ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် ယောက်ျားတစ်ယောက်ဖြစ်ပါသည်
ထို့ကြောင့် လေချွန် လက်ဖြောင့် ( လက်ဖျစ်တီးသည် ) သေးမတ်တတ်ပေါက်ခြင်း
အကြောင်းသုံးပါးကို လွပ်လပ်စွာ နေရာဒေသအခြေအနေအရ လုပ်နိုင်ပါသည်
အထူးဆိုလိုသည်မှာ မိမိကိုယ်ကိုယ် ယောက်ျားဟူ၍ဝန်ခံပါသည်
ကိုယ့်ကိုယ်ကိုယ် ယောက်ျားဟူ၍လည်းမှတ်ယူပါသည်
ယောက်ျားပီသတာ မပီသတာကတော့ သူများကိစ္စဖြစ်ပါမည် ကိုယ့်ကိုယ်ကိုယ်တော့ သေသေချာချာကို ကြည့်ပါတယ်
အမှန်အကန်ပါဘဲ ရေတောင်မရောဘူး အာမခံတယ်
ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတာက
ဘာဘဲပြောပြော လိင်တူချစ်သူတွေကို
အပြစ်ဖို့ပြောတာကိုတော့ လွပ်လပ်စွာကန့်ကွက်ပါတယ်
ယောက်ျားက မိန်မကို
မိန်းမက ယောက်ျားကို မှ
သဘာဝအမှန်လို့ပြောသူမည်သူ့ကိုမဆို လုံဝဆန့်ကျင်ပါတယ်
ဒါ တကိုယ်ကောင်းဆန်တာပါ
ကိုယ့်ရဲ့လိုအင်ဆန္ဒကိုသာ ရှေ့တန်းတင်ပြီးပြောကြတာပါ
ဥပမာ ဆူးပုတ်ရွက်ကြိုက်တဲ့အမကြီးတွေနဲ့ ဒညင်းသီးကြိုက်တဲ့အမကြီးတွေဟာ
ဆူးပုတ်ရွက်ကြိုက်တယ် ဒညင်းသီးကြိုက်တယ်ငြင်းခုန်နေကြသလိုဘာဘဲ
ဗုဒ္ဓတရားတော်အရ နပုန်းပ မိန်းမမဟုတ် ယောက်ျားမဟုတ် ဖြစ်ခြင်းသည်
အတိတ်က ကာမေသုကံ၌ မှားရွင်းခဲ့မှု့ဟူ၍ ဆိုသော်ငြားလည်း
ယ္ခုအခါ မိမိနှင့် ကာမအရာ၌ဆက်ဆံကုန်သော သူတို့သည်
သူတစ်ပါး၏ အရာမဖြစ်နေလျှင် အပြစ်မှလွတ်တန်ကောင်းသည်ဟု ထင်မိပါသည်
ယောက်ျားက မိန်မကို
မိန်းမက ယောက်ျားကို ဖြစ်ခဲ့လျှင်လည်း သူတစ်ပါး၏ အိပ်ယာ ဖြစ်နေပါလျှင် အပြစ်ဖြစ်မည်မဟုတ်ပါလား။
ကိုယ်ကြိုက်ရာကို သာစွတ်ပြောတာဟာ လုံးဝမတရားပါ
ဒါ့ကြောင့် နောက်နောင် ရွာထဲမှာ လိင်တူချစ်သူတွေကို
ထိကပါးရိကပါးလုပ်လာသူ မည်သူ့ကိုမဆို
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှအသက်နှင့်လဲ၍ကာကွယ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend