မမလေးကို .. မောင်ခိုးမယ်လို့ .. လူဆိုးတွေနဲ့မောင်တိုင်ပင်

fattyJune 2, 20111min30432

ချိန်းထားတဲ့နေရာတော့ရောက်ပြီ …။
အချိန်ကြည့်လိုက်တော့ နာရိဝက်လောက်စောနေသေးသည် ..။
ဘယ်သူမှ မရောက်သေးလဲ တယောက်ထဲ ထိုင်စောင့်ရင်း နဲနဲမော့ထားလိုက်တာပေါ့ .. စိတ်ကူးလေးနှင့် ….
နေရာကား တညင်မြို့အထွက် ကားလမ်းလေးညာဘက်ဘေး .. စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းလေးဖြစ်အောင်
ဖန်တီးထားသော …. ထန်းရည် ဆိုင်ကလေး …………….။

တဲလေးထဲဝင်လိုက်တော့ … သကောင့်သား ကိုအောင်ပု ကိုကြောင်ကြိးတို့က ရောက်နှင့်နေကြပြီ …
အော်လူဆိုးတွေ လူဆိုးတွေ …။
အရှိန်တောင်အတော်မြင့်နေကြပြီ ………။ ကိုအောင်ပုမှာ မြေကြီးပေါ်က ပဲကြီးလှော် စေ့များကို …
တစ်စေ့ချင်း ယက်ပြီးရှာနေတော့၏ ….။

လာ ကိုဖက်လာ … တယ်နောက်ကျတာကိုး .. ကျနော်တို့ လေးအိုးရှိပြီ … ကြောင်ကြီးကား ….
ပြောပြောဆိုဆို ထန်းရည်အိုးထဲက ထန်းရည်များကို ဝါးကျည်ထောက်ထဲသို့ငှဲ့လေ၏
မြေကြီးပေါ်တဝက်လောက် လောင်းနေသည် ..။

ကျနော်ဝင်ထိုင်ပြီး အမည်းပန်းကန် အရင်ကြည့်လိုက်တော့ … အသားတခုခုကင်ထားတာတွေ့ရသည် ..။
တဲနောက်ဖက် လှမ်းအကဲခတ်လိုက်သည် ..။ ခွေးတစ်ကောင် … တညင် ကျောက်တန်းကားလမ်းပေါ် ကားတိုက်ခံ
ထားရပုံရသည် .. ထူးခြားတာက ခြေတဖက်မရှိတော့ …. အမြည်းပန်းကန် နှိုက်ဖို့ လက်ကတွန့်နေပြီ …
…… ဂေ့ … ချဗျာ ကိုဖက် ခဏနေ ကိုပေါက် လာလိမ့်မယ် ….။ ကြောင်ကြီးက လမ်းဖက်မျှော်ရင်း ပြောလိုက်သည် ..။

အော ကိုပေါက်လဲ လူဆိုးစာရင်းဝင်ကိုး ..။ … ဝင်လာပါပြီ ကိုပေါက် ….. ဆောရီးဗျာ နောက်ကျသွားတယ် ..
နတ်သျှင်နောင် အုပ်ဂူ ရောက်တုန်းဆိုပြီး သွားကတော့နေလို့ ….. အရှိန်တောင် အတော်ရနေကြပြီဘဲ …။

နေပါအုံး … ဟိုကောင် ခိုးမဲ့ကောင်က မရောက်သေးပါလား ….
အဲအဲ ကိုအောင်ပု … ခင်ဗျားပုဆိုးလေး သေသေချာချာ ဝတ်ပါအုံးဗျာ .. ပုဆိုးတောင် မနိုင်တော့ဘူးလား ….
ကျနော်တို့ကို ဒီကောင် သေသေချာချာချိန်းထားတာဘဲ … ကဲသူ့အတွက် ဘယ်သူက ဘာလုပ်ပေးကြမှာတုန်း …… ကြိုပြီးတိုင်ပင်ထားရအောင် …

############## ~~~~~~~~~ >>>>>>>>>>> <<<<<<<<<<<<<<<<<
တိုင်ပင်ကြပုံများကို အဓိပ္ပါယ်ဖေါ်ကြည့်ကြပါ ..။
ဟော လာပါပြီ သူတိုးသားလောင်း ……………..
အစီအစဉ်ကတော့ တွေ့ဆုံပွဲတွင် မမလေးကို တခါထဲ အလစ်သုတ်သွားမည်ဖြစ်ပါသည် ..။ မမလေးကို ခိုးမည့်သကောင့်သားကလည်း မမလေးကို
မမြင်ဖူးသေးဘူးတဲ့ … လူမှားပြီး သုတ်မိလို့ကတော့ …

(အပျော်အပျက်ဖြစ်ပါသဖြင့် အမည်များတူနေပါက ခွင့်လွှတ်ကြပါကုန် )

32 comments

  • photwenty

    June 2, 2011 at 10:19 am

    ဟိုက်!
    ခိုးမယ်.ခိုး မမလေး ခိုးရသလားလို.

