ခက်ခက်ခဲခဲ

မောင် ပေJune 2, 20111min1308

ထောင် ထဲ သို ့ ရောက်နေသော မာဖီးယား ခေါင်းဆောင် ထံ သူ ၏ ရှေ  ့နေ လာတွေ  ့သည် ။ မာဖီးယား ခေါင်းဆောင် က ပြောသည် ။

” ရော ့ ဟောဒီ အတာချီကေ့စ် ကို ယူသွား ၊ အထဲ မှာ ဒေါ ်လာ တစ်သန်း ပါတယ် ၊ ကျုပ် ကို ထောင်ဒဏ် တစ်နှစ် ပဲ ချဖို ့တရားသူကြီး ကို စည်းရုံးပါ ။ ”

” ကျွန်တော် စဉ်းစား ပါရစေ ”

” ဘာမှ စဉ်းစား မနေနဲ ့၊ ခင်ဗျား စဉ်းစားတာ ကျုပ် စိတ်မဝင်စားဘူး ၊ ပိုက်ဆံ ယူပြီး ကျုပ် ခိုင်းတာလုပ် ၊ ဒါပဲ ”

အိတ်ကို ဆွဲပြီး ရှေ  ့နေ ထွက်သွားသည် ။ စီရင်ချက် ချမည် ့နေ ့ရောက်လာသည် ။ တရားရုံး မှာ ပရိသတ်တွေ အတော် များများ ရောက်နေကြသည် ။ တရားသူကြီး က စီရင်ချက် ကို ဖတ်ကြားသည် ။

” ထောင်ဒဏ် တစ်နှစ် ကျ ခံ စေ ”

ရှေ  ့နေ ကို မာဖီးယား ခေါင်းဆောင် ဝမ်းသာအားရ ပခုံးဖက်ပြီး မေးသည် ။

” မှန်မှန် ပြောစမ်းပါ ။ ထောင်ဒဏ် တစ်နှစ် ပဲ ပေးဖို ့တရားသူကြီး ကို သိမ်းသွင်း ရတာ အတော် ခက်သလား ”

” ခက်တာတော့ မပြောနဲ ့တော့ ။ သူ က ခင်ဗျား ကို ကွင်းလုံးကျွတ် လွှတ်မလို ့လုပ်နေတာ ကလား “

8 comments

  • unclegyi1974

    June 2, 2011 at 4:30 pm

    ငွေရှင် ပညာရှင် အာဏာရှင်
    အားပြိုင်ပွဲ
    နောက်ဆုံးအားလုံးကိုယ်စီဆန္ဒပြည့်တဲ့
    ဇီးရိုးဂိမ်း

  • nature

    June 2, 2011 at 5:00 pm

    အားပါး….ဒေါ်လာတသန်းဆို အရင်က1000ဈေးနဲ့ဆို သိန်းပေါင်းတသောင်းရှိတယ်၊ အခုဈေးနဲ့တော့ သိန်း 7800 လောက်ပဲရှိတော့တယ်။

  • MaMa

    June 2, 2011 at 11:53 pm

    ငွေဆိုတာ သည်းခြေကြိုက်လေ။ များလေကောင်းလေပေ့ါလို့ ကြည်ကြည်ဌေးက ရုပ်ရှင်ထဲမှာ ပြောဖူးတယ်။ တရားသူကြီးက သူလည်းလေ လူပဲလေလို့ သက်သေပြလိုက်တာပါ။

  • manawphyulay

    June 3, 2011 at 6:52 am

    ဪ… ငွေလောက ငွေလောက
    ဘယ်တော့များမှ ဒီလောက ပပျောက်မှာပါလိမ့်…..

  • ငွေနဲ့ခြောက်
    ငွေနဲ့မြောက်
    ငွေနဲ့ဘဲ ဘဝပျောက်ကြရတာပါဗျာ။
    ဒါပေမယ့် သူမရှိရင်လဲ ရပ်တည်လို့ မရဘူးလေ…………..

  • nature

    June 3, 2011 at 1:53 pm

    တကယ်လို့ရွာသားများဟာ တရားသူကြီးနေရာရောက်ခဲ့ရင်ရော ဘယ်လိုလုပ်မှာလဲ။ သူကြီးဆိုရင်တော့…သေချာပါတယ်……….။

  • MaMa

    June 3, 2011 at 11:58 pm

    (သဂျီးဆိုရင်တော့ ……) တွေးစရာတွေ ချန်ထားတယ်။ ကိုယ့်ရွာက သဂျီးမို့လို့ ကိုယ့်အမြင်ကို အမှန်အတိုင်း ပြောရရင် ကွင်းလုံးကျွတ်လွှတ်မှာပဲလို့ ထင်တယ်။ (သဂျီးက ကြင်နာတတ်လို့ ရွာသူရွာသားတွေအပေါ်မှာ ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူးဆိုတာကို ပြောတာပါ။) ;

  • nature

    June 4, 2011 at 12:30 pm

    ပေးကမ်းခြင်းသည်အောင်မြင်ရာ၏ ….တဲ့၊ ဒီလောက်ကြီးပေးမှတော့…….။

Leave a Reply