စိမ်းစိုစို ညိုညို စုစု ပုပု ထန်းပင်


ပြီးခဲ့တဲ့ဥပုသ်နေ့က မြစ်ငယ်ဘက်နေ စစ်ကိုင်းကို သွားတဲ့ဖြတ်လမ်းကိုသွားတော့ လမ်းဘေးက စိမ်းစိမ်းစိုစို သစ်ပင်တွေနဲ့ သာယာတဲ့ရူ့ခင်းတွေကို တွေ့ရပါတယ်။
တစ်နေရာရောက်တော့ ထန်းပင်ပုလေးတွေတန်းစီနေတာကို တွေ့ရပါတယ်။
အဝေးက မြင်ကွင်းက စိမ်းစိုစို ထန်းပင်လေးတွေက ညိုညို
တွေ့ရတဲ့ပုံစံလေးကထန်းပင်ပုပုလေးတွေ ပေါက်နေပုံက ကဗျာဆန်ဆန် စုစုစည်းစည်း
ဒီတော့လဲ ထုံးစံအတိုင်းကိုယ့်စိတ်ထဲမှာလှနေတော့ မျှပေးလိုက်ပါတယ်နော်…………….

11 comments

  • MaMa

    June 2, 2011 at 1:38 am

    စိမ်းစိမ်းစိုစို ညိုညိုစုပု က ဝေးဝေးလံလံ မထင်မရှား ဖြစ်နေပါတယ် ကိုပေါက်ရေ။

  • manawphyulay

    June 2, 2011 at 3:51 am

    ပုံလေးတွေ နည်းနည်းဆိုဒ်ကြီးပေးပါဦးရှင့်။ စိမ်းစိုတာ သေသေချာချာမမြင်ရလို့နော်။

  • zawinaing

    June 2, 2011 at 4:29 am

    ကိုပေါက် ၏ နှစ်ရှည်စီမံကိန်း ထဲက တစ်ခု …………. 🙂

  • hmee

    June 2, 2011 at 7:58 am

    လယ်ကွင်းလေးတွေနဲ့မို့ အလွမ်းပြေပါတယ် ဦးပေါက်ရေ။ ဒီမှာတော့ မြင်မြင် သမျှ သဲပြင်တွေမို့ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေ လွမ်းသား။

  • အေးဗျာ ကျနော်ကလဲ ကြာမှာစိုးတော့ ဆိုက်အလတ်နဲ့တင်တာ
    နောက်ခါ ဆိုက်ကြီးနဲ့တင်ပေးမယ်နော်
    အခုလိုအားပေးကြတာ ကျေးဇူးပါ

  • padonmar

    June 2, 2011 at 3:32 pm

    Title ဖတ်ပြီး ကိုပေါက် ကောင်မလေးလေးယောက်နဲ့ ထန်းပင်ဆီဘာသွားလုပ်ပါလိမ့်လို့ ပုံတွေမြင်မှ:D

  • pooch

    June 2, 2011 at 3:47 pm

    ရှေ့ က မြေက ယူတာများနေတာ ဒါပေမဲ့ မမြင်ရတာကြာတော့လည်း တမျိုးကြည့်ကောင်းပါတယ်။

  • ရွာထဲမှာသဘောပေါက်လွယ်တာ ပဒုမ္မာတစ်ယောက်ဘဲရှိသေးတယ်။
    ကောင်မလေးတွေကိုခေါ်ပြီး ထန်းလက်ခြောက်သွားကောက်တာပါဗျာ။
    ထင်းအဖြစ်သုံးဘို့လေ။

  • etone

    June 3, 2011 at 5:22 am

    လေးပေါက် ဓါတ်ပုံရိုက်တာ နေရိပ်ကနေမို့လား ။

  • koyewin80

    June 3, 2011 at 6:46 am

    ဦးပေါက် ဓါတ်ပုံလေးတွေ မြင်တော့ ငယ်ငယ်တုန်းက ရွာမှာကျောင်းသွားရတဲ့ တာလမ်းလေးကို လွမ်းမိနေတယ် ။ ..

  • ဟုတ်ပါတယ်ရှေ့ဆက်တိုးဘို့ ကခက်တယ် ဆူးခြုံတွေရှိလို့ပါ။
    နေ့စဉ် ဆူညံပွက်လောက်ရိုက် ရှုပ်ယှက်ခတ်နေရာကနေ အေးချမ်းတဲ့ နေရာလေးကို
    ခဏရောက်ချိန်မှာ မျက်စေ့အေး နားအေး စိတ်တွေလဲအေးသွားတာမို့ မျှဝေပေးတာပါ။
    နှစ်သက်ကြမယ်ထင်ပါတယ်နော်။

Leave a Reply