သူက ပေါ့ပေါ့ပါးပါးပြုံးပြကာ သာမန်မိတ်ဆွေ တယောက်လိုပင် ကျွန်မကို ပြုံးပြနှုတ်ဆက်ခဲ့သည်…. ။ သူ့ကို နေရာထိုင်ခင်းပေးတော့ ….. တံခါး အကွယ်မှ …. တစ်စုံတစ်ယောက်ကိုပါ အထဲဝင်ခဲ့ရန် သူခေါ်ခဲ့သည်….. ။ ကျွန်မဧ။် ရင်ခုန်စရာကောင်းသော ၊ နှစ်ပေါင်းများစွာ ခွဲခွာနေရသော အချစ်ဦးနှင့် ပြန်လည်တွေ့ဆုံချိန်လေးတွင် အဘယ်ကဲ့သို့ မိစ္ဆာမက ဖျက်လိုဖျက်ဆီး ပြုလိုက်ပါသနည်း နားမလည်ခင် …. လွတ်နေသော သူ့ဘေးသို့ ကျမထက် ငါးနှစ်ခန့်ငယ်သူ အမျိုးသမီးတယောက် ကပ်ထိုင်လိုက်သည်….။

နေ့ခင်းကြောင်တောင် မိုးကြိုးကြီး ဆယ်စင်း ပစ်ခံရသလို အေးစက်တောင့်တင်းကာ နှလုံးသွေးများ အေးစက်တော့မတတ် ဆွံ့အသွားခဲ့သည်… ။ သူတို့ နှစ်ယောက်ရှေ့မှ ကျွန်မ အခိုးငွေ့ အဖြစ် ဖြင့် …ပျောက်ကွယ်သွားချင်မိသည်…. ။ မျက်တောင်ရှည်ကြီးများ  ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြွေကျတော့မတတ် မျက်ရည်ဥများကို ထိန်းကာ လာရင်းကိစ္စကိုမေးတော့…. ဖိတ်စာလာပို့တာတဲ့ရှင်….

သူ… ကျွန်မကို ဘယ်လောက်တောင် နှိပ်စက်ဥိးမှာလဲ ….။ ဘာခံစားချက်မှ မရှိ ..သံယောဇဉ် မရှိသူတယောက်လို ကျွန်မကို အဆက်သွယ်တွေဖြတ် ပစ်ထားပြီးတာတောင်… ယခု ဖတ်စာပို့ဖို့ သက်သက် ကျမရုံးခန်းအထိ လာခဲ့ရက်တယ်နော် …. ။ တကယ်ဆို မသိသလိုပဲ နေလိုက်ပါတော့လား …. ။ …..

သူ ….  သူကတော့ သာမန်မိတ်ဆွေ တယောက်ကဲ့သို့ပင် ကျမထံ ဖိတ်စာ လာပေးပြီး သူ့ မင်္ဂလာပွဲသို့ ဆက်ဆက် တက်ရောက်ရန် တောင်းဆိုပြန်သည်… ။ သူ့ဘေးတွင် ပါလာသော သတို့သမီးလောင်းကလည်း အလိုက်မသိစွာ ကျွန်မရှေ့တွင်ပင် အနေထိုင်ရဲတင်းလွန်းလှသည်…. ။ တစ်ချိန်က ကျွန်မချိတ်တွဲခဲ့ဖူးသော … သူ့လက်မောင်းများကို ကောင်မလေးက အစားထိုး ချိတ်တွဲကာ ကလေးတယောက်လို ပြန်ကြရန်ပူဆာနေသေးသည်…. ။ သူကလည်း …. ကောင်းမလေး ဆန္ဒအတိုင်းဖြစ်စေမည်ဟု အသံတိတ်….. အလိုက်သိစွာ ခေါင်းငြိမ့်ပြရင်း …. ကျွန်မကို မင်္ဂလာဆောင်လာခဲ့ရန် ထပ်ဖိတ်ပြန်သည်…. ။ ….. ကျွန်မရင်တွေ ကွဲထွက်မတတ်ကြေကွဲရသည်….။ ဒီအသက်ရွယ်ရောက်မှ အော်ဟစ်ငိုယိုလို့ကလည်း လူကြားမကောင်းပေ…. ။  ဖြစ်နိုင်လျှင် ဒင်းတို့ နှစ်ယောက်စလုံးကို မောင်းထုတ်ပစ်လိုက်ချင်မိသည် …. ။ သို့သော် …. ကျွန်မဧ။် ဂုဏ်သိက္ခာ ၊ ပတ်ဝန်းကျင်ကလည်း ရှိသေးသဖြင့် …. အတတ်နိုင်ဆုံး ကြိုးစားမျိုသိပ်ခဲ့ရသည် …. ။

