင်းပြီး ငွေ သိန်း ၃၀ ညှစ်ခဲ့တဲ့ အမှုကြီးလေ ၊ ဦးချိုကြီး နှင့်နီးစပ်သော
အသိုင်းအဝိုင်းများက ပြောတာကတော့ ဒီကိစ္စကြီးမှာ ဦးချိုကြီးတို့မှန်လို့ သာ ဗိုလ်သင်တန်း တက်ခွင့် ရပါတယ်လို့ ဆိုကြပါတယ်၊ ဒါကိုပဲ မောင်ရင်ကထောက်
ပြတယ်ဆိုတော့ မောင်ရင်ဟာ KP အောက်ဆွဲ ကပ်တီးမူးလဲ လို့ အဘ ပြောရင် မလွန်ပါဘူနော် ၊ ဒါတင်မဟုတ်ဖူး မောင်ရင် KP ကျူးလွန်ခဲ့တဲ့ ကလေးသူငယ်
များဆိုင်ရာ အကြမ်းဖက်မှုတွေ အများသား ၊ တချို့ဆို ဗိုလ်သင်တန်းကျောင်းကပြုတ်တယ် ၊ အကြပ်ကြီးထွန်းမောင်နဲ့ KP ကြီးတို့တောင်းတဲံ့ ငွေကြေးကို
မပေးနိုင်လို့လေ ၊ ဒါထက်ဆက်ရေးမယ်ဆိုရင် စာအုပ်ထုပ်ရမယ်မောင်ရင်ရေ ၊
(၃) မတရားဖမ်းဆီးချုပ်နှောင်စေမှု နှင့် လွတ်လပ်သောတရားစီရင်မှုများအား ဝင်ရောက်စွက်ဖက်ခြင်း ၊….သံတွဲမြို့နယ်က ရဲအသိုင်းဝိုင်းကပြောပါတယ် ၊ မကြာခဏ
ပြည်ထဲရေးဝန်ကြီးရဲ့အမည် ကို အလွဲသုံးစားနဲ့..ဟိုလုဖမ်းပေးပါ ဒီလူ ဖမ်းပေးပါ ဟု လာရောက် ဖမ်းခိုင်းပါတယ် ၊ တစ်ကယ်စစ်ကြည့်လိုက်ရင် လုပ်ကြံတိုင်တန်း
တာ တဲ့ ၊ ဒါက အခုမှ မဟုတ် စစ်ထောက်လှမ်းေ၇းတစ်ခေတ်လုံး ရခိုင်စစ်ဒေသ စစ်ထောက်လှမ်းရေးတပ်မှုး ဗိုလ်မှုး မိုးစက် ဟာ KP ကြီးရဲ့အကိုဆိုပြီးချောက်
လှန့်တယ် ၊ မိုးစက် ထောင်နန်းစံသွားပြန်တော့ ပြည်ထဲရေးဝန်ကြီး ဟာ သူ့ဦးလေး ဟု ပြောလာပြန်တယ် ၊ အခု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဆိုရင်လဲ သူနှင့်
ညီ အကို သားချင်းတစ်မျှ ရင်းနှီးကြောင်း ပြောလာပြန်တယ် ၊ ကြာတော့ သူနဲ့ပါတ်သက်ဖို့ ဝန်ထမ်းတွေ ဟာ တွန့်ဆုတ်လာကြတယ်၊ ဒါတောင်မှ KP ကြီးက
ရှက်စိတ် မမွေးဘူး ၊ ခုပြည်တောင်စုအစိုးရ အဖွဲ့ဝင်တွေ ဟာ လဲ သူနဲ့ဂေါက်ရိုက်ဖေါ် ဂေါက်ရိုက်ဖက် ဆိုပါလား ၊
ဒီလိုပဲ ပြည်ထဲရေးဝန်ကြီးရဲ့ အမည် အလွဲသုံးစားနဲ့ တရားသူကြီးများအပေါ် သွေးရိုးသားရိုး မဟုတ်သော သြဇာလွှမ်း မိုးခြင်း၊ ဖိအားပေးခြင်း၊ တရားရေးလုပ်ငန်းစဉ်
အတွင်း ခြိမ်းချောက် ခြင်း ၊ ဝင်ရောက်စွက်ဖက်ခြင်း များရှိ ခဲ့ပါတယ်၊ တရားလို မရှိပဲ တရားရုံး မှာ စစ်ဆေးကြားနာရတဲ့အမှု လို့ မောင်ရင်ကြားဖူးလား ၊ ရဲစခန်းမှာ
F I R မရှိပဲ ရာဇဝတ်ကြောင်း နဲ့ တရားသူကြီးက ၆ လ အကြာ စစ်ဆေးကြားနာရတဲ့ အမှုလေ ၊ သူကရဲ ကိုငွေပေးပြီးခိုင်းတယ် ၊ ရဲ ကလိမ်ပြီး တရားရုံးတင်တယ်၊