  • noob

    June 2, 2011 at 10:49 am

    မမလေးကို မခိုးနဲ မှားမယ်နော် သူက နဲနဲ ဝတယ်ဆိုလားပဲ(နာမည်ကိုသာ သေချာဖတ်)

  • ဆူး

    June 2, 2011 at 11:19 am

    မနှဲလေး ခိုးရင် ကြက်ဥပြုတ် ဘဲဥပြုတ် နေ့တိုင်း စားရအုန်းမယ်။

    • maythakhin

      June 3, 2011 at 2:54 pm

      ချိုချဉ်နဲ့ နှင်းဆီပန်းလေး လဲပါတယ်လေး ဆူးရဲ့ 😛 😛

  • mayhtet

    June 2, 2011 at 12:57 pm

    ဟီးဟီး မမလေးကိုခိုးမယ် ဘယ်လိုပုံစံလဲဆိုတာမသိဘဲနော့နော် ……. ဟင်းဟင်း…. 😛

  • fatty

    June 2, 2011 at 3:01 pm

    ပွင့် နှင့် နင်လားငါလားဖြစ်နေမည်စိုးသောကြာင့် ယခင်က Mark ၊၊ စီစဉ်ထားရာမှ ယခုပြောင်းလဲပြီး
    truck ကားအကြီးစား ငှားထားရပါကြောင်း …..။

  • padonmar

    June 2, 2011 at 3:06 pm

    မမလေးက သူဆံပင်တွေဖြူနေပြီလို့ ပြောထားတယ်နော် 😀

  • fatty

    June 2, 2011 at 3:22 pm

    တာမွေဘက်လမ်းခင်းနေရာမှ ကတ္တရာ တစ်ပုံး အလစ်သုတ်ထားပါတယ် ..။
    အံပုံ တောင်ကြိုပြိး အပ်ထားပြီး ပါကြောင်း ……………။
    အဲ … ဆူးတို့ etone တို့ မဝေတို့ မနော တို့ နွယ်ပင် တို့နဲ့ မှားပြီးများ ……. …..
    ဒါကြောင့် ကိုယ့်ပုံစံကို အရင်ပြောထားကြပါ …။

    • eros

      June 3, 2011 at 4:40 am

      သူတို့ နဲ့ ဆိုလို့ကတော့ သံချပ်ကာ ဝတ်စုံ ဝတ်သွားရင်တောင်မှ မရှုမလှ ဖြစ်နိုင်ကြောင်းပါ။ 😀

    • etone

      June 3, 2011 at 10:00 am

      ဆူးတို့ etone တို့ မဝေတို့ မနော တို့ နွယ်ပင် တို့နဲ မမှားခင် …သံချပ်ကာ အကျီ င်္ အရင်ချုပ်ထားလိုက် ဒယ်ဒီဖက်

  • ဆူး

    June 2, 2011 at 3:30 pm

    လူမမှားနိုင်ဘူး ဦးလေးရေ..
    ဆူးတို့ ထန်းတော ကို မလာဘူး.. ရွာထိပ်က ညောင်ပင်ကြီး အောက်မှာ ဖန်ခုန်တိုင်း ကစားဖို့ ချိန်းထားကြတယ်။ တောင်နဲ့ မြောက်ဆိုတော့ မမှားနိုင်ဘူး။

  • king

    June 2, 2011 at 5:24 pm

    ဟုတ်လား ဝရင် ဖက်လို့ကောင်းတယ်
    😛 😛 😛 😛 😛

  • bigcat

    June 3, 2011 at 1:40 am

    မမလေးဂေါင်ဇူး လူဆိုးရန်ကြောက်လို့ နတ်ကြီးတဲ့ မဟာမြိုင်တောထဲကို ထွက်ပြေးသွားပါပြီ။ အဲဒီတောကို မယ်တော်ဆူးဆိုတဲ့ တောပိုင်သခင်မ စောင့်ပါတယ်။ သတ္တိရှိရင် လိုက်သွားနိုင်ကြပါ။ ခရီးစရိတ် သက်သာအောင် ကားလက်မှတ် အသွားတစောင်ထဲ ဖြတ်သွားဖို့ လိုတယ်လို့ မယ်တော်ကြီးက အသိပေးထားပါတယ်။

