အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)၏ ၂၀၁၁ ခုနှစ် ပညာသင်နှစ် စတင်ဖွင့်လှစ်

နွယ်ပင်June 2, 20111min1174

အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ ) 2011 ခုနှစ် ပညာသင်နှစ်အတွက် အတန်းများကို1st June မှ စတင်၍ သင်ကြားပေးနေပါပြီး။ ယနေ ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၇) ယောက် လက်ခံထားပြီး ဆက်လက်၍လည်း လာရောက် အပ်နှံနေကြဆဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမအင်အား (၂၀) ယောက်နှင့် မနက်(ရး၃ဝ မှ ၉းဝ၀) ( ၉း၃ဝ မှ ၁၁းဝ၀) အထိ ညနေ( ၂းဝဝ မှ ၃း၃ဝ ) ( ၄းဝဝ မှ ၅း၃၀) (၅းဝဝ မှ ၆း၃ဝ ) တစ်နေ ့လျှင် ( ၅ )ကြိမ် အထက်က အချိန်ဇယားအတိုင်း သင်ကြားပေးလျှက်ရှိပါတယ်။

လောလောဆယ် တစ်တန်းလျှင် ကျောင်းသား၊ကျောင်းသူ (၂၀) ယောက်နှင့်ခြောက်တန်းအတွက် စုစုပေါင်း (၁၂၀)ယောက်ကိုသာ ဖတ်စာအုပ်ကိုများ လှူဒါန်း ထားနိုင်ပါသေးသည်။ ကျန်ကျောင်းသားများအတွက် ဖတ်စာအုပ်နှင့်ဗလာစာအုပ်များ လိုအပ်လျှက် ရှိနေပါသေးသည်။ ကျောင်းသားတစ်ဦးအတွက် ဖတ်စာအုပ် တစ်စုံလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ပညာဒါန ပြုနိုင်ပါသည်။

လေးစားစွာဖြင့်
ကျောင်းပညာရေးကော်မတီ
ကိုအေးဘို (၀၉ ၄၃၀၅၆၄၄၇)
ကိုငယ် (၀၉ ၅၁၆၂၀၆၀)

Posted by ဒီမိုဝေယံ

4 comments

  • fatty

    June 2, 2011 at 3:09 pm

    ဆက်သွယ်ပြီး ကျနော် အလှုငွေထည့်ပေးပါမယ် ……။

  • etone

    June 3, 2011 at 7:41 am

    ဂျစ်တူနဲ့ တိုင်ပင်ပြီး သွားလှူမယ် ။ 😀

  • နွယ်ပင်

    June 3, 2011 at 8:57 am

    etone ရေ ဘယ်သူနဲ့ပဲ တိုင်ပင်ပင်ပါ သွားလှူမယ်ဆိုတဲ့အတွက် ဝမ်းသာပိတိဖြစ်ရပါတယ် …

  • မမလေး

    June 3, 2011 at 9:17 am

    ဂျစ်တူးဆိုတာ ဘယ်သူလဲ ….

Leave a Reply