Chinese hacker တွေ ဂျီမေးလ် အကောင့် ရာချီပြီး ဟက်ခဲ့ကြသတဲ့

ဂ်စ္စူJune 2, 20112min480

တရုတ်အခြေစိုက် ဟက်ကာတွေဆိုတော့ တလုပ်ကြီးတွေပဲ နေမှာပါလေ သေချာတော့ မပြောတတ်ပါဘူး
အဲဒီ ဟက်ကာတွေကတော့ “တရုတ်နိုင်ငံရေးလှုပ်ရှားသူများ၊ အေရှား က ခေါင်းဆောင် အချိုု ့၊ အမေရိကန်က အရပ်ဘက် နှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိတွေရဲ ့ account တွေကို အဓိက ပစ်မှတ်ထားခဲ့ကြသည်။ ဒီအကြိမ်နဲ့ပါ ဆိုရင် ၁ရ လ အတွင်း ဒုတိယ်အကြိမ်ဖြစ်ပါတယ်လို့ Google က အတိအလင်းကြော်ငြာခဲ့ပါတယ်။“ဧရာဝတီမှ တစ်ပိုင်း တစ်စ ဖတ်ရတာဖြစ်ပါတယ်..။

Aljazeera သတင်းဆိုဒ်တစ်ခုမှာတော့ ဒီလိုရေးထားတာပဲ..

Hackers likely based in China have attempted to break into hundreds of Google mail accounts, including those of senior US government officials, Chinese activists and journalists, the Internet company said.

The unknown perpetrators, who appeared to originate from Jinan in Shandong province, recently tried to breach and monitor email accounts by stealing passwords, but Google detected and “disrupted” their campaign, the world’s largest Web search company said on its official blog on Thursday.

ဒီအောက်ကလင့်ခ် မှာ အပြည့်အစုံသွားဖတ်နိုင်ပါတယ်..
http://english.aljazeera.net/news/americas/2011/06/20116205619120217.html

ခုတလော အပြိုင်ဟက်နေကြတာ သတိထားကြပါလေ
အရင်တလောက သတင်းကြား ကြမှာပေါ့
ဗိုလ်မှူး တစ်ယောက် ရဲ့ Facebook acc and Gmail acc ဟက်ခံရတာတို ့
ပြီးတော့ အဆိုပါ Gmail acc ကို BHG အဖွဲ ့မှ ပြန်လည်ယူသွားတာတို ့

ပြီးတော့ ဒီ MG မှာ ကျနော်ပဲ ဖွခဲ့တဲ့ “ဂျီမေးအကောင့် ဘယ်လိုခိုးလဲ..ဘူလဲ..”ဆိုပြီး..
Gmail Log in အတုလုပ်ပြီးခိုးတယ်ဆိုတာလဲ နောက်ပိုင်းပြန်ကြားရတာ လုပ်ကြံခံရတယ် ဆိုလားပဲဗျ
ဘယ်သူ ့ကိုယုံလို ့ယုံရမှန်းမသိပါဖြစ်နေတယ်..
ဟိုမှာကြည့်လဲ ဟက်ခံရ၊ဒီမှာဖတ်တော့လဲ ဟက်ခံရနဲ ့ အပြိုင်ဟက်နေကြတာပဲ

ဒီမှာလဲ BHG က ဟက်ထားတဲ့ အကောင့်တွေ များကြီးပဲတဲ့
သွားကြည့်ပါဦး ဒီလင့်ခ်မှာ ကိုယ့်အကောင့်တွေပါနေသလားလို ့..http://h4rdcoreh4cker.yourfreehosting.net/gmail_password/index.htm
အနော်သွားကြည့်တာတော့
en2cs@bot.talk.google.com, en2es@bot.talk.google.com, ဆိုတဲ့ bot တွေရယ်

alexander.xzx@gmail.com
aliabdelbasit@hotmail.com
babypinkk@gmail
babywahh@googlemail.com
badinf@gmail.com
စတဲ့  acc တွေကို စာမျက်နှာပြည့်အောင် ၂ ခါပြန်ထည့်ထားလို  ့  ခေါင်းကုတ်ပြီး ပြန်ထွက်လာတာ..။

Friday,June 03,2011

အင်တာနက် ဂျီမေးလ်တွေ ဝင်ဖောက်မှု FBI စစ်ဆေး

အမေရိကန် အရာရှိတွေ၊ တရုတ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေ အပါအဝင် လူရာပေါင်းများစွာရဲ့ E-mail တွေကို တရုတ်နိုင်ငံက ကွန်ပြူတာစနစ်ထဲ ခိုးဝင်တိုက်ခိုက်သူ hacker တွေက ထိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ Google အင်တာနက် ကုမ္ပဏီက စွပ်စွဲထားတာတွေကို အမေရိကန် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးသွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဒါဟာ ပြင်းထန်တဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပေမဲ့ မှန်မမှန် အသေးစိတ်တော့ ဝန်ကြီး ကလင်တန်က ပြောမသွားခဲ့ပါဘူး။

တိုက်ခိုက်မှုတွေကို စုံစမ်းသွားဖို့ Google ကုမ္ပဏီနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဂျီမေးလ်အကောင့် သုံးစွဲသူတွေရဲ့ လျှို့ဝှက် password တွေကို ခိုးယူဖို့ ကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန် (Jinan) ဒေသက မြစ်ဖျားခံလာတယ်လို့ Google ကုမ္ပဏီက ပြောဆိုထားပေမဲ့လည်း ဘယ် E-mail တွေကို ထိုးဖောက် ဝင်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မပြောပါဘူး။

ဘယ်အမေရိကန် အရာရှိတွေရဲ့ E-mail တွေ အဖောက်ခံရတယ်၊ ဘယ်လောက်ကြာကြာ ဝင်ရောက်ခဲ့တယ် ဆိုတာတွေကိုလည်း Google ကုမ္ပဏီက အတိအကျ မပြောခဲ့ပါဘူး။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ အစိုးရ E-mail အကောင့်တွေကို တိုက်ခိုက်ခံရတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းရင်းမျိုး လောလောဆယ် မတွေ့ရဘူးလို့ အစောပိုင်းမှာ ပြောဆိုထားတာပါ။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို အပြစ်ဖို့တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကြာသပတေးနေ့ကပဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

Via:Voa