ဇွန်လမှစတင်၍ လေဆိပ်များတွင် ခရီးသည်ဝန်ဆောင်ခ ကောက်ခံသွားမည်

လေဆိပ်များတွင် ဇွန်လ ၁ ရက် နေ့မှစတင်၍ ပြည်တွင်းထွက်ခွာ ခရီးသည်များထံမှ ခရီးသည်ဝန်ဆောင်ခ (Passenger Service Charge) ကို တစ်ဦးလျှင် မြန်မာငွေကျပ် ၁၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ညောင်ဦးလေဆိပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရကြောင်း ဖော်ပြထားသည့် သတင်းကို Eleven Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8660:2011-05-29-09-11-02&catid=42:2009-11-10-07-36-59&Itemid=112

ငရုတ်သီးမှုန့် အမှတ်တံဆိပ် အချို့တွင် အခြားအမှုန့်အတုများ၊ ရောနှော ပစ္စည်းများနှင့် ကင်ဆာဖြစ်စေနိုင်သော ဆိုးဆေးများ ရောနှောထုတ်လုပ် ရောင်းချခြင်း စစ်ဆေးတွေ့ရှိ

အမှုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသူ အချို့မှာ ငရုတ်သီးမှုန့်ထဲသို့ ကင်ဆာဖြစ်စေနိုင်သော ဆိုးဆေးအပြင် အခြားအမှုန့်အတုများပါ ရောနှောထုတ်လုပ် ရောင်းချလာသည်ကို စစ်ဆေးတွေ့ရှိလာရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရကြောင်း၊ နေပြည်တော် ဈေးများအတွင်းရှိ ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် အမှတ်တံဆိပ်အချို့တွင် ကင် ဆာဖြစ်စေနိုင်သော ဆိုးဆေးများအပြင် ငရုတ်သီးမှုန့်မဟုတ်သည့် အခြား အမှုန့်အတုများပါ ရောနှောပါဝင် နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း နေပြည်တော်ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်အပါအ၀င် အမှုန့်မျိုးစုံ၊ ငါးပိနှင့် စိမ်းစားငါးပိများ အား ဆက်တိုက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတွင်လည်း သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီတို့မှ စားသုံးရန် မသင့်သည့် စားသောက်ကုန်များအား ဈေးကွက် ကောက်၍ FDA သို့ ပေးပို့စစ်ဆေးလျက်ရှိကြောင်း သိရကြောင်း၊ ၂၀၁၁ ခုနှစ် မေလဒုတိယပတ် အတွင်း၌လည်း နေပြည်တော်ရှိ အာဟာရသုခဈေး၊ ပျဉ်းမနားဈေး၊ သပြေကုန်းဈေး၊ မြို့မဈေးများအပါ အ၀င် ဈေးများအတွင်းမှ စားသုံးရန် မသင့်သည့် ဓာတုဆိုးဆေးများ သုံးစွဲ ထားသော ငရုတ်သီးမှုန့် အပါအ၀င် အမှုန့်မျိုးစုံ၊ ငါးပိနှင့် စိမ်းစားငါးပိများ ရောင်းချသည့် ဆိုင် ၂၀ ကျော် အား စစ်ဆေးတွေ့ရှိခဲ့ပြီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ယခုအခါတွင် မြန်မာနိုင်ငံ၌ ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက်ရှိပြီး ယခုကဲ့သို့ တရားလက်လွတ် ထုတ်လုပ်နေမှုများကို ထိရောက်စွာ တားဆီးသင့်ကြောင်း စားသုံးသူများ၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း သိရှိရကြောင်း ဖော်ပြထားသည့် သတင်းကို Eleven Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8652:2011-05-29-08-08-12&catid=42:2009-11-10-07-36-59&Itemid=112

ကားဈေးကွက် အတွင်း ကားဈေးနှုန်းများ ပြန်လည် မြင့်၊ အမြင့်ကားများ ကျပ်သိန်း ၅၀ မှ ၁၀၀ ကျော် မြင့်တက်ခဲ့ပြီး အောက်ကားများ ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ၀န်းကျင်အထိ မြင့်တက်

