ကမာ္ဘရွာ

Ma MaJune 3, 20111min16110

တစ်နေ့တစ်နေ့ ရွာထဲဝင် ပိုစ့်အသစ် ဘာတွေတက်ထားလည်း လျှောက်ဖတ်ရတာနဲ့ အလုပ်ချိန်တွေလည်း ပွန်းပဲ့ကုန်ပါပြီ။ ဒါပေမယ့်လည်း မနေနိုင်တော့ ဖတ်ပြီးတာနဲ့လည်း မကျေနပ်နိုင်ပဲ ကွန်မန့်တွေကိုလည်း ရေးရပါသေးတယ်။ ကိုယ့်စိတ်ထဲရှိတာတွေ ဖော်ပြခွင့် ဒီမိုကရေစီကိုလည်း သဂျီးက အပြည့်အဝပေးထားပါသေးတယ်။
ကိုယ်ကြိုက်တာ ကိုယ်ရွေးဖတ်ဆိုပေမယ့် မကြိုက်တာတွေကိုလည်း အသစ်တက်တာဖတ်ရင်း ဖတ်မိသွားပါသေးတယ်။ ကိုယ့်ခံစားချက် သူ့ခံစားချက် ရင်ဖွင့်တာတွေ၊ ရင်နင့်စရာတွေ၊ ပြင်သင့်တာတွေ၊ ဆင်ခြင်သင့်တာတွေ သိရ၊ ဖတ်ရ၊ လေ့လာရလို့ စိတ်တွေလည်း အရောင်စုံသွားရပါတယ်။
ကိုယ်မကြိုက်ရင် သဂျီးကိုလည်း မချန်၊ ရွာသားအချင်းချင်းလည်းနှံ၊ ဒါရွာရဲ့ထုံးစံ။ မကြိုက်ရင် လှည့်ပြန်လို့ မပြောရုံတမယ်။ ခင်မင်သူတွေကြတော့လည်း ရွာထဲမှာပါမက ရွာပြင်မှာပါ တွေ့ချင်ကြပြန်ရော။ အရက်သောက်သူ၊ စကားများသူ၊ သတ်သတ်လွတ်စားသူ၊ ပုံပြောသူ၊ ခရီးသွားမှတ်တမ်းရေးသူ သူသူသူသူသူသူသူ………. စုံလင်လို့ပါပဲ။
အရင်ကတော့ ကိုယ်ကြိုက်တာ ကိုယ်ရေးပြီး ဒီမိုကရေစီရလို့ ရွာထဲဝင်လာရင်းနဲ့ nature ပြောသလို ရွာလည်ပြီး ပြန်မထွက်နိုင် ဖြစ်သွားရပါတယ်။
အဲဒီရွာအကြောင်းကို ပြောဖြစ်တော့ သူငယ်ချင်းတွေလည်း ရွာသူရွာသားတွေ ဖြစ်ရပြန်ပါတယ်။ ရွာအကြောင်း၊ သဂျီးအကြောင်း၊ ရွာသူရွာသားတွေအကြောင်း ပြောဖြစ်တော့ အမေက- ဟဲ့ ဘယ်ကရွာလဲ။ ခုခေတ်မှာ သူကြီး ရှိသေးလို့လား တဲ့လေ။ ဪ ကမာ္ဘ့ရွာ ကမာ္ဘ့ရွာ ကမာ္ဘ့ရွာ ကမာ္ဘ့ရွာ။ [member-invites-form]

