အာဖဂန်မှ လူမဆန်သောလူသားများ

ဂ်စ္စူJune 1, 20112min966

အသက် ၄ဝ အရွယ် ဖေ့ဇ်မိုဟာမက်နှင့် အသက် ၁၁ နှစ်အရွယ် ဂူလမ်ဟိတ်ဒါ တို့ကို လက်ထပ်မင်္ဂလာပွဲတွင်တွေ့ရစဉ်။ ထိုသို့လက်ထပ်စဉ်က ကလေးမငယ်ကို မေးမြန်း ကြည့်ရာ ”သမီးအဲဒီလူကြီးကိုမှ မသိတာ၊ ဘာကို ဘယ်လိုမှ မခံစားမိပါဘူး” ဟု ပြောပါသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသမီးငယ်လေးများမှာ ကလေးဘဝ မှာပင် ချမ်းသာကြွယ်ဝပြီး ကာမ စိတ် အစွန်းရောက်သူအချို့၏ လက်ဝယ်သို့ကျရောက်လျက်ရှိကြ သည်။ အရွယ်မရောက်သေး သည့် အသက် ၁၁နှစ်အရွယ် မိန်းကလေး ငယ်များပင်လျှင် မိဘများအလိုကျ ချမ်းသာကြွယ်ဝ သူများနှင့် လက် ထပ်နေကြရသည်။ လက်ထပ်ပြီးနောက် သားမှတ် မှတ်မယားမှတ်မှတ ်ပေါင်း သင်းနေ ထိုင်ခြင်းမခံရဘဲ ငွေဝယ်ကျွန်ဘဝ (သို့)အိမ်ကျွန်(သို့)လိင်ကျွန်ဘဝကို ရောက်ကြရရှာပြီး၊ သေလုခမန်းနှိပ် စက်ခံကြရရှာသေးသည်။ အရွယ် နှင့်မမျှသော အိမ်ထောင်သားမွေးမှု တို့ကိုလည်း ကြုံကြရသေးသည်။ ထို့ကြောင့်ပင်လျှင် ယင်းအမျိုးသမီး ငယ် လေးများသည် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတို့ကို ကြုံကြရပြီး ယင်းတို့၏ ဖိစီးနှိပ်စက်မှု ဒဏ်ကိုဘဝသက်တမ်း တစ် လျှောက် ခံစားနေကြ ရလေ တော့သည်။
pN-002, ref: The Bride Price :Child Marriage in Afghanistan

စိတ်ဆင်းရဲစရာ

အသက် ၅၅ နှစ်အရွယ်ရှိ ဆေးဒ် မိုဟာမက်နှင့် အသက် ၁၁ နှစ်အရွယ်ကလေး မငယ် ရိုရှန်ကာဆမ်တို့ကို စေ့စပ်ကြောင်းလမ်းစဉ်အခါက ဤသို့တွေ့ခဲ့ရပြီး၊ လက်ထပ်ပြီး နောက်တွင်မူ ရိုရှန်ကာဆန်သည် မိုဟာမက်၏ပထမဇနီးမှ မွေးဖွားထာသည့် သားသုံးယောက်အပြင် သူနှင့်ရွယ်တူဖြစ်သော သမီးတစ် ယောက်နှင့်ပါ အတူတကွ နေထိုင်ရလေတော့သည်။

ဒီတစ်ယောက်ကတော့ ဘယ်လိုဖြစ်လို ့ပြောင်စပ်စပ်

အသက် ၅၅ နှစ်အရွယ်ရှိ ဆေးဒ် မိုဟာမက်နှင့် အသက် ၁၁ နှစ်အရွယ်ကလေး မငယ် ရိုရှန်ကာဆမ်တို့ကို စေ့စပ်ကြောင်းလမ်းစဉ်အခါက ဤသို့တွေ့ခဲ့ရပြီး၊ လက်ထပ်ပြီး နောက်တွင်မူ ရိုရှန်ကာဆန်သည် မိုဟာမက်၏ပထမဇနီးမှ မွေးဖွားထာသည့် သားသုံးယောက်အပြင် သူနှင့်ရွယ်တူဖြစ်သော သမီးတစ် ယောက်နှင့်ပါ အတူတကွ နေထိုင်ရလေတော့သည်။