ယခုရက်ပိုင်း၌ ကားဈေးကွက် အတွင်း ကားဈေးနှုန်းများ ပြန်လည် မြင့်တက်ခဲ့ပြီး အမြင့်ကားများ ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ကာ အောက်ကား များ ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရကြောင်း ကားဈေးကွက်အတွင်း ကားဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ခြင်းသည် လွန်ခဲ့သည့် တစ်လနှင့်တစ်လခွဲ ၀န်းကျင်ထက် ယခုတစ်ပတ် နှစ်ပတ်အတွင်း ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ကားဝယ်ရောင်းသမားများနှင့် ကားပွဲစားများထံမှ သိရကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8643:2011-05-29-03-46-16&catid=42:2009-11-10-07-36-59&Itemid=112

ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော ဥပဒေများ ပယ်ဖျက်၊ ပြုပြင်ရန် စတင်လုပ်ဆောင်

အစိုးရသစ် လက်ထက်တွင် ဦးစားပေး လုပ်ဆောင်ရမည့် ပြည်သူလူထု အပေါ် နှစ်ပေါင်းများစွာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ခေတ်စနစ်နှင့် လျော်ညီမှု မရှိတော့သော ဥပဒေများကို လွှတ်တော် နာယကများ၏ ညွှန်ကြားခွင့်ပြုချက်အရ ပယ်ဖျက်၊ ပြုပြင်နိုင်ရေးကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုး(အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ) က The Voice Weekly ၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားကြောင်း သတင်းကို The Voice Weekly သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://thevoicemyanmar.com/index.php?option=com_content&view=article&id=261:2011-05-28-02-07-22&catid=34:politic&Itemid=55

ပို့ကုန်ရငွေနှင့် ဒေါ်လာတန်ဖိုး ဆက်ကျ

မတ်လဆန်းပိုင်း၌ မြင့်တက်ခဲ့သော ပို့ကုန်ရငွေဈေးနှင့် အမေရိကန် ဒေါ်လာဈေးမှာ ပို့ကုန်ပမာဏ များလာခြင်းနှင့် ဇူလိုင်လတွင် ပြုလုပ်မည့် ကျောက်မျက်လေလံပွဲသတင်းတို့ကြောင့် ဈေးပြန်ကျသွားခဲ့ကြောင်း ဈေးကွက်မှ ကျွမ်းကျင်သူများက ပြောကြောင်း သတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/property/519/buss05.html

စမ်းချောင်းတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဉီး ခုနစ်လွှာတိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ရန်ကုန်မြို့တော် စမ်းချောင်း မြို့နယ် ဗဟိုလမ်းတွင် မေလ ၂၃ ရက်နေ့ ညနေပိုင်းက ခုနစ်လွှာ အထပ်မြင့် တိုက်ပေါ်မှ တိုက်နောက်ဖေး လမ်းကြားသို့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ပြုတ်ကျသေဆုံး သွားခဲ့ကြောင်း အဆိုပါ ပတ်ဝန်းကျင်၌ နေထိုင်သူများထံမှ စုံစမ်း သိရှိရကြောင်း သတင်းကို The Voice Weekly သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://thevoicemyanmar.com/index.php?option=com_content&view=article&id=266:2011-05-28-02-57-49&catid=3:local&Itemid=34

ကုမ္ပဏီအများစု စားအုန်းဆီတင်သွင်းခွင့်ပြုအပြီး ဆီဈေးတစ်ရှိန်ထိုးကျဆင်း

စားအုန်းဆီကို တစ်ဦးတည်းတင်သွင်း နေရာမှ ကုမ္ပဏီအများအပြားကို တင်သွင်းခွင့် ပြုလိုက်သောကြောင့် ၁၀ရက်အတွင်း ဈေးနှုန်း များတစ်ရှိန်ထိုးကျသွားကြောင်း မေ ၉ရက်တွင် စားအုန်းဆီပြင်ပဈေး တစ်ပိ ဿာလျှင် ကျပ် ၂၉၀၀ဖြစ်ရာမှ ၁၉ရက်တွင် ကျပ် ၂၂၀၀သို့ ကျဆင်းသွားကြောင်း သတင်းကို Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.theyangontimes.com/

ယခုလအတွင်း ပုဂ္ဂလိက ကုမ္ပဏီများမှ စားအုန်းဆီ တန်ချိန် သုံးသောင်းဝန်းကျင်ကို သင်္ဘောဖြင့် တင်သွင်းလာကာ တင်သွင်းလာသည့် ဆီတန်ချိန်၏ ၆၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမှ ဈေးနှုန်းသတ်မှတ် ရောင်းချပေးသွားမည်