သူ …. ကျွန်မအပေါ် ဆက်ဆံမှူတွေ အေးခဲသွားသလောက် …. တခြားကောင်မလေးနှင့်တော့ …. နွေးထွေးစွာ ဆက်ဆံတတ်သူ….  ။  ကျွန်မကို အဆက်သွယ်ဖြတ်သစ်စိမ်ချိုး ချိုးထားခဲ့ရက်သလောက် …. သူ့ သတို့သမီးလောင်းအတွက် … အရံသင့်ရှိတဲ့သူ …..။ သူ… ကျွန်မကို မိန်မရိုင်းအသွင်ပြောင်းအောင် တွန်းပို့တဲ့သူ ….. ။

%%%%%%%%%%%%%%%%%%%%%%%%

အိပ်ယာ နိုးနိုးချင်း မျက်နှာ ထသစ်သော အကျင့် ရှိသော်လည်း … ဒီနေ့ ကျွန်မစိတ်တွေ လေးလံနေမိသည် …. ။ ကျွန်မနှင့်သူဧ။် ဇာတ်လမ်းသည် အဆက်သွယ်ပြတ်သွားသည့်နောက်ပိုင်း ပြီးဆုံးသွားပြီဟု ယူဆရသော်လည်း စိတ်ထဲကြိတ်မျှော်လင့် နေမိသေးသည်…. ။ အကြိမ်ကြိမ်ပြန်လာခဲ့ဖို့ ပြောချင်နေခဲ့သည်… ကိုယ့်မာနနှင့်ကိုယ်မို့ …အသက်ရှင်နေသရွှေ့ပြန်တွေ့နိုင်တာပဲဟု ထင်မှတ်ထားသောလည်း …. ကြေခွဲခန်းဖြင့် ဇာတ်သိမ်းရမည်ဟု ဘယ်သောအခါကမှ မယုံကြည်ခဲ့ပေ…။ အတွေးများကို ဖြတ်တောက်ပြီး မင်္ဂလာဆောင်သွားလျှင် ပြင်ဆင်ရသည်… ။

ယခုမင်္ဂလာပွဲသည် ကျွန်မတို့အတွက် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်မည်ကို ကောင်းစွာနားလည်ထားသည်…. မပိုင်ဆိုင်ရတော့ပေမဲ့လည်း သူ့အတွေးထဲတွင် ကျွန်မဧ။် နောက်ဆုံးပုံရပ်အချို့ မှတ်မိနေစေရန် အလှဆုံးဖြစ်အောင် ဆင်ယင်ထုံးဖွဲ့ခဲ့သည်….. ။ ၀တ်နေကျ အနောက်တိုင်းဝတ်စုံမျိုးမဟုတ်ပဲ … ရိုးရာ ပိုးထည်ကို ချိတ်ဖြင့်တွဲဖက်ဆင်ယင်ခဲ့သည်… ။ ပန်းပန်သော အလေ့ထမရှိသော်လည်း ပန်းတွေဝေနေအောင်ပန်ခဲ့ပြန်သည်… ။

ကျွန်မနောက်မကျပါဘူးနော်ဟု သူ့ကိုတွေ့တွေ့ချင်း ကျမပြုံးရင်း နှုတ်ဆက်လိုက်သည် …. ။ ရွှန်းစိုနေသော မျက်လုံးများဖြင့် သူက ဒီနေ့ အရမ်းလှတယ်တဲ့လေ….။ ကျွန်မတို့တွဲခဲ့သည့် သက်တမ်းတလျှောက်တွင် ပထမဆုံးအကြိမ် ဤသို့ကြားရခြင်းဖြစ်သော်လည်း … အံ့သြသော အမူယာ လုံးဝမပြပါပဲ သူ့ကိုသာ မျက်နှာမလွှဲစတမ်း ကြည့်နေမိသည်… ။ သူလည်း အနေရခက်သည်ထင်သည်… ကျွန်မအကြည့်တွေကို ရှောင်လွှဲရန်ကြိုးစားနေသည်…. ။

ကျွန်မသိပါတယ် … ရှင် အရည်ပျော်နေပါပြီ…။ကျွန်မဒီလို စူးစူးစိုက်စိုက်ကြည့်နေနိုင်ဖို့ မျက်ရည်များစွာနဲ့ အချိန်အတော်ကြာကြေကွဲစွာ လေ့ကျင့်ခဲ့ရတာလေ… ဒီလောက်တော့ ရှင်ပေးဆပ်ရမှာပေါ့… ။ စိတ်ထဲတွင် ကြိမ်းဝါးရင်း အားရသည့် အပြုံးဖြင့် ကြည့်နေမိပြန်သည်… ။

ထိုစဉ် သတို့သမီးက ပွဲထွက်တော့မည်ဟု သူ့လက်မောင်းကို ဆွဲကာလာခေါ်သွားသည်….။ ကျွန်မလည်း စက္ကန့်ပိုင်းသာ အောင်ပွဲခံခွင့်ရသဖြင့် သတို့သမီးအပေါ် မုန်းတီးစိတ်ပိုလာမိသည်… ။

မင်္ဂလာလျှောက်လမ်းဆီသို့ တရွှေ့ရွှေ့ လျှောက်လှမ်းလာသော ဒင်းတို့ ဇနီးမောင်နှံကိုကြည့်ရင်း ကျွန်မရင်တွေ ကြေလုမတတ်ခံစားရသည်… ထိုသတို့သမီးနေရာတွင် ကျွန်မသာ ဖြစ်ခဲ့သင့်တာပါ ….. ။ သူ့ကို ဆုံးရှုံးရပြီဆိုသော အသိတို့ကြောင့် မျက်ရည်များစို့နင့်လာသည်… ဧည့်သည်များရှိသဖြင့် မျက်ရည်မကျယုံသာ ထိန်းထားခဲ့သည်…. ။ ကျွန်မအတွက် မင်္ဂလာပွဲ တက်ရောက်မိခြင်းသည် နောင်တ အထပ်ထပ်ရစေသော ကိစ္စဖြစ်နေတော့သည်…. ။  အခိုးငွေ့ဖြစ်သွားပြီး ပျောက်သွားပါစေဟု အကြိမ်ကြိမ် ဆုတောင်းမိသော်လည်း …လက်တွေ့မဟုတ်သော တကယ့်ဘ၀တစ်ခုတွင် သူကျွန်မကို ထားခဲ့လေပြီ…. ။

အတွေးတို့က ရောက်ယက်ခတ်နေသည်…. ။ သူ … . ကျွန်မကို ထားခဲ့ရက်သည်… ။ သူ …….ကျွန်မအချစ်ကိုလှည့်စားခဲ့သည်… သူ…သူ…သူ… ကျွန်မ ဒေါသစိတ်တွေ ထိန်းမရတော့ချေ… မျက်လုံးများပြာလာကာ ရင်ထဲမောလာသည်… ကြပ်လာသလိုလို အသက်ရှူမ၀သလိုလိုဖြစ်လာတော့သည်… ထိုအချိန်တွင် မင်္ဂလာ သတို့သားနှင့် သတို့သမီးတို့မှာ စင်ထက်တွင်နေရာယူပြီးကာ မင်္ဂလာကိတ်မုန့်ခွဲရန်ပြင်နေကြသည်….။

ဒေါသစိတ်တို့ ဆူပွက်ကာ ကျွန်မခဏတာ အသိစိတ်ပျောက်သွားသည်… ရင်ထဲ မောပန်းနေချိန်မှာတွင်ပင် … သတို့သား၊ သတို့သမီးတို့ ကိတ်မုန့်ခွဲရာ နေရာသို့ ဒရကြမ်းရောက်သွားပြီး …. ကိတ်မုန့်လှီးသော ဓါးဖြင့် ….. တစ်စုံတစ်ယောက်သော သူဧ။် ရင်ညွှန့်ဆီသို့ အားကုန်ထိုးစိုက်လိုက်သည်….. ။

အောင်နိုင်သူတယောက်လို ကျွန်မပြုံးကာ ခန်းမထဲက ကျွန်မပြေးထွက်ခဲ့သည်…. အဖြစ်ပျက်မှာ မြန်ဆန်လွန်းသဖြင့် အားလုံး မင်သက်ငေးမောနေတုန်း …. ဟိုတယ် ၀ရံတာမှတဆင့် …….ကျမခုန်ချလိုက်တော့သည်….။

 

xxxxxxxx

ဒီမိန်းမကွာ သူများ မင်္ဂလာပွဲကို ဖျက်လိုဖျက်ဆီးနဲ့….။သေတောင် နည်းသေးတယ်

ဘယ်လိုမိန်းမလည်းမသိဘူး အူကြောင်ကြောင်နဲ့ အရူးနဲ့လည်း မတူပါဘူး ၊ နည်းနည်း လွတ်နေတာဖြစ်မယ်…။

ဒါသတို့သားရဲ့ မယားကြီးတဲ့ပြောကြတာပဲကွ…. ။

သနားပါတယ်ဟယ် …. ရုပ်ကလေးလှသလောက်  အဖြစ်ကလည်း ဆိုးလိုက်တာ…

xxxxxxxxxx

ကျွန်မ ရုပ်ခန္ဓာကိုကြည့်ပြီး ဝေဖန်နေခြင်းဖြစ်သည်….. တစ်ယောက်တပေါက်ဝေဖန်သံတွေကို ကြားနေရသော်လည်း … တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ…. ။ ဘာဖြစ်ဖြစ် … ကျွန်မကျေနပ်ပါသည်….သူ့ဆီမှာ တန်ရာ တန်ကြေး တောင်းခဲ့ပြီးသောကြောင့်သာ ဖြစ်သည် …….။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!