  • fatty

    June 3, 2011 at 4:06 am

    ဆူးမမရေ ထန်းတောကိုလာခိုင်းတာမှုတ်ဘူး .. ထန်းတောက လူဆိူးတွေစုပြီးတိုင်ပင်ကြတဲ့နေရာလေ ……
    … လောမကြီးနဲ့နော် ……….။

  • manawphyulay

    June 3, 2011 at 7:03 am

    မမတို့၊ မမလေးတို့ကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲဟေး…

  • weiwei

    June 3, 2011 at 7:20 am

    အခုတလော မမလေး ပျောက်နေပုံထောက်တော့ သီလရှင်များ သွားဝတ်နေပြန်ပြီလားမသိဘူး … 🙂

  • မမလေး

    June 3, 2011 at 8:45 am

    ဟီးဟီး … ခုပြန်လာပြီ … သွားဝတ်တာမဟုတ်ပါဘူး … ဆရာလေးတွေနဲ့ မအူပင်ကို အလည်လိုက်သွားတာ … မမလေးကိုခိုးမယ်ဆိုတော့ ပြူးပြဲသွားတာပဲ … ကြည့်လုပ်ကြဦးနော် ….

  • မမလေး

    June 3, 2011 at 8:50 am

    အမယ်လေး *၀* ရင်ဖက်လို့ကောင်းတယ် ဆိုပဲ ကြောက်တောင်ကြောက်လာပြီနော် …

    ကြိုတော့ပြောထားမယ် … ညစာအငတ်ခံနိုင်ရင် တို့ကိုစိတ်ဝင်စားလို့ရတယ် 😛

    • king

      June 3, 2011 at 10:12 am

      အင်း ဒါဆိုရင် မမလေးက လှလို့ပဲဖြစ်ရမယ်
      ဘာလို့လဲဆိုတော့ လှတာမက်ရင် ညစာခက်မယ်တဲ့
      တစ်ခုတော့ မဆိုးဘူး ဘုရားလည်းဖူး လိပ်ဥလည်းတူးဆိုသလို
      ဝါတွင်းကာလ ဥပုသ်စောင့်ရင်း အိမ်ထောင်ပြုလိုက်ရင်တော့
      မမလေးရေ ……
      အဆင်ပြေတယ်ဟုတ်
      😛

  • fatty

    June 3, 2011 at 1:53 pm

    က ဲမမလေးကတော့တရားဝင်ပြောလိုက်ပြီ …. ကြည့်လုပ်တဲ့ ..။

    • maythakhin

      June 3, 2011 at 2:56 pm

      ဆိုရင်……. ကိုဖက်ရေ ဘာလဲ 😛 😛 😛 😛

  • ကိုဖက် မမလေးကို မရလိုက်ပါဘူးဗျာ။
    အစကတည်းက မူးချင်ယောင်ဆောင်နေတဲ့ အောင်ဘုက ကြားဖြတ်သုတ်သွားပါတယ်။
    ဒါပေမယ့်လည်းအောင်ဘုနဲ့ပါသွားတာက မမလေးမဟုတ်ပါဘူးတဲ့။
    သူကလဲမမလေးကို မမြင်ဘူး ပါဘူးတဲ့။
    မျက်မှန်တပ်ထားတယ် ပုပုဝဝဆိုတာနဲ့မပြေးသွားတာ က မမလေးနဲ့အဖော်လိုက်လာတဲ့သူကို မှားပြီးမသွားတာပါတဲ.။
    မမလေးက တော့ သူချစ်တဲ့ ကိုကြောင်ကြီးနဲ့ပါသွားပါတယ်။
    သူ့အိမ်ကလူတွေကို ကိုဖက်နဲ့အယောင်ပြပြီးထားခဲ့တာပါတဲ့။
    ကဲ ဒီမှာတင်ဇာတ်သိမ်းသွားပါပြီ၊

  • nature

    June 3, 2011 at 3:59 pm

    ကိုဖက်က လူဆိုးထဲမှာပါလား ၊ မမလေးကိုခိုးမယ့် မောင်တိုင်ပင်လား????
    နောက်တခါနာမည်မှည့်ရင် သီချင်းတွေ ကဗျာတွေထဲမှာပါတဲ့နာမည်နဲ့ နဲ့လွတ်အောင်မှည့်နော် မမလေး..။ 🙂

