မြန်မာအမျိုးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မသမာသူအာဏာရူးလူသတ်သမား အမျိုးသားသစ္စာဖေါက်တို့၏ လုပ်ကြံမှုကြောင့် ကြဆုံးခဲ့ပြီ6း4 နှစ်အလွန် မြန်မာလူငယ်အများစုဟာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစစ်ကို သိရှိသူနည်းပါးလာပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းများကို လူငယ်အဆိုရှင်တချို့ သီချင်းများတွင် ထည်သွင်းအသုံးပြုရာမှ ဗိုလ်ချုပ်အောင်ဆန်း၏ စကားအသံကိုကြားရသောအခါ ဒါဘယ်အဆိုတော်အသံလဲဟု မေးလာသည်အထိ အကျည်းတန်လာပြီဖြစ်သည်။ 1988ခုနှစ်ကျောင်းသားလှူုယ်များဦးဆောင်သည့် ဒီမိုကရေစီတော်လှန်ရေးနောက်ပိုင်း မွှေးဖွားလာသည့် ကလေးသူငယ်များအားလုံး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစစ်ကိုသိခွင့်မရှိကြတော့သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကိုမြင်ရသောအခါ ဒါဘယ်သူလဲဟု မေးလာသည်အထိ မြန်မာ့သမိုင်းသည်ကွယ်ပျောက်လာပြီဖြစ်သည်၊
သမိုင်းစစ်ပျောက်ရတဲ့အကြောင်းရင်းသည် သမိုင်းတွင်သူရဲကောင်းမဟူတ်သူများက သူရဲကောင်းတို့၏ သမိုင်းစစ်များနှင့်ယှဉ်ပြိုင်ရန် မဝံ့မရဲဖြစ်လာသောကြောင့်ဖြစ်မည်ထင်ပါသည်။
သမိုင်းမှန်ကိုသိခွင့်မရသော လူငယ်များ၏ ရှေ့ဋ္ဌ် မိမိတို့သည်အမျိုးသားကယ်တင်ရှင် အမျိုးသားသူရဲကောင်းဖြစ်သည်ဟု ကြွေးကြော်နေသူများသည် မြန်မာပြည်ကျွန်သားပေါက်ဘဝရောက်ခဲ့စဉ်က အမျိုးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ကျိုးစွန့်သွေးသမိုင်းများရှေ့ဝယ် အဘယ်သိုံသောအရှက်အကြောက်ကင်းကြသည်ကို သုံးသပ်သင့်ပြိဖြစ်သည်၊
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားသူရဲကောင်းနှင့်သမိုင်းစစ်တို့ကို ဖျောက်ဖျက်ခြင်းသည် ထိုလူမျိုးတို့၏ နိုင်ငံနှင့်အမျိုးသားရေးကို မျိုးသုန်းအောင်ပြုလုပ်ခြင်းနှင့်တူပါသည်၊သမိုင်းအမွေကိုဆက်ခံသော လူငယ်တို့အားသမိုင်းစစ်များကိုသာဝေငှရန်လိုအပ်သည်။
အချုပ်အားဖြင့်ယခုလက်ရှိ နိုင်ငံတော်အာဏာကို လက်ဝယ်ရယူထားသော ပြည်ထောင်စုအစိုးရသည် အမှန်ပင်နိုင်ငံနှင့်လူမျိုးအား သစ္စာစောင့်သိသူများဖြစ်ပါလျှင် 2011ခု ဇူလိုင်လ19ရက်မှအစပြုကာ မြန်မာကျောင်းသားများ၏ သမိုင်းဖခင်အစစ်အမှန်၊မြန်မာ့တပ်မတော်သမိုင်းကောင်းများ၏ ဖခင်အစစ်အမှန်၊မြန်မာပြည်လွတ်လပ်ရေး၏ ဗိသုကာအစစ်အမှန် ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးသမိုင်း တလျှောက်အသက်သွေးချွေးကို စတေးခဲ့သည့်အမျိုးချစ်မြန်မာအာဇာနည်များ၏ သမိုင်းမျာိးအားဂုဏ်ပေးဂါရဝပြု အလေးပေးသောအားဖြင့် အာဇာနည်နေ့အား မြန်မာနိုင်ငံတဝှမ်းလုံး နိုင်ငံတော်အခမ်းအနားအဖြစ်စည်ကားစွာ ကျင်းပသင့်ပါကြောင်း၊
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းသည် ဘယ်သောအခါမျှ သေမည်မဟုတ် သူသည်မြန်မာတို့၏ စံပြသူရဲကောင်း အာဇာနည်ခေါင်းဆောင်ဖြစ်သည်။ ကျွန်တော်ကျော်ဟန်ပါ မြန်မာလူငယ်များသမိုင်းစစ်ကိုချစ်မြတ်နိုးခွင့်ရကြပါစေ။

About kyawhan21

has written 12 post in this Website..