ထူးဆန်းသည့် သက်သက်လွတ်သမား Mark Zuckerberg

ဂ်စ္စူJune 1, 20111min17413

photo:newtech

ကမာ္ဘကျော်Social Networking ဝက်ဘ်ဆိုက်ကြီးဖြစ်သော Facebookကို ထူထောင်ပြီး CEO အဖြစ် တာဝန်ယူထားသူ မတ်ခ်ဇူကာဘက်သည် မိမိစားသောက်မည့် အသားအတွက် တိရစာ္ဆန်များကို ကိုယ်တိုင်သတ်ဖြတ်ကြောင်း သိရသည်။

 


သို့သော်လည်း ၎င်း၏ မိမိကိုယ်ကိုယ် ဟင်းသီးဟင်းရွက် သတ်သတ်လွတ် အစားအသောက်များသာ အများအားဖြင့် စားလေ့ရှိသူဟု ပြောကြားခဲ့သေးသည်။ Fortune မဂ္ဂဇင်းက အသက် (၂၇) နှစ်ရှိ ဇူကာဘက်သည် ယခင်က အဓိကအားဖြင့် သတ်သတ်လွတ် စားခဲ့သော်လည်း ယခုနှစ်တွင်မူ ကိုယ်တိုင်သတ်ဖြတ်ထားသော အသားများကို စားလာခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ “ဒီနှစ်မှာ ကျွန်တော်ကိုယ်တိုင် သတ်ထားတဲ့ တိရစာ္ဆန်အသားတွေကလွဲရင် ကျန်တဲ့အချိန်တွေမှာ ဟင်းသီးဟင်းရွက်ပဲ စားပါတယ်” ဟု ဇူကာဘက်ကဆိုသည်။ ဇူကာဘက်သည် တရုတ်ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို လေ့လာသင်ယူနေသူဖြစ်ပြီး ယခုနှစ်တွင် အစားအသောက်ကို အထူးပြု သင်ယူနေသည်။ တရုတ်ဟင်းလျာများတွင် ဝက်သားကို အဓိကထား ချက်ပြုတ်လေ့ရှိရာ ဇူကာဘက်အနေနှင့် သတ်သတ်လွတ် အစားအစာချည်း စားနေရန် မဖြစ်နိုင်တော့ပေ။

၎င်းသည် ပုစွန်ထုပ် တစ်ကောင်ကို ကိုယ်တိုင်သတ်ဖြတ်ပြီး စားသုံးခဲ့ပြီးဖြစ်သည်။ ထို့နောက် ကြက်၊ ဆိတ်နှင့် ဝက်တို့ကို သတ်ပစ်ခဲ့ကြောင်း သိရသည်။ ဇူကာဘက်၏ Facebook တွင် ကိုယ်တိုင် သတ်ထားသော ကြက်ဖြင့် ဟင်းလျာပြင်ဆင်နေသော ဓာတ်ပုံကို တင်ထားကြောင်းလည်းဆိုသည်။ တိရစာ္ဆန်များကို သတ်ဖြတ်ပြီးချိန်တွင် အသားသည်ထံတွင် ခုတ်ထွင်ရှင်းလင်းရန် အပ်နှံလိုက်လေ့ရှိသည်။ ဇူကာဘက်က ယခုနှစ်အတွင်း ၎င်းသည် သတ်သတ်လွတ်သာ အစားများခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အကယ်၍ ကိုယ်တိုင်သတ်ထားသော အသားများ မရှိပါက ဇူကာဘက်သည် အပြင်တွင် ညစာထွက်စားပြီး သတ်သတ်လွတ်သာ ရွေးချယ်စားလေ့ရှိကြောင်း သိရသည်။

Source:EastWindBurma

13 comments

  • zoe

    June 1, 2011 at 4:13 am

    Mark Zuckerberg ဟာ တိရစာ္ဆန် ကို ကိုယ်တိုင်သတ် မှစားတာဆို တော့ သက်သတ်လွတ် လို့ဘယ်လို သတ်မှတ် နိုင်မှာ လည်း ?? သူဟာ ဂျူးဘာသာ ဖြစ်ဖို့များ လို့ဘာသာရေး အရ ဆိုင် ကသတ် တာ သူတို့ ဝိနည်း အတိုင်း မဟုတ်မှာစိုး လို့ထင် ပါတယ် ။ မှားချင် လဲမှားမယ် ။

  • etone

    June 1, 2011 at 7:28 am

    ကိုယ်တိုင်သတ်စား တယ်တဲ့ လား … အန်ချင်လာပြီ !

  • နွယ်ပင်

    June 1, 2011 at 8:37 am

    သတ်သတ်လွတ်ပဲ အမြဲလိုလိုစားတဲ့သူက အသားစားတော့လဲ ကိုယ်တိုင် သတ်ပြီးမှ စားတယ်တဲ့လား ..

