ဒီပိုစ် မှာ တစ်ယောက် ရေးခဲ့သလိုပါပဲ. www.facebook.com ဆိုဒ်က တကယ်ကို ကြီးမားတဲ့social ဆိုဒ် တစ်ုခုပါ ၊ ဒါပေမယ်.. ခု မြန်မာပြည်မှာက ဘယ်လိုဖြစ်နေလဲ ဆိုတော့ facebook လို social ဆိုဒ် တော် များများမှာ ၀င်ထားကြပါတယ်.. ဒါပေမယ်.. social ဆိုဒ်တွေ မှာ social အတွက် အသုံးမချကြပဲ ဥပမာ- ဒီပိုစ်မှာပြောခဲ့သလိုပဲ ဂိမ်တွေ ကစားကြပါတယ်.. ကျနော်ကိုယ်တိုင်လဲ ပြင်းတဲ့အခါ ကစားပါတယ်..မကစားနဲ့လိုတော့ မဆိုလိုပါဘူး. အရမ်းစိတ်ဖိစီးမှုတွေ များလာတဲ့ အခါ ထွက်ပေါက်တစ်ခုအနေနဲ့တော့ ကစားသင့်ပါတယ်.. ဆိုလိုချင်တာကတော့ social ဆိုဒ်တွေမှာ social အတွက် အပြည့်သုံးစေချင်ပါတယ်..၊ ခုတော့ မြန်မာပြည်က လူတော်တော်များက facebook ကို ဂိမ်းကစားတဲ့ ဆိုဒ်တစ်ခု အနေနဲ့မြင်တာများနေကြပါတယ်.. သူငယ်ချင်င်းကောင်မလေးတစ်ယောက်က မေးတယ် facebook က ဘာလုပ်လို့ရလဲတဲ့ ကျနော်က ပြောတယ် ” facebook ” ဆိုတာ social ဆိုဒ် တစ်ခု အဲ့မှာ ကိုအတွက်ယူတတ်ရင် ယူတတ်သလိုရတယ်လို့ အလွယ်ပြောလိုက်တာပေါ့.. အဲ့ဒါနဲ့ သူလဲ ငါကို အကောင့်တစ်လုပ်ပေးပါဆိုလို လုပ်ပေးလိုက်တယ်.. အဲ့မှာစတော့တာပါပဲ ဘယ်မှာလဲ လူတွေတဲ့ မတွေပါလား တဲ့ မေးပါပြီ .. friend က လိုက်ရှာရမှာပေါ့ လိုပဲကျနော်လဲ အလွယ်ပြောလိုက်တာပေါ့..ပြီးတွေ မြန်မာ လူမျိုးတွေ လိုက်ရှာပေးလိုက်တယ်..ကောင်မလေးဆိုတော့ ကောင်းလေးချောချောလေးတွေ လိုက်ရှာပေးတာပေါ့ ..ပြီး သူတိုရဲ့ profile လေးတွေပြတယ်.. ဓါတ်ပုံလေးတွေပြတယ်.. အရင်ဆုံး စိတ်ဝင်စားလာ အောင်လုပ်ရတာကိုး.. အဲ့တော့သူကမေးလာပြန်တယ်.. ဟင်ဘာမှ လဲ ထူးထူးခြားခြား မတွေပါလားတဲ့ ကဲ ဘယ်လို စိတ်ဝင်စားလာအောင် လုပ်ရပါ့မလဲ ကိုယ်ကလဲ သူကို ဒီအပေါ်မှာ စိတ်ဝင်စားစေချင်တယ်လေ .. ချက်ချင်းကြီး တကယ့် Share လုပ်တာတွေ ပြရအောင်လဲ သူက နားမလည် ..အဲ့တော့ ခက်ပါပြီ .. အဲ့ဒါနဲ့ တစ်ခု စဉ်းစားလိုက်တယ်.. လတ်တလော သူ စိတ်ဝင်စားနိုင်တာ ဘာရှိလဲပေါ့..ရပါပြီ facebook ထဲက ဂိမ်းလေးတွေ .. ဒါနဲ့ အဲဒီဂိမ်းလေးတွေ ဆော့နည်းသင်ပေးလိုက်တယ်.. နောက်တော့ ဆော့ရင်း တခြား Sharing လေးတွေ Social လေးတွေ စိတ်ဝင်စားလာနိုင်တယ်ပေါ့ ဆိုပြီး လုပ်ပေးလိုက်တယ်.. အဲတွေပါပြီ အမိက သဘောကြသွားပြီး ဆော့လိုက်တာ. မနက်ရော ညရော.ကိုဆော့တာ တခြားဘာကိုမှ စိတ်မ၀င်စားတော့ဘူး..စက်သုံးပြီဆို facebook ဖွင့် ဂိမ်းထဲဝင် ဆော့ပါလေရော.. မနက်ဆိုလဲ အိပ်ရာနိုးပြီး နဲနဲ လေး စားသောက်ပြီးတာနဲ့ အင်တာနက်ဆိုင်ပြေးပြီးဆော့တော့တာပဲ အမယ် သူက အိမ်မှာတောင်ပြောလိုက်သေးတယ် သူစီပွားရေးတွေ မဖျက်နဲ့တဲ့ .. ဟိုမှာ အပင်တွေက သီးနှံတွေရိတ်၇တော့မယ် နွားမကြီးက နို့ညှစ်ရတော့မယ်တဲ့ ..