ကြိုတင် အကြောင်းကြားခြင်း

မောင် ပေJune 2, 20111min10712

mg တွင်ရယ်ရသော ဟာသလေး များ ကို ဖတ်ရပါသည် ။ ထိုအခါ ကျွန်တော် လည်း ကျွန်တော် ဖတ်ဖူးသော ဟာသလေးများ ကို ဖောက်သည် ပြန်ချ ရန် စိတ်ကူး မိပါသည် ။ ကျွန်တော် တင်မည့် ဟာသများ မှာ ဆရာ မောင်ကောင်းထိုက် ( နှီးပဒေါ ) ၏ ဟာသပဒေသာ စာအုပ်များ မှ ဖြစ်ကြောင်း တင်ကြို ဝန်ခံ လိုက်ပါသည် ။

12 comments

  • ဆူး

    June 2, 2011 at 3:36 pm

    ကြိုတင်ရေးပြမဲ့ အစား ပိုစ်တင်တဲ့ အခါ.. အောက်ဆုံးမှာ မှတ်ချက်ဆိုပြီး စာအုပ်နာမည် ရေးပေးတာ ပိုကောင်းလိမ့်မယ်။ ဒီပိုစ်ကို အခု ဖတ်ရတဲ့ လူ ရှိပေမဲ့ နောက်ပိုင်း ပိုစ်တင်တဲ့ အခါ ဖတ်တဲ့လူက ဒီပိုစ် တင်ပြီး ပြောထားတာ သိချင်မှ သိမယ်လေ။

    မှတ်ချက် ဆိုပြီး စာတကြောင်း ထည့်ပေးတာ ပိုကောင်းမည်ဟု ထင်ပါသည်။

  • windtalker

    June 2, 2011 at 3:53 pm

    ဟုတ် ကျေးဇူးပဲဗျာ အဲဒီလို ပဲ လုပ်မယ်

  • etone

    June 3, 2011 at 3:18 am

    ဆရာ မောင်ကောင်းထိုက် ( နှီးပဒေါ ) ရဲ့ ဟာသ စာအုပ်အတွဲ ၁ ၊ ၂ ၊ ၃ အထိ ဖတ်ဖူးတယ် ။ ဖရီးဒေါင်းလော့လုပ်ထားတာ 😛

  • windtalker

    June 3, 2011 at 6:35 am

    ၂၂ အထိ ဖတ်ဖူးပါတယ် ။ စာအုပ် ဆိုင် က ငှားဖတ်တာ ။ ဟာသပဒေသာ အတွဲ တွေ အပြင် အခြား ဟာသ အရှည်လေး များ ကို စုစည်းထုတ်ထားတဲ့ ဆရာမောင်ကောင်းထိုက် စာအုပ်များလည်း ရှိတယ် ။

  • manawphyulay

    June 3, 2011 at 6:57 am

    ဆက်ဖတ်မလို့ဟာ။ စာက အကြောင်းကြားတာနဲ့ပြီးသွားတယ်….

  • windtalker

    June 3, 2011 at 7:17 am

    ဟုတ် ခက်ခက်ခဲခဲ ဆိုတာ ဆရာ မောင်ကောင်းထိုက် ဟာ ပါ ခင်ဗျာ ။ ဆရာ့ ဟာသ တွေ ကို ခပ်တည်တည် နဲ ့နာမည်တွေ ပြောင်းပြီး ကျွန်တော် ပဲ စဉ်းစားပြီး ရေးထားသလို မလုပ်တတ်လို ့ပါ ။ ရေး က လဲ ရေးချင်လွန်းတော့ ကြိုတင် ဝန်ခံ လိုက်တာပါ ။ အပေါ ်မှာ ဆူး ပြောထားသလို မျိုး လေး အောက်ကနေ မှတ်ချက် ဆိုတာ ထည့်ပြီး ဆက်တိုက် ရေးမည် ဖြစ်ပါကြောင်း ။ လောလောဆယ် တော့ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အလုပ် သို ့ပြန်လုပ်ပြီ ဖြစ်ပါကြောင်း ။ အားလုံး ကို ငါးစားပါသည် ။ ငါးစားလျှင် ဉာဏ်ကောင်းသည် ဟု မည်သူမှန်း မသိ ပြောဖူးပါသဖြင့် ။ ပင်လယ်ငါး စားမှ ဉာဏ်ကောင်း သည် ဟု ဆိုလျှင်လည်း ပင်လယ်ငါး မရသေးခင် ချောင်းငါး ခဏ စားမည် ။ မြောင်းငါး တော့ မစားပါ ။