မိဘများအလိုကျ မိမိထက်အသက်ကြီးသူတစ်ဦးနှင့်လက်ထပ်လိုက်ရသော အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေး ဇာဟာရာကို လက်ထပ်ပွဲဝင်ခါနီးအချိန်တွင် တွေ့ရစဉ်။

နှမြောစရာ 😀

မိမိ၏သဘောမပါဘဲနှင့် မိမိထက်အသက်များစွာကြီးသူတစ်ဦးနှင့် လက်ထပ် လိုက်ရသော အာဖဂန်သမီးပျိုကလေးကို မင်္ဂလာပွဲကျင်းပခါနီးအချိန်အထိ မိခင်ဖြစ် သူနှင့် အဘွားဖြစ်သူတို့က တဖွဖွနားချနေရဆဲပင်ဖြစ်သည်။

Via:PopularNews

အာဖဂန်သား မဟုတ်တော့ သေချာသိပါဘူး.ပုံတွေထဲမှာကြည့်ရတာတော့ စိတ်ချင်းရဲတယ်ဗျာ။ဒီလိုအဖြစ်က အာဖဂန်မှာတင် မဟုတ်ပါဘူး ဒီမှာလဲ တွေ ့ဖူးပါတယ်.ဒါပေမဲ့ ဒီပုံတွေထဲက အမျိုးသမီးတွေလိုတော့ဟုတ်ဘူးဗျ။သာသာယာယာပဲ..ကားကလေးနဲ ့..ဟန်းဖုန်းလေးနဲ ့ ပျော်လို ့မြူးလို ့.

(ကျနော်မြင်ဖူးတဲ့ တစ်ချို ့ကောင်မလေးတွေပြောပါတယ်..အားလုံးဟု မဆိုလိုပါ..တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါ)

6 comments

  • မောင်ဘလိူင်

    June 1, 2011 at 5:31 am

    ကျွန်တော် ရတန်းနှစ်မှာလည်း အခန်းထဲက ဟိန္ဒူမလေးတစ်ယောက်ကို
    သူ ့အိမ်က အသက် ၃၅လောက်ရှိတဲ့လူနဲ ့ အိမ်ထောင်ချပေးလိုက်တာ
    တွေ ့ဘူးတယ်ဗျ။ အသက်ကတော့ ရှိလှမှ ၁၃နှစ်ပေါ့။

  • hmee

    June 1, 2011 at 6:25 am

    ၃ ပုံမြောက်ပုံက ကလေးမလေး အသက်က (၈)နှစ်လို့ဖတ်ရတယ်။ ဒီအရွယ်ဟာ ကစားလို့ကောင်းတုန်းအရွယ် ဘာမှသိမှာမဟုတ်ဘူး။ သူ့အတွက်တော့ ကစားနေတယ်ထင်လို့ နေမှာ။

  • etone

    June 1, 2011 at 6:51 am

    မြန်မာစကားပုံမှာတောင် ဒွေးချိုး လေးတိုးပဲ ရှိတယ်… 8နှစ် ၊ 9 နှစ် အသက်ကွာဦးတော့ နားလည်လို့ရသေးတယ်… အခုဟာက သားဖ ၊ မြေးဖိုးအရွယ်တွေဖြစ်နေတယ် …. ။

    အဲ့ဒီကောင်တွေ တော်တော် တဏှာကြီးတယ် …… ။ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်နေတယ် ဟွန်း 🙁