တရားသူကြီးက အမှုစစ်တော့ လုပ်ကြံတိုင်တန်းမှု ကြီးပေါ်လာတယ် ၊ တရားသူကြီးက KP ကြီးကို ကြောက်ရတော့ သူပြောတဲ့အတိုင်းလုပ်ရတယ်၊ အခုလည်း KP ကြီး
နဲ့ မတည့်သူတွေကို ဖမ်းဖို့အတွက် ပုန်ကန်သူတွေ NLD ပါတီဝင်တွေ ဆိုပီး ခေါင်းစည်းတပ် ပုဒ်ထီး ပုဒ်မတွေ တပ်ပြီး ဖမ်းဖို့ ပြင်လာပြန်တယ် ၊ ဒါက နိဒါန်းလောက်
ပဲ မောင်ရင် ၊
ကဲ မောင်ရင်ရေ
(၄) ရဲအောင်လံ ကားဂိတ် ဟာ ဘယ်ကရလာတဲ့ ငွေကြေးနဲ့တည်ဆောက်ထားတာလဲ …၊ ဘယ်သူ့အခွင့်အာဏာနဲ့ တည်ဆောက်ခွင့်ရထားတာလဲ ၊ ဒီမေးခွန်းကို
မေးလိုက်တဲ့အခါ KP မျက်နှာ မှာကပ်ထားတဲ့ မျက်နှာဖုံးကွာကျတော့တာပဲ၊ မောင်ရင်ရေ KP ဟာ လူ့အခွင့်ရေးချိုးဖေါက်မှုက ရတဲ့ငွေ ကြေးတွေနဲ့ တည်
ဆောက်ထားတာ ၊ စစ်ထောက်လှမ်းရေးခေတ်က မှောင်ခိုစက်လှေတွေ ၊ ကျွန်းသစ်မှောင်ခိုတွေ ဒါတွေက ရတဲ့ ဆက်ကြေးတွေနဲ့ တည်ထောင်ခဲ့တာ၊ ရဲအောင်လံ
ဂိတ်ကလဲ အကျဉ်းစံ ထောက်လှမ်းရေးတပ်မှုး မိုးစက်ရဲ့ အထောက်အပံ့တွေလေ၊ ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်တွေ ဟာ လူ့အခွင့်အရေးချိုးဖေါက်မှု
တွေ ခံနေရတယ် ၊ ဒါကို KP တို့ ကသဘောကျတယ် ၊ ဘင်္ဂလားနယ်စပ်က ဘင်္ဂါလီ လူမျိုးတွေကို စစ်ထောက်လှမ်းရေးအကူအညီနဲ့ သံတွဲမြို့ကိုသယ် ၊ သံတွဲမြို့
မှ တစ်ဆင့် ရဲအောင်လံ ကားတွေ နဲ့ ရန်ကုန်ကိုပို့ ၊ ရလိုက်တဲ့ ငွေ ကြေး ကလဲ လူတစ်ဦးကို သိန်း ၂၀ ဆိုတော့ တွက်ကြည့်ပေါ့မောင်ရင် ၊ အဲ့ဒီခေတ်အခါကလဲ
စစ်ထောက်လှမ်းရေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ခေတ်မဟုတ်လား..၊ ဘယ်သူကလူစွမ်းကောင်းလုပ်ပြီး ရဲအောင်လံ ကားကို စစ်ဆေးရဲမှာလဲ ၊ တရား
မဝင် ကားကောင်းတွေလဲ စီးနိုင်ခဲ့တာပဲ မောင်ရင် ၊ ယာဉ်ထိမ်းရဲ အနားတောင်မကပ်ရဲပါဘူး ၊ ပြည်ထဲရေးဝန်ကြီးက စီးဖို့ပေး ထားတဲ့ကားမို့လေ ၊ အတိုင်
အတောက လဲ ထူသလားမမေးနဲ့ ၊ ပီးရင် သူမတိုင်ပါဘူးဆိုပီး ဗြောင်ကျကျ ငြင်းတာ၊ သူဒုက္ခပေးလို့ ဒုက္ခရောက်ရတဲ့ ဝန်ထမ်းတွေလဲ အမြောက်အများပါပဲ
မောင်ရင်၊ အဆုံးမှာတော့ အဘ ပြောချင်တဲ့ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေပါ၊ ” All human beings are born with equal and
inaticnable right and fundamental freedoms ) လူသားအားလုံးသည် ညီမျှမှု ပါယ်ဖျက်၍ မရသောအခွင့်ရေးများနှင့် အခြေခံကျသော လွတ်လပ်မှုများ