  • မမလေး

    June 4, 2011 at 4:21 am

    ပြောနေလိုက်ကြတာ … ကြည့်ပါဦး … လူပေါင်းစုံနဲ့ ငြားသွားပြီ … ( ညစာမဟုတ်ဘူး … တစ်နေ့လုံးစာ ငတ်မှာ တစ်သက်လုံး 😛 )

    • king

      June 4, 2011 at 2:56 pm

      ငြားတာ ဟုတ်ဝူး ညားတာပါ
      လူပေါင်းစုံဝူး ရွာထဲကလူတွေတင်ပဲကို
      ဟုတ်တယ်ဟုတ်
      ပြီးတော့ ဘူမှလဲ ဖြစ်ဖြစ်မြောက်မြောက် …….
      😛

    • nature

      June 4, 2011 at 5:03 pm

      တွေ့ဆုံပွဲသွားရင်လည်းသတိထားဦးနော်၊ လူဆိုးတွေနဲ့တွေ့နေဦးမယ်။

      • king

        June 5, 2011 at 4:38 am

        သွားဖြစ်တော့ဘူး ပုဆိုးတောင်လျှော်ပြီးပြီ
        အဟင့် ဟင့်
        အလုပ်တွေ တော်တော်ရှုပ်တဲ့အလုပ်တွေ
        ဟုတ်ပါဘူး အလုပ်မလုပ်ရဘူး အရှုပ်တွေပဲ လုပ်ရတယ်
        အီးးးးးးးးးးးးးး
        သား သွားလို့ ရတော့ဘူး
        🙁 🙁

  • ဆူး

    June 4, 2011 at 8:23 am

    ဦးဖတ်တီး ပြောတဲ့ မမလေး ဆိုတာ ရွာထဲက မမလေး မဟုတ်ဘူး.. ထန်းတော ထဲက ထန်းရည် ရောင်းတဲ့ မမလေး.. အကြွေး သောက်တာ များသွားလို့ ချစ်တီး ကြံကြံပြီး ခိုးပြေးရင် အကြွေးလည်း ကြေ.. စရိတ်ငြိမ်းလည်း သောက်ရတယ် ဆိုတဲ့ မဟာအကြံတော်ကြီးပါကွယ်။
    တဆင့်စကား တဆင့်နားနဲ့ သတင်းကားသွားတာပါ။

    • PinkCandy

      June 4, 2011 at 8:40 am

      ဪ ဒါမျိုးကြီးလည်း ဖြစ်တတ်ပါတယ်။ 😛

  • မမလေးရေ ရွာထဲက မမလေးမဟုတ်လောက်ဘူး။
    ရွာထဲကလူဆိုလို့ကတော့ ကိုပေါက်က နာမည်ပြောင်ပေးပြီးသွားဘဲ။
    ဥပမာ
    ဆူးမမ တုံမမ ဝမေမ ဒုမ်မမ မိုးစန
    ချန်တာလူး အီးကယ်ဂျန်

    အစရှိသဖြင့်ပေါ့နော်။
    အဲတော့စိတ်အေးလက်အေးနေ တွေးပြိးစိတ်ကူးတွေမယဉ်နဲ့တော့

  • ဆူး

    June 4, 2011 at 5:36 pm

    မမလေး ကို မေမေလှ လို့ ပြောင်းမလို့လား

  • nature

    June 5, 2011 at 4:14 am

    ပြောင်မဲ့ပြောင်း မေမေလှ လို့မပြောင်းနဲ့။ ဒေါ်လှလို့ပြောင်းလိုက်။ ဒါဆိုအများစိတ်ဝင်စားနေတဲ့ ဒေါ်လာတက်အောင်ယတြာချေလို့ရပြီ။
    ယတြာ- ဒေါ်လာဈေးတက်စေရန် ဒေါ်လှအား စနေနေ့ ၈နာရီ ၅ မိနစ်တွင် ထောင်ထားသော လှေခါးပေါ်သို့ ရွက်လှပန်းကိုင် တက်စေပြီး အောင်ပြီ အောင်ပြီဟု ၃ကြိမ်ကျယ်ကျယ်အော်ရမည်။
    ယတြာဉာဏ်ပူဇော်ခ- ဒေါ်လာတရာကျပါတယ်။ 🙂

Leave a Reply