  • kai

    June 1, 2011 at 8:13 am

    လွန်ခဲ့တဲ့ အနှစ် ၂၆၀ဝလောက်.. ဂေါတမဘုရားလက်ထက်မတိုင်ခင်ကတည်းက အိန္ဒိယမှာ…ရှိနေတဲ့ အဖြစ်တွေပါ..။
    ့မြန်မာတွေမှာလည်းရှိတာပဲ..။
    ဒါကို … အာဖဂန်မှ..လူမဆန်သောလူသားများခေါင်းစဉ်တပ်ထားတာတော့… လွန်တယ်..။
    ရှေးမြန်မာဘုရင်တွေများ.. အကုန်သိမ်းကြုံးယူခဲ့ကြတဲ့ဟာကိုနော…။ 🙂
    ===============================
    ၁ ။ ( ၈ ) နှစ်သမီးအသက်အရွယ် = ပျိုမြစ်နုနယ်သောအရွယ် ၊ ဖြူသောဖျော့သော အနီရောင်အသွေးရှိ
    သောအရွယ် ( ဂေါရိ )
    ၂ ။ ( ၁ဝ ) နှစ်သမီးအသက်အရွယ် သူငယ်မ ( ကညာ )
    ၃ ။ ( ၁၂ ) နှစ်သမီးအသက်အရွယ် = သတို့သမီး ( ကုမာရီ )
    ၄ ။ ( ၁၅ ) နှစ်မှ အိမ်ထောင်မပြုမချင်းအရွယ် ၊ အပျိုကြီး ( ကုလ္လကုမာရီ )
    ၅ ။ အိမ်ထောင်ပြုပြီးသောမိန်းမကို = မိန်းမ ( ဣတ္ထိ )
    တစ်နည်း –
    ၁ ။ ဒါရိကာအရွယ် ( ရ ) နှစ်
    ၂ ။ ဂေါရိအရွယ် ( ၈ ) နှစ်
    ၃ ။ ကညာ ( ၁ဝ ) နှစ်
    ၄ ။ ကုမာရီ ( ၁၁ ) နှစ်
    ၅ ။ သွေးစုန်း ( ၁၃ ) နှစ်
    ၆ ။ မျက်မည်း ( ၁၅ ) နှစ်
    ရ ။ မျက်ဝန်း ( ၂ဝ ) နှစ်
    ၈ ။ မျက်ညွတ် ( ၂၅ ) နှစ်
    ၉ ။ မြောင်းကူး ( ၄ဝ ) နှစ်

    • etone

      June 1, 2011 at 10:02 am

      ရှေးမြန်မာဘုရင်တွေလည်း ငဒူတွေမို့လို့ပေါ့သဂျီးရယ်… ။ အဲ့ဒီခေတ်က နည်းပညာမတိုးတတ်သေးတော့ HIV တို့ ၊ ကာလသားရောဂါတို့ သေချာမသိသေးလို့…. ။ သူတို့ခေတ်က ဦးထုတ်လည်း ပေါ်သေးပုံမပေါ်ဘူး… စဉ်းစားကြည့်ပါဦး ဘယ်လောက်တောင် ရောဂါ ထူပြောလိုက်မလဲ ….. ယောကျာ်းကောင်း မောင်းမ တစ်ထောင် ဆိုတဲ့စကားပုံတွေလည်း ရှိခဲ့ဖူးပေမဲ့ … နားကြားပြင်းကို ကပ်တယ် …။

  • PaukPhaw

    June 1, 2011 at 8:47 am

    ဟုတ်ပါတယ်
    ခေါင်းစဉ်က တော်တော်လေးကြမ်းတယ်..
    သင့်တော်သလို ပြန်ပြင်ပြီးတင်မလို ့ပဲ..ဒါပေမဲ့
    ပေါ်ပျူလာလဲ ဒီခေါင်းစဉ်နဲ ့ပဲ Publish လုပ်ထားလို ့..သူတို ့မူရင်းအတိုင်းလေးပဲ.

Leave a Reply