ဟာသ လေးတွေပါ

meengelayJune 2, 20111min929

“ခင်ဗျားက ဘယ်သူပါလဲ ။ကျွန်တော် က ဆန်းစုနိုင်ပါ ” ဆိုပြီး ကိုဆန်းစုနိုင်ကစတင်နှုတ်ဆက်ပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော် က ထူးအောင် ပါ ဗျာ………………” ဆိုပြီး ဆက်မှိုင်နေရှာပါတယ်။

“ခင်ဗျားကဘယ်လိုများသေရလဲဗျာ…ကျွန်တော်က အအေးမိသေတာဗျ ” ကိုဆန်းစုနိုင် စပ်စပ်စုစု အလိုက်ကန်းဆိုးမသိ

ဆက်မေးနေပြန်သည်။

“ကျွန်တော် က အံ့ဩလွန်းလို့ နှလုံးသွေးရပ်ပြီးသေရတာပါဗျာ………..” ကိုထူးအောင်ကလည်းပြန်ဖြေရှာ ပါတယ်။

“ဘယ်လို….ဘယ်လိုဗျ….ခင်ဗျားဟာက…”

“ဪ……ဒီလိုပါဗျာ..။

ကျွန်တော့်မိန်းမက ကျွန်တော်မရှိတုန်း လူတစ်ယောက်နဲ့ဖောက်ပြန်နေတာ ကျွန်တော်သိတယ်ဗျ…..”

“တစ်နေ့ ကျွန်တော်သူတို့ကို အမိလက်ရဖမ်းချင်တာနဲ့ အလုပ်သွားယောင်ပြပြီး ကျွန်တော် အိမ်ပြန်ခဲ့တယ်ဗျ ………..”

“အင်းဆက်ပါဦးဗျာ ……”

“အိမ်ရောက်တော့ ကျွန်တော်ထင်တဲ့ အတိုင်း သူ့ဖိနပ် ကျွန်တော်တွေ့တယ်ဗျ။

ကျွန်တော်လည်း အိမ်ပေါ်ဆက်တက်သွားတယ်ဗျာ..။

ကျွန်တော်တို့အိပ်ခန်းက ရီသံတွေ စကားပြောသံတွေက ကျွန်တော်နားကို မိုးကြိုးပစ်ချနေသလိုပါပဲဗျာ..။”

“အေးပေါ့ဗျာ ……ဖြစ်မှာပေါ့”

“အဲဒါနဲ့ ကျွန်တော်တံခါးကို ဝုန်း..ဝုုန်း..ဝုန်း…နဲ့ ထုပစ်လိုက်ပြီး တံခါးဖွင့်ခိုင်းလိုက်တယ်………..

အသံတွေ ခဏတိတ်သွားပြီး ခဏနေ ကျွန်တော့်မိန်းမ တံခါးလာဖွင့်တယ်ဗျ…..

သူကတော့ မူမပျက်ပဲဗျ….

ကျွန်တော်ထင်တာ..သူ……ကျွန်တော်ရောက်လာလို့ သွေးပျက်နေလောက်ပြီထင်တာ…

ကျွန်တော်သူ့ကို တွန်းပြီး အခန်းထဲဝင်ခဲ့တယ်…

အံ့ဩစရာပဲဗျာ…ကျွန်တော် ဘယ်သူ့ကိုမှမတွေ့ဘူး..

ရှိနေတယ်ဗျာ…..သေချာတယ်။

ကျွန်တော်လိုက်ရှာတယ်….

ကုတင်အောက်….မတွေ့ဘူး……..။

ဗီဒို ထဲ ….မတွေ့ဘူး…။

ဗီဒို အပေါ် ….မတွေ့ဘူး…။

တံခါးနောက်ထဲ ….မတွေ့ဘူး…။

ကျွန်တော်တို့ အခန်းက တံခါးကလည်း တစ်ပေါက်ထဲ..

အခြားကနေ သူထွက်သွားစရာ မရှိပါဘူးးး……

ပြူတင်းပေါက်တွေကလည်း သံပန်းတွေတပ်ထားတယ်ဗျာ..သူဘယ်လို ထွက်မလဲ……..

အဲမှာတင် ကျွန်တော် ရင်တွေ တဒိန်းဒိန်းခုန်လာတယ်……..

အံ့ဩစိတ်…တွေနဲ့ စုံအောင်ရှာပေမယ့် ဘာမှမတွေ့ တော့ ခြေဖျားလက်ဖျားတွေအေးလာတယ်……

ကျွန်တော် စိတ်တွေပို လှုပ်ရှားလာတယ်…

အဲဒီမှာတင် ကျွန်တော် သေဆုံးခဲ့ရပါတယ်…………ဗျာ….”