    • PaukPhaw

      June 1, 2011 at 8:52 am

      အဲတာကြောင့် ” ထူးဆန်းသည့် သက်သက်လွတ်သမား ” ဖြစ်တာပေါ့

  • nature

    June 1, 2011 at 12:43 pm

    ကံတူအကျိုးပေးဆိုတဲ့အတိုင်း ဆိုရင် ဒီလူတော့သက်တမ်းစေ့နေရဘို့မလွယ်ဘူး။

  • ဆူး

    June 1, 2011 at 1:38 pm

    သူများ အသတ် သတ်ခြင်းကို ရှောင်ကျဉ်ပါ၏
    ဈေးထဲက ပုဇွန် ၁ဝကောင် ဝယ်လာတယ် အကောင်တော့ မညီဘူး။
    အရှင်ကြီးတွေဆိုတော့ သီလလည်း မပျက်ချင်ဘူး သေသွားမှ ဟင်းကလည်း ချက်လို့ ဖြစ်တော့..
    ရေနွေးပူပူတည်ပြီးတော့ အိုးရဲ့ အပေါ်မှာ ဒုတ် တချောင်းတင်ပေးပြီး လမ်းလျောက်ခိုင်းလိုက်တယ်။
    ၈ကောင်ကတော့ ခပ်သေးသေးဆိုတော့ အပူအငွေ့နဲ့ အိုးထဲ ပြုတ်ကျသွားပြီး သေသွားကြတယ်။
    ဒါနင်တို့ ဟာ နင်တို့ ခြေမခိုင်လို့ ကျသေတာ ငါနဲ့ မဆိုင်ဘူးနော်.. အိုးပေါ်က ဒုတ်တန်းက ဖြတ်လျောက်နိုင်သွားတဲ့ အကောင်ကြီး ၂ကောင်ကိုတော့.. နင်တို့က အကောင်ကြီးတယ် နောက်တခေါက် ဖြတ်လျောက် ဆိုပြီး ထပ်ဖြတ်လျှောက်ခိုင်းတယ်။ ခြေမခိုင်တော့ ကျသွားပြန်တော့.. နင်တို့ ခြေမခိုင်လို့ ကျသေတာ ငါနဲ့ မဆိုင်ဘူးနော ဆိုပြီး ပြောနေတဲ့ သူဟာ
    သူ့အသက် သတ်ခြင်း ရှောင်ကျဉ်ရာ ကျပါသလားတဲ့.. ဘုန်းကြီး တရားမှာ ဟောသွားတာ သတိရလို့ ချရေးပေးလိုက်တယ်။

  • pannu

    June 1, 2011 at 1:47 pm

    ဆန့်ကျင်ဖက် သဘောတရား နှစ်မျိုး တွေ့ဆုံခြင်း သာလျှင်ဖြစ်ပါတယ် ၊

  • pooch

    June 1, 2011 at 3:27 pm

    သိပ်တော်တဲ့ လူတချို့ မှာ အဲ့လိုပဲ မသိမသာ psycho ပါးပါးလေးရှိတတ်ကြတယ်။ နည်းနည်း အစွန်းရောက်တဲ့ သဘောပေါ့။ ဒါပေမဲ့ အဲ့လို သတ်တာကြီးကတော့ မနှစ်မြို့ စရာပဲ။

  • maythakhin

    June 1, 2011 at 5:14 pm

    ဘဝကို တသမတ်တည်းဖြတ်သန်းနေရတော့ ငြီးငွေ့တယ်နေမှာပေါ့။အပြောင်းအလဲလေး စမ်းသပ်ကြည့်တာလည်းဖြစ်နို်င်တာပဲလေ။ သူက လူငယ်လေးပဲရှိသေးတာကိုး။ စမ်းသပ်တာလည်း ဖြစ်နိုင်တာဘဲ။ ဗုဒဘာသာမှာဘဲ ပါဏာတိပါတာကို အကျယ်တဝင့် ကံ(5)ပါးထဲ မှာပါတာ။တခြားဘာသာတွေမှာ ရှိမရှိမပြောတတ်ဘူး။ ကိုယ့်အတွက်ကသာ ထူးဆန်းနေတာ သူတို့အတွက် ဒါဟာ ထူးဆန်းမှုလို့ယူဆမှာမဟုတ်လောက်ဘူး။စမ်းသပ်မှုတစ်ခုလို့လည်းယူဆချင်ယူဆနေမှာ ။ကိုယ့်ယုံကြည်ချက်အတွေးနဲ့ ကိုယ်ပေါ့လေ။

  • kai

    June 2, 2011 at 1:07 am

    Mark Zuckerberg ရေးထားတာကို ဘာသာပြန်ရင် တမျိုးဖြစ်မယ်..။
    အောက်က စာကသူရေးထားတာ…
    To start, let me give you some background on what I’m doing. Every year in recent memory, I’ve taken on a personal challenge — something to learn about the world, expand my interests and teach myself greater discipline. I spend almost all of my time building Facebook, so these personal challenges are all things I wouldn’t normally have the chance to do if I didn’t take the time.

    Last year, for example, my personal challenge was to learn Chinese. I blocked out an hour every day to study and it has been an amazing experience so far. I’ve always found learning new languages challenging, so I wanted to jump in and try to learn a hard one. It has been a very humbling experience. With language, there’s no way to just “figure it out” like you can with other problems — you just need to practice and practice. The experience of learning Mandarin has also led me to travel to China, learn about its culture and history, and meet a lot of new interesting people.

    This year, my personal challenge is around being thankful for the food I have to eat. I think many people forget that a living being has to die for you to eat meat, so my goal revolves around not letting myself forget that and being thankful for what I have. This year I’ve basically become a vegetarian since the only meat I’m eating is from animals I’ve killed myself. So far, this has been a good experience. I’m eating a lot healthier foods and I’ve learned a lot about sustainable farming and raising of animals.

    I started thinking about this last year when I had a pig roast at my house. A bunch of people told me that even though they loved eating pork, they really didn’t want to think about the fact that the pig used to be alive. That just seemed irresponsible to me. I don’t have an issue with anything people choose to eat, but I do think they should take responsibility and be thankful for what they eat rather than trying to ignore where it came from.
    http://postcards.blogs.fortune.cnn.com/2011/05/26/mark-zuckerbergs-new-challenge-eating-only-what-he-kills/
    http://www.huffingtonpost.com/2011/05/26/mark-zuckerberg-killing-food_n_867675.html
    ဆိုတော့.. တနှစ်တမျိုး စတန့်ထွင်တဲ့ Mark Zuckerberg က.. အရင်နှစ်က တရုတ်စကားသင်တယ်..။
    ဒီနှစ်.. ကိုယ်တိုင်သတ်တဲ့အသားကို စားတယ်..။ စားရတဲ့အကြောင်းက.. အသားစားခံရလို့သေတဲ့အကောင်ဘလောင်တွေကို … ကျေးဇူးလေးနဲ့ အမှတ်တရ ဖြစ်အောင်လို့..။
    ===
    တကယ်ကတော့.. ဂျူုးဘာသာဝင်တွေဟာ.. ဝက်သားအပါအဝင်.. နို့ထွက်တွေစားကြတာမဟုတ်ဘူး.။
    ဂျူးတယောက်ဖြစ်တဲ့.. ကမ္ဘာ့အငယ်ဆုံး အအောင်မြင်ဆုံး ဘီလျှံနာတယောက်ရဲ့.. သာမန်နဲ့မတူတဲ့အတွေးက.. အံ့ဩစရာပဲ..။

    ပြောရရင်.. သက်သတ်လွတ်(အသက် သတ်ခြင်းမှ ကင်းလွတ်)ဆိုတဲ့.. လက်တွေ့မကျ.. မဖြစ်နိုင်တဲ့ စာ-စကားက… မြန်မာတွေ.. ဖျက်သင့်နေပါပြီ..။
    အနုကြည့်မှန်ပြောင်း မရှိခင်ခေတ်က.. အသိပညာမကြွယ်ဝသူ၊ (ရေတွင်းထဲကလိပ်ကလေးတွေ)ထားခဲ့တဲ့.. ခေတ်ဟောင်းဆွေး စာ-စကားတွေပါ..။
    Vegetarian ဆိုတာ..အသီးအရွက်စားသူလို့.. ဘာသာပြန်ရေးသင့်တာပါ..။
    အခုလို… Mark Zuckerberg က diet စားတာကိုတော့… ဘယ်လိုမြန်မာလိုဘာသာ ပြန်ရမယ်မသိ.. ရွာသားတွေထဲက ..လက်စွမ်းပြပါဦး…။ 🙂

  • MaMa

    June 2, 2011 at 1:29 am

    ( Mark Zuckerberg က diet စားတာကိုတော့… ဘယ်လိုမြန်မာလိုဘာသာ ပြန်ရမယ်မသိ.. ရွာသားတွေထဲက ..လက်စွမ်းပြပါဦး…။ )
    အဲဒါကို ဘီလူး သတ်သတ်လွတ်စားသည်ဟု ဘာသာပြန်လိုက်ပါသည်။

  • MaMa

    June 2, 2011 at 1:30 am

    ( Mark Zuckerberg က diet စားတာကိုတော့… ဘယ်လိုမြန်မာလိုဘာသာ ပြန်ရမယ်မသိ.. ရွာသားတွေထဲက ..လက်စွမ်းပြပါဦး…။ )
    အဲဒါကို ဘီလူး သတ်သတ်လွတ်စားသည်ဟု ဘာသာပြန်လိုက်ပါသည်။ 😀

Leave a Reply