နှင့်အတူ မွေးဖွားလာကြသည်၊ ဒီစကားကို မောင်ရင်လက်ခံသလား ၊ သိတော့ သိမှာပေါ့နှော်၊ ဒီလိုဆိုရင် ” သင်သည် နိုင်ငံတွင်း၌ လူသားတစ်ယောက်ဖြစ်ခြင်း
ကြောင့် လူ့အခွင့်ရေးသည် သင်၏အခွင့်အရေး သို့မဟုတ် တရားဝင်ရပိုင်ခွင့်တစ်ခုဖြစ်သည် ” ဒါကိုကော မောင်ရင်လက်ခံပါရဲ့လား၊ ဒါဆိုရင် အစ္စလာမ် ဘာသာ
ဝင်တွေ နှစ်ပေါင်း ၂၀ ကျော် လူ့အခွင့်ရေး ချိုးဖေါက် ခံနေရမှုကို မောင်ရင်စွမ်းဆောင်တာ တစ်ခုမှ မတွေ့ရ ပဲနဲ့ အမေရိကန်တွင်နေထိုင်သူ အစ္စလာမ်ဘာသာ
ဝင် Bloger သတင်းထောက်ကြီးက ငပလီ လာပြီး ဒီသတင်းမျိုးတော့ မရနိုင်ပဲ KP ကြီးကောင်းကြောင်း.အစွပ်စွဲခံနေရကြောင်း ပို့စ် တင်ဖို့တော့ သတင်းရတတ်
တာ အဘတော့ အလွန် ချီးမွန်းမိပါတယ် ၊
ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေ လူ့အခွင့်ရေးချိုးဖေါက်ခံရတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ၊ လူ့အခွင့်ရေးချိုးဖေါက်မှုဆိုတာ ဘာကိုခေါ်သလဲ ၊ နိုင်ငံတော်က
ယင်း၏ အုပ်ချုပ်ရေးယန္တရား များဖြစ်ကြသော ရဲတပ်ဖွဲ့ ၊စစ်တပ်နှင့် နိုင်ငံအာဏာပိုင် တစ်ဦးဦးအပြင် ၎င်းတို့နှင့်အလျင်းသင့်သော လက်ဝေခံ တပည့်များ လ.ဝ.က
များမှတစ်ဆင့် ပိုဂ္ဂိုလ် တစ်ဦးခြင်းအပေါ် ကျူးလွန်စော်ကားခြင်းကိုခေါ်သည်၊ ဒါဟာ အဘရဲ့စကားတွေမဟုတ်ဘူး ၊ UN ရဲ့စကားတွေပါ၊
ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်သူတိုင်း ပုဒ်မ၁၄၄/ ၁၈၈ ထုတ်ပြန်ထားပြီး ၁၉၉၂ နှစ်ကစလို့ ရခိုင်ပြည်နယ်အတွင်းအပြင် လုံးဝထွက်ခွါခွင့်မပြုပါဘူး၊
ပညာရေး ၊ ကျန်းမာေ၇း ၊ စီးပွါးရေး စသော လူသားတို့ရဲ့ အခြေခံ အရေးကိစ္စ များတို့ကိုလုံးဝ ပိတ်ပင် တားမြစ်ခြင်း ခံကြရပါတယ်၊ ဒီတော့ အစ္စလာမ် ဘာသာဝင်
တွေဟာ ကုန်းလမ်းရေကြောင်းနှင့် နည်းမျိုးစုံ ခိုးထွက်လာကြပါတယ် ၊ ဖမ်းမိတဲ့လူတွေကတော့ တရားရုံးတွေမှာ ခုခံပိုင်ခွင့်မရှိပဲ ပုဒ်မ ၅ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်
ကျခံကြရပါတယ်၊ ခိုးထွက်လို့လွတ်ရင် ဒါဟာ စစ်ထောက်လှမ်းရေးကိုအပိုင် ပေါင်းစားတဲ့ KP ကြီးရဲ့ စောင်မမှုကြောင့်ပေါ့ဗျာ၊ ၁၉၉၄ ခုနှစ် ကျ ပြန်တော့ ပြည်တွင်း
ဗီစာ လို့ခေါ်တဲ့ တစ်လ တာ ခရီးသွားလာခွင့် ကို လ.ဝ.က မှာ ငွေ ၂ သိန်းပေးပြီး သွားလာခွင့်ပြုပါတယ်၊ ဒါလဲ လွယ်လွယ်နဲ့တော့ရလာခဲ့တာမဟုတ်ပြန်ဘူး၊ စစ်
ထောက်၊ ခရိုင်ရဲမှုး၊ ခ.ဝ.တ၊ မ.ဝ.တ စတဲ့ အုပ်ချုပ်သူအကြီးအကဲတွေက လက်မှတ်ထိုးမှ ရတယ်ဆိုတော့ ပေးရကမ်းရများတယ်ပေါ့ဗျာ။ ဒါ့အပြင် လမ်းတစ်လျှောက်
စစ်ဆေးရေးဂိတ်တွေမှာ အဆင့်ဆင့် တစ်ဂိတ် ၂၀၀၀ ဆိုတော့ ၁၀ ဂိတ် ၂၀၀၀၀ လောက်ကတော့အသာလေးပေါ့၊ ဒါထက်ဆိုးတာက စစ်ဆေးရေးဂိတ်တွေမှာ ကား
ရပ်တာနဲ့ ကုလားပါလား ဘယ် နှစ်ကောင်ပါလဲ ဆိုတဲ့အမေးစကားတွေကို လ.ဝ.က ဝန်ထမ်းတွေက ယာဉ်နောက်လိုက်တွေကို မေးတာတဲ့ ၊ ကဲ မောင်ရင် ကိုလူအများ
ထဲမှာ မေးရင် မောင်ရင် ဘယ်လို ခံစားရမလဲ၊ ဒါကြောင့် KP ကြီးက ဘင်္ဂါလီ အစ္စလာမ် ကနေ ရခိုင်ဗုဒ္ဓကို ပြောင်းလိုက်တာနေမှာ၊ တစ်ကယ်တော့ဒါဟာ လူသားတို့ရဲ့
ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာပေါ့ မောင်ရင်ရေ၊ အစ္စလာမ် ဘာသာကို ကိုးကွယ်ခြင်းက ကြီးလေးတဲ့ ရာဇဝတ်မှုများလား အဘမေးအုံးမယ်၊ လူ့အခွင့်ရေးနှင့်အခြေခံ
လွတ်လပ်မှုများကို တိုးမြှင့်ပေးရာတွင် လူမျိုး လိင် ဘာသာစကား သို့မဟုတ် ကိုးကွယ်သည့်ဘာသာ စသည်တို့ကို ခွဲခြားခြင်းမရှိ ဆိုတဲ့ UN ပဋိညာဉ် ပါစာပိုဒ် ကို
မောင်ရင်သိမှာပါ ၊ ဒီတော့ လူ့အခွင့်ရေးများနှင့်အခြေခံ လွတ်လပ်မှုများသည် လူသားတို့၏ မွေးရာပါအခွင့်ရေး ဖြစ်သည်၊ ယင်းတို့အား မြှင့်တင်ရနှ်နှင့်ကာကွယ်ပေး
ရန်မှာ နိုင်ငံတော် အစိုးရ၏ ပထမ ဦးဆုံးသော တာဝန်ဖြစ်သည် လို့ဆိုခဲ့ရင် အစ္စလာမ် ဘာသာဝင်တွေ ဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ဖူးလား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံ ဥပဒေ ရှိတဲ့ မြန်မာနိုင်ငံ ဟာ ဘာဖြစ်လို့ ဒီဥပဒေနဲ့ မြန်မာနိုင်ငံသားတွေကို မကာကွယ်နိုင်ရတာလဲ၊ သင်သည်နိုင်ငံတွင်း၌ လူသားတစ်ဦးဖြစ်ခြင်းကြောင့်
လူ့အခွင့်ရေးသည် သင်၏အခွင့်အရေး သို့မဟုတ် တရားဝင်ရပိုင်ခွင့် ရှိသည်ဆိုတဲ့ ပဋိညာဉ် စကားအရဆိုရင် ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေ
ဟာ နိုင်ငံတွင်းမှာရှိတဲ့ လူသားတွေ မဟုတ်ဖူးလား ၊ ဒါဆိုရင် အခြေခံ လွတ်လပ်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်။ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာပညာ
သင်ကြားခွင့် ဘာဖြစ်လို့မရှိရတာလဲ။ နိုင်ငံတစ်နိုင်ငံဆိုသည်မှာ နိုင်ငံသားတစ်ဦးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရန် အာမခံချက်ပေးနိုင်သော အရာဖြစ်သည်