ယခုလအတွင်း စားအုန်းဆီ တင်သွင်းခွင့်ရရှိထားသော ပုဂ္ဂလိက ကုမ္ပဏီများမှ စားအုန်းဆီ တန်ချိန် သုံးသောင်းဝန်းကျင်ကို သင်္ဘောဖြင့် တင်သွင်းလာရန်ရှိကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်းလာသည့် ဆီတန်ချိန်၏ ၆၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမှ ဈေးနှုန်း သတ်မှတ်ရောင်း ချပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းကို Eleven Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8622:2011-05-26-03-44-27&catid=99:2011-04-10-07-08-41&Itemid=174

စားအုန်းဆီ တစ်လ တန်သုံးသောင်း ငါးထောင်သာ တင်သွင်းခွင့်ပြုမည်

ကုမ္ပဏီ ၁၆ ခုကို စားအုန်းဆီ တင်သွင်းခွင့်ပြုပြီး တစ်လခန့် အကြာတွင် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို တစ်လလျှင် တန်ချိန် သုံးသောင်း ငါးထောင်သာ ခွင့်ပြုမည်ဖြစ်ကာ ကုမ္ပဏီများက ခွဲတမ်းဖြင့် အလှည့်ကျ တင်သွင်းသည့်စနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း စားအုန်းဆီ တင်သွင်းသော ကုမ္ပဏီများထံမှ သိရ သတင်းကို The Voice Weekly သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://thevoicemyanmar.com/index.php?option=com_content&view=article&id=263:2011-05-28-02-30-46&catid=3:local&Itemid=34

အစိုးရ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လုပ်ငန်းစဉ်များ ဇွန်လအတွင်း ပေါ်ထွက်မည်

မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ် သမ္မတကိုယ်တိုင် ဦးဆောင်၍ နေပြည်တော်တွင် ကျင်းပခဲ့သည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များ၊ အကြံပြုချက်များကို အခြေခံကာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များ လာမည့် ဇွန်လအတွင်း ပေါ်ထွက်လာရန် ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြား သတင်းကို The Voice Weekly သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://thevoicemyanmar.com/index.php?option=com_content&view=article&id=260:2011-05-28-02-04-28&catid=3:local&Itemid=34

အင်တာနက် ကဖေးများတွင် အချက်အလက် ကူးယူနိုင်သော ပစ္စည်းများ အသုံးပြုခွင့် မရှိတော့

ပြည်တွင်း၌ အများပြည်သူများ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော PAC အင်တာနက် ကဖေးဆိုင် အားလုံး၏ ကွန်ပျူတာများတွင် ကူးယူ အသုံးပြုနိုင်သော ပြင်ပ နည်းပညာ ပစ္စည်းများအား သုံးစွဲခြင်း မပြုလုပ်ရန် မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားရေးမှုး ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားကြောင်း အဆိုပါ အင်တာနက် ကဖေးဆိုင်များ ဖြစ်သော PAC ဆိုင်များအား ယခင်က မြန်မာအင်ဖိုတက်(ခ်) ကုမ္ပဏီလီမိတက်မှ တာဝန်ယူ လုပ်ကိုင်ပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် မေလ (၁) ရက်နေ့ ဝန်းကျင်မှ စပြီး ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြန်လည် လွှဲပြောင်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လွှဲပြောင်း လုပ်ကိုင်ခဲ့သည့် နောက်ပိုင်းမှစ၍ ပြင်ပ နည်းပညာပစ္စည်းများဖြစ်သော Memory Stick, USB Port, Floopy Drive, CD Drive, အခြားသော External Drive များနှင့် ပရိုဂရမ်များအား တပ်ဆင် အသုံးပြုခြင်း မပြုလုပ်ရန် ပြန်လည် တင်းကျပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရကြောင်း IT WEEKLY မှ သတင်းကို ရတနာပုံ သတင်းဆိုက်တွင်ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-20154

About eros

Eros Mario has written 45 post in this Website..

La bellezza è dipende dalla vista della persona. စန္ဒယားလှထွဋ် သီချင်းများကို ခုံမင်စွာ နားထောင်တတ်သူ တဦးရယ်ပါ။