ှQuestion & Answer ဟာသလေးပါပဲ

meengelayJune 5, 20111min590

မေး။ ။ အကျယ်ဝန်းဆုံးအရာကား အဘယ်နည်း။

ဖြေ။ ။ အစာအိမ် ဖြစ်ပါတယ်။

မေး။ ။ အရှည်ဆုံးအရာကား အဘယ်နည်း။

ဖြေ။ ။ လျှာ ဖြစ်ပါတယ်။

မေး။ ။ အဝေးဆုံးအရာကား အဘယ်နည်း။

ဖြေ။ ။ နားရွက် ဖြစ်ပါတယ်။

မေး။ ။ အခြေခံအကျဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ ဖိနပ် ဖြစ်ပါတယ်။

မေး။ ။ အမှန်ဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ သမာဓိ ချိန်ခွင် ဖြစ်ပါတယ်။

မေး။ ။ သစ္စာအရှိဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ မှန် ဖြစ်ပါတယ်။

မေး။ ။ တန်ဖိုးအကြီးမားဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ ချက်လက်မှတ် ဖြစ်ပါသည်။

မေး။ ။ အသန့်အရှင်းဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ ဆပ်ပြာ ဖြစ်ပါသည်။

မေး။ ။ စိတ်အချရဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ မသေချာခြင်း ဖြစ်ပါသည်။

မေး။ ။ အလျင်မြန်ဆုံးအရာကား အဘယ်နည်။

ဖြေ။ ။ ရပ်တန့်ခြင်း ဖြစ်ပါသည်။

မေး။ ။ လိမ်ညာမှု အများဆုံးနေရာကား အဘယ်နည်။

ဖြေ။ ။ သူမ၏ နှုတ်ခမ်းတစ်စုံ ဖြစ်ပါသည်။