ဟု နိုင်ငံ တစ်ကာ အသိုင်းအဝိုင်းတို့ က ယုံကြည်အားကိုးပေသည်လို့ UN အတွင်းရေးမှုးက ပြောဆိုခဲ့တဲ့စကား ဟာ မှတ်သားထိုက်ပေစွ မောင်ရင်ရေ၊ အစ္စလာမ်
ဘာသာဝင်တွေဟာ ရခိုင်ပြည်နယ်မှာနှိပ်ကွပ်ခံနေရတယ်၊ ICCRP မှာ အစိုးရသည် တစ်စုံတစ်ရာခွဲခြားမှု မပြုခြင်း၊ အခွင့်ရေးများကိုထိရောက်စေသော ဥပဒေ များကို
ပြဋ္ဌာန်းခြင်းနှင့် အခွင့်ရေးများချိုးဖေါက်ခံရသူတို့တွင် ထိရောက်သော ကူညီမှုများပေးခြင်းနှင့် တရားဥပဒေဖြင့်ပြုပြင်မှုပေးခြင်းတို့ ကိုဆောင်ရွက်ပေးရမည် ဟု ရှိထား
ပေမဲ့ နှစ်ပေါင်း ၂၀ ကျော် လု့အခွင့်အရေး ချိုးဖေါက် နှိပ်ကွပ်ခံနေရတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အခုအချိန်ထိ ဘယ်သူကမှ မကူညီ တဲ့အပြင် မောင်ရင်လို
အမေရိကန် သတင်းထောက် တစ်ယောက်က လူ့အခွင့်ရေးချိုးဖေါက် မှုမှာ ကြံရာပါ ဖြစ်နေတော့ စဉ်းစားပေတော့ဗျာ ၊
ကဲ မောင်ရင်ရေ KP ကြီးကိုတရားရုံးမှာ ဥပဒေကြောင်းအရ တရားစွဲဖို့ဆိုတာ စစ်ဆေးရေးအဖွဲ့တွေရဲ့ စစ်ဆေးချက်တွေ အမှုမှန်ပေါ်ဖို့ လိုတာပေါ့ဗျာ၊ ဒါပေမဲ့ တိုင်သ
မျှ စစ်သမျှ အမှုမှန် က ပျောက်ပျောက်သွားတော့ စစ်ဆေးရေးအဖွဲကတွေမှာလဲ ပါးစပ်ပေါက်ကြီးလို့နေမှာပေါ့။ KP ကြီးက လဲ ကပ်ဖားတဲ့နေရာမှာ ကမ်းကုန်နေတယ်
လေ ၊ လာဘ်ကြီး လာဘ်ငယ် လဲထိုးတတ်သလားမမေးနဲ့၊ သူတစ်ပါးဆီ မတရားသဖြင့်ရထားတဲ့ ငွေကြေးတွေနဲ့လာဘ်ထိုးလိုက်တာ သိန်းကို ရာနဲ့ချီ ဆိုပဲ ၊
အဆုံးမှာတော့ လာဘ်ကို လိုခြင်လို့ နှိပ်ကွပ်မှုတွေ လုပ်ရာက နီးစပ်ရာ ကပ်ဖားရပ်ဖားတွေပါ အကျိုးဆက်ဆွေတွေ ခံစားရတဲ့ မတော်လောဘတွေကြောင့် ခရီးသွား
လာခွင့် ပိတ်ပင်ခံရလို့ အသက်ဆုံးရှုံးသွားရတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ဝိညာဉ်တွေ ၊ ပညာရေးဆုံးရှုံးခံရတဲ့ သားသမီးများရဲ့ မိဘတွေရဲ့ကျိန်စာတွေ၊ မတရားမှုကို
စက်ဆုပ်ရွံရှာပြီး တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ပြည်သူတွေရဲ့ ကျိန်စားတွေ၊ ဒီကျိန်စာတွေ အားလုံးကို လူ့ အခွင့်ရေးချိုးဖေါက်သူ တာဝန်ရှိ အာဏာပိုင်တွေနှင့်လက်
ပါးစေ၊ KP တို့လို လက်ကိုင်ဒုတ်တွေ နှင့်အတူ မောင်ရင်ကောင်းမြတ်လဲ မျှဝေ ခံစားရတော့မှာပါ၊
မြန်မာပြည်လူ့အခွင့်ရေးချိုးဖေါက်ခံရမှု ကင်းဝေးပြီး လွတ်လပ်ပျော်ရွှင် နိုင်ကြပါစေ ခင်ဗျား.။

ကျွန်တော် ကျော်ဟန် ပါ ။

About kyawhan21

has written 12 post in this Website..