အဲဒီမှာ ကို ဆန်းစုနိုင် လက်သီးကျစ်ကျစ်ပါအောင် ဆုတ်ပြီးတော့ ပြောလိုက်ပုံများကတော့ သူငယ်ချင်းတို့ရေ…….

“ကိုထူးအောင် ………………..ခင်ဗျားဗျာ………….ခင်ဗျား…..

ခင်ဗျား……….တော်တော်ပိန်းတာပဲ……………

ရေခဲသေတ္တာ သာ ခင်ဗျား ဖွင့်လိုက်ရင် ခင်ဗျားရော ကျွန်တော်ရော သေမှာ မဟုတ်ဘူးဗျ……….”

သူ့နေရာနဲ့သူ

“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”

မဝေခွဲနိုင်သေးပါ

“ခင်ဗျား ဘယ်သူလဲ”
“ငါဟာ မင်းမိန်းမကို လူ့လောကကြီးထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်ပေါ့”
“အင်း-ဒါဆို လူကြီးမင်းကို ကျေးဇူးတင်ရကောင်းမလား။
နှာခေါင်းရိုးကျိုးအောင် ထိုးပစ်ရကောင်းမလား ဝေခွဲမရသေးဘူး”

အကြောင်းသိမို့

“ခုနက အရက်ဗန်းကိုင်ပြီး လျှောက်သွားနေတဲ့ ခပ်ချောချော ကောင်မလေး ဘယ်မှာရှိမလဲ”
“ရှင်က အရက်ထပ်လိုချင်နေလို့လား”
“ဟင့်အင်း၊ ကျွန်မယောက်ျား ဒီပါတီပွဲမှာ ပျောက်နေလို့”

သူကပိုသိပါတယ်

“ငါ့မိန်းမဟာ စကားပြောစရာ အကြောင်းအချက်တစ်ခုလောက်ရှိခဲ့မယ်ဆိုရင်
အကြာကြီးမနားတမ်း ပြောနိုင်တယ်ကွ”
“ငါ့မိန်းမကျတော့ အကြောင်းအချက်ရှိဖို့တောင် မလိုဘူး”

သူ့လုပ်စာ

“လူတစ်ယောက် ကားတိုက်ပြီး သေဆုံးသွားသဖြင့် သူ့ဇနီးမှာ လျော်ကြေးငွေ
အမြောက်အမြား ရရှိသွားလေသည်။
“ဘုရားသခင် ကျေးဇူးတော်ပဲ။ သူသေမှပဲ သူ့လုပ်စာ စားရတော့တယ်”

ပို့ပစ်လိုက်မယ်

“ရှင် ဒီတစ်ခါ အိမ်ပြန်ချိန်နောက်ကျရင် အမေ့ဆီ ကျွန်မဆင်းသွားမယ်”
“ရတယ်လေ။ ငါလည်း ယောက္ခမအထီးကြီးှဆီ သွားလိုက်ရုံပဲ”
“ဘာပြောတယ်။ ရှင်က သမီးကို အိမ်မှာထားခဲ့မယ်ပေါ့လေ”
“ဟင့်အင်း၊ ယောက္ခမအထီးကြီးဆီ သွားပို့မလို့”

လွတ်လပ်ရေးနေ့

“လွတ်လပ်ရေးနေ့ဟာ ဘယ်နေ့လဲ ကိုကို”
“မင်းရဲ့ မိဘတွေဆီ မင်းအလည်ပြန်တဲ့နေ့မှန်သမျှ ငါ့အတွက်
လွတ်လပ်ရေးနေ့တွေချည်းပါပဲ မိန်းမရယ်”

တက်လမ်း မရှိလို့

“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ”

ကံကောင်းသူ

“ငါ့မိန်းမတော့ ရှိသမျှအားလုံးယူပြီး ဆင်းသွားလေရဲ့”
“မင်းကံကောင်းတာပေါ့။ ငါ့မိန်းမဆို အခုထိ မဆင်းသေးဘူး”

မိုးရွာမှ ကျတ

“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှ”

မငိုပါနဲ့

“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”

အလုပ်ကြိုးစားသူ

“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”

ရှိစေရမယ်

“ကျွန်မတို့ လက်ထက်ပြီးတဲ့အခါ ရှင့်မှာရှိတဲ့ သောကတွေ ဒုက္ခတွေကို
မျှဝေခံစားပေးပါမယ်”
“ကိုယ့်မှာ သောကတွေ ဒုက္ခတွေမရှိပါဘူး”
“အင်း-ကျွန်မနဲ့လက်ထက်ပြီးရင် ရှိလာစေရမယ်”