ညဆို ပိုက်ဆံတွေတောင်တွက်နေလိုက်သေးတယ် သူက .. ကြာလာတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ဒီမှာ က အိမ်မှာ အင်တာနက်သုံးနိုင်တဲ့လူရှာပါးတယ်လေ အဲ့တော့ ပိုက်ဆံနဲ့ပေးသုံးရတာပေါ့ ပိုက်ဆံက နေ့ရော ညရော နေတိုင်းဆိုတော့ ဘယ်ခံနိုင်တော့မလဲ .. ကုန်တာပေါ့ .အဲ့တော့ သူပိုက်ဆံလေးတွေ ကုန်လာတော့ စဉ်းစားပြီ အင်တာနက်သုံးတာ အလကားပဲ ပိုက်ဆံကုန်တယ်လို့ သူမြင်လာတယ်.. ပိုက်ဆံကုန်လာတော့ ဂိမ်းထဲက တကယ်မရတဲ့ပိုက်ဆံတွေ ကိုသူမြင်လာပြီလေ ..အင်တာနက်ကို ဘာမှ မဟုတ်ဘူးလို့လဲ သူတွေးလာတယ်.. အဲ့မှာတင် အင်တာနက်ဆိုတာ ပိုက်ဆံကုန်တယ် အချိန်လဲကုန်တယ် တဲ့..မသုံးတော့ဘူးတဲ့.. ကဲ မှားပါပြီ. ကိုယ်က ဂိမ်းလေးဆော့ရင် တခြားဟာတွေကိုဆွဲဆောင်လိုက်တာ လိုရင်းမရောက်ပဲ ခုတ်ရာ တခြား ရှရာတခြားဖြစ်ပါလေရော..ခုတော့ ငါနင့်ဆီ စာပို့ထားတယ် ဘယ်ဆိုဒ်မှာ ကျောင်း အတွက် အခွင့်လမ်းတွေရှိတယ် ..ဘယ်နေရာ မှာ အလုပ်တွေ ရှိတယ်.. ဘယ်နေရာမှာတော့ စီပွားရေးတွေကြနေလို့ စသဖြင့်တောင် ပြောလိုမရတော့ ဘူး..အင်တာနက်ဆိုတာ နဲ့ ဟင်းဆိုပြီး ခေါင်းတန်းခါတော့တာပဲ .. ဆိုလိုချင်တာကတော့ အဲ့လိုမျိုးပေါ့ အင်တာနက် ဆိုတာကို တလွဲမမြင်စေချင်ဘူး..ဂိမ်းဆော့လို့ ရရုံ chat လုပ်လို့ ရရုံ မထင်မြင်စေချင်ဘူး. မြန်မာပြည်က မိဘ တစ်ချို့ကလည်း ခက်တယ် အင်တာနက်ဆိုတာ နဲ့ ဆော့တဲ့အရာလိုပဲ စွဲထင်နေကြတုန်း.. သားသမီးလေးများ အင်တာနက်ဆိုင်သွားတယ်ဆို ဆူခြင် ဟောက်ခြင်ကြတုန်း .. အဲ့လိုမျိုးအတွေးခေါ်တွေ ကင်းစေခြင်ပါတယ်.. ဘာလိုဆိုတော့ အင်တာနက်ဆိုတာ တကယ်တော့ အရမ်းကို ကောင်းမွန်လွယ်ကူတယ် တဲ့ ဆက်သွယ်ရေးး သာလွန်ပြည့်စုံတဲ့ စာကြည့်တိုက်.. အများကြီးပါပဲ သူရဲ့ဂုဏ်ပုဒ်တွေကတော့ .. ပြောရင်းနဲ့ ဆိုလိုရင်းနဲ့ဝေးသွားပြီ … အဲ့လိုမျိုးပေါ့ လူငယ်တွေ က အတွေးအမြင်မှားလာကြတယ်.( Advance User များကို မဆိုလိုပါ ).. ဆိုတော့ ကာ ကျနော် တို ပြန့်စမ်းစစ် သင့်နေပါပြီ ..ဂိမ်းဆော့နေမယ် အချိန်တွေကို ကိုအားသန်ရာ ရှာဖွေလေ့လာတာမျိုးဖြစ်စေချင်ပါတယ် .. ဒါမှလည်း ကျနော်တိုက အင်တာနက် ဆိုတာကြီးက တကယ်ကို အသုံးဝင်ပါလားဆိုတာ လက်တွေသိလာမှာပါ… ။

အားလုံးတိုးတက်စေ ရန်ရှုမျှော်လျှက်…။

မှတ်ချက် .. ကျနော်လိုမျိုး တခြားနောင်တော် အမတော့် များလဲ ရေးထားတာရှိကောင်း ရှိနိုင်ပါတယ်. . ဘယ်ပိုစ်ကိုမှ ကိုကား ကူယူရေးသားထားခြင်း မဟုတ်ပါ. ။

About laypyay

naykhant zaw has written 8 post in this Website..