ရယ်ရတဲ့ ဟာသ

meengelayJune 2, 20111min640

တစ်ခါက…

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား
> အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
> သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး
ရင်ကောင်းမလဲလို့
> အသည်းအသန်စဉ်းစားရပါတော့တယ်။
> သူ့အချစ်လည်း ပေါ်လွင်ရမယ်။
> သူမအတွက်လည်း အသုံးဝင်ရမယ်။
> အမှတ်တရနဲ့ ဂန္ဓဝင်လည်း မြောက်ရမယ်ပေါ့။
> ဈေးကြီးတာလည်း မတတ်နိုင်ဘူးလေ။
> နောက်ဆုံးတော့အကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ
> ဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်တယ်..

မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးကို အကူညီတောင်းပြီးခေါ်လာခဲ့တယ်..
> ဆယ်ကျော်သက် လှလှလေးပါပဲ။
> ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ဝယ်တယ်။
> ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
> ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက
> လက်အိတ်ရသွားတယ်။
> သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က
> ပို့လိုက်တယ်။
> (.စာကတော့…)
> အသည်းလေး
> ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
> လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
> ကိုယ်က နှိပ်ကြယ်သီးပါတာ ဝယ်ဦးမလို့ပဲ။
> မင့်ညီမက ချွတ်လို့စွပ်လို့လွယ်အောင် အဲ့ဒါကိုပဲ ဝယ်ဖို့ တိုက်တွန်းတယ်။
> ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှ လိုက်တာလေ။

> စွပ်ရချွတ်ရတာလည်း လွယ်တယ်။
> အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ဝတ်ကြောင်းနဲ့ သူကိုယ်တိုင်
> ဝတ်ပြချွတ်ပြသေးတယ်။
> အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
> အာမခံတယ်လေ။ ကိုယ်တော့ တော်တော်သဘောကျတယ်..
> ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်ကွာနော်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
> နမ်းပစ်မိမှာပဲ။
> သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…
>
> အသည်းလေးရဲ့
>
> ကိုယ်