မအိပ်ကြသေးဘူး

“နင့်ခင်ပွန်းဟာ အိပ်ရင်ဟောက်တတ်သလား”
“ငါဘယ်သိအုံးမလဲ။ လက်ထက်တာမှ ငါးရက်ပဲရှိသေးတာ”

ငွေချေးနည်းအသစ်

“ကျွန်တော့်ကို ငွေနှစ်ရာလောက် ချေးစမ်းပါ။ ဒါပေမယ့် တစ်ရာပဲပေး”
“ဘာသဘောပါလိမ့်”
“ဒါဆို ခင်ဗျားက ကျွန်တော့်ကို ငွေတစ်ရာထပ်ပေးဖို့ရှိနေသလို
ကျွန်တော်ကလည်း ခင်ဗျားကို ငွေတစ်ရာပြန်ဆပ်ဖို့ ရှိနေတော့ ကြေရောပေါ့”

အာဂ ဆရာမ

“ဆရာမရေ ဒီခုတင်ပေါ်က လူနာ ဘယ်ရောက်သွားလဲ”
“သူ့တစ်ကိုယ်လုံး အေးစက်နေလို့ အပူချိန် တစ်ရာ့ငါးရှိတဲ့
လူနာနဲ့ပေးသိပ်ထားတယ် ဒေါက်တာ”

သူတို့က မယုံဘူး

“နောက်ဆုံးအခေါက် ရုံးကိုရောက်တုန်းက ငါမှာလိုက်တယ်မဟုတ်လား။
နောက်တစ်ကြိမ် မင်းမျက်နှာကို ဒီရုံးပေါ်မှာ မမြင်ချင်တော့ဘူးလို့”
”ကျွန်တော့်လာဖမ်းတဲ့ ရဲတွေကို အဲဒီစကားပြောပြခဲ့ပေမယ့် သူတို့က
မယုံကြဘူး တရားသူကြီးမင်း”

နိုင်ရင် အိုကေ

“ငွေကိုင်စာရေး ဘယ်သွားနေလဲ”
“လက်ဝှေ့တက်ထိုးနေပါတယ် ဆရာ”
“ဘာကွ အလုပ်ချိန်မှာ ဘာကြောင့်လက်ဝှေ့သွားထိုးရတာလဲ”
“ငွေစာရင်းကွာဟနေမှုအတွက် သူ့ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်လို့ပါ”

သင်ခိုင်းတယ်ထင်လို့

“တရားလိုဟာ သူ့ပိုက်ဆံအိတ်ကို အတွင်းခံဘောင်းဘီထဲထည့်ပြီး တွယ်ချိတ်နဲ့
ချိတ်ထားတယ်လို့ဆိုတယ်။ မင်းဘယ်လို ရအောင်ယူခဲ့တာလဲ”
“ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်ဟာ နည်းတစ်ခုကို ငွေတစ်ရာရမှ သင်ပေးလေ့ရှိပါတယ်”

သွန်သင်ချက်

စက်မှုလုပ်ငန်းပိုင်ရှင် သူဌေးကြီးသည် သူ့စက်ရုံသို့
ရှောင်တခင်ရောက်ရှိလာကာ အလုပ်သမားတစ်ယောက်ကိုမေးမြန်းလိုက်သည်။
“မင်းရဲ့ကြီးကြပ်ရေးမှူးက ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပြပေးရဲ့လား”
“ဟုတ်ကဲ့ သင်ပေးပါတယ်ခင်ဗျား”
“အေး ကောင်းတယ် ကောင်းတယ်။ အထက်လူကြီးစကားကို ဂရုစိုက်ကွဲ့။ ဒါထက် သူက
ဘာသင်ပေးထားသလဲ”
“သူဌေးလာတာမြင်ရင် သူ့ကို အမြန်လာနှိုးပါလို့ သင်ပေးထားပါတယ်။ အခု
နှိုးပြီးပါပြီခင်ဗျ”

ငွေတော့ မရဘူး

လူပြတ်သောနေရာတစ်ခုတွင် ခရီးသည် တစ်ယောက်သည် လုယက်သူတို့နဲ့ ရင်ဆိုင်မိလေသည်။
“ကိုင်း- ပါသရွေ့ အားလုံးပေးစမ်း။ မပေးရင် မင်းဦးနှောက်ကို ထုတ်ပစ်မယ်”
“ဦးနှောက်ထုတ်ပစ်မယ် ဟုတ်လား။ ထုတ်ပစ်လိုက်လေ။ ဒီခေတ်ကြီးမှာ
ဦးနှောက်မရှိလည်းနေလို့ရတယ်။ ငွေမရှိဘဲတော့ နေလို့မရဘူး”

ခက်တဲ့ပုစာ္ဆ

“တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရမယ်။ လေးနဲ့လေး
ပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း”
“ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့
ကျွန်တော့်ကို လာမေးတယ်”

ဖိနပ်သူခိုး

“ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ ”

“အဓိပ္ပာယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန်မလာဖူး ဘူး”

အလှူခံ

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ
ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
“မိန်းမရေ…သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ ”
“ရေ ၃ ပုံးပေးလိုက် ”

ကံကောင်းတယ်

“ခင်ဗျား မနေ့ကအလု ခံရတယ်ဆို ”

“ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပို်က်ဆံအိတ် ပါသွားတယ် ”

“ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို ”

“မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ ”

ဒါလဲဖြစ်နိုင်တာပဲ

သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။

“ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ ”

“ဘာဖြစ်လို့လဲ ”

“ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ
က ိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကို
တခြား ယောကျာ်း တစ်ယောက်နဲ့ တွေ့တယ် ”
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
“သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲဖြစ် နိုင်တာပဲ ”

နောက်မလုပ်နဲ့

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ်
ကျန်နေသည် ၊ မနက် အိပ်ရာထ သော အခါ အရက်နာကျသည် ကို ဖြေဖျောက်ရန်အတွက်
အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိ တော့ချေ ။ သို့နှင့်အိမ်တွင်
မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေပိုင်းတွင်
မူးပြီးအိမ်ပြန် လာသည် ၊ မိန်းမ ကမေးသည် ။

“ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား”

“နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို
မင်းခုလိုပဲဆက်စမ်းနေရင် မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား ”

တော်လိုက်ပုံက

“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”

9 comments

  • mayhtet

    June 2, 2011 at 11:56 am

    ရယ်ရတယ်နော် ဆက်လက်အားပေးနေအုန်းမှာပါ

  • KoNyeinChan

    June 2, 2011 at 5:25 pm

    ရယ်ရပါတယ်။ ဖတ်လည်းဖတ်ဖူးပါတယ်။ အားပေးပါတယ် ဆက်ရေးပါ။
    အကြံတခုပေးချင်တာက မူရင်းစာရေးဆရာနာမည်လေးကိုပါထည့်ပေးစေချင်ပါတယ်။ မူရင်းစာရေးသူကို လေးစားတဲ့အနေနဲ ့ပါ။

  • khinmintatthu

    June 3, 2011 at 7:55 am

    ရေးထားတာ တော်တော်လေးကို ကောင်းပါတယ်… နောက်ထပ်လည်း ဆက်ပြီးတင်ပေးပါဦး…. အမြဲ အားပေးနေမှာပါ…. သူများတွေကို အသက်ရှည်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူး….

  • wakawaka7

    June 3, 2011 at 9:54 am

    စိတ်ပင်ပန်းမူကို ခဏတာပြေပျောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်းဆက်ပြိးတင်ပေးပါဦး။ ဆက်လက်အားပေးစောင့်မျှော်နေမယ်။

  • cobra

    June 3, 2011 at 10:47 am

    တကယ့်ကိုဟာသတွေပါပဲ။
    နောက်လည်းထပ်ပီးကြိုးစားပါ။
    အားပေးနေပါတယ်။

  • cobra

    June 3, 2011 at 10:50 am

    တကယ့်ကိုဟာသတွေပါပဲ။
    နောက်လည်းထပ်ပီးကြိုးစားပါ။
    အားပေးနေပါတယ်….။

    • maythakhin

      June 3, 2011 at 3:01 pm

      ကောင်းပါတယ်။ တနေ့တာ ရဲ့အချိန်လေးတွေမှာ ဒီလို အမောပြေစေသော စာလေးတွေဖတ်ရတာ။ thank

  • kotun

    June 3, 2011 at 4:30 pm

    ဟီး ဟီး ဟီး ဟား ဟား ဟား ဟိုးဟိုးဟိုး ဟတ်ဟတ်ဟတ် ခိုးခိုးခွိခွိခစ်ခစ် ရယ်ရတယ်ဟေ့ ဗျဲ ..
    အားပေးတယ် ဆက်ရေးပါ . ..ဖတ်ပြီးတော့ .. စိတ်ထဲလန်းဆန်းသွားတယ် . .

  • kotun

    June 3, 2011 at 4:31 pm

    ဟီဟိ .. ဟဲဟဲဟဲ .. ဟီး ဟီး ဟီး .. ဟား ဟား ဟား .. ဟိုးဟိုးဟိုး … ဟတ်ဟတ်ဟတ် … ခိုးခိုးခွိခွိခစ်ခစ် .. ရယ်ရတယ်ဟေ့ ဗျဲ ..
    အားပေးတယ် ဆက်ရေးပါ . ..ဖတ်ပြီးတော့ .. စိတ်ထဲလန်းဆန်းသွားတယ် . . ကျေးဇူးပါ ။

Leave a Reply