    • kai

      June 3, 2011 at 7:57 am

      ခေတ်မှီသူတိုင်း ပင်လယ်ငါးစားကြသည်..ဆိုတာ..သိန်းဖေမြင့်ရေးတာလို့ မှတ်မိတယ်..။
      စစ်ပြီးခေတ်က.. မြန်မာတွေပင်လယ်ငါးမစားလို့. စားကြအောင်…တိုက်တွန်းတဲ့..ဆောင်ပုဒ်ဆိုပါတော့…။
      မြန်မာတွေ.. ပင်လယ်ငါးစားအောင်.. သိန်းဖေမြင့်က စတိုက်တွန်းတယ်တောင် ဆိုရမယ်ထင်တယ်..။

      ဆိုတော့…
      အသား-ငါးစားရင်..ဉာဏ်ကောင်းပါတယ်..။ ဦးနှောက်ဖွံ ့ဖြိုးစေတဲ့ဓါတ်တွေပါပါတယ်..။
      ငါးမှာတော့ ..အဲဒါမျိုးဓါတ်တွေ…ပိုပါတယ်ပြောကြတာပဲ..။ (ဟုတ်မဟုတ်… ဆရာဝန်တွေ ဆက်ပြောပေါ့)
      ပင်လယ်ငါးကတော့.. မြန်မာပြည်မှာ ဈေးသက်သာတာမို ့.. ဈေးပေါပြီး အဟာရဖြစ်တာမို ့.. ပိုစားသင့်ကြတယ်ပေါ့…။

      ရန်ကုန်ရေမြောင်းတွေမှာ.. ဒေါင်းငါးဆိုတဲ့. ငါးလှလှလေးတွေလည်းပေါတယ်..။
      အဲဒီကောင်လေးတွေ (မြောင်းငါး)တွေက… နိုင်ဂံဂျား.. အလှမွေးငါးဆိုပြီး ..တင်ပို ့လို့ရတယ်..။
      ရတဲ့ငွေနဲ့.. ကျောက်ပုဇွန်တွေဝယ်စားပေါ့..။ 🙂

      • eros

        June 3, 2011 at 8:05 am

        ဘယ်ဒူတွေ ပြောဒါလဲကွ ပင်လယ်ငါး ဂ ဈေးပေါဒယ်ဆိုဒါ။ အကုန် export ဖြစ်ပြီး ဈေးကြီးနေဒါ။

        • king

          June 3, 2011 at 10:38 am

          အမှန်တွေ ——————–
          😛

  • fatty

    June 3, 2011 at 2:25 pm

    ရေးမှာကတော့ဟာသလို့ပြောတာဘဲ ဓာတ်ပုံကတော့ ခပ်မိုက်မိုက်နော် …..
    ခိုက်ကြမဲ့ပုံဘဲ ……..။

  • windtalker

    June 5, 2011 at 6:33 pm

    ကိုဖက်တီး အနေ နဲ ့ရုပ်ရှင် ဗီဒီယို သိပ်မကြည့်ဖြစ်လို ့နေပါလိမ့်မယ် ဗျာ ။ ကျွန်တော် တင်ထား တဲ ့profile picture က three stooges ဟာသ ၃ ယောက် ရုပ်ရှင်ထဲ က MOE ရဲ ့ပုံပါ ။ ကျေးဇူးတင်ပါတယ် ။

Leave a Reply