10 comments

  • etone

    June 3, 2011 at 10:26 am

    ဒါပေါ့ မမရေ ..နည်းပညာတွေ တိုးတက်ထွန်းကားလာချိန်မှာတော့ ကမာ္ဘကြီးဟာ ရွာတစ်ခုလိုပဲ ဖြစ်သွားပါတယ်… ။ နီးသလား ၊ ဝေးသလား ကြိုက်တဲ့နေရာသွား အင်တာနက်သုံးလို့ရလျှင် အန်းတား တချက်ခေါက်တာနဲ့ ချက်ချင်းဆက်သွယ်လို့ရတယ်… ယခင်ကလို နိုင်ငံခြားနဲ့ စာပို့လျှင် တစ်လ လောက်စောင့်စရာမလို … စာဖောက်ဖတ်မှာလည်း မပူရ… စာထဲ၊ ပို့စ်စကဒ်ထဲ ထည့်ပို့တဲ့ အစိမ်းလေးများဆိုလျှင် တိပ်နဲ့ကပ်တာတောင် ခွာယူထားတယ်…ကိုယ်တွေ့ပဲ… ။ တစ်ခါတစ်လေ စာထဲမှာ အစိမ်းပါတယ် ထည့်ရေးလျှင် အဲ့ဒီစာပါဖြောင်ပါတယ်… ။ နောက်တစ်ခုက ရန်ကုန်မြို့တွင်းစာပို့တာတောင် ဖောက်ဖတ်ပါတယ်။ ထရိတ်ဒါးမှာ တည်းတဲ့ဧည့်သည်က supriseဖြစ်အောင် ပို့စ်ကဒ်ပို့လိုက်တယ်.. ဘာအစိမ်းမှမပါတာတောင်… တစ်စောင်က ပျောက်တယ်… နောက်တစောင်က ပု့ိတဲ့ လူပြန်သွားလို့ နောက်တခါ ပြန်လာလည်တော့မှ ရတယ်…ကောင်းကြသေးရဲ့လား။ ဒီမှာတော့ ဒီလိုချည်းပဲ …။ တခြား နိုင်ငံတွေမှာ စာပို့တဲ့အခါ ဥပဒေရှိပါတယ်တဲ့ ..ဖောက်ရာလေးများပါလာလျှင် ပြသနာ အကြီးကျယ်တတ်တော့တာပါပဲတဲ့ရှင်…ဒီမှာတော့ စာတောင်ဖြောင်တတ်ပါသေးတယ်… ။ အင်တာနက်တွေ တိုးတတ်လာတော့ … အများကြီး အဆင်ပြေသွားပြီ ။

  • etone

    June 3, 2011 at 10:27 am

    နေ့လည်ကတည်းက ဝင်မန်းနေတာ မတတ်ဘူးဖြစ်နေတာ.. ဒါနဲ့ ကော်ပီကူးပြီး အခုပြန်တင်တာ့မှ မန်းလို့ရသွားတယ် … ။

    • ဆူး

      June 4, 2011 at 8:07 am

      ဒါလည်း စာပျောက်နည်း တမျိုးပဲ နေမှာပေါ့

  • windtalker

    June 3, 2011 at 1:30 pm

    ပြည်တွင်းသတင်းများ ကမ္ဘာ့သတင်းများ ။ မှုခင်း များ ။အတွေးအခေါ ်များ ကိုယ်တွေ ့အဖြစ်အပျက်များ ပုံပြင်များ မှတ်တမ်းများ ကိုယ်တိုင်စဉ်းစား ရေးသားထားသော own creation များ ။ ခပ်တည်တည်ခိုးကူးထားသော စာများ ။ တိုင်စာများ ။ ကဗျာ များ ဆောင်းပါးများ ဝတ္ထုများ အို စုံနေတာပဲ ဗျာ ။ ဖတ်ရပါတယ် ။ ကိုယ်တိုင် လည်း လွတ်လွတ်လပ်လပ် ရေးခွင့် ပေးထားတဲ့ mg ကို facebook ထက် ပို စွဲ သွားတာတော့ အမှန်ပဲ ဗျို ့။

  • padonmar

    June 3, 2011 at 2:54 pm

    တစ်နေ့တစ်ခေါက် မရောက်ရရင်မနေနိုင်အောင် စွဲဆောင်ထားတဲ့ ကမ္ဘာရွာပါပဲ။စာဖတ်ချိန် အိပ်ချိန်တွေခိုးသွားတာလည်း ဒီရွာပဲပေါ့။

  • အစကတော့ ခဏလေးပေါ့ဆိုပြီးဝင်မိပါတယ်။
    တစ်စ တစ်စနဲ့ ရေးချင်ရာတွေလဲရေးလို့ရ
    တွေးချင်ရာတွေလဲတွေးလို့ရ
    မေးချင်တာတွေလဲမေးလို့ရ
    မကျေနပ်ဘူးဆိုလဲပြောလို့ရ
    ကျေနပ်တယ်ဆိုရင်လဲ ထောက်ခံလု့ိရ
    ဖတ်ချင်တာကိုလဲဖတ်လို့ရ
    စချင်တယ်ဆိုရင်လဲ စလို့ရ
    ရန်ဖြစ်ချင်တယ်ဆိုရလဲ ဖြစ်လို့ရ
    ရ ရ ရ ရ ရ ရ
    ဒါနဲ့ဘဲ
    တရွေ့ရွေ့နဲ့တိုးဝင်ရင်း
    ဝင်္ကပါထဲကို ရောက်မှန်းမသိရောက်
    ထွက်ပေါက်တွေ့တာတောင် မပြန်ချင်လောက်အောင်
    ဆွဲဆောင်မူ့ကောင်းလွန်းတဲ့
    မန္တလေး ဂေဇက်ရွာပါခင်ဗျာ။

  • nature

    June 3, 2011 at 4:03 pm

    အိပ်မရတဲ့ညပေါင်းတွေရယ် ၊ နှစ်ရက်လတို့ရှည်ကြာညောင်းပြီကွယ်၊ မန်းဂေဇက်ကအချိန်တွေ တောင်းယူတယ်…..။

  • bigcat

    June 4, 2011 at 4:00 am

    မန်းဂေဇက်ဟာ ကမာ္ဘရွာ
    ဇမ္ဗူ့ဒီပါ ကျွန်းလက်ယာ
    ဗြုတ်စဗျင်းတောင်း
    ရွာသားအပေါင်း
    ကြိုက်တဲ့သူမောင်း
    လိုင်းကြေးမတောင်း
    အွန်လိုင်းခေတ်ဟာကောင်း…..

  • ဆူး

    June 4, 2011 at 8:13 am

    အစကတော့ ဖိုရမ်မှာ စာရေးရင်း နဲ့ လင့်ကလေး တခုကို နေရာတခုက ရပြီး ဝင်ရေးတယ်။
    ၃ရက်လောက်မှ ပိုစ် ၁ခု လောက် တက်ခဲ့တယ်။ တက်တဲ့ ပိုစ်က ကိုပေါက် မန်း ရေးတဲ့ ပိုစ်တွေ.. နားစည်ထိုးထွင်း ပိုစ်တွေ ခဏခဏ မြင်နေရတယ် အပိုင်းတွေကလည်း များတာကိုး..
    နောက်ပိုင်း ရေးနေကျ ဖိုရမ်က ခဏခဏ ကျကျ သွားလို့ ပျင်းတာနဲ့ လိုက်မန်းရင်းနဲ့ ရန်တွေဖြစ်.. ပွဲတွေဆူ ဒုတ်ဓါးထမ်းပြီး မန်းရင်ကနေ သဂျီးကိုလည်း မချန် စကားများ..
    စပြီး ဒီဆိုက်ကို ဝင်တုန်းက သဂျီးက တော်တော် ရိုးတယ် ထင်ရတယ်.. အားလည်း တော်တော် နာတတ်တယ် ထင်တာ.. အခုတော့ သိသွားပြီး.. ရွာသဂျီးက ရုပ်ဝါဒီ အစစ်ဖြစ်နေတာသိလာတယ်။ သဘောတော့ အခုထိ ကောင်းတယ်လို့ မြင်တာပဲ.. ဟီးဟီး..

  • MaMa

    June 4, 2011 at 8:18 am

    (သဘောတော့ အခုထိ ကောင်းတယ်လို့ မြင်တာပဲ. ) ဆိုတော့ နောက်ပိုင်းတော့ မပြောနိုင်ဘူးပေါ့နော်။ 😀